Channel Myanmar

Cameron Diaz

Being John Malkovich (1999) 7.7
Being John Malkovich (1999)  ဒီတစ်ခါမှာတော့ 1999ခုနစ်က ထွက်ရှိထားပြီး IMDb 7.7 နဲ့ Rotten Tomatoes မှာ 94%ထိ ရရှိထားတဲ့ အပြင် ဆုပေါင်းများစွာ ရရှိထားတဲ့ Comedy/Fantasy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးသွားမှာပါ။ခရစ်ဟာ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေသူတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ လက်စတာကော့ လို့ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်တစ်ခု ရရှိသွားပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ရုံးခန်းအသစ်မှာ ထူးဆန်းတဲ့ အပေါက်တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲ့ဒီ အပေါက်ကို ဝင်လိုက်တဲ့သူဟာ နာမည်ကြီး ရုပ်ရှင်မင်းသားရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာပါ။သာမန်လူတွေအတွက်တော့ အပေါက်ထဲကို ဝင်သွားလိုက်ရင် မင်းသားရဲ့ ကိုယ်ထဲကို ၁၅ မိနစ် ရောက်ရှိသွားပြီး သူ့နေရာမှာ ဝင်ပြီးခံစားခွင့်ရပေမဲ့ ရုပ်သေးဆရာ ခရစ်ကတော့ မင်းသားကြီးရဲ့ ခန္ဓာကိုယ်ကို ကြိုက်သလို ထိန်းချုပ်လို့ရပြီး နေချင်သ‌လောက် နေလို့ရတာပါပဲ ဒီလိုနဲ့ ခရစ်ဟာ ...
movie

Being John Malkovich (1999)

The Box (2009)
The Box (2009)  sci-fi, thriller ဇာတ်ကားဖြစ်ပြီး လူတွေရဲ့လောဘ‌ကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်း..... အာသာနဲ့နော်မာတို့ဟာ သားတစ်ယောက်နဲ့အတူပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနေပျော်နေတဲ့သူတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ထူးဆန်းတဲ့သေတ္တာတစ်လုံးရောက်လာပြီး သေတ္တာထဲကခလုတ်ကိုနှိပ်ရင် ဒေါ်လာ တစ်သန်းရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကြီးကိုလက်ခံလိုက်ရတဲ့အချိန်မှာ.... လင်မယားနှစ်ယောက် လောဘကိုရှေ့တန်းတင်ပြီးရွေးမလား အကျိုးအကြောင့်ချင့်ချိန်ပြီးရွေးမလားဆိုတာကိုကြည့်ရှုရမှာပါ......လွယ်လွယ်မရတဲ့လောကကြီးမှာလောဘနောက်လိုက်မိသွားရင် ခံရမဲ့အကျိုးဆက်တွေကလည်း မနည်းပါဘူး ဒီဇာတ်လမ်းလေးကတော့ ငွေမြင်တဲ့အခါလူတွေစုံလုံးကန်းသွားတတ်ကြပုံကို ထူးခြားတဲ့ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(876 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Box (2009)

