Channel Myanmar

Brooke Shields

Holiday Harmony (2022) 6.2
Holiday Harmony (2022)  ဂေးထရာဗာဆိုတဲ့ သီချင်းတွေသီဆိုရတာ ဝါသနာပါတဲ့ကောင်မလေးတစ်ယောက်ဟာ တစ်နေ့တော့ နာမည်ကြီးရေဒီယိုစတေရှင်တစ်ခုဖြစ်တဲ့ iHeart Radio မှာ ခရစ်စမတ်အထူးအစီအစဉ် ဖွင့်ပွဲမှာသီဆိုယှဉ်ပြိုင်ဖို့ အခွင့်အရေးရလာခဲ့တယ်..ပြည်နယ်တွေကျော်ဖြတ် ကားမောင်းလာရင်း ဟာမိုနီစပရင်းကိုရောက်တဲ့အခါမှာမျှော်လင့်မထားတာတွေဖြစ်ပျက်ပြီးနောက် သူမရဲ့ ဘတ်ဂျက်အနေအထားနဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကလေးတွေကို ဂီတသင်ပေးဖို့အကြောင်းဖန်လာပါတော့တယ် ပွဲမှာယှဉ်ပြိုင်ဖို့အတွက် သီချင်းတွေရေးရင်း ဒီနေရာလေးမှာပဲအချစ်ဆိုတာကို ရှာတွေ့မှာလား သူမဘဝရဲ့ ဦးတည်ရည်မှန်းချက်တွေ ပြည့်ဝလာနိုင်မလားဆိုတာ ...ဒီဇာတ်ကားလေးမှာ လူတစ်ယောက်အတွက် နွေးထွေးမှုရှိတဲ့အိမ်ဆိုတာဘာအဓိပ္ပါယ်လဲဆိုတာကို မြင်သာအောင် ရိုက်ကူးတင်ဆင်ထားတာကိုတွေ့ရမှာပါခရစ်စမတ်ရာသီက မကြာခင်လာတော့မှာဆိုတော့ ကြည့်သင့်တဲ့ ခရစ်စမတ်အငွေ့အသက်ပါတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ပဲ ပြောချင်ပါတယ်။ File size…1.43 GB / 683MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by AOI
movie

Holiday Harmony (2022)

Sahara (1983) 4.9
Sahara (1983) ဒီကားလေးကတော့ Adventure/Romance တွေကြိုက်တတ်တဲ့သူတွေအတွက် ကြည့်သင့်ကြည့်ထိုက်တဲ့ (1983)တုန်းက ထွက်ထားတဲ့ကားဟောင်းလေးပါပဲ။ဒေးလ်တစ်ယောက် သေဆုံးသွားတဲ့ဖခင်ကိုယ်စား ကုမ္ပဏီကိုကယ်တင်ပြီး ဖခင်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ နိုင်ငံတကာကားပြိုင်ပွဲကြီးမှာ၀င်ပြိုင်ခဲ့ပါတယ်။ ကားမောင်းပြိုင်ပွဲက သာမန်မဟုတ်ပဲ ကန္တာရထဲမှာရက်ရှည်မောင်းရမယ့်ပြိုင်ပွဲဖြစ်နေခဲ့တာပါ။ဒေးလ်လိုမိန်းမတစ်ယောက်အတွက် ကန္တာရကြီးက လုံခြုံပါ့မလား။ ဘယ်လိုအန္တရာယ်တွေကြုံပြီး ဖခင်ရဲ့အိမ်မက်‌ကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရမှာပါ။သရုပ်ဆောင်မင်းသမီးကလည်း သူ့ခေတ်သူ့အခါတုန်းက people choice awardတွေအများကြီးရထားတဲ့ မင်းသမီးချောBrooke Shieldsဖြစ်တဲ့အပြင် Matrixကားထဲမှာအိုမင်းစပြုနေတဲ့ Lambert Wilsonရဲ့ငယ်ရွယ်ခန့်ညားမှုတွေကိုပါ ဒီကားထဲမှာကြည့်ရှုခံစားရမှာပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။) File size…(3 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:46:10 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Soe Thiri Swe
movie

