Channel Myanmar

Brian Austin Green

Kickboxer 2: The Road Back (1991) 5.0
Kickboxer 2: The Road Back (1991) Kickboxer 2: The Road Back (1991) ==============================Kickboxer 2 ကတော့ ကတ်ဆလုန်းနဲ့ အဲရစ်ဆလုန်းတို့ရဲ့ညီ ဒေးဗစ်ဆလုန်းအကြောင်းပါ။ ဒေးဗစ်ဟာ ကြိုးဝိုင်းထဲကိုပြန်မဝင်တော့ဘဲ သူ့အစ်ကိုတွေဖွင့်ထားပေးခဲ့တဲ့ အားကစားရုံမှာ ကလေးတွေကို ကစ်ဘောက်ဆင်သင်ပေးရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ ပညာဒါနလုပ်ပါများပြီး လူကမွဲတဲတဲမို့ အားကစားရုံပါ အပိတ်ခံရတော့မဲ့ကိန်းဆိုက်နေပါပြီ။ ကိုယ်လူချောကတော့ အကြွေးတွေပတ်လည်ဝိုင်းနေလည်း ဖင်အေးအေးနဲ့ပဲ ထိုင်နေချိန်မှာ သူ့အစ်ကိုတွေကိုသေစေခဲ့တဲ့ ထိုင်းပွဲကပြိုင်ဘက်တချို့က ‌ဆလုန်းမျိုးရိုးကို မကြေပွဲပြန်နွှဲဖို့ ကြိုးစားနေတယ်ဆိုတာတော့မသိရှာပါဘူး။ တစ်နေ့တော့ ဒေးဗစ်ကို ကြိုးဝိုင်းလောကထဲပြန်ဝင်ဖို့ အလုပ်လာကမ်းလှမ်းရာကနေ ဒေးဗစ်ရဲ့ငြိမ်သက်နေတဲ့ကံကြမ္မာလေး ဂယက်ထဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လိုက်‌ဒေးဗစ်နေရာမှာကတော့ Dallas (1978)စီးရီးနဲ့ Step by Step (sitcom)မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Sasha Mitchellပါ။ ဟောင်ကောင်မင်းသားကြီး Dennis Chan ကသူ့ဆရာနေရာကနေ ပါဝင်ထားပါတယ်။Sasha Mitchell ငယ်ငယ်ကအတော်ချောခဲ့တာမို့လို့ ကစ်ဘောက်ဆင်ကားတွေသိပ်မကြည့်ဖြစ်တဲ့ကျွန်တော်တောင် သူ့မျက်နှာငမ်းရင်းနဲ့ပဲ ဇာတ်ကားတစ်ကားလုံးပြီးသွားတာပါ။ ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းတာမို့ ကြည့်ရတာတန်မဲ့ကားလေးလို့ ပြောရင်းနဲ့ပဲ ...
movie

Kickboxer 2: The Road Back (1991)

The Night They Came Home (2024)
The Night They Came Home (2024) The Night They Came Home (2024)(function(f,b,n,j,x,e){})();အခုတစ်ခါမှာတော့ အမေရိကရဲ့ OG ဇာတ်လမ်းလေးတစ်ပုဒ်ရောက်ရှိလို့လာပါပြီ။ ဒီ "The Night They Came Home" ဆိုတဲ့ ဇာတ်လမ်းကို ၁၉ ရာစုအချိန် ဒေသခံအမေရိကန်တွေဖြစ်တဲ့ ရက်ဒ်အင်းဒီးယန်းတွေရယ် ယနေ့ခေတ်အမေရိကန်တွေဖြစ်ကြတဲ့ လူဖြူတိုင်းရင်းသားတို့ရယ် မြေပုံပေါ် နယ်နိမိတ်ချင်းလုနေကြတဲ့အချိန်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အားလုံးလည်း သိကြမယ့် မင်းသားကြီး Danny Trejo ပါဝင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ရူးဖတ်စ်ဘတ်ခ်ဆိုတဲ့ အင်းဒီးယန်းကပြားလေးတစ်ယောက်ဟာ ငယ်စဉ်အရွယ် မိဘတွေမတရားသတ်ဖြတ်ခံလိုက်ရကတည်းက လူဖြူတွေကိုမကျေနိုင်ဖြစ်နေခဲ့တာပါ။ အဲဒီအချိန်အခါက အင်္ဂလိပ်တွေက ကိုလိုနီချဲ့ထွင်ပြီးတဲ့အချိန်ဖြစ်တဲ့အတွက် အမေရိကတိုက်မှာပါ ခရစ်ယာန်သာသနာစာသင်ကျောင်းတွေရှိလာခဲ့ပါတယ်။ ငယ်စဉ်အရွယ်ဘဝဇာတ်ကြောင်း ခါးသီးလွန်းလှတာကတစ်ကြောင်း၊ အင်းဒီးယန်းခရစ်ယာန်စာသင်‌ကျောင်းတွေရဲ့ ကွဲပြားခြားနားလှတဲ့ပို့ချမှုတွေကတစ်ကြောင်း နှစ်ခုပေါင်းသွားတဲ့အခါမှာ ရူးဖတ်စ်ဟာ လူမျိုးရေးအစွန်းရောက်သွားပြီး သူမကျေမလည်ဖြစ်နေခဲ့တဲ့ လူဖြူတွေကိုသတ်ဖို့ကြံရွယ်လာတဲ့အထိဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ ရူးဖတ်စ်တစ်ယောက်အရွယ်ရောက်တဲ့အချိန် သူ့ရဲ့လူမျိုး အင်းဒီးယန်းတစ်ယောက်ကြိုးပေးခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားခဲ့တဲ့အချိန်မှာမှ တကယ်စိတ်ရိုင်းဝင်သွားပြီး လူဖြူဆိုရင်ကို သတ်ရ ...
movie