My Sister’s Keeper (2009) 7.3
My Sister’s Keeper (2009)   မမကြီး ကင်မရွန်းဒိုင်းယက်ဇ် ရဲ့ ၂၀၀၉ခုနှစ်ကဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးက စာရေးဆရာမ Jodi Picoult ရေးသားတဲ့ My sister 's keeper ဆိုတဲ့ ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းက အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ မော်လီနဲ့အဒန်မ်ဆိုတဲ့ ညီအစ်မနှစ်ယောက်အကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးက ဘရိုင်ယန်နဲ့ဆာရာတို့မှာ ဂျက်စီဆိုတဲ့သားလေးရယ် ကိတ်နဲ့အန်နာဆိုတဲ့သမီးနှစ်ယောက်ရယ်ရှိပါတယ် ဒါပေမဲ့ ကိတ်ဟာငယ်စဥ်ကတည်းက သွေးဖြူဥနည်းနေပြီး သွေးကင်ဆာစဖြစ်ခဲ့ပါတယ် ကိတ်ရဲ့သွေးကင်ဆာကိုကုသရာမှု လိုအပ်တဲ့ သွေးတစ်ရှူးတို့ ချဥ်ဆီရိုးတို့ပေးဖို့ကို ကိတ်ရဲ့မျိုးဗီဇနဲ့ကိုက်ညီတဲ့ အန်နာကပဲပေးရပါတယ် ဘရိုင်ယန်နဲ့ဆာရာဟာ ကိတ်နဲ့ကိုက်ညီမှုမရှိတာကြောင့် ကိတ်အတွက်ကိုယ်တွင်းအင်္ဂါလှူနိုင်မယ့်သူရှိအောင် အန်နာကိုထပ်မွေးခဲ့တာပါ အန်နာတစ်ယောက် မွေးကင်းစကတည်းကနေသူ့အစ်မအတွက် လှူပေးခဲ့ရတယ် နောက်တော့ ကျောက်ကပ်လှူရမယ်လုပ်တော့ သူမလှူချင်​တော့ပါဘူး ဒါကြောင့် သူမဟာ ဆေးကုသမှုနဲ့ပက်သက်ပြီး မိဘတွေရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ဖို့အတွက် ရှေ့နေငှားပြီးတရားစွဲပါ​တော့တယ်ဒီဇာတ်ကားလေးမှာဆိုရင် အစ်မကိုအရေးပေးဂရုစိုက်လွန်းတဲ့မိဘတွေအကြားမှာအန်နာလေးရဲ့စိတ်ခံစားမှုတွေ ကိတ်ရဲ့ရောဂါခံစားနေရမှု အမေဖြစ်သူဆာရာရဲ့သမီးဇောနဲ့အတ္တကြီးမှုတွေကိုကြည့်ရှုရမှာပါ ဒီဇာတ်ကားလေးဟာ အဆုံးထိကြည့်ပြီးသွားပြီဆိုရင်တော့ စိတ်ထဲမှာတစ်ခုခုတော့ကျန်နေစေမယ့် ကားကောင်းလေးပါ။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Drama, Family Subtitle….Myanmar ...
movie

My Sister’s Keeper (2009)

My Best Friend’s Wedding (1997) 6.3
My Best Friend’s Wedding (1997) My Best Friend's Wedding (1997)~ IMDb - 6.3/10, Rotten Tomatoes - 74% ~တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ဂျူလီယန်: "မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ''ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်'' ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်..."မိုက်ကယ်: "ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ...
movie

My Best Friend’s Wedding (1997)

1997
What Happens in Vegas (2008)
What Happens in Vegas (2008)  ဗီးဂတ်စ်မှာ ဘာဖြစ်ခဲ့သလဲ ဆိုတဲ့ 2008ခုနှစ်ထွက် rom-com ရုပ်ရှင်မှာ မင်းသမီး Cameron Diaz နဲ့ မင်းသား Ashton Kutcher တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။IMDb 6.1/10 ရထားပြီး Box Officeမှာလည်း $219.3 millionရရှိထားလို့ အတော်အသင့်အောင်မြင်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Vegasမှာ တစ်ညလုံးပျော်ပျော်ပါးပါးကဲခဲ့ပြီးနောက်မှာ Jack နဲ့ Joy နဲ့က မူးမူးရူးရူးနဲ့ လက်ထပ်မိခဲ့ကြပါတယ်။ နောက်နေ့မနက် လောင်းကစားစက်မှာ နှစ်ယောက်လုံး ဒေါ်လာ ၃မီလီယံ ပေါက်သွားခဲ့ပြီး ဘာတွေဖြစ်ကြမလဲ ဆက်ကြည့်ရှုရမှာပါ။ မင်းသားနဲ့ မင်းသမီးရဲ့ ဘုနဲ့ဘောက် ဟာသတွေနဲ့အတူ rom-com ချစ်သူတို့ အကြိုက်တွေ့စေမှာပါ။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun 
movie

What Happens in Vegas (2008)

Any Given Sunday (1999)
Any Given Sunday (1999) “အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie

Any Given Sunday (1999)

What to Expect When You’re Expecting(2012) 5.7
What to Expect When You’re Expecting(2012)  ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ်ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ်ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါနောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူးနောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ်နောက်စုံတွဲကတော့ ...
movie

What to Expect When You’re Expecting(2012)

Minority Report (2002) 7.6
Minority Report (2002) Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie

Minority Report (2002)

