Channel Myanmar

Cam Gigandet

The Unborn (2009) 5.1
The Unborn (2009) The Unborn (2009) =================သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ... တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ် အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်...သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်... ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ်ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရ‌ချိန်မှာတော့....ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Thu Thu ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu
movie

The Unborn (2009)

Shrapnel (2023)
Shrapnel (2023)  ရှောင်ဘက်ခ်၀စ်တို့မိသားစုဟာ တက္ကဆက်နဲ့ မက္ကဆီကိုနယ်စပ်အနီးကို ပြောင်းရွှေ့လာတဲ့မိသားစုပါ။ ရှောင်ဟာ အမေရိကန်ရေတပ်က ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး သမီးနှစ်‌ယောက်ရဲ့ဖခင်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရှောင်ရဲ့ သမီးနှစ်ယောက်ထဲက တစ်‌ယောက်ဖြစ်တဲ့ "လိ"ဟာ သူငယ်ချင်း‌ဖြစ်သူ ဘီလီနဲ့ ပါတီပွဲတစ်ခုကိုသွားလိုက်ပြီး ပျောက်ချင်းမလှပျောက်ဆုံးသွားတာကြောင့် အဖေဖြစ်သူဟာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ဒါပေမဲ့ တကယ်တမ်း စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ မိန်းကလေးနှစ်ဦးကို ပြန်ပေးဆွဲသွားတဲ့သူတွေဟာ ဒေသခံ ကြေးစားလူမိုက်ဂိုဏ်းတစ်ခုကဖြစ်ပြီး ထိုဒေသကရဲအရာရှိတွေကတောင် မထိန်းနိုင်လို့ ဒီအမှုကို လက်ရှောင်နေကြတာကို ရှောင်တစ်ယောက် သိလိုက်ရပါတယ်။ဒီလိုနဲ့ သမီးဖြစ်သူကိုရှာဖွေဖို့ သဲလွန်စလိုက်လံရှာဖွေရင်း ရှောင်နဲ့ သူငယ်ချင်းဖြစ်သူ မက်စ်တို့ဟာ မက္ကဆီကိုလူမိုက်ဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်... File size…(1.4 GB)/(781 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Action, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Shrapnel (2023)

The Magnificent Seven (2016) 7.0
The Magnificent Seven (2016) IMDb Rating (7.0) / Rotten Tomatoes (64%)Denzel Washington , Chris Pratt , Lee Byung-hun , Ethan Hawke , Vincent D'Onofrio တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အပြွတ်လိုက်ကြမ်းကြမှာပါ။ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။အင်္ကျီလေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ဇာတ်လမ်းကတော့,,,မြို့ငယ်လေးတစ်ခုမှာ အင်အားသုံးပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကိုလူ ၇ ယောက်တည်းက မြို့က လူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ ...
movie

The Magnificent Seven (2016)

