Channel Myanmar

Bugs Bhargava

Music School (2023) 7.7
Music School (2023) Music School (2023) IMDb-9/10IMDbကတော့ နိုင်းလောက်ရှိသဗျို့။ the sound of music ဆိုတဲ့ ဂန္တဝင်တေးဂီတကားကြီးကို အခြေခံထားတဲ့ဇာတ်လမ်း။3Idiotsထဲက အဆောင်တွေလက်ဖွဲ့တွေယုံကြည်သူ ရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်လမ်း။ ဂီတကားဖြစ်တဲ့အတွက် ဂီတကိုချစ်မြတ်နိုးတဲ့သူတွေ နှစ်သက်သဘောကျစေမှာပါ။သားသမီးတွေကို ပညာရေးပဲအာရုံစိုက်စေချင်ပြီး အင်ဂျင်နီယာကြီး ဆရာဝန်ကြီးတွေဖြစ်စေချင်ပေမယ့် လူငယ်တွေရဲ့ ရင်ထဲကရူးသွပ်တဲ့ ဂီတအနုပညာကိုနားလည်မပေးကြ။ငါ့သား ငါ့သမီးလေးက အတန်းထဲမှာ အဆင့်တစ် ထိပ်ဆုံးကဆိုပြီး လက်မထောင်ချင်ကြတဲ့မိဘတွေ။ ဒီလိုမိဘတွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကြားကနေပဲ ရင်ထဲကပေါက်ဖွားလာတဲ့အနုပညာကို ပုံဖော်ကြတဲ့ လူငယ်လေးတွေရဲ့ကြိုးစားအားထုတ်မှုတွေ ဖန်တီးတင်ဆက်နိုင်ပုံတွေကို တေးဂီတဆရာမနဲ့ ပြဇာတ်ဆရာတို့က ဦးဆောင်လမ်းပြပြီး ဂန္တဝင်တေးဂီတပြဇာတ်တစ်ပုဒ်ကို ဖန်တီးတင်ဆက်ထားပါတယ်။စာကြွင်းအနေနဲ့ ကျွန်တော်က နာမည်ကြီးသီချင်းတွေ ဘာတွေကို ဇာတ်ဝင်တေးယူသုံးထားရင် သဘောကျတဲ့ထဲပါပါတယ် တိုက်ဆိုင်သွားတတ်တာပေါ့ ဒီဇာတ်ကားလေးက အိန္ဒိယကားဆိုပေမဲ့ အပိတ်သီချင်းလေးက " so long farewell auf wiedersehen goodbye" ဆိုတဲ့ The sound of music ဂန္တဝင်တေးကိုပဲ အကနဲ့ဖျော်ဖြေထားတဲ့ပုံက ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ Ted Lasso စီးရီးထဲက နည်းပြကြီး Ted Lasso ကို နှုတ်ဆက်ခန်းကို ပြန်သတိရသွားတာမို့ မျက်ရည်လေးများတောင့်စို့မိတဲ့ ပီတိအရသာလေးရတာမို့ ရင်ဘတ်ချင်းတူမဲ့ ဘော်ဒါတွေအတွက် ...
movie

Music School (2023)