2002
Fear and Loathing in Las Vegas (1998)
Fear and Loathing in Las Vegas (1998) အားလုံးရဲ့အချစ်တော် ဂျွန်နီဒက်ပ်ရဲ့ Las Vegasမှာကြမ်းတဲ့ ရုပ်ရှင်လာပါပြီ။ ကျွန်တော်တို့တွေ အရမ်းကြိုက်ကြတဲ့ Spidermanသရုပ်ဆောင် တိုဘီမက်ဂွိုင်းယားလည်းပါဝင်အားဖြည့်ထားတဲ့အပြင် Cars animationမှာပါဝင်ခဲ့တဲ့ကက်သရင်း ဟယ်မွန်လည်းပါတော့ သိပ်ကိုကောင်းပေါ့။ ဂျွန်နီဒက်ပ်က ဒီကားနဲ့ Best Foreign Actorဆုကိုရထားပါသေးတယ်။ဇာတ်လမ်းကတော့ ရာအိုးဒု(ဂျွန်နီဒက်ပ်)က သတင်းစာပညာပါရဂူတစ်ယောက်ပါ။ သူ့မှာ သွားအတူတူ၊လာအတူတူ၊စားအတူတူ၊ဆေးအတူတူသုံးနေကြ ဒေါက်တာဂွန်ဇွန်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူငယ်ချင်း၂ယောက် သုံးစားနေကြတုန်း ဆိုင်ကယ်ပြိုင်ပွဲသတင်းသွားယူဖို့ Las Vegasဆီသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ဆေးသမား၂ယောက် Las Vegasမှာ ဘာတွေမွှေကြမလဲ၊ ဘယ်လိုတွေဖြေရှင်းကြမလဲ၊ ဘယ်လိုတိုင်တွေပတ်ကြမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Personallyအရဆိုရင် Story Buildပိုင်းဖြစ်တဲ့ ရှေ့ပိုင်းမိနစ်၃၀လောက်တော့ စမ်းတဝါးဝါးဖြစ်နေပင်မယ့် အဲ့နောက်ပိုင်းမှာတော့ ရုပ်ရှင်က ကြည့်ရတာတော်တော်ကောင်းပါတယ်။ ဆေးသမား၂ယောက် ဆေးမူးပြီး တိုင်ပတ်ကြတာတွေ ပလပ်ကျွတ်နေတာတွေနဲ့ကို တစ်ခါတလေရယ်ရတဲ့အခန်းလေးတွေပါပါသေးတယ်။ ညဘက် Beerလေးသောက်ရင်း ဆေးလိပ်လေးဖွာရင်းနဲ့ chillရင် အတော်ကိုကောင်းဖို့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။File size…(2.83GB)  / (1.5GB) / (761.39MB) Quality…. Web 1080P ...
movie

Fear and Loathing in Las Vegas (1998)

Bad Teacher (2011) 5.6
Bad Teacher (2011) Title ကိုက Bad Teacher ဆရာမအဆိုးလေးတဲ့။Poster ပေါ်မှာလဲ  Eat me ငါ့ကိုစားပါတွေရော.. She doesn't give an "F." တွေရောနဲ့  R-Rated ဇာတ်ကားလေးပါ။မင်းသမီးက ကင်မရွန်းဒိုင်ယာ့ဇ်..သူ့စတိုင်နဲ့ ဆရာမအဆိုးလေးဆိုတော့ ကွက်တိပေါ့...မင်းသားက အဆိုတော် ဂျက်စတင်တင်းဘားလိတ်...အူကြောင်ကြောင်နဲ့လိုက်တယ်..မင်းသားကြီး Jason Segel လဲပါသေးတယ်...သူကတော့အတည်ပေါက်နဲ့နောက်တတ်သူပေါ့။ဇာတ်လမ်းလေးကတော့ ...ဆရာမလေး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ အပျင်းလဲထူသလို အရည်အချင်းလဲမရှိတဲ့အပြင်ခြူစားဖို့ကြံစည်ပြီး စေ့စပ်ထားတဲ့ သူဌေးသားလေးရဲ့ စွန့်ပစ်ခြင်းကိုပါခံလိုက်ရသူပါ...ဒါနဲ့ဘူနေတုန်းမှာပဲ...သူ့လိုပူပူနွေးနွေးလမ်းခွဲထားတဲ့ ကျောင်းဆရာ ဂျက်စတင်တင်းဘားလိတ်နဲ့ဆုံပြီးဆွဲစားဖို့ထပ်ကြံပြန်တယ်...ပုရိသတစ်ယောက်ကိုဆွဲဆောင်ဖို့မှာနို့ပြားရင် အဆင်မပြေဘူးဆိုပြီး ရင်သားအစားထိုးကုသဖို့ကြံစည်ရာကနေဘာတွေဆက်ဖြစ်ကြမလဲဆိုတာ....။  File size…(1.7 GB)/ (999 MB)/ (500 MB) Quality…BluRay Unrated 1080p /720p / 480p Format…mkv Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie

Bad Teacher (2011)

The Holiday (2006) 6.9
The Holiday (2006) [Unicode]The Holiday (2006)အခုတလော အချစ်ကားလေးလည်းကြည့်ချင်တယ် drama တွေခင်းနေတာလည်းမကြိုက်ဘူး ဟာသလေးရော ပါချင်တယ် entertained လည်းဖြစ်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ ညွှန်းလိုက်ပါတယ်...British flim ဖြစ်ပြီး အချိန်အားဖြင့် christmas ကာလကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ၃ နှစ်လောက်တစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့ကောင်လေးက စေ့စပ်သွားလို့ ပူဆွေးဝမ်းနည်းနေတဲ့ အင်္ဂလန်နိုင်ငံ surray မြို့က Irish ဆိုတဲ့ကောင်မလေးနဲ့... နှလုံးသားရေးရာမှာအဆင်မပြေ ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲနေတဲ့ LA က Amanda ဆိုတဲ့ကောင်မလေးတို့ ခရစ္စမက်အားလပ်ရက်အပန်းဖြေခရီးအတွက် အိမ်ငှားတဲ့website တစ်ခုမှာ တွေ့ကြပါတော့တယ်...သူတို့ရဲ့ အချစ်ရေးပြဿနာတွေကနေလွတ်မြောက်အောင် မရောက်ဖူးတဲ့နေရာကိုသွားမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်အိမ်ချင်းလဲပြီးနေမယ်လို့ သဘောတူလိုက်ပါတော့တယ် မမျှော်လင့်ပဲ local ကောင်လေးတွေနဲ့တွေ့ပြီး... သူ့တို့အတွက် တကယ်မှန်ကန်တဲ့လက်တွဲဖော် ရှာတွေ့သွားမလားဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုရမှာဖြစ်ပါတယ် သရုပ်ဆောင်တွေကလည်း ငြင်းရက်စရာမရှိတဲ့အပြင် စိတ်အပန်းပြေစေတဲ့ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ရပါတယ် ။( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် )Quality__720p IMDb Rating__6.9/10 Format__mp4 Duration__02:16:00 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Thinzar Oo Encoded by ...
movie

The Holiday (2006)

Gangs of New York(2002) 7.5
Gangs of New York(2002) Gangs of New York(2002) ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သီးခံပြီးကြည့်ရပါတယ်..ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာပါတယ်...ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင်စထားတယ်... ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ... ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူး ထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတ ယ်။ ပြဿနာပေါင်းများစွာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ...
movie

Gangs of New York(2002)

2002
The Sweetest Thing (2002) 5.2
The Sweetest Thing (2002) Unicode Version============ခရစ်စတီးနား (Cameron Diaz) နဲ့ ကော့တ်နေး (Christina Applegate) တို့ဟာ ကိုယ့်အလုပ်နယ်ပယ်မှာအောင်မြင်ကြသလို ရုပ်ရည် စတိုင် ဒီဇိုင်း ကာလာ ဘာညာ တော်ကီ အနေအထားအရလဲထိပ်တန်းဖြစ်တယ်ဆိုတော့ ကြုံဖူးသမျှယောက်ျားတိုင်းက သူတို့ကို တန်းတန်းစွဲကြပါတယ်။(အခုခေတ်မှာတော့ ထက်မြက်တဲ့ မိန်းမတွေလို့ခေါ်မှာပေါ့) သူတို့ကတော့ ယောက်ျားတွေ မှန်သမျှကို ကစားစရာလို့ သဘောထားပုံပါပဲ။ဇာတ်ကားရဲ့ အဖွင့်ကို အဓိက ဇာတ်ကောင်ဖြစ်တဲ့ ခရစ်စတီးနား အသည်းခွဲတာခံရခဲ့ဖူးတဲ့ယောက်ျားတွေရဲ့ နာကျည်းချက်တွေကို အင်တာဗျူးပုံနဲ့စ ထားပါတယ်။ အချစ်ကို ကစားစရာလို့ ထင်ကြတဲ့ ခရစ်စတီးနားနဲ့ ကော့တ်နေးမှာ သိပ်ရိုးအေးပြီး အချစ်ကို ကိုးကွယ်တဲ့ ဂျိန်း( Selma blair) ဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိသေးတယ်။ အဲ့ဒီကောင်မလေး ဘဲပစ်ခံရလို့ အသည်းကွဲနေတဲ့ အချိန်မှာ ထက်မြက်တဲ့ အပျိုကြီး နှစ်ယောက်က နင့်ကို လင်အသစ်ရှာပေးမှဖြစ်တော့မယ်ဆိုပြီး နာမည်ကြီး ကလပ်တစ်ခုကို ခေါ်သွားပါတယ်။ အသည်းကွဲနေတဲ့ ဂျိန်းကို ခရစ်စတီးနားက ...
movie

