Channel Myanmar

Brooklynn Proulx

Brokeback Mountain (2005) 7.7
Brokeback Mountain (2005) BrokeBack Mountain (2005) ===================== IMDb Rating - 7.7/10Crouching Tiger, Hidden Dragon (2000)လို အနောက်နိုင်ငံတွေမှာ ရှေးဦးအကြီးအကျယ်အောင်မြင်ခဲ့တဲ့ တရုတ်သိုင်းရုပ်ရှင်ရဲ့ ဒါရိုက်တာ.... Director ... Ang Leeက ရိုက်ကူးပြီး သရုပ်ဆောင်အနုပညာမှာ မှော်ဝင် စားလွန်းတဲ့ လူလွန်မသားသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Hearth Ledger နဲ့ Jake Gyllanhaal တို့က Mian Castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Nominee 8ခုဝင်ထားပြီး အော်စကာသုံးခုရထားတဲ့ Ang Leeကို အော်စကာ ရစေခဲ့တဲ့ကားလည်း ဟုတ်ပါတယ်။ Homophobia တွေမနှစ်မြို့လောက်မယ့် LGBTကားဆိုတာ ကိုတော့ သတိချပ်စေချင်ပါတယ်။ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ Hearth Ledgerနဲ့ Jake တို့ဟာ Homo တွေမဟုတ်ပေမယ့် Homoတွေရဲ့ခံစားချက်တို့ကို ကောင်းကောင်းကြီး ပြ သွားနိုင်ခဲ့သလို Real World က သူတို့ကြားက ရင်းနှီးမှုကြောင့်လည်း ဒီကား ဟာ ပိုအသက်ဝင်တယ် ဆိုကြပါတယ်။ချစ်သူနဲ့လက်ထပ်ဖို့ စရိတ်စကရအောင် Brokebackတောင်ပေါ်မှာ အလုပ် လုပ်မယ့် Ennis Del ...
movie

Brokeback Mountain (2005)

2005
Piranha 3D (2010) 5.5
Piranha 3D (2010) နွေပူပူနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးနောက်တစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားလေးကတော့ ၂၀၁၀ မှာထွက်ထားတာဖြစ်ပြီးသွေးသံရဲရဲခန်းတွေ ရှယ်ပလန်နဲ့ပါတဲ့သဲထိတ်ရင်ဖိုကားလေးပါ။ ဂျိတ်ခ်နဲ့ဂျူလီဟာ သားအမိတွေဖြစ်ပြီးဂျူလီကတော့ ရေကန်ရဲ့ရဲမှူးပါ။ နွေရာသီပိတ်ရက်ကြောင့် လူပြည့်လာတဲ့ ဗစ်တိုးရီးယားရေကန်ကြိးကြောငိ့အလုပ်များလာတဲ့ဂျူလီဟာ သားနဲ့သမီးအငယ်နှစ်ယောက်ကိုထိန်းဖို့သားကြီးဖြစ်တဲ့ ဂျိတ်ခ်ကို တာဝန်ပေးလိုက်ပါတော့တယ်။ဂျိတ်ခ်ခဗျာလည်း သားအကြီးပီသစွာနဲ့ နှစ်တိုင်းကလေးထိန်းနေရာကနေဒီနှစ်မှာတော့ ရေကန်လမ်းပြအလုပ်နဲ့လည်ပတ်ဖို့ရာဖြစ်လာပါတော့တယ်။လူတွေအပြည့်နဲ့ကြက်ပျံမကျစည်ကားနေတဲ့ ဗစ်တိုးရီးယားရေကန်ကြီးကတော့မြေငလျင်ကြောင့် မြေအောက်ရေကန်နဲ့ လမ်းကြောင်းပွင့်သွားပြီးအသားစားငါးတွေထွက်လာတာကို ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီလိုနဲ့ အလုပ်များနေတဲ့ ရဲမှူးမေမေနဲ့ အမေကျောခိုင်းတာနဲ့ လုပ်ချင်သလိုခိုးလုပ်ကြတဲ့ ‌ကလေးတွေရယ်၊ အသားစားငါးတွေပြည့်နေတဲ့ရေကန်ကြီးနဲ့ အပျော်ကြူးနေကြတဲ့ လူအုပ်ရယ် ...။သွေးသံတရဲရဲနဲ့ အသည်းတယားယားကြည့်ရမဲ့ကားလေးမို့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…      1.4 GB /   578 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by  Aditi
movie

Piranha 3D (2010)