4K HEVC
Til Death Do Us Part (2023) 6.0
Til Death Do Us Part (2023) Til Death Do Us Part (2023) ==================== IMDb Rating - 6.0/10သတို့သမီးတစ်ယောက်နဲ့ လူသတ်သမားသတို့သားတစ်ဖွဲ့လုံး ချရတဲ့ ကားပါ။ ဇာတ်ကားနာမည်က မင်္ဂလာဆောင်တွေမှာ သစ္စာဆိုတဲ့စကား ပါပဲ။ သေမှပဲ တို့တွေခွဲမယ်တို့ သက်ဆုံးတိုင်မခွဲဘူး ဘာညာပေါ့။ ဒီကား ကိုကြည့်ရင် Kill Bill ကို ပြေးမြင်မိမယ်ထင်ပါတယ်။ သတို့သမီးက လုပ် ကြံရေးအဖွဲ့ကြီးတစ်ခုရဲ့ အဖွဲ့ဝင်ပါ။ အဲဒီအဖွဲ့ကနေ အရှင်ထွက်ခွင့်မရှိပါ ဘူး။ဒါပေမဲ့ သတို့သမီးက သူနဲ့အတူ တွဲလုပ်ခဲ့တဲ့ တွဲဘက်လူသတ်သမားနဲ့ ကြိုက်သွားပြီး မင်္ဂလာမဆောင်ခင်ရက်ပိုင်းမှာပဲ ဒီအဖွဲ့ထဲကနေ ထွက်ချင် လို့ ထွက်ပြေးပါတော့တယ်။ ဒါကို သတို့သားနဲ့ သတို့သားအရံ၊ သူငယ်ချင်း လူသတ်သမားတွေက အုပ်လိုက်ကြီးပြန်လိုက်ဖမ်းတာပါ။ အဲဒီတော့ တစ် ကားလုံး အပြန်အလှန်သတ်ဖို့ကြိုးစားကြတာပေါ့။ ဟာသ၊ အက်ရှင်၊ ဟော် ရာဖြစ်လို့ ခပ်ပြောင်ပြောင်အခန်းတွေလည်း မြင်ရမှာပါ။ အတော်လေး ဖျော် ဖြေမှုပေးတဲ့ ရုပ်ရှင်ပါပဲ ကြည့်ကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(2.0 GB) / (490 MB) Quality............WEB-DL ...
movie

Til Death Do Us Part (2023)

2023
The Roommate (2011)
The Roommate (2011) ကိုယ့်ကို အရမ်းရင်းနှီးပြီး အရမ်းတွယ်ကပ်နေတဲ့သူမျိုးကို တွေ့ဖူးလား ဒီဇာတ်ကားလေးမှာတော့ ဆာရာဆိုတဲ့ ကောင်မလေးနဲ့ သူ့ကို အရမ်းတွယ်ကပ်နေတဲ့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ် ဆာရာကတော့ အခုမှ ကောလိပ်စတက်မယ့် ကောင်မလေးတစ်ယောက်ပါ သူနဲ့ တစ်ခန်းထဲမှာ တူတူနေရတာကတော့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ့ ရေဘတ်ကာဟာ အရမ်းချမ်းသာတဲ့ မိသားစုက လာခဲ့တာဖြစ်ပြီး သူနဲ့ပတ်သတ်လို့ တစ်ခုခု ထူးဆန်းနေခဲ့ပါတယ် တကယ်တော့ ရေဘတ်ကာဟာ စိတ်ရောဂါရှင်တစ်ယောက်ဖြစ်ပြီး သူဟာ သဘောကျတဲ့လူတစ်ယောက်ကို အရမ်းတွယ်ကပ်တတ်တာပါပဲ သူသဘောကျတာ ခံရတဲ့ ဆာရာတစ်ယောက်ကတော့ Guardian Devil တစ်ယောက်ရထားသလိုပါဖြစ်‌‌နေပါတော့တယ် ရေဘတ်ကာဟာ ဆာရာအတွက်ဆိုရင် လိုတာတွေရော မလိုတာတွေရော အကုန်လုပ်တဲ့အထိကို တွယ်ကပ်နေတာပါ ဆိုက်ကို တစ်ယောက်နဲ့ တစ်ခန်းတည်းနေရဲ့ ဆာရာတစ်ယောက် ဘာဆက်လုပ်မှာလဲ ရေဘတ်ကာကရော ဆာရာနဲ့ တူတူရှိနေဖို့ ဘာတွေများလုပ်မှာလဲ ဆိုတာကိုတော့ ကြည့်ရှူပေးကြပါဦးဗျာ File size…(1.3 GB)/(642 MB) Quality….Webrip ...
movie

The Roommate (2011)

