Channel Myanmar

Breanna Wing

Being the Ricardos (2021) 6.8
Being the Ricardos (2021) အာရွန်ဆော့ကင်း ရိုက်ကူးပြီး မင်းသမီးကြီး နီကိုးကဒ်မန်း သရုပ်ဆောင်ထားတဲ့ အော်စကာ ဆန်ကာတင်ရုပ်ရှင်တစ်ခု ထွက်လာပါပြီ။ ဟောလိဝုဒ်ရွှေခေတ် တီဗွီမင်းသမီးကြီး Lucy Ball ဟာ သူ့ရဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ I Love Lucy မှာ သူ့ခင်ပွန်းဖြစ်သူ Desi Arnez နဲ့တူတူ တွဲဖက်သရုပ်ဆောင်ပြီးဝက်ဝက်ကွဲအောင်မြင်နေပါတယ်။Sit-com တို့ရဲ့အစလို့တောင်ပြောလို့ရတဲ့ ဒီဇာတ်လမ်းတွဲကို အဖြူအမည်းခေတ်မှာပဲဘယ်လိုဖန်းတီးကြလဲ၊ဘယ်လိုသရုပ်ဆောင်ကြလဲဘယ်လိုရိုက်ကူးကြလဲဆိုတာ ကိုပြသထားပါတယ်။ဒါပေမယ့်လဲ Lucy နဲ့Desi တို့ဟာ ဟောလိဝုဒ် ရဲ့အကျော်ကြားဆုံးဇနီးမောင်နှံအဖြစ်ကနေ အိမ်ထောင်ရေးပြသနာတွေ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးအရ စွပ်စွဲမှုတွေ ကြောင့် သူတို့ရဲ့လူနေမှုဘဝခြိမ်းခြောက်ခံနေရပါပြီ။ထိုခေတ်က အမေရိက လိုနိုင်ငံမှာလဲ ရိုးရိုးပြည်သူတွေဟာ ကွန်မြူနစ်လို့ သံသယဖြစ်ခံရတာနဲ့ ဘဝပျက်သွားနိုင်တာကိုပြထားပါတယ်။ တီ‌ဗီဇာတ်လမ်းတွဲတွေရဲ့သမိုင်းတလျှောက်အကျော်ကြားဆုံးထဲမှာပါတဲ့ မင်းသမီးကြီး Lucy Ballရဲ့ ဘဝကိုရိုက်ထားတာဖြစ်ပြီး Oscar ဆုရသရုပ်ဆောင်တွေဖြစ်တဲ့ Nicole Kidman Javier Bardem နဲ့ J.K Simmons တို့အစုံအလင်ပါဝင်ထားပါတယ်။ဒီရုပ်ရှင်ကိုကြည့်ရင်းနဲ့အတိတ်ကဟောလိဝုဒ်ဆီကိုပြန်လည်ခံစားနိုင်ပါတယ်။ File size…(2.1 GB) ...
movie

Being the Ricardos (2021)