Channel Myanmar

Brendan Penny

The Wedding Cottage (2023) 7.1
The Wedding Cottage (2023)  မင်္ဂလာပွဲစီစဉ်သူတစ်‌ ယောက်ဖြစ်တဲ့ ဗန်နက်ဆာ ဒွိုင်းကတော့ မင်္ဂလာပွဲစီစဉ်ပေးရတဲ့ အလုပ်ကိုမလုပ်တော့ပဲ အမေရိကန်တစ်နိုင်ငံလုံးမှာ မင်္ဂလာပွဲနဲ့ပတ်သတ်ရင် အကုန်ဖြည့်ဆည်းပေးနိုင်နဲ့ Tying the Knot ဆိုတဲ့ လုပ်ငန်းကိုစပြီး လုပ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ငန်းအသစ်လေး လူသိများဖို့အတွက်ရော၊ သူ့နောက်ဆုံး စီစဉ်ပေးရတဲ့ မင်္ဂလာပွဲလေးပါဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုလုပ်ပြီး ကိုက်ညီတဲ့ စုံတွဲကိုရွေးချယ်ခဲ့ရာမှာ၊ သတို့သားဖြစ်သူက စစ်သားဖြစ်နေတာကြောင့် နိုင်ငံခြားကို နှစ်လအတွင်းသွားရတော့မှာဖြစ်လို့ မင်္ဂလာပွဲကိုလည်း ငါးပတ်အတွင်းအပြီးစီစဉ်ရဖို့ဖြစ်လာခဲ့ပါတယ်။ရွေးချယ်ခံရတဲ့စုံတွဲရဲ့ ဆုံးဖြတ်ချက်အတိုင်း မင်္ဂလာနေရာကို ဗာမွန့်မြို့က မင်္ဂလာဆောင်အိမ်လေးမှာ မင်္ဂလာပွဲ စီစဉ်ပေးရတော့မှာဖြစ်ပေမဲ့ အိမ်လေးကပိတ်သွားခဲ့တာ ငါးနှစ်ကျော်နေခဲ့ပါပြီ။ ဒီလိုနဲ့ ဗန်နက်ဆာကိုယ်တိုင် ဗာမွန့်ကိုလိုက်သွားပြီး အိမ်ပိုင်ရှင်တစ်ဖြစ်လည်း၊ နာမည်ကြီးပန်းပုပညာရှင် အီဗန် စတန်းဖို့ကို အိမ်လေးပြင်ဆင်ခွင့်ပေးပြီး မင်္ဂလာပွဲလုပ်ခွင့်‌ပေးဖို့ တောင်းဆိုပါတော့တယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ‌မှာ အေးအေးချမ်းချမ်းအလုပ်လာလုပ်တဲ့ အီဗန်ကတော့ အစပိုင်းမှာငြင်းပေမဲ့ ဇွဲအရမ်းကောင်းတဲ့ ဗန်နက်ဆာကြောင့် နောက်ဆုံးမှာ အိမ်ပြင်ခွင့်ပေးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဗန်နက်ဆာနဲ့ အီဗန်တို့နှစ်ယောက် တဖြည်းဖြည်းနီးစပ်လာခဲ့ကြပြီး မင်္ဂလာပွဲစီစဉိပေးရတဲ့သူနဲ့ အကြံအိုက်နေတဲ့ ...
movie

The Wedding Cottage (2023)

A Season for Family (2023) 7.0
A Season for Family (2023) A Season for Family (2023) ==================== IMDb Rating - 7.0/10မက်ဒီဟာ မြို့ကြီးကဟိုတယ်တစ်ခုမှာအလုပ်လုပ်ပြီး ခရစ်စမတ် အားလပ်ရက်ရာသီမှာတော့ သူ့ရဲ့မွေးစားသားငယ်နဲ့အတူမွေးရပ် မြေနယ်မြို့လေးဆီပြန်လာခဲ့ပါတယ်။အဲ့ဒီမြို့မှာ သူ့မွေးစားသား ကိုဒီရဲ့ညီအရင်းတစ်ယောက်ရှိနေတယ်ဆိုတာ သိထားရပြီး အဲ့ဒီ ဆန္ဒကို ခရစ်စမတ်လက်ဆောင်အဖြစ်ဖြည့်ဆည်းပေးချင်တဲ့ရည် ရွယ်ချက်လည်း သူ့မှာရှိနေပါတယ်။မြို့ကိုရောက်ရောက်ချင်းနေ့  နှင်းလွှာလျှောစီးပစ္စည်းတွေရောင်း တဲ့ဆိုင်မှာ ဆိုင်ရှင်အမျိုးသားနဲ့အဖွဲ့ကျရင်းနှီးခဲ့ပြီး မကြာမကြာဆုံ ဖြစ်သလို ရင်းနှီးမှုတွေတိုးလာရာကနေ သူ့မွေးစားသား ဝက်စလေ ရဲ့ညီအရင်းဖြစ်သူဟာ အဲ့ဒီဆိုင်ရှင်အမျိုးသားရဲ့မွေးစားသား ကိုဒီ ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ ညီအစ်ကိုနှစ်ဦးကိုပြန်ပေါင်းစည်း စေချင်တဲ့ သူ့ဆန္ဒအလွယ်တကူပြည့်ဝလေမလား၊ ဘယ်လိုအခက် အခဲတွေကြုံဆုံနိုင်စရာရှိလာမလဲ။တစ်ကားလုံး christmas vibes တွေအပြည့်နဲ့၊ကြည်နူးနွေးထွေး စရာချစ်ခြင်းမေတ္တာတွေနဲ့ထုံမွှမ်းနေတဲ့ ဗီလိန်မရှိတဲ့ ဒီခရစ်စမတ် ဇာတ်လမ်းလှလှလေးထဲမှာရှုမြင်ခံစားကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.39 GB) / (564 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Alias Encoder..........SWM
movie

