Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bryan Clark
7.5
Trading Places (1983)
Trading Places (1983)~ IMDb - 7.5/10, RT - 88%, Meta - 69% ~ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီးမိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး ...
movie
Trading Places (1983)
1983
4.5
[18+] Body of Evidence (1993)
မက်ဒေါနားရဲ့ အဖော်အချွတ်တွေကြောင့် ဒီဇာတ်ကားဟာ Best Erotic Thriller ထဲမှာ နာမည်ကြီးပါတယ်...၉၀ ခုနှစ်များဆီက ရှာရွန်စတုန်းရဲ့နာမည်ကျော် Basic Instinct လိုပဲ မက်ဒေါနားကိုလဲ ဒီဇာတ်ကားနဲ့တွဲမြင်ကြပါတယ်...အဖော်အချွတ်သီးသန့်မဟုတ်ဘဲ လူသတ်တဲ့လှည့်ကွက်ဇာတ်အိမ်လေးနဲ့ဆိုတော့ တက်ကြွစွာလိုက်ပါစီးမျောရမယ့်ဇာတ်ကားမျိုးပါ...အဆိုတော်မင်းသမီး Madonna နဲ့အတူ မင်းသားကြီး Willem Dafoe နဲ့ မင်းသမီးကြီး Julianne Moore တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့.... ရှေ့နေကြီး ဖရန့်ဒူလေးနီ (Willem) ဟာ အင်မတန်တော်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ ဖရန့်ဆီကို အမှုတစ်မှုရောက်လာပါတယ်။ အမှုကတော့ ချမ်းသာကြွယ်ဝတဲ့ အသက်ကြီးကြီးဘိုးတော်တစ်ယောက်ဟာ အိပ်ယာပေါ်မှာ သေဆုံးနေတဲ့အမှုပါ။ ဆေးစစ်ချက်များအရ နှလုံးဖောက်သေဆုံးတာဖြစ်ပေမဲ့ ကိုကိန်းသုံးစွဲထားတဲ့လက္ခဏာလည်းတွေ့ရတဲ့အပြင် လက်ကောက်ဝတ်မှာလည်း လက်ထိပ်ရာများတွေ့ရတာဖြစ်လို့ လူသတ်မှုလို့ ထင်စရာရှိတဲ့အနေအထားဖြစ်နေပါတယ်။ ဘိုးတော်ရဲ့အိမ်ထဲမှာ BDSM လုပ်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းကိရိယာတွေလည်းတွေ့ထားတဲ့အပြင် ဗွီဒီယိုစက်မှာလည်း ဟုမ်းမိတ်ဗွီဒီယိုတစ်ခုက ပွင့်လျက်အနေအထားနဲ့ ရှိနေပါတယ်။ အဓိကသံသယအဝင်ခံရသူကတော့ ထိုဘိုးတော်နဲ့ တွဲနေတဲ့ ငယ်ရွယ်တဲ့အမျိုးသမီးလေး ရေဘတ်ကာကာလ်ဆင်(Madonna)ပဲဖြစ်ပါတယ်။ သံသယပိုအဝင်ခံစရာကောင်းတာက ဘိုးတော်ရဲ့သေတမ်းစာထဲမှာ ရေဘတ်ကာရဲ့နာမည်နဲ့ ဒေါ်လာ ၈ သန်းအမွေထားခဲ့ပေးတဲ့ကိစ္စပါပဲ။ ရှေ့နေကြီးဖရန့်ဟာ ဒီအမှုကို ရေဘတ်ကာဘက်ကနေ ...
movie
[18+] Body of Evidence (1993)