Channel Myanmar

Bryan Brown

Gods of Egypt (2016) 5.4
Gods of Egypt (2016) အားလုံးတောင်းဆိုနေကြတဲ့ Gods Of Egypt လာပါပြီ... ဒီဇာတ်ကားလေးကတော့ ရုံတင်တာကြာပြီဖြစ်ပေမယ့် အကြည်ထွက်ဖို့တော့ တော်တော်လေး စောင့်လိုက်ရပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေ အနေနဲ့ ဒီကားလေးရဲ့ review တွေ အကြောင်းကို ကြားတော့ ကြားမိကြမှာပါ။ Deadpool နဲ့ ယှဉ်ဖိုက်ခဲ့ရတာ မို့ အမြတ်ငွေပိုင်းဆိုင်ရာမှာ မကိုက်ခဲ့ပေမယ့် visual effectကို ကြိုက်တဲ့ ပရိသတ်တွေရယ် ရှေးဟောင်းအီဂျစ်တွေရဲ့ နေထိုင်မှုပုံစံတွေရယ်ကို စိတ်ဝင်စားတဲ့သူတွေ အတွက်ကတော့ ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေဦးမှာပါ။ နတ်တွေနဲ့ လူသားတွေ ရောနှောနေထိုင်ကြတဲ့ အီဂျစ်အယူတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်။တူဖြစ်သူ Horusကို နတ်ဘုရားတွေရဲ့ ဘုရင်အဖြစ် နန်းတက်မယ့် ပွဲမှာပဲ ထီးနန်းလုခဲ့တဲ့ Set ကတော့ ဒီဇာတ်ကားရဲ့ အဓိက ဗီလိန်ပါ။ အဓိကဇာတ်ဆောင်ကိုတော့Horus လို့ ထင်ထားခဲ့ပေမယ့် သာမန်လူသားတစ်ယောက်ဖြစ်တဲ့ Bekက ပိုပြီး လုပ်ဆောင်ချက်တွေ များနေတာတွေ့ရတော့ အံ့သြမိပါတယ်။ ချစ်သူကောင်မလေးအတွက် နတ်ဘုရားတွေရဲ့တိုက်ပွဲတွေ အကြား တိုးဝင်လာခဲ့တဲ့ Bek ရဲ့ ချစ်ခြင်းတရား... နတ်ဘုရားကိုတောင် အာခံဝံ့တဲ့ သူရသတ္တိ တွေနဲ့ နတ်ဘုရားတွေနဲ့ လူသားတွေကြားက သံယောဇဉ်တွေ ပိုပါ အချိုးကျကျ ထည့်ပြီး ဇာတ်ကို အရှိန်မြှင့်ထားပါတယ်။ IMDb ကတော့ 5.6 ...
5.4
IMDB: 5.4/10 85,510 votes
movie

Gods of Egypt (2016)

2016
Blu-Ray 1080p
Sweet Country (2017) 7.4
Sweet Country (2017) Sweet Country ဇာတ်ကားရဲ့နောက်ခံ အချိန်ဟာ ၁၉၂၉ ခုနှစ်အချိန်က သြစတေးလျ မြောက်ဘက်က ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာနေတဲ့ လူမည်းတွေရဲ့ ဖိနှိပ်ခံရပုံကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ်…. ဒီဇာတ်လမ်းထဲမှာ ဆမ် ဆိုတဲ့လူဟာ ဘလက်ခ်ဟေး ဆိုတဲ့ဒေသမှာနေတဲ့ သက်လည်ပိုင်း တိုင်းရင်းသားလူမည်းတစ်ယောက်ဖြစ်ပါတယ်… အဲ့ဒီဒေသတွေမှာ လူဖြူတွေဟာ လူမည်းတွေအပေါ်ကို တန်းတူထားမဆက်ဆံဘဲ တော်တော်လေးဖိနှိပ်ချုပ်ချယ်ကြတဲ့အထဲမှာမှ ဘာသာတရားကိုင်းရှိုင်းတဲ့ သူ့လူဖြူမိတ်ဆွေ ဖရက်ဒ်ကတော့ သူ့ကို ကောင်းကောင်းဆက်ဆံတဲ့ ရှားရှားပါးပါး လူဖြူတစ်ယောက်ပါပဲ… တစ်နေ့ သူ့မိတ်ဆွေ မရှိခိုက် သူ့ကိုသေနတ်နဲ့လာပစ်တဲ့ လူဖြူတစ်ယောက်ကို ခုခံရင်း ၄င်းလူဖြူသေဆုံးသွားတဲ့အတွက် ဆမ်ဟာ မိန်းမကိုခေါ်ပြီး ထွက်ပြေးပါတော့တယ်..။ ဒီဇာတ်ကားဟာ ၂၀၁၈ ဇန်နဝါရီလထဲထွက်ခဲ့တဲ့ကားဖြစ်ပြီး ဆုပေါင်း ၆ ဆု ရရှိခဲ့ကာ ဆန်ကာတင်ဆု ၁၀ ဆုမှာ ပါဝင်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်…. ဒီဇာတ်ကားထဲမှာ မြိုပြရဲ့ ပြိုးပြိုးပြက်ပြက် အငွေ့အသက်တွေ လုံးဝတွေ့ရမှာမဟုတ်ဘဲ …ဝေးလံခေါင်ဖျားပြီး အနီးဆုံးမြို့မှာတောင် ဘုရားကျောင်းတစ်ကျောင်းမရှိတဲ့ သြစတေးလျား မြောက်ဖက်ပိုင်းရဲ့ ကျောက်တုံးကျောက်ခဲထူထူ နဲ့ ...
7.4
IMDB: 7.4/10 1,262 votes
movie