A Season for Family (2023)

2023
In Merry Measure (2022) 6.6
In Merry Measure (2022) In Merry Measure (2022) IMDb 6.6 ခရစ္စမတ်နီးပြီးဆိုတော့ ခရစ္စမတ်မှာကြည့်ဖို့ဇာတ်ကားရှာနေသူတွေအတွက် အမေရိကန်သူ နာမည်ကြီးActress,Singer,Dancer တစ်ဖြစ်လဲ Patti Murin ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်သီချင်းဆိုပြိုင်ပွဲဖြစ်တာမို့ အဆိုဝါသနာရှင်ကြည့်ရှုသူတွေအတွက်တော့ တကယ်မိမိုက်နေမှာပါ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ပြီး နယူးယော့ခ်မြို့မှာ တစ်ခေတ်တစ်ခါကအောင်မြင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့ သိသူနည်းလာတဲ့ Pop Star ဒါစီ ... တစ်ခါထပ်ပြီးအောင်မြင်လာဖို့ကတော့သူမရဲ့အိပ်မက်ပေါ့ ကျရောက်တော့မယ့်ခရစ္စမတ်မှ ာ အစ်မဖြစ်သူက မွေးရပ်မြေကိုပြန်ခေါ်လို့ နှစ်ပေါင်းများစွာမပြန်ဖြစ်ခဲ့တဲ့နေရာဆီပြန်လာတဲ့သူမ ..ဒါစီရဲ့တူမဖြစ်သူကလည်းအဆိုဝါသနာရှင်တစ်ယောက် ဒါပေမယ့် အသံစစ်ဆေးပွဲမှာ ကြောက်လန့်နေခဲ့တာကြောင့် ပြုတ်သွားခဲ့လို့ ဒါစီက ဆရာဖြစ်သူကိုသွားရန်တွေ့ရာမှ ဆရာကသူနဲ့အထက်တန်းကျောင်းတုန်းကပြိုင်ဘက်ဖြစ်ခဲ့သူဖြစ်ပါလေရော ဒီလိုနဲ့ဒါစီ အသံစမ်းပွဲမှာပြုတ်ခဲ့တဲ့လူတွေကိုလိုက်စုဆောင်းရင်း သူကတစ်ဖွဲ့ ပြိုင်ဘက်ကတစ်ဖွဲ့နဲ့ ဘယ်လိုယှဉ်ပြိုင်သွားမလဲ သီချင်းဆိုဖို့ကြောက်နေကြတဲ့သူ့အဖွဲ့ကလူတွေကို ဘယ်လို Training ပေးမလဲ ဒီကားမှာ သီချင်းကောင်းတွေပဲသီဆိုသွားကြပြီး အသံတွေကလည်းရှယ်တွေပဲမို့ ခရစ္စမတ်မှာကြည့်ဖို့အသင့်တော်ဆုံးကားပါပဲရှင် File size…1.34GB / 630MB Quality…1080p WEBRIP /720p Format…mp4 Duration….1h 24mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

In Merry Measure (2022)