Sahara (1983)

1080p HEVC
Freeway(1996) 6.8
Freeway(1996) Freeway(1996) =============ဒီတစ်ခေါက်မှာတော့ Freeway ဆိုတဲ့ စိတ္တဇလူသတ်သမားကားကို မိတ်ဆက်ပေးချင်ပါတယ်။အသက်၁၅နှစ်သာရှိသေးတဲ့ ဗန်နက်ဆာဆိုတဲ့ကောင်မလေးဟာ သူမမွေးခင်ကတည်း အဖေမရှိတော့ဘဲ အမေရယ် ပထွေးရယ်နဲ့အတူ နေထိုင်ရတာဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မိသားစုမဟုတ်ဘဲအမေကအပျော်မယ်လုပ်ကိုင်သူဖြစ်ပြီး ပထွေးဖြစ်သူကဆေးစွဲနေတဲ့ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ သူ့တို့နှစ်ယောက်လုံး ဆေးမှုနဲ့ ထောင်ကျသွားတဲ့အချိန် ဗန်နက်ဆာတစ်ယောက် မိဘမဲ့စောင့်ရှောက်ရေးဆီ အပို့ခံရဖို့ဖြစ်လာပါတယ်။ဒါပေမယ့် အရင်ကတည်း ရောက်ဖူးပြီးတဲ့ဗန်နက်ဆာဟာအဲဒီကို ထပ်မသွားချင်တာကြောင့် တစ်ခါမှမတွေ့ဖူးတဲ့အဘွားဆီကို ထွက်ပြေးလာခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဗန်နက်ဆာတစ်ယောက် အဝေးပြေးလမ်းမှာကားပျက်ပါတော့တယ်။ လမ်းမှာဒုက္ခရောက်နေတဲ့အချိန် ကူညီမယ့်သူပေါ်လာခဲ့ပေမယ့် သူ့ကိုလာကူညီတဲ့သူဟာသတင်းတွေထဲနာမည်ကြီးနေတဲ့ အဝေးပြေးလမ်းစိတ္တဇလူသတ်သမားဖြစ်တဲ့ အိုင်ဖိုက် လူသတ်သမား ဖြစ်နေတဲ့အခါ.... File size…1.44GB / 653MB Quality…Web-Rip 1080p  / 720p Format…mp4 Duration….1h 42m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Freeway(1996)

A Monsterous Holiday (2013)
A Monsterous Holiday (2013) A Monsterous Holiday (2013) ===================== IMDb Rating - 6.5/10Andy ဟာ သိပ္ပံပညာရပ်ကို စိတ်ဝင်စားပြီး တီထွင်ဖန်တီးမှုတွေ လုပ်နေရရင် ထမင်းမေ့ဟင်းမေ့ဖြစ်နေတတ်တဲ့ ကလေးပါ။ ဟောလိုးဝင်းပွဲနေ့မှာ ကျင်းပမယ့် သိပ္ပံပြပွဲမှာ အနိုင်ရဖို့အရေး အတော်ကိုကြိုးစားနေပေမယ့်၊ အိမ်နောက်ဖေးမီးလောင်လိုက် ပေါက်ကွဲလိုက်နဲ့ အဆင်ပြေတဲ့ ဖန်တီးမှုတစ်ခုတောင် မရသေးပါဘူး။အိမ်တွင်းအောင်း အမှောင်ထဲပဲနေတဲ့ andy ကို သူ့အဖေက သူနည်းပြ လုပ်တဲ့ဘောလုံးအသင်းမှာ  အန်ဒီ့ အစ်ကိုနဲ့အတူတူဘောလုံးကစားဖို့ အတင်းဆွဲခေါ်တော့ အန်ဒီ့ခမျာ တီထွင်စမ်းသပ်မှုလုပ်ချင်ပေမယ့် အချိန် ကောင်းကောင်းမရရှာဘူး ဖြစ်နေလေတယ်။ ဒီလိုနဲ့ ဖန်တီးမှုကောင်းကောင်းရဖို့ မြို့ပြင်က နာမည်ကြီး သိပ္ပံပညာရှင် ဒေါက်တာဖရန်ကန်စတိုင်းဆီ သွား တွေ့ပေမယ့် မတွေ့ခဲ့ရဘဲ ဒေါက်တာဖရန်ကန်စတိုင်းဖန်တီးထားတဲ့ အစိမ်း ရောင်မွန်းစတားလေးနဲ့ပဲ သွားတွေ့တယ်။ ဘောလုံးတအားကန်ချင်တဲ့ မွန်းစတားလေး ဖရန့်နဲ့ အန်ဒီတို့ နေရာချင်းလဲပြီး ကိုယ်ကြိုက်တာကိုယ်လုပ် နေကြရင်း မထင်မှတ်ထားတဲ့ မွန်းစတားကြီးတစ်ကောင် အန်ဒီတို့မြို့လေးကို ဝါးမြိုဖို့ ဖြစ်လာတဲ့အခါ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှု ခံစားကြည့်ကြပါဦးနော်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jerrica ဖြစ်ပါတယ်)File Size..........(700 MB) / (300 MB) Quality............WEB-DL ...
movie