2023
Every Child is Special/Like Stars on Earth/Taare Zameen Par (2007) 8.4
Every Child is Special/Like Stars on Earth/Taare Zameen Par (2007) ဒီနေ့တော့အရမ်းကောင်းတဲ့ အိန္ဒိယကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ပါဝင်တဲ့မင်းသားကို လည်းစိမ်းကြမယ်မထင်ပါဘူး..ကျွန်တော်တို့တွေကြိုက်နှစ်သက်ခဲ့ကြတဲ့ PK ဇာတ်ကားမှ ကျွန်တော် တို့ရဲ့အသည်းကျော်မင်းသား Aamir Khan ပဲဖြစ်ပါတယ်..ဆု 15 ခု လျာထားခြင်းခံခဲ့ရပြီး 13 ဆု တိတိရရှိခဲ့ပါတယ်...ဇာတ်လမ်းကတော့.. အသက် ၈ နှစ်အရွယ်ရှိ အီရှန်ဟာ မိသားစုမှာ အငယ်ဆုံးသားဖြစ်ပြီး ထူးချွန်တဲ့ အဖေ၊ အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါ။ ကျောင်းမှာလည်း အမြဲတန်း နောက်ဆုံးကဖြစ်ပြီး စာသင်ရတာကို စိတ်မဝင်စားသူပါ။ ပန်းချီဆွဲရတာကို ဝါသနာပါပြီး စာကောင်းကောင်းမလုပ်တဲ့အတွက် အမြဲတမ်း ဆရာမတွေရဲ့ ဆူပူ၊ အပြစ်ပေးခြင်းကို ခံရလေ့ရှိပါတယ်။ တတိယတန်းကို တစ်ကြိမ်ကျခဲ့လို့ ပြန်တက်နေရတဲ့ ကျောင်းသားလေးလည်းဖြစ်ပါတယ်။ လူကောင်ငယ်ပေမယ့် ဂျစ်ကန်ကန်ကျောင်းသားလေးဖြစ်ပြီး သူစိတ်ဝင်စားတာက ပြင်ပလောကကြီးကိုပါ။ စာအလွန်ညံ့ပြီး အဆော့မက်တဲ့ အီရှန်ဟာ ကျောင်းက အမှတ်စာရင်းတွေပို့ရင်လည်း အိမ်ကိုပြန်မပြပဲ ကျောင်းလည်း ပြေးတတ်ပါသေးတယ်။ အတန်းထဲမှာ စာဖတ်ခိုင်းရင်လည်း မဖတ်တတ်ပဲ ဆရာမကိုပြန်ပြောင်လို့ အခန်းအပြင်ထုတ်ပြီး အပြစ်ပေးခံရပါတယ်။ စာသင်နှစ်ဝက်ရောက်တဲ့ အချိန်မှာတော့ ကျောင်းအုပ်ဆရာမကြီးက အီရှန်ရဲ့ ...
movie

Every Child is Special/Like Stars on Earth/Taare Zameen Par (2007)

2007
HEVC 1080p 5.1
Murder 3 (2013) 4.9
Murder 3 (2013) ဗစ်ကရန် ဆိုတဲ့ နာမည်ကြီး ဓာတ်ပုံဆရာတစ်ဦးဟာ ရော်ရှနီ ဆိုတဲ့ သူ့ကောင်မလေးမှ သူ့ကို လမ်းခွဲစကားကို ဗွီဒီယိုရိုက်ပြီး ပြောကာ ထွက်သွားလို့ အသည်းကွဲ အရက်သမားကြီးလုံးလုံးဖြစ်နေတဲ့သူပါ။နေ့တိုင်း ညတိုင်း မူးရူးနေတဲ့ ဗစ်ကရန် ကို နီရှာ လို့ ခေါ်တဲ့ စားသောက်ဆိုင်က ဝန်ထမ်းကောင်မလေးမှ သတိထားမိလာပါတယ်။ တစ်နေ့ ဗစ်ကရန် မူးပြီး ကားမမောင်းနိုင်ချိန် နီရှာ က အိမ်လိုက်ပို့ပေးဖို့ ကားမောင်းပေးပေမယ့် ဗစ်ကရန် က အိမ်လိပ်စာမပြောသဖြင့် နီရှာ က သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။အဲ့လိုနဲ့ နီရှာ နဲ့ ဗစ်ကရန် ရင်းနှီးသွားကြပြီး အသည်းကွဲသမားကြီး ဗစ်ကရန်ရဲ့ အသည်းဟာ တဖြည်ဖြည်းပြန်ဆက်လာပါတော့တယ်။ ချစ်သူတွေဖြစ်သွားပြီးတဲ့နောက် နီရှာ ကို ဗစ်ကရန်က သူ နေထိုင်တဲ့ မြို့ရဲ့ဝေးက ဗြိတိသျှလက်ကျန် ခေတ်ဟောင်း စံအိမ်တော်ကြီးဆီကို ခေါ်လာခဲ့ပါတယ်။နီရှာ ထိုစံအိမ်ကြီးကို ရောက်လာပြီးနောက်ပိုင်း ထူးဆန်းတဲ့အသံတွေ ခဏခဏ ကြားရပါတော့တယ်။ ထိုထူးဆန်းတဲ့အသံတွေက ဘာတွေဖြစ်မလဲ လမ်းခွဲစကားပြောပြီးထွက်သွားတဲ့ ရော်ရှနီ ဆိုတဲ့ကောင်မလေးက တကယ်ရော ထွက်သွားတာ ...
movie

Murder 3 (2013)

2013