Channel Myanmar

Brian Price

Eternal Sunshine of the Spotless Mind (2004) 8.3
Eternal Sunshine of the Spotless Mind (2004) Eternal Sunshine of The Spotless Mind (2004)IMDb Rating (8.3) / Rotten Tomatoes (93%)သံယောဇဉ်အတိတ်တို့မရှိတဲ့ စိတ်ဝိဉာဉ်ဟာ ထာဝရငြိမ်းချမ်းနေမှာပဲတဲ့....မင်းသားကြီး ဂျင်မီကာရေး  မင်းသမီး ကိတ်ဝင်းစလက်တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဆုတွေတလှေကြီးရထားတဲ့ အချစ်ရိုမန့်ဇာတ်ကားဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။အပြင်လောကမှာ ချစ်ရသူကြောင့်အသည်းကွဲပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားရနေတဲ့ ဂျင်မီကာရေးတစ်ယောက် လုံးဝထိခိုက်ကြေကွဲနေတဲ့အချိန်ကာလမှာ ဒါရိုက်တာ Michael Gondry ဟာ ဒီရုပ်ရှင်ကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ဒါကြောင့်လဲ ဟာသမင်းသားကြီးလို့ မြင်နေကျ ဂျင်မီကာရေးကို လုံးဝမတူကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။++++++++++++++++++++++++++++++“ဒီလောကကြီးမှာ ကိုယ့်ကိုသတိရတဲ့သူ မှတ်မိတဲ့သူ တစ်ယောက်မှမကျန်တော့ဘူးဆိုရင် အဲ့လူကတကယ်ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ ပြောရရင် ဘဝဆိုတာ အဆုံးမှာတော့ မှတ်ဉာဏ်တွေကအရာအားလုံးပါဘဲ။ တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ငါ ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက် မှတ်ဉာဏ်တစ်ခုချင်းစီမှာ အားလုံးဟာ မတူညီတဲ့ပုံစံနဲ့ အသီးသီးဖြစ်တည်နေကြတယ်။” အမှတ်တရတစ်ခုချင်းစီမှာ ခံစားချက်ဗဟိုချက်ဆိုတာရှိတယ်တဲ့။အဲ့ ဗဟိုချက်ကိုသာဖယ်ရှားလိုက်ရင် မှတ်ဉာဏ် ( တနည်းအားဖြင့် အမှတ်တရ ) ပြိုကွဲခြင်းလုပ်ငန်းစဉ်စပါပြီ ။ ဒီရုပ်ရှင်ဇာတ်လမ်းလေးနာမည်ကတော့ Eternal ...
movie

Eternal Sunshine of the Spotless Mind (2004)

2004
4K HEVC