A Monsterous Holiday (2013)

The Blue Lagoon (1980) 5.8
The Blue Lagoon (1980) The Blue Lagoon ဆိုတာ အချောအလှတွေနဲ့ နာမည်ကြီးတဲ့ မင်းသမီး Brooke Shields ရဲ့နာမည်ကျော် ဇာတ်ကားပါ။သူမအသက် ၁၄ နှစ် မြီးကောင်ကောက်အရွယ်မှာ ရိုက်ထားတာဖြစ်သလို အဖော်အချွတ်ခန်းတွေနဲ့မို့ပုရိသတို့ရဲ့အိမ်မက်တွေထဲထိ ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့...ပင်လယ်ပြင်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောတစ်စီးပေါ်ကလူတွေအကုန် အသက်လုပြေးကြရသလိုရစ်ချတ်နဲ့ အမ်မလိုင်းဆိုတဲ့မောင်နှမဝမ်းကွဲကလေးနှစ်ယောက်ကိုသင်္ဘောရဲ့ချက်ကြီးဖြစ်တဲ့ ပတ်တီက ကယ်တင်ခဲ့ရပြီးလူသူဝေးတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာ သောင်တင်နေပါတော့တယ်။ကလေးနှစ်ယောက်ကိုထိန်းကျောင်းပေးရင်းနဲ့ပတ်တီတစ်ယောက် အရက်မူးလွန်ပြီးတော့ ရေနစ်သေဆုံးသွားတဲ့အခါတော့မောင်နှမနှစ်ယောက်တည်း ကျွန်းလေးပေါ်မှာပဲ အသက်ဆက်ရှင်ဖို့ကြိုးစားနေထိုင်ရပါတော့တယ်တဖြေးဖြေးနဲ့ ရစ်ချတ်နဲ့အမ်မလိုင်းတို့နှစ်ယောက်အရွယ်တစ်ခုကိုရောက်လာချိန်မှာတော့လူသားဗီဇအရသွေးသားဆန္ဒကိစ္စတွေပါ စိတ်ဝင်စားလာပါတော့တယ်..ဒီတော့ ရစ်ချတ်နဲ့အမ်မလိုင်းတို့ကို လူသူကင်းမဲ့တဲ့ကျွန်းလေးပေါ်ကနေ ကယ်ဆယ်မယ့်သူပေါ်လာနိုင်မလားဆိုတာနဲ့သူတို့နှစ်ယောက်ရဲ့ လူသားသဘာဝဇာတ်လမ်းကရော ဘယ်ထိခရီးဆက်သွားမလဲဆိုတာ.....။ငယ်ဘဝက ချောင်းကြည့်ခဲ့ရတဲ့ ဒီဇာတ်ကားလေးကို အကောင်းဆုံး Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။File Size : (3 GB) & (1.5 GB) Quality : BluRay DS4K 1080p HEVC & 720p Running Time : 01:45:00 Format : mp4 Subtitle ...
movie

