Channel Myanmar

Cameron Douglas

Wire Room (2022)
Wire Room (2022) Wire Room (2022)ရုပ်ရှင်​​​လောကက အနားယူထား​ပေမယ့် တစ်လတစ်ကား မှန်မှန်ထွက်​နေတဲ့ မင်းသားကြီး ဘရုစ်ဝီလီရဲ့ လစဉ်ထုတ် အက်ရှင်ကားသစ် အကြမ်းