Channel Myanmar

Brooklyn Decker

Stretch (2014) 6.5
Stretch (2014)  ဒီဇာတ်ကားက ၂၀၁၄တုန်းကထွက်ခဲ့တဲ့ ဟာသဇာတ်မြူးအက်ရှင်ဇာတ်ကားဖြစ်ပြီး သရုပ်​ဆောင်တွေကလည်း Patrick Wilson,Chris Pineနဲ့ Jessica Albaဆို​တော့ ရှယ်ပါပဲ။ Rating​တွေကIMDb 6.5နဲ့ RT 88%ပါ။ LAမှာ သူ​ဌေး​တွေပဲစီးနိုင်တဲ့ ဇိမ်ခံကားအ​ကောင်းစားကြီး​မှာ ဒရိုက်ဘာလုပ်​နေတဲ့ ကယ်ဗင်တစ်​ယောက်ရည်းစားကပစ်၊ အလုပ်က အဆင်မ​ပြေ၊ ဖဲ​ကြွေး​​က တပုံတပင်နဲ့ဒိုင်​တွေဓါးကြိမ်းကြိမ်းတာကို ခံ​နေရတဲ့အချိန် မ​မျှော်လင့်ထားဘဲဘီလျံနာ သူ​ဌေးတစ်​ယောက်အတွက် အငှားယာဉ်​မောင်းလိုက်ပြီးတင်​နေတဲ့ဖဲကြွေး​တွေကို အ​ကြေဆပ်နိုင်ဖို့ အခွင့်ကြုံလာပါတယ်။ဒါ​ပေမဲ့ သူ့ရဲ့clientသူ​ဌေးက နောက်​ကြောင်း​တွေအပြည့်နဲ့ သူ​ဌေးဖြစ်​​နေတဲ့အခါ ကယ်ဗင်တစ်​ယောက် ဆွမ်းခံရင်း ငှက်သင့်တဲ့ဘဝရောက်သွားပါ​တော့တယ်။ File size…1.42GB / 642MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Stretch (2014)

Just Go with It(2011) 6.4
Just Go with It(2011)  Comedy ကားကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ Comedy/Drama ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Grown ups, Big Daddy တို့ရဲ့မင်းသားကြီး Adam Sandler... Friends seriesက မင်းသမီး Jennifer Aniston... Battleship ဇာတ်ကားထဲက မင်းသမီးချောလေး Brooklyn Decker တို့နဲ့ဆိုတော့ တကယ့်ကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားလေးကတော့ လက်စွပ်လေးတစ်ကွင်းကြောင့် တစ်လောကလုံးဗြောင်းဆန်ကုန်တယ်လို့ပဲပြောရမှာပါ။ ပလက်စတစ်ဆာဂျရီပညာရှင် ‌ဒန်နီယယ်မက်ကာဘီးဟာ လက်ထပ်ခါနီးမှာ သူ့ဇနီးလောင်းကသူ့မကောင်းကြောင်းပြောနေတာကို ကြားခဲ့ရပြီး မင်္ဂလာပွဲပျက်ပြီး စိတ်ဒဏ်ရာရခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ လက်ထပ်လက်စွပ်ကို မစွန့်ပစ်လိုက်ပဲနဲ့ ကောင်မလေးတွေကိုလက်စွပ်ပြ၊ မိန်းမကနှိပ်စက်ကြောင်းပြော၊ မျက်ရည်ခြူတဲ့ စားဘဲကြီးလုပ်ပါတော့တယ်။ တစ်ရက်မှာတော့ သူတကယ်သဘောကျတဲ့ကောင်မလေးတွေ့ပေမယ့် သူ့လက်စွပ်အကြောင်းကိုအမှန်အတိုင်းမပြောချင်တဲ့အခါ လိမ်ပြောဖို့ ဉာဏ်နီဉာဏ်နက်တွေသုံးပါတော့တယ်။ သူ့ကိုကူပြီးလိမ်ပေးဖို့ သူ့လက်ထောက်လည်းမနေရ၊ သူ့လက်ထောက်ရဲ့သားသမီးတွေလည်းမနေရ၊ အဲဒီသားအမိတွေကလည်း အခွင့်အရေးရ‌တုန်း မွှေချလိုက်တော့ ဒန်နီတစ်ယောက် ပြဿနာတွေကြီးပါတော့တယ်။ဒီလိုနဲ့ ဒန်နီက သူချစ်တဲ့‌ကောင်မလေးကိုရမလား၊ ...
movie

Just Go with It(2011)

What to Expect When You’re Expecting(2012) 5.7
What to Expect When You’re Expecting(2012)  ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ်ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ်ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါနောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူးနောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ်နောက်စုံတွဲကတော့ ...
movie

What to Expect When You’re Expecting(2012)

Battleship (2012) 5.8
Battleship (2012) Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ... သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့....စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ ... တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး...ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ...
movie

Battleship (2012)

2012
4K HEVC
Lovesong(2016) 6.5
Lovesong(2016) Lovesong (2016)===============IMDb 6.3, Rotten Tomatoes 83%''နင်ဒီကို ဘာလို့လာတာလဲ''''ငါ့အချစ်ဆုံးသူငယ်ချင်းရဲ့လက်ထပ်ပွဲမလို့ပေါ့''''ငါမေးတာက နင် ဒီကို ဘာလို့လာတာလဲလို့''''ငါ နင့်ကို လွမ်းလို့... အချိန်တိုင်း...''ယောက်ျားဖြစ်သူရဲ့လစ်လျူရှုခြင်းကိုခံထားရတဲ့ဆာရာတစ်ယောက် သူ့သမီးလေးရယ် အချစ်ဆုံးသူငယ်ချင်းမင်ဒီတို့နဲ့အတူ ခရီးတိုတစ်ခု စတင်ထွက်ခဲ့တယ်ခရီးတစ်လျှောက် ဆာရာနဲ့ မင်ဒီတို့ကြားကသူငယ်ချင်းထက်ပိုတဲ့ ခံစားချက်လေး ပြင်းထန်အားကောင်းလာချိန်မှာပဲ အခြေအနေတွေဟာသူတို့နှစ်ယောက်ကို ဝေးကွာစေခဲ့တယ်သုံးနှစ်ခန့်ကြာပြီးတဲ့နောက်မှာတော့ဆာရာတစ်ယောက် မင်ဒီ့ရဲ့လက်ထပ်ပွဲမတိုင်ခင်ရက်တွေမှာ သူတို့နှစ်ယောက်ကြားက ခံစားချက်လေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ...ဒီရုပ်ရှင်ဟာ အကောင်းဆုံးဇာတ်ညွှန်းဆုကို ရရှိပိုင်ဆိုင်ထားပြီးအဓိကသရုပ်ဆောင်တွေအဖြစ် ဝါရင့်မင်းသမီးကြီးတွေဖြစ်တဲ့Jena Malone နဲ့ Riley Keough တို့က သဘာဝကျကျပါဝင်သရုပ်ဆောင်ထားတဲ့ GL Dramaရုပ်ရှင်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ် File size…1.14GB / 520MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 24m Genre .....  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe
movie

Lovesong(2016)