Two Sinners and a Mule (2023)
Two Sinners and a Mule (2023) Two Sinners and a Mule (2023)Western ကား အသစ်ကို ငတ်မွတ်နေတဲ့လူတွေအတွက် Western အက်ရှင် ဟာသ ဒရာမာကားလေးပါ။ အသစ်ကြပ်ချွတ်ကြည့်ရမယ့် ကားပေါ့။ကြမ်းတမ်း‌သွေ့ခြောက်လှတဲ့ Western အငွေ့အသက်ကိုမှ ပြည့်တန်ဆာတွေရဲ့ ဘဝနဲ့အဖြစ်အပျက်တွေရောပြီး ဟာသတွေနှောပေးထားတယ်။ ဇာတ်ကတော့ ဒီလိုဗျာ။ မြို့တစ်မြို့မှာ မိန်းမရွှင်နှစ်ယောက်ရှိတယ်။ နှစ်ကောင်သားက တစ်မြို့လုံးက ယောက်ျားတွေရဲ့ အကြိုက်ဖြစ်နေတော့ မိန်းမတွေက ဆန္ဒပြပြီး နှင်ထုတ်ခိုင်းရော။ ဒါကိုမှ မြို့ဝန်ရဲ့ခုံအောက်ကထွက်လာပြီး ပြဿနာထပ်ရှာလိုက်တော့ သူတို့နှစ်ယောက် နှင်ထုတ်ခံလိုက်ရတယ်။ ဒီလိုနဲ့ နောက်တစ်မြို့ကူးဖို့ အသွား ကန္တာပြင်ကို ဖြတ်သန်းဖို့အကြောင်းဖန်လာတယ်။ အဲဒီကန္တာရထဲမှာ နာမည်ကြီးလူဆိုးဂိုဏ်းတစ်ခုရှိတယ်။ ဆုကြေးဒေါ်လာ၂ထောင်အထိထုတ်ထားရတဲ့ နာမည်ကြီးလူဆိုးတစ်ကောင် ကျက်စားတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက် ဖြတ်လာရင်း လမ်းခုလတ်မှာ သေနတ်ကျည်ဗရပွမှန်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲဒီလူကိုကယ်ရင်းမှ အဲဒီလူက ခုနနာမည်ကြီးလူဆိုးကို လိုက်နေတဲ့ ဆုကြေးစားမုဆိုးမှန်းသိလိုက်ရတယ်။ ဒီတော့ မိန်းမရွှင်ဘဝက လွတ်ချင်တဲ့ ...
movie

Two Sinners and a Mule (2023)

2023
Righteous Thieves (2023)
Righteous Thieves (2023)  Righteous Thieves ကတော့ မကြာသေးခင်မှထွက်ရှိထားတဲ့ ဒါရိုက်တာ Anthony Nardolilo ရိုက်ကူးထားပြီး Lisa Vidal, Carlos Miranda နဲ့ Jaina Lee Ortizတို့အဓိကပါဝင်ထားတဲ့ thriller ရုပ်ရှင်ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်း အန်နဘယ်လ်ဟာ ကာလရှည်ကြာပျောက်ဆုံးနေတဲ့ အနုပညာလက်ရာတွေ အထူးသဖြင့် နာဇီတွေ ဂျူးလူမျိုးတွေဆီကမတရားသိမ်းယူထားခဲ့တဲ့ပန်းချီတွေကို ပြန်စုဆောင်းနေတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ပါ။ အန်နဘယ်လ်ရဲ့ဆရာ ဂျိုးဇက်ဖ်ဟာ သူ့ဘဝတစ်ခုလုံး နာဇီတွေသူ့မိသားစုဆီကခိုးယူသွားခဲ့တဲ့ ပန်းချီလက်ရာတွေကို လိုက်လံရှာဖွေရင်း ကုန်ဆုံးခဲ့တယ်။ သူ့ဆရာရဲ့မပြီးမြောက်သေးတဲ့ရည်မှန်းချက်ကို အန်နဘယ်လ်ကဆက်အကောင်အထည်ဖော်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ခုလက်ရှိမှာ ပန်းချီကားတချို့ဟာ ဂျာမန်လူမျိုးအရင်းရှင် အိုတိုဟိုင်ဇန်ရဲ့လက်ထဲမှာရှိနေပါတယ်။ အဲဒါတွေကိုပြန်ယူဖို့ အန်နဘယ်လ်နဲ့သူ့ညာလက်ရုံးအက်ဒီတို့ လူစုဆောင်းကြတာမှာ လူစီ (ဟက်ကာ)၊ နာဒီယာ (သော့ဝိဇ္ဇာ) နဲ့ လူမိုက် ဘရူနိုတို့က အဖွဲ့ဝင်တွေဖြစ်လာကြတယ်။ ဟိုင်ဇန်ရဲ့ အန္တရာယ်များတဲ့အစောင့်တွေ ဇီဝမက်ထရစ်သော့တွေ နည်းပညာတွေနဲ့ အထပ်ထပ်ကာကွယ်ထားတဲ့ ပန်းချီကားတွေကို ဥပဒေဘောင်အတွင်းကနေ ...
movie