The Blue Lagoon (1980)

A Castle for Christmas (2021) 6
A Castle for Christmas (2021) Netflix ရဲ့ခရစ်စမတ်ရာသီစာ Romance ကားလေးထွက်လာပြန်ပါပြီအမ်မာဂေးဝတ္ထုနဲ့ ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်မှုတွေရခဲ့တဲ့ စာရေးဆရာမ ဆိုဖီဘရောင်းဟာသူမရဲ့နောက်ဆုံးစာအုပ်မှာ ပရိတ်သတ်အကြိုက်ဆုံးဇာတ်ကောင်ကို ပေးသေလိုက်တာကြောင့်လူတွေဒေါသထွက်ပြီး ဝေဖန်ဆန္ဒပြမှုများစွာနဲ့ကြုံလာရပါတယ်လူတွေကလည်း သူ့ရဲ့အောင်မြင်မှုတွေအဆုံးသတ်ပြီလို့ ဝေဖန်နေကြပါပြီ...ဒီစိတ်ရှုပ်စရာကိစ္စတွေကနေ ဝေးရာကိုသွားဖို့အတွက် ဆိုဖီဘရောင်းဟာသူအဖေရဲ့ဇာတိဖြစ်တဲ့ စကော့တလန်ကို ခရစ်မတ်တစ်ရာသီစာနားနေဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့အဖေ ငယ်ငယ်ကပြောနေကြ ဒမ်ဘာရဲတိုက်ကြီးကိုလည်း အရောက်သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်သူရောက်သွားတဲ့ ရဲတိုက်မှာ နောက်ဆုံးမျိုုးဆက် မိုင်းစ်ဒမ်ဘာ ဆိုတဲ့ရဲတိုက်အပိုင်မြို့စားတစ်ယောက်နေထိုင်နေပြီးတကယ့်ကိုဂွစာတစ်ယောက်ပါ သူဟာ ဒီလူဆီကနေ ရဲတိုက်ကိုဝယ်ပြီး သူ့ရဲ့ကျရှုံးမှုကိုအဖတ်ဆယ်ဖို့ဝတ္ထုအသစ်ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်မထင်မှတ်ထားပဲ မတည့်အတူနေ လူတစ်ယောက်နဲ့မှ ချစ်ကြိုက်မိသွားတဲ့အခါမှာ....(ဘာသာပြန်နဲ့ အညွှန်းရေးကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1.8 GB) / (900 Mb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:38:00 Genre...Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing  
movie

A Castle for Christmas (2021)