The Night They Came Home (2024)

2024
Beautiful Disaster (2023)
Beautiful Disaster (2023) Beautiful Disaster (2023)Disaster လို့ပြောလိုက်ရင် အားလုံးနားလည်ထားတာ ဒါအဆိုးထဲမှာမှ တော်တော့်ကိုဆိုးရွားတဲ့အရာပေါ့။ ဒါပေမဲ့ ဒါကို Beautiful နဲ့တွဲဖက်ပြီးမြင်ရတော့ အတော်လေးကို နားလည်ရခက်သွားစေမှာပါ။ ဒီတော့ ဒီ Beautiful Disaster ဆိုတဲ့ဒီကားလေးကရော ဘယ်လိုအချစ်မျိုးကိုသရုပ်ဖော်ထားလဲဆိုတာ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။အက်ဘီဆိုတဲ့ကောင်မလေးဟာ ဖဲသမားအဖေရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်ပါ။ အိမ်ထောင်ဦးစီးက လောင်းကစားသမားဖြစ်နေလေတော့ အမေကထားရစ်ခဲ့တဲ့ အက်ဘီရဲ့မိသားစုဘဝကလည်း သာယာနိုင်စရာအကြောင်းမရှိဘူးပေါ့။ ငယ်စဉ်ကတည်းက Pokerနဲ့ထိတွေ့ခဲ့တဲ့အက်ဘီဟာ Pokerမှာ အလွန်ပါရမီထူးသူဖြစ်ပေမဲ့ သူ့အဖေလိုမဟုတ်ဘဲ သာမန်ဘဝနဲ့ပဲရှင်သန်ချင်သူရယ်ပါ။ ဒါကပဲသူ့ကို အဖေဆီကနေထွက်ပြေးဖို့ တွန်းအားပေးခဲ့တဲ့အချက်ပါပဲ။Poker Prodigy Lucky 13 ဘဝကိုထားရစ်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ သာမန်ကောလိပ်ကျောင်းသူလေးဘဝကိုစဖို့ ရည်ရွယ်ထားတဲ့ အက်ဘီတစ်ယောက် သူငယ်ချင်းကောင်းမှုနဲ့ ဖိုက်တာလေးထရားဗစ်ရဲ့လက်ဝှေ့ပွဲကို ကြည့်ရဖို့ဖြစ်လာပြီးတော့ အက်ဘီဆိုတဲ့ကောင်မလေးရဲ့အလှမှာ ထရားဗစ်တစ်‌ယောက် ကြွေဆင်းသွားတဲ့အခါ...ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းဖို့အတွေးနဲ့ ပလေးဘွိုင်းငပွေးလေးထရားဗစ်ကို အကြောက်အကန်ငြင်းရင်းနဲ့ ကိုတည်ကြည်ဆရာဝန်လေး ပါကာကို အတင်းတွေခေါင်းငြိမ့်နေတဲ့ အက်ဘီ၊ ဇွဲနပဲကြီးကြီးနဲ့ အက်ဘီကိုအရလိုက်မဲ့ထရားဗစ် သူတို့နှစ်ယောက်ကြားက လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဖြစ်နေတဲ့ ဘာရယ်လို့နာမည်တပ်မရတဲ့ပတ်သက်မှုကို ...
movie

Beautiful Disaster (2023)