Righteous Thieves (2023)

Black Warrant (2022)
Black Warrant (2022) Black Warrant (2022)2022 က ထွက်ရှိထားတဲ့ ခုကားလေးက​တော့ အက်ရှင်ကား​တွေ ကြိုက်တဲ့သူတွေကြည့်သင့်တဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကား​လေးပါ။ကမ္ဘာ​ကို မီးဖျက်ဖို့ကြိုးစား​နေတဲ့ အကြမ်းဖက်သမား​တွေရဲ့အကြံကို တားဖို့ အ​သေဖမ်းဝရမ်းနဲ့ တာဝန်​ပေးခံရတဲ့ အ​ဖေဖြစ်သူနစ်ခ် နဲ့ နှစ်​ပေါင်းများစွာ အ​ဖေဖြစ်သူနဲ့ကွာ​ဝေး​နေပြီး မူးယစ်ရဲ ဖြစ်​နေတဲ့သားဖြစ်သူ အန်တိုနီတို့ မစ်ရှင်တစ်ခုတည်းကို ဘယ်လိုပူး​ပေါင်းပြီး တားမလဲဆိုတာကို အက်ရှင်ဆန်​ဆန်ရိုက်ပြ​ထားတဲ့ ကားလေးပါပဲ။အ​ဖေနဲ့သားအကြားက နားလည်မှုလွဲတာ​တွေကို ဘယ်လိုပုံစံနဲ့ ​​ဖြေရှင်းကြမလဲ... ​ပေးထားတဲ့မစ်ရှင်ကိုလည်း သားအဖနှစ်​ယောက် ဘယ်လို အကြံ​ကောင်း​ကောင်း နဲ့ရင်ဆိုင်ရမလဲဆိုတာ​​တွေကို ​တွေ့ရမှာမို့လို့ တစ်​ခေါက်​လောက်​တော့ကြည့်သင့်တဲ့ အက်ရှင်ကားလေးတစ်ကားဆိုလည်း မမှားပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 700MB Quality - 1080p, 720p Format - mp4 Duration - 1H 34Min Genre - Action, Thriller Subtitle - Myanmar Subtitle ...
movie

Black Warrant (2022)