2022
Tooth Fairy (2010) 5
Tooth Fairy (2010) Tooth Fairy (2010)လူသားဆန်ပစ်လိုက်ဆိုတဲ့ဘိုးတော် Viral ဖြစ်သွားတော့ ဒီဘဲ ဝါဒီကိုအတော်များများကသဘောကျကြတယ်ပေါ့ဗျာ။ သဘောလည်းကျချင်စရာပဲ လက်တွေ့ဆန်တာကိုးဗျ။ လူသားဆန်ပစ်လိုက်ဆိုတဲ့ ဘဲကဘယ်နှခုနှစ်ကပြောလဲမသိပေမဲ့ ကျွန်တော်တို့ရဲ့ ဒဝိန်းဂျွန်ဆင်ကြီးကတော့ ၂၀၁၀ ထဲက လူသားဆန်နေတာပါ။ဒဲရစ် သွန်မဆင်ဆိုတဲ့ ဟော့ကီးသမားကတော့ ပရိသတ်တွေကြားမှာ သွားနတ်သားလို့နာမည်ပြောင်ရထားပြီး fantasy တွေကိုလည်း bullshit လို့တွေးထားသူတစ်ယောက်ပါ၊ ကလေးတွေနဲ့တွေ့ရင်လည်း ကျွန်တော်က နာမည်ကြီး ဟော့ကီးကစားသမားဖြစ်ချင်တာဗျဆိုရင် မင်းထက်တော်တဲ့ကောင်တွေအများကြီးရှိသေးတယ်၊ ဘဝမှာအများကြီးမျှော်လင့်မထားနဲ့ ဆိုပြီး ပြောတတ်တဲ့သူမျိုးပေါ့။ဒီလို ဘုလကန့်ဂွစာလူ၊ Fantasy တွေကိုမယုံတဲ့သူကိုအပြစ်ပေးဖို့ဆိုပြီး ဆင့်ခေါ်စာရောက်လာခဲ့ပါတယ်၊ fantasy တွေကိုမယုံတဲ့သူ့ခမျာ Fantasy Land ဖြစ်တဲ့နတ်သူငယ်တိုင်းပြည်ကိုရောက်သွားပါတော့တယ်။Family/Comedy ကားဖြစ်ပြီးတော့ အိပ်မက်တွေကိုဆက်လက်ရှင်သန်နေစေဖို့ မဖြစ်နိုင်ဘူးဆိုတာ အတွေးသပ်သပ်ဖြစ်ပြီး ဘဝမှာ မဖြစ်နိုင်တာတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာ ပြောပြထားတဲ့ကားကောင်းလေးတစ်ကားပါ။Keep Dreaming! လူသားဆန်ပါ။ လူသားဆိုတာ အိပ်မက်တွေနဲ့ကင်းလို့မရနိုင်ပါ...။(ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်)Size - 1.6GB, 910MB Quality ...
movie

Tooth Fairy (2010)

2010
The A-Team (2010) 6.8
The A-Team (2010) Non-stop Action ဇာတ်ကားတစ်ကားဖြစ်တဲ့ The A-Team ကို ဒါရိုက်တာ Joe Carnahan ရိုက်ကူးခဲ့ပြီး IMDb 6.8 ရရှိထားပါတယ် *ဆေးပြင်းလိပ်ခဲပြီး အစီအစဉ်ဆွဲရတာဝါသနာပါတဲ့ ကာနယ်ဟန်နီဘယ်စမစ်အဖြစ် Liam Neeson* မျက်နှာများတဲ့ စော်ကြည်ဘဲ Face အဖြစ် Bradley Cooper *ခွန်အားဗလကြီးသလောက် အသည်းငယ်တဲ့ ဘီအေဘရာကပ်စ် အဖြစ် Quinton*a *ဂေါက်ကြောင်စကားလုံးတွေကြောင့် ရယ်မောကြရမယ့် မားဒေါ့အဖြစ် Sharlto Copley* တို့က ဦးဆောင်ပါဝင်ထားပါတယ် ကာနယ်ဟန်နီဘယ်စမစ်ဦးဆောင်သော လူလေးဦးဖြင့်ဖွဲ့စည်းထားသည့် အယ်လ်ဖာတပ်ဖွဲ့ဝင် များဟာ စွန့်စားစစ်ဆင်ရေးတွေ ထမ်းဆောင်ရာမှာ ပျော်မွေ့ကြသူများဖြစ်ကြပါတယ် ဒေါ်လာရိုက်နှိပ်ရာတွင် အသုံးပြုသော ပျောက်ဆုံးပုံနှိပ်တံဆိပ်ပြားများ ဘက္ကဒက်တွင် ရောက်ရှိနေသည်ဟုသတင်းရပြီး ကာနယ်စမစ်နှင့်အဖွဲ့က ပြန်လည်လုယူခဲ့ကြပါတယ် ထိုတံဆိပ်ပြားများကို ခိုးယူရောင်းချလိုသူများထဲတွင် ထိပ်ပိုင်းအရာရှိများလည်းပါဝင်ခဲ့ရာ.......စကားချပ်။ ။ ကျည်ဆံများဇာတ်ကားထဲမှထွက်လာပြီး ထိမှန်နိုင်သောကြောင့် ကျည်ကာဝတ်၍ ကြည့်ကြပါကုန်။ File Size : (956 MB) and (327 MB) Quality : BluRay 1080p Running Time : 1hr 57min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The A-Team (2010)

2010