Pacerville (2022) 3.5
Pacerville (2022) Pacerville (2022)၂၀၂၂ ထွက် ဇာတ်လမ်းတစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ လူတစ်ယောက်ရဲ့စိတ်က အရာတစ်ခုကို တရားမျှတတယ်လို့ထင်ပေမဲ့ အခြားသူတွေအတွက် မဟုတ်ခဲ့တာမျိုးတွေ ရှိတတ်တဲ့အကြောင်းပါ။ လူတွေဟာ ကိုယ့်လိပ်ပြာဘက်ကနေ ကိုယ်တိုင်လုံနေတတ်တဲ့သူတွေဖြစ်လို့ သူတကာကို လက်ညိုးမထိုးခင်မှာ ကိုယ့်ဘက်ကို အရင်ပြန်ထိုးဖို့ လိုပါလိမ့်မယ်။ခက်ခဲတဲ့ဘဝတစ်ခုကို အလူးလူးအလိမ့်လိမ့် ရင်ဆိုင်လာခဲ့ရတဲ့ သမိုင်းဆရာတစ်ဦး။ အိမ်ထောင်ကလည်းကွဲ၊ သူ့အလုပ်မှာလည်း စိတ်မပါ၊ အခြားရွေးစရာကမရှိ။ နောက်လူရင်ခွင်ထဲက သူ့ဇနီးဟောင်းကို ပြန်တမ်းတမိတဲ့ညတွေ။ သူ့ရဲ့ နှလုံးသည်းပွတ် သမီးလေးကိုလည်း အုပ်ထိန်းခွင့်မရရှာ။ အကုသိုလ်က အဖော်အပေါင်းနဲ့ အိမ်လာလည်တာ ခံရသူ။ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တဲ့ ကိုမြင့်နိုင်ကြီး နှိပ်စက်လို့ တကမ္ဘာလုံး တစ္ဆေမြို့တွေလို ခြောက်ကပ်သွားကြတယ်။ ကျောင်းတွေပိတ်၊ အလုပ်တွေပိတ်။ အိပ်ရာပေါ်မှာပဲ အချိန်ကုန်လာရတဲ့ ပျင်းလို့သေတော့မယ်ဆိုတဲ့ ကျောင်းသားတစ်စု။ သူတို့ သမိုင်းဆရာရဲ့ အတင်းတွေ zoom meeting မှာ မြိန်ရေယှက်ရေ ပြောကြရင်း အပျင်းဖြေကြသတဲ့။ ဒီလိုနဲ့ ပျော်စရာတစ်ခုကို အတူဖန်တီးဖို့ ...
movie

Pacerville (2022)

2022
How to Lose Friends & Alienate People (2008) 6.4
How to Lose Friends & Alienate People (2008)  ကျနော်တို့ ဘဝမှာ ဘာများအရေးအကြီးဆုံးလဲ မိသားစုလား ငွေလား ပျော်ရွှင်မှုလား ရာထူးလား နာမည်ကြီးမှုလားငယ်စဉ်အခါတုန်းကရော တစ်နေ့ လူကြီးတစ်ယောက် ဖြစ်လာခဲ့ရင် ကိုယ်ဘာဖြစ်ချင်တယ် ဘာကကိုယ့်အတွက် အရေးကြီးတယ် ဘာကတော့ ကိုယ့်ကို ပျော်ရွှင်စေနိုင်တယ်လို့များ တွေးကြည့်ခဲ့ဖူးပါသလား။အားလုံးတစ်ပြိုင်တည်းမရနိုင်ရင် သင်အလိုချင်ဆုံးကရော ဘာဖြစ်မလဲ။ ငွေတွေအများကြီးပိုင်ဆိုင်ပြီး နာမည်ကြီးတစ်ယောက်ဖြစ်ခဲ့ရင်ရော တကယ့်ပျော်ရွှင်မှုအစစ်ကို ရနိုင်ပါ့မလား။ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်မှာ အများမိုးခါးရေသောက် သလို ကိုယ်လိုက်သောက်မှ အောင်မြင်မှုရနိုင်မယ့်အခြေအနေမျိုးတွေ ဘယ်လောက်များ ကြုံဖူးခဲ့ကြပါပြီလဲ။မိုးခါရေဟာ မြိုချလို့ရော အဆင်ပြေခဲ့ရဲ့လား။ ကိုယ့်ဘာလိုချင်တာလဲ ဘာဖြစ်ချင်တာလဲ ကျနော်တို့ သေသေချာချာစဉ်းစားဖူးခဲ့ပါသလား။ကျနော်ကတော့ ခုထိ ဇဝေဇဝါပါပဲ။အညွှန်းကို ဒီလိုကြီးရေးချလိုက်လို့ ဒီဇာတ်လမ်းဟာ အရမ်းကိုလေးနက်ပြီး အနှစ်သာရပြည့်ဝလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ (အဆဲခံရမှာစိုးလို့ကြိုပြောရတာပါ)ဒီဇာတ်လမ်းဟာ ခပ်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ အဆင်ပြေရုံပဲရှိပါတယ် ကြည့်ရင်းနဲ့ ပျင်းလာမယ့်ဇာတ်လမ်းမျိုး မဟုတ်ပါဘူးလို့တော့ အာမခံပါရစေ မိတ်ဆွေအေးစက်စက်လေတွေ တိုက်နေတဲ့ ဆောင်းညမှာ အဝတ်နွေးနွေးလေးဝတ်ပြီး ဒီဟာသ အချစ် ဇာတ်မြူးလေးကို ခံစားကြည့်လိုက်ပါဦး။Megan Fox ၊ Simon Pegg ၊ Kirsten Dunst တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အပြင်အခြားဇာတ်ရံတွေလဲပါဝင်ထားတဲ့လက်လွတ်မခံသင့်တဲ့ Romance Comedy ဇာတ်ကားမျိုးပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Min Thet Oo ဖြစ်ပါတယ်။)  File ...
movie


2008