2022
Violent Night (2022)
Violent Night (2022) Dead Snow တို့ Hansel & Gretel: Witch Hunters တို့လို အက်ရှင်ဟာသတွေ ရိုက်ခဲ့တဲ့ ဒါရိုက်တာ Tommy Wirkola ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားကတော့ Stranger Things မှာ အားလုံးချစ်တဲ့ ရဲမှူးကြီး David Harbour ပါပဲ။ ရုပ်ရှင်ကတော့ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး အသတ်အဖြတ်တွေ ကြမ်းတာကိုတော့ သတိပေးထားချင်ပါတယ်။ဇာတ်လမ်းအကျဉ်းဆန်တာကလောက်ဟာ ဆန်တာမဖြစ်ခင်က အတိုက်အခိုက်အသတ်အဖြတ်ကြမ်းတဲ့ စစ်သည်တော်ကြီးဖြစ်ခဲ့ပါတယ်။ အများသိတဲ့မူရင်းဆန်တာပုံပြင်နဲ့တော့ မတူဘူးပေါ့။ အခုတော့ ဆန်တာကလောက်ဟာ နှစ်ပေါင်းများစွာ ခရစ္စမတ်လက်ဆောင်တွေပေးလာရင်း တဖြည်းဖြည်း လောဘကြီးလာ ပျက်စီးလာတဲ့ ကမ္ဘာကြီးနဲ့ သူ့အလုပ်ကို စိတ်ကုန်လာပါပြီ။ နို့နဲ့ကွတ်ကီးအစား အိမ်ထဲဝင်ရင် အရက်ပုလင်းရှာမော့တဲ့အဆင့်ဖြစ်နေပြီး ခရစ္စမတ်ရဲ့ ကောင်းခြင်းတွေကိုလည်းအယုံအကြည်မရှိတော့ပါဘူး။ ဒါပေမဲ့ တာဝန်အရ လိမ္မာတဲ့ကလေးစာရင်းမှာပါတဲ့ ကလေးမလေး ထရူဒီရဲ့အိမ်ကို လက်ဆောင်ပေးဖို့ ရောက်လာပါတယ်။ ထရူဒီရဲ့မိသားစုဟာ သန်းကြွယ်သူဌေး ...
movie

Violent Night (2022)

Blowback (2022) 4.4
Blowback (2022) Bloback 2022ဒီရုပ်ရှင်ကားလေးဟာ ၂၀၂၂ ရဲ့ အက်ရှင်ကားလေးတွေထဲမှာ နေရာတစ်နေရာစာဝင်ယူထားတဲ့ကားကောင်းလေးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်းမပါဘဲ မိမိဘာသာ rating ပေးရရင်တော့ 6/10 ပေးရမယ့်ကားလေးဖြစ်ပြီး တော်တော်လေးကြည့်ပျော်မယ့် အက်ရှင်ကားလေးလည်းဖြစ်ပါတယ်။တစ်ခါတလေတော့ ဘဝဆိုတာ သောက်ပြဿနာတွေတက်တဲ့အခါ တစ်ခုပြီးတစ်ခုပြုံပြီးတက်ပေမဲ့ သောက်ကောင်းတွေကျတော့ အခါတစ်ထောင်မှ တစ်ခါလာတဲ့အထိရှားပါတယ်။ ဒီလိုပါပဲ မစ်ရှင်တွေကို အောင်မြင်မယ်ထင်ထားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်လိုက်၊ ကျရှုံးလိုက်ဖြစ်နေရတဲ့အခါ အဲလိုအခြေအနေကြီးက ဘယ်လိုရုန်းထွက်ရမလဲပေါ့။ကျွန်တော်အနေနဲ့အားပေးရမယ်ဆိုရင် လဲကျသွားတဲ့အခါ ပြန်မထပါနဲ့။ အိပ်‌နေလိုက်ပါ၊ အနည်းဆုံးတော့ အိပ်ရေးဝတာပေါ့။ ဒါပေမဲ့ မင်းသားကတော့ ပြန်ထတယ်။ ပြန်ကြိုးစားတယ်ဗျ။ သူ့မှာက သေအံ့ဆဲဆဲသမီးလေးကို ဆေးကုသဖို့အတွက် ရှာဖွေဖို့လိုတာကိုး။ ဒီတော့ဗျာ။ ဒီရုပ်ရှင်ကားလေးထဲမှာဆိုရင် မင်းသားနဲ့ သူသူငယ်ချင်းတစ်သိုက်က ဘဏ်တစ်ခုကို ဓားပြတိုက်ကြတယ်ပေါ့။ ဟောလိဝုဒ်ကားတွေရဲ့ထုံးစံအတိုင်း ရှယ်စီစဉ်ပြီးတော့ကို တိုက်တာပေါ့ဗျာ။ ဘတ်မန်းလိုတော့ ပလန်ဘီမရှိဘူးပေါ့။ ဒီတော့ သူတို့တွေ ဘဏ်ဓားပြတိုက်တာက အောင်မြင်သွားလား၊ ဘာကြောင့် ရှယ်စီစဉ်ပြီးတော့ကို သရဲမရဲ တိုက်ဖို့ကြိုးစားကြတာလဲ၊ မင်းသားရဲ့ရည်းစားဟောင်းနဲ့ မင်းသားတို့အခြေအနေ၊ မင်းသားရဲ့သမီးလေး လျှောမလျှော(မင်းသားသမီးဆိုပြီး မလျှောဘူးမထင်နဲ့ဗျနော်) ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ၂၀၂၂ ခုနှစ်ထွက် အက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Blowback 2022 ထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