The Midnight Meat Train (2008) 6.0
The Midnight Meat Train (2008) IMDb Rating (6.0) / Rotten Tomatoes (73%)ဘရတ်ဒလေကူးပါးပါဝင်တဲ့ Horror/Thriller အမျိုးအစား ခြောက်ခြားစရာဇာတ်ကားပါ....လီယွန်ဟာကြိုးစားရုန်းကန်နေဆဲလူငယ်ဓာတ်ပုံဆရာတစ်ယောက်၊ သူ့ချစ်သူကောင်မလေးရဲ့ သူငယ်ချင်းမိတ်ဆက်ပေးမှုနဲ့ နာမည်ကြီးပန်းချီပြခန်းပိုင်ရှင်တစ်ဦးနဲ့တွေ့ဆုံရာကနေ သူ့အတွက်ကြိုးစားရင် ရလာမယ့်အခွင့်အရေးကိုမြင်တဲ့အလျောက်ညဘက်ဓာတ်ပုံရိုက်ပြီးကုန်ကြမ်းရှာထွက်ပါတယ်။သူ့ရဲ့ပွဲဦးထွက်ပြပွဲအတွက်လူတွေရဲ့အမှောင်ဘက်ခြမ်းကိုပြဖို့ကြိုးစားရင်း မဟော်ဂနီဆိုတဲ့လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အဲ့ဒီလူဟာ စိတ္တဇလူသတ်သမားတစ်ယောက်၊ ညနက်သန်းခေါင်လူခြေပြတ်လတ်တဲ့ရထားတွေပေါ်မှာ ကျက်စားတတ်ပြီး၊ အဲ့ဒီမှာပါလာတတ်တဲ့ ခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့သူဖြစ်ပါတယ်။ဘာကြောင့်မှန်းမသိ မဟော်ဂနီကို စိတ်ဝင်စားလို့ Subject တစ်ခုလိုသဘောထားရာကနေ လီယွန်တစ်ယောက် မှောင်သထက်နက်ရှိုင်းလှတဲ့ လောကတစ်ခု၊ သူနားလည်ဖို့ စဉ်းစားဖို့ ဉာဏ်မမှီတဲ့ အရာတွေဆီ နီးသထက်နီးလာပြီး သူ့ချစ်သူ၊ ရည်မှန်းချက် ပတ်ဝန်းကျင်စတာတွေနဲ့ ဝေးသထက်ဝေးလာပါတော့တယ်။လီယွန်တစ်ယောက် အချိန်မှီလွတ်မြောက်နိုင်ပါ့မလား? သူ့ချစ်သူ သူငယ်ချင်းတွေက သူ့ကိုကယ်တင်နိုင်မှာလား။ သူစိတ်ဝင်စားတဲ့ မဟော်ဂနီရဲ့ နောက်ခံဇာတ်ကြောင်းက ဘာတွေဖြစ်မလဲ? စုန်းစမြုပ်စပျောက်သွားခဲ့တဲ့ လူပေါင်းများစွာနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ဌာနတွေ ဘာလုပ်နေခဲ့လဲ စတဲ့မေးခွန်းတွေကို ဒီဇာတ်ကားမှာ အဖြေရှာကြည့်ကြစေချင်ပါတယ်။Lion Gate logo ကြီးကိုမြင်လိုက်ရတာနဲ့ ဒီကားကောင်းမှာပဲလို့ခံစားရတဲ့ခေတ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ အဲ့ဒီတုန်းက ကြည့်ဖူးတဲ့သူတွေရှိကြမှာဖြစ်သလို အတော်လဲပေါက်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်။ သတ်ခန်းဖြတ်ခန်းတွေ ရေလည်ကြမ်းတမ်းပက်စက်ပြီး၊ ဘူတာရုံတွေ ရထားတွေကို ညနက်သန်းခေါင်မသွားရဲဖြစ်လောက်အောင် စိတ်ခြောက်ခြားမှုပေးနိုင်တဲ့၊ အာရုံထဲမှာ အတော်ကြာကြာစွဲနေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB ) / (999 ...
movie

The Midnight Meat Train (2008)