Sweet Country (2017)

2017
Peter Rabbit(2018) 6.4
Peter Rabbit(2018)   ဖေဖော်ဝါရီလတုန်းကမှ ရုံတင်သွားတဲ့ Peter Rabbit ဇာတ်ကားကိုတော့ အများကြီးညွှန်းဆိုစရာ မလိုဘူးထင်ပါတယ်။ အမေရိကန်အင်္ဂလိပ် စာရေးဆရာမ Beatrix Potter ရဲ့ နာမည်ကျော် The Tale of Peter Rabbit စာအုပ်ကိုပြန်လည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ IMDb score 6.6 တောင်ရရှိထားပြီးတော့ ဒေါ်လာသန်း ၅၀ နဲ့ရိုက်ကူးခဲ့တဲ့ကားဟာ ဒေါ်လာသန်း၃၀၀ နီးပါးပြန်လည်ရရှိခဲ့တဲ့အတွက် ငွေကြေးအရ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------ ယုန်ကလေး Peter ဟာ မိဘနှစ်ဦးသေဆုံးပြီးတဲ့ နောက်မှာ ညီမသုံးယောက် ၀မ်းကွဲအစ်ကိုတစ်ယောက်နဲ့အတူ နေထိုင်လျက်ရှိပါတယ်။ တခြားတိရစ္ဆာန်တွေလို အစားကိုပုံမှန်ရှာစားလည်းဖြစ်ပေမယ့် စွန့်စွန့်စားစားလုပ်လိုက်ရမှ ကျေနပ်တဲ့ Peter က Joe McGregor ဆိုတဲ့ ဒေါသအိုးအဘိုးကြီးရဲ့ ခြံထွက်သီးနှံတွေကိုသာ ခက်ခက်ခဲခဲခိုးစားလေ့ရှိပါတယ်။ တစ်ရက် အဘိုးကြီး McGregor ရုတ်တရက်သေဆုံးသွားတဲ့အချိန်မှာ Peter တို့မောင်နှမတစ်သိုက်ဟာ သူ့အိမ်ကြီးမှာ ပျော်ရွှင်စွာမင်းမူကြပါတော့တယ်။ သို့ပေမယ့် အဘိုးကြီးဟာ မသေခင် လန်ဒန်မြို့မှာနေထိုင်တဲ့ သူ့တူ Thomas McGregor ကို အမွေပေးခဲ့တယ်ဆိုတာကို ...
6.4
IMDB: 6.4/10 4,368 votes
movie

Peter Rabbit(2018)

2018
The Light Between Oceans (2016) 7.2
The Light Between Oceans (2016)   ဒီဇာတ်ကားလေးက အရမ်းသနားဖို့ကောင်းသလို မိဘမေတ္တာကိုပြသတဲ့အတွက် ကြည့်တဲ့သူတွေရင်ကိုထိစေမဲ့ဒရာမာကားလေးပါ စစ်ပွဲကြီးအပီးကို့ဘဝကိုစိတ်ဓာတ်ကျနေတဲ့စစ်သားဟောင်းတယောက်ဖြစ်တဲ့ သောမတ်စ်ရှာဘွန်းဟာလူတွေနဲ့ဝေးရာဖြစ်တဲ့ ဂျေးနက်စ်ဆိုတဲ့ကျွန်းကြီးပေါ်မှာမီးပြတိုက်စောင့်လုပ်ဖို့သွားခဲ့တယ် အဲ့ဒိအနီးနားမြို့လေးက အစ်စဘဲလ်ဆိုတဲ့မိန်းကလေးနဲ့ချစ်ကျွမ်းဝင်လက်ထပ်ခဲ့ပီး ကျွန်းကြီးပေါ်တူတူသွားနေခဲ့ကျတယ် ကလေးအရမ်းလိုချင်တဲ့သူမ ကိုယ်ဝန်ပျက်ကျပီးတဲ့နောက် သူတို့ကျွန်းပေါ်ကိုဘယ်ကမှန်းမသိတဲ့လှေလေးတစီးမျောလာခဲ့တယ် လှေထဲကလူသေအလောင်းတလောင်းနဲ့ အသက်ရှင်နေသေးတဲ့ မွေးကင်းစကလေးလေးကိုတွေ့ပီးတဲ့နောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မျက်ရည်လည်ရွှဲနဲ့ကြည့်ရမှာဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်း နဲ. ဘာသာပြန်သူကတော့ khin Pyae Sone Kyaw ပဲဖြစ်ပါတယ်)   File Size : (850 MB) and (350 MB) Quality : Bluray 720p Running Time : 2hr 13minutes Format : Mp4 Genre : Drama, Romance Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw
7.2
IMDB: 7.2/10 29,055 votes
movie

The Light Between Oceans (2016)

2016
BlueRay 720p

Genres

Like Us!