Blowback (2022)

2022
9 Bullets (2022)
9 Bullets (2022) 9 Bullets (2022) ရုပ်ရှင်အညွှန်း ======================= လူရယ်လို ဖြစ်လာရင် မိသားစုကောင်း၊ အိမ်နီးချင်းကောင်းရှိဖို လိုအပ်ပါတယ်။ဒါမှ အန္တရာယ်တစ်ခုခု ကြုံလာရတိုင်းမှာ ကိုယ့်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ အဖော်အချွတ် အကမယ်လေးက အိမ်နီးနားချင်းဖြစ်တဲ့၁၁ နှစ် အရွယ်ကောင်လေးကို ကယ်တင်ဖို့ အသက်လုပြေးရင် ကာကွယ်ရတဲ့Thriller ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာ ဆမ် ဆိုတဲ့ကောင်လေးရဲ့ မိဘတွေ အသတ်ခံရပြီး လူသတ်သမားတွေက ဆမ်ကိုပါ သတ်ဖို မြေလှန်ရှာတဲ့အခါမှာတော့...- ဘာအတွက်ကြောင့် ဆမ် ကို လိုချင်ကြတာလဲ...?- အိမ်နီးချင်း ဂျစ်ပစီဆိုတဲ့ ကောင်မလေးက ဘယ်လို ကယ်တင်သွားမလဲ...?- လွတ်မြောက်သွားနိုင်ပါ့မလား...?Game of Thrones မင်းသမီး Lena Headey အဓိက ပါဝင်သရုပ်ဆောင်ထားပြီးကလေးသရုပ်ဆောင် Dean Scott ရဲ့ acting တွေကလည်း မခေတာမိုThriller ဆန်ဆန် ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Hein ...
movie

9 Bullets (2022)

2022
Dangerous Lies(2020) 5.3
Dangerous Lies(2020) Dangerous Lies(2020)Netflixက​နေ မကြာ​​သေးခင်ကမှ ထွက်ရှိလာတဲ့ ဒီကားက​တော့ ​တော်​တော်​လေး စိတ်၀င်စားဖို့​ကောင်းတယ်လို့ကို​ ​ပြောလို့ရပါတယ်။ ​ကေတီ နဲ့ အဒမ် တို့ဟာ လူငယ်ဇနီး​​​မောင်နှံ​တွေဖြစ်ပြီး သူတို့မှာ ​ငွေ​​ရေး​ကြေး​ရေး အခက်အခဲ ​တော်​တော်​လေးရှိ​နေကြပါတယ်။​ကေတီဟာ ၈၈နှစ်အရွယ် အဘိုးအို တစ်ဦးကို ပြုစု​စောင့်​ရှောက်​ပေးရတဲ့ caretaker တစ်ဦးလည်း ဖြစ်ပါတယ်။ ​ငွေ​ကြေးပြည့်စုံတဲ့ တ​ကောင်ကြွက် အဘိုးအို တစ်​​ယောက်ဖြစ်ပြီး ခမ်းနားတဲ့ အိမ်ကြီးမှာ ​နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ ကေတီ အလုပ်၀င်ပြီး ​လေးလအကြာမှာတင် အဘိုးကြီးဆုံးပါးသွား​တော့အံ့သြစရာ​ကောင်း​လောက်​​အောင် ​ကေတီက အိမ်ကြီးကို အ​မွေ​ဆက်ခံခွင့်ရခဲ့ပါ​တော့တယ်။ဒီမှာပဲ ဇာတ်ခမ်းစပါ​တော့တယ်။ သူအ​မွေရခဲ့တဲ့ အိမ်ကြီးထဲမှာ ဘာ​တွေများရှိ​နေမလဲ။ဒီအိမ်ကြီးကို အ​ကြောင်းပြုပြီး သူတို့လင်မယားနှစ်​ယောက် ဘယ်လိုဒုက္ခ​တွေကြုံ​တွေ့ရမလဲ။ဆင်းရဲရတဲ့ ဒုက္ခနဲ့ ချမ်းသာရတဲ့ ဒုက္ခဟာ ဘာ​တွေများ ကွာခြားမလဲ အမျိုးမျိုး​သော အဖြစ်အပျက်​တွေနဲ့အတူ ​နောက်ဆုံး ရဲ​တပ်ဖွဲ့ကပါ ​​ခြေချင်းလိမ်လာတဲ့ အခါမှာ​တော့.... Netflixထုံးစံအတိုင်း ဇာတ်လမ်းက အလှည့်အ​ပြောင်း​တွေနဲ့ ...
movie

Dangerous Lies(2020)

Assimilate (2019) 4.8
Assimilate (2019) ဇက်နဲ့ရန်ဒီ သူငယ်ချင်း၂ယောက်ပေါင်းပြီး သူတို့ မြို့ငယ်လေးအကြောင်း လူသိအောင်လုပ်ဖို့ကြိုးစားကြရင်း youtube ပေါ်တင်ဖို့ video အတိုလေးတွေရိုက်တင်လေ့ရှိပါတယ် သူတို့မြို့လေးမှာထူးဆန်းစွာပဲ တစ်ယောက်ပြီးတစ်ယောက် အကောင်ကိုက်ခံရပြီးသေကုန်တာကို video သက်သေတွေနဲ့တကွတွေ့ရပေမယ့် အဲဒီလူတွေကို နောက်တစ်ရက် အကောင်းပကတိအတိုင်းပြန်တွေ့ရပြန်ပါတယ် အဲ့လူတွေကမူလအစကလူတွေမဟုတ်တော့ပဲ ပုံစံတူအစားထိုးခံထားရတာကိုရှာတွေ့သွားတဲ့အခါမှာတော့... ဒီကားကကြောက်ဖို့လည်းကောင်းပြီးလူသတ်တဲ့အခန်းတွေကိုဆိုရင် တကယ်အနီးကပ်ရိုက်ပြထားတာပဲဖြစ်ပါတယ် Horrorကြိုက်တဲ့သူတွေအတွက်တော့ကားသစ်တွေထဲမှာမှ ကြည့်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File Size : (1.32 GB,682 MB) Quality : Blu-ray 1080p,720p Running Time : 2h 03min  Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Noe Encoded by sithu
movie

Assimilate (2019)

2019
The Experiment (2010) 6.5
The Experiment (2010)  လူကိုယစ်မူးစေတဲ့ ထဲမှာ အာဏာကလည်း အဆိုးဆုံးအရာတစ်ခုပါ။ သာမာန်လူတစ်ယောက်က တခြားသာမာန်လူတစ်ယောက် အပေါ် လွှမ်းမိုးမှုရှိနေရတာဆိုတာ တကယ်ကို ယစ်မူးချင်စရာပါပဲ။ ကမ္ဘာဦးအစမှာကတည်းက အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ယူတယ်။ အခုအချိန်ထိလည်း အင်အားပုံစံတွေသာပြောင်းသွားတယ် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်တတ်နေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တွေ အဲဒီဖြစ်စဉ်ကနေ မတိုးတက်သေးတဲ့အတွက် တိုးတက်ဖို့လိုနေပါပြီဆိုတာကို The Experiment(2010) ဇာတ်ကားက သက်သေပြထားပါတယ်။ ဒီဇာတ်ကားလေးက IMDB Rating 6.5/10 ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူ ၂၆ ယောက်ကို အစောင့်နဲ့ အကျဉ်းသားခွဲပြီး ထောင်ပုံစံစမ်းသပ်မှုပြုလုပ်ရင်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကိုပြထားတာပါ။ ကျွန်တော့်အထင်တော့ ဒီဇာတ်ကားမှာ လူသားဆန်မှုဆိုတာ ဘယ်လိုလဲလို့ ရှာတွေ့နိုင်မယ်ထင်ရဲ့ဗျာ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 860 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__6.5/10 Format__mp4 Duration__01:36:05 Type__Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by Naing Aung Latt
movie