The Blue Lagoon (1980) 5.7
The Blue Lagoon (1980) ပင်လယ်ပြင်မှာသဘောင်္တစ်စင်းဟာ မုန်တိုင်းတိုက်ခတ်မှုကြောင့်သဘောင်္ပေါ်မှာ ပါလာတဲ့လူတွေအကုန်အသက်လုပြေးနေရတဲ့အချိန်မှာ ရစ်ချတ်နဲ့ အမ်မလိုင်းဆိုတဲ့မောင်နှမဝမ်းကွဲနှစ်ယောက်ကို သဘောင်္ရဲ့ချက်ကြီးဖြစ်တဲ့ ပတ်တီတစ်ယောက်ကယ်တင်ရင်းနဲ့ပဲ လူသူဝေးတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာသောင်တင်နေပါတော့တယ်။   ကလေးနှစ်ယောက်ကိုထိန်းပေးရင်းနဲ့ ပတ်တီတစ်ယောက် အရက်မူးလွန်ပြီးတော့ ရေနစ်သေဆုံးသွားတဲ့အခါတော့ မောင်နှမနှစ်ယောက်ကျွန်းလေးပေါ်မှာ အသက်ဆက်ရှင်ဖို့ကြိုးစားနေထိုင်ရပါတော့တယ်   တဖြေးဖြေးနဲ့ ရစ်ချတ်နဲ့အမ်မလိုင်းတို့နှစ်ယောက်အရွယ်တစ်ခုကိုရောက်လာချိန်မှာတော့ လူသားဗီဇအရသွေးသားဆန္ဒကိစ္စတွေပါ စိတ်ဝင်စားလာပါတော့တယ်   ဒီတော့ ရစ်ချတ်နဲ့အမ်မလိုင်းတို့ကိုကယ်ဆယ်နိုင်မဲ့သူပေါ်လာမှာလား သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုသွားမလဲဆိုတာ စိတ်မရိုးမရွဖြစ်စွာနဲ့စောင့်ကြည့်ရမှာပါ   စိတ်မရိုးမရွဆိုတာ အမ်မလိုင်းကတော်တော်လေးကိုဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယောက်ပါ သူတို့နှစ်ယောက်ရဲ့တချို့သောအခန်းတွေက မျက်လုံးကိုလက်နှစ်ဖက်နဲ့ကာပြီး(ချောင်းကြည့်ပေါ့)ကြည့်ရမဲ့အခန်းလေးတွေပါပါတယ်   နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဆယ်ကျော်သက်စိတ်လှုပ်ရှားစရာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဘာသာပြန်ပေးထားတာတော့Aye Chansuဖြစ်ပြီးsithuကencodeပေးထားပါတယ်
movie

The Blue Lagoon (1980)

1980
Furry Vengeance (2010) 3.8
Furry Vengeance (2010) ဒီဇာတ်ကားလေးက Mummy မင်းသားကြီး Branden Fraser ရဲ့ ဟာသဇာတ်ကားလေးပါ။ အဟောင်းပေမယ့်ကောင်းလွန်းလို့ မရရအောင်လိုက်ရှာပြီး တင်ပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့  မင်းသားကြီး က အိမ်ခြံမြေ အကျိုးဆောင်ဆောက်လုပ်ရေးကို ကြီးကြပ်ကွပ်ကဲနေတဲ့လူတစ်ဦး “ဒန်” အဖြစ်ပါဝင်ထားပါတယ်။  “ဒန်”က မိသားစုနဲ့အတူ ရော့ကီးစပင်းဆိုတဲ့ အမေရိကန်က တောကျကျနေရာလေးတစ်ခုကို ချီကာဂိုကနေ တစ်နှစ်စာချုပ်နဲ့ လာရောက် လုပ်ကိုင်နေပါတယ်။ ရော့ကီးစပင်း မှာ သိပ်လျင်သိပ်ထက်မြက်တဲ့ ရက်ကွန်းဝံတစ်ကောင်က တိရိစ္ဆာန်လေးတွေကို ဦးစီးနေရင်း သူတို့ရဲ့ တောတောင်ကို ကာကွယ်စောင့်ရှောက်နေပါတယ်။ အဲဒီနေရာလေးက မြို့ပြတည်ဆောက်ဖို့ နေရာတွေဈေးသက်သာတာကြောင့် ကုမ္ပဏီက မျက်စိကျနေပါတယ်။ ဒါကြောင့် မြို့ပြတည်ဆောက်ဖို့အကြံနဲ့ ဒန့်ကို ရာထူးတိုးပေးပြီး လေးနှစ်စီမံကိန်းစဖို့ ကြံစည်လာပါတော့တယ်။ အဲဒါကို ရက်ကွန်းဝံလေးကကြားပြီး မင်းသားကို ရှေ့ဆက် မလုပ်နိုင်အောင် ပညာတွေပြပါတော့တယ်။ မာမီတွေနဲ့တုန်းက ကြမ်းခဲ့အစွမ်းပြခဲ့သမျှ တိရိစ္ဆာန်လေးတွေနဲ့ကျမှ ဘယ်လောက်တောင် ပညာပြခံရတယ်ဆိုတာ  ပျော်ပျော်ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ တိရိစ္ဆာန်လေးတွေရဲ့ ...
movie

Furry Vengeance (2010)

2010