The Sweetest Thing (2002)

2002
There’s Something About Mary (1998) 7.1
There’s Something About Mary (1998) There's Something About Mary (1998)IMDb....7.1,,,,Rotten..83%အချစ်ဝတ္ထုစာအုပ်တွေ တော်တော်များများဖတ်ကြပေမယ့် လူငယ်တွေကြားမှာဆိုရင်စာရေးဆရာ နီကိုရဲတို့ ဆရာမင်းလူတို့ရေးတဲ့အချစ်ဝတ္ထုတွေကို ကျွန်တော်တို့ ပိုသဘောကျကြတယ်... သူတို့ရဲ့ဇာတ်ကောင်ဖြစ်တဲ့ ကောင်လေးတွေဟာ အများအားဖြင့် ဖြူစင်ရိုးသားကြပြီး လုပ်သမျှအလုပ်တိုင်းနီးပါး အလွဲတွေများနေသလိုကောင်မလေးတွေကျတော့လှပပြီး အနည်းနဲ့အများတော့ ထက်မြက်တဲ့အထဲပါကြတယ်....ကျွန်တော်တို့ဟာ ရိုးသားတာကိုပဲတန်းဘိုးထားကြလို့လား ထက်မြက်တဲ့မိန်းကလေးတွေကိုပဲသဘောကျလို့လားတော့မသိ...သူတို့ရေးတဲ့စာအုပ်တွေကိုတော့ တကယ့်ကိုစွဲလမ်းခဲ့ကြပါသည်...ဒီကားထဲမှလဲ တက်ဒ်ဆိုတဲ့ ရိုးသားပြီးအူကြောင်ကြောင်နိုင်တဲ့ကောင်လေးတစ်ယောက်ဟာကျောင်းရဲ့အထင်ကရ မေရီဆိုတဲ့ကောင်မလေးကို သဘောကျသွားမိတာပါပဲ....ကံကောင်းတာက အထက်တန်းကျောင်းကပွဲအတွက်မေရီနဲ့တွဲတက်ခွင့်ရပေမယ့်  သွားမယ့်နေ့မှာတကယ့် မဟာအလွဲကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်..အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်ပိုင်းတော့ တက်ဒ်နဲ့ မေရီတို့တို့ထပ်မတွေ့ဖြစ်ကြတော့ဘူး....သို့ပေမယ့် ရိုးသားပြီးအချစ်ကိုတန်ဘိုးထားတဲ့ တက်ဒ်အဖို့ မေရီကိုမေ့ဖျောက်လို့မရနိုင်ခဲ့ဘူး....နှစ်တွေကြာလာမှ သူဟာ မေရီရဲ့အချစ်ကို ပြန်ရယူဖို့ကြိုးစားတဲ့အခါမှာတော့....ဒီကားထဲက အဓိက မင်းသားကြီးဖြစ်တဲ့  Ben Stiller နဲ့  မင်းသမီးချောကြီး Cameron Diaz ကိုတော့ အားလုံးပဲသိကြပါလိမ့်မယ်..Rating လေးတွေကလည်းကောင်းသလို ရယ်မောပျော်ရွှင်စရာကောင်းတဲ့ကားလေးမို့ကြည့်သင့်ပါကြောင်း ပြောကြားပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်.... File Size : (1.1GB)  Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by ...
movie

There’s Something About Mary (1998)

1998
Shrek (2001) 7.9
Shrek (2001) ဇာတ်လမ်းအကျဉ်း~~~~~~~~~~~Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း.... Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော... သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက်....တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ... သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ ...
movie

Shrek (2001)

2001