The Experiment (2010)

2010
Never Back Down (2008) 6.6
Never Back Down (2008) ကဲအခု အတိုက်​အခိုက်​ကိုမှ ကြည်​့ရတာအားရပြီးတော့ ကြည်​့လိုက်​တာနဲ့ စိတ်​တက်​ကြွစေမဲ့ရုပ်​ရှင်​ကားတကားနဲ့မိတ်​ဆက်​ပေးချင်​ပါတယ်​။ အဲ့ကားလေးကတော့2008 March 14ကနေ့မှာ ထွက်​ရှိခဲ့တဲ့ Never Back Down ဆိုတဲ့ကားပဲဖြစ်​ပါတယ်​။ ဒီကားလေးကိုတော့ ဒါရိုက်​တာ Jeff Wadlowကနေ ရိုက်​ကူးပေးထားတာဖြစ်​ပြီးတော့ အမျိုးအစားလေးကတော့ Action, Drama, Sport လေးပဲဖြစ်​ပါတယ်​။ ဒီကားလေးမှာပါဝင်​သရုပ်​ဆောင်​ထားတဲ့ မင်​းသားအနေနဲ့ကတော့ Sean Faris ဖြစ်​ပြီးတော့ မင်​းသမီးအနေနဲ့ကတော့ Amber Heard ဖြစ်​တယ်​ဆိုတော့ မင်​းသမီးဘယ်​လောက်​လှတယ်​ဆိုတာ ဇာတ်​ကားကောင်​းတကောင်​းဖြစ်တယ်​ဆိုတာ အထူးတလည်​ပြောစရာမလိုတော့ဘူးဗျာ။ ဇာတ်​လမ်​းအညွှန်​း - အတိတ်​ကရုန်​းထွက်​မရနိုင်​တဲ့အဖြစ်​အပျက်​တခုကြောင်​့ အမြဲအပြစ်​တင်​စိတ်​ ဒေါသထွက်​နေတဲ့စိတ်​တွေနဲ့ပြည်​့နှက်​နေတဲ့ ဂျိတ်​တိုင်​လာဆိုတဲ့ကောင်​လေးတယောက်​ဟာ မိသားစုနဲ့အတူနေရာသစ်​တခုကိုပြောင်​းလာခဲ့ပြီးတော့ အဲ့ကျောင်​းမှာပဲ မြေအောက်​တိုက်​ခိုက်​ရေးပွဲ တခုကိုဝင်​ပါမိသွားပါတယ်​။ အဲ့ကနေပြီးတော့ သူဟာကျောင်​းကသူငယ်​ချင်​းတယောက်​နဲ့ပေါင်​းမိပြီး ထိုကျောင်းမှာရှိတဲ့ အတော်ဆုံးတိုက်​ခိုက်​ရေးသမားတယောက်​နဲ့ ဘယ်​လိုရင်​ဆိုင်​သွားလဲဆိုတာကို ကြည်​့ရူခံစားရမှာပါတယ်​။ IMDb Rating အနေနဲ့ကတော့ 6.6/10 ဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jake(NNL) ဖြစ်ပါတယ်)File size__( 950 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__6.6/10 Format__mp4 Duration__01:53:26 Type__Drama ...
movie

Never Back Down (2008)

2008