The Assassination of Jesse James by the Coward Robert Ford ( 2007 ) 7.5
The Assassination of Jesse James by the Coward Robert Ford ( 2007 ) [Unicode]Assassination of Jesse James By the Coward Robert Ford (2007)IMDB Rating....... 7.5ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ ရာဇဝင်လူဆိုးကြီးကို သေချာမသိကြရင်တောင် အရှောင်အတိမ်း ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ စကားလေးတော့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုနာမည်တွင်ရလောက်အောင်လည်းညဂျက်ဆီဂျိမ်းစ်ကို ဖမ်းမယ့်အစား ငါးရှဉ့်ကို လက်ချောဆီသုတ်ပြီး ဖမ်းရတာကမှ လွယ်ပါဦးမယ်။ ဒီလိုနဲ့ ဂျက်ဆီဂျိမ်းစ်းဟာ ဆုကြေးအမြင့်ဆုံး ရာဇဝင်လူဆိုးဖြစ်လာတာပါပဲ။နာမည်တူ စာအုပ်ကိုပဲရိုက်ထားတဲ့ဒီရုပ်ရှင်ဟာ သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့လူနဲ့ သူနဲ့ကြားက ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီရုပ်ရှင်ရဲ့ နာမည်မှာတင် ဘာအကြောင်းဆိုတာ ဂဃနဏကြီးသိအောင် ပြပြီးသားပါ။ Brad Pittရဲ့ Plan B Entertainmentကာထုတ်လုပ်ထားပြီး မထီတထီဇာတ်ရုပ်တွေမှာာသိပ်လိုက်တဲ့ Brad Pitt ကပဲညဂျက်ဆီဂျိမ်းအဖြစ် သရုပ်ဆောင်ထားပါတယ်။အိမ်အနားစွန်းမှာ ရွေ့မျောနေတဲ့ မှောင်ရီပျိုးစကောင်းကင်အောက်က တိမ်‌‌တွေ။ ပိန်းပိတ်အောင်မှောင်နေတဲ့ ရထားလမ်းဆီ ဟိုးအဝေးကခုတ်မောင်းလာတဲ့ ကျောက်မီးသွေးသုံး မီးရထားတစ်စင်း။ ဓားပြတိုက်ဖို့ ရထားသံလမ်းပေါ်ထွက်ရပ်နေတဲ့ ကျောက်မီးသွေး‌ငွေ့တွေကြားက ဂျက်ဆီဂျိမ်းစ် သူ့ကို ထိုးထားတဲ့ ရထားရှေ့မီး။ ရောဘတ်ဖို့ဒ်ရဲ့ သေနတ်ပြောင်းကို ကျောခိုင်းထားတဲ့ ဂျက်ဆီဂျိမ်းစ်ရဲ့ ‌ပန်းချီကားရှေ့က နောက်ဆုံးထွက်သက်။ ဒီရုပ်ရှင်ရဲ့ Cinematographyတွေအားလုံးက ဒီ၂နာရီခွဲကြာတဲ့ ရုပ်ရှင်ကို တစ်ကွက်မှ ...
movie

The Assassination of Jesse James by the Coward Robert Ford ( 2007 )

2007
The Time Traveler’s Wife (2009) 7.1
The Time Traveler’s Wife (2009) အချိန်တွေနောက်ပြန်သွားလို့ရရင် ကောင်းမှာပဲဆိုတဲ့လူတွေ…… အချိန်တော့နောက်ပြန်လှည့်လို့ရတယ်ဒါပေမဲ့ ဘယ်အချိန်မှာဘယ်နေရာကို ရောက်သွားမယ်မှန်းမသိ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေရှိလာခဲ့ရင်တောင် ဘာမှပြင်လို့မရဘဲ အဲဒီအဖြစ်အပျက်ကို ထပ်တလဲလဲ အချိန်တွေနောက်ပြန်လှည့်ပြီး မြင်နေရရင်ရော????အချိန်ခရီးသွားလို့ရတာကောင်းပါဦးမလား…….ဒီဇာတ်ကားထဲက မင်းသားရဲ့အနေထားကတော့ အဲလိုပါ။သူ့အမေကားအက်ဆီးဒင့်ဖြစ်တာကိုလဲ အခါခါပြန်မြင်နေရပေမယ့် ဘာမှလုပ်ပေးလို့မရဘဲ ကြည့်နေရတဲ့ အမေချစ်သားတစ်ယောက်ရဲ့ခံစားချက်ကို အမြဲခံစားနေခဲ့ရတာပါ။သူ့အတွက်တော့ အချိန်ခရီးသွားတယ်ဆိုတာ ကျိန်စာတစ်ခုလိုပါပဲ။နောက်ပြီးဘာမှန်းမသိတဲ့အချိန်မှာ ဘယ်မှန်းမသိတဲ့နေရာကို အလိုအလျောက်ပျောက်သွားတတ်တဲ့ ယောက်ျားတစ်ယောက်ကို ငယ်စဉ်ကလေးဘဝကတည်းက ချစ်လာခဲ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝကရော ဘယ်လောက်ထိသာယာချမ်းမြေ့နိုင်မှာလဲ။ဒါပေမဲ့ ချစ်တဲ့စိတ်တစ်ခုနဲ့ပဲအရာရာကို ကျော်ဖြတ်ရဲခဲ့တဲ့ မိန်းကလေးအတွက် သူ့ယောက်ျားရဲ့ကျိန်စာက အမြဲတမ်းတော့ကျိန်စာမဖြစ်ခဲ့ပါဘူး။သာမာန်လူတွေနဲ့မတူပေမဲ့လဲ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးမယားပေါ် တာဝန်ကျေချင်စိတ်နဲ့ ကြိုးစားပေးခဲ့ပုံတွေကို တွေ့မြင်ရမယ့်ကားလေးဖြစ်ပါတယ်။ဘယ်လိုပဲကြိုးစားပေမဲ့ အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ သာမာန်မိန်းမတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေကို ရချင်မိတဲ့ အချိန်ခရီးသွားတစ်ယောက်ရဲ့ မိန်းမဘဝက ဘယ်လောက်ထိကြေကွဲစရာကောင်းလဲဆိုတာကို ဒီဇာတ်ကားလေးက မိမိရရရိုက်ပြထားတာဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ ဒရမ်မာဇာတ်ကားကောင်းလေးတစ်ကားပါ။ File Size : (950 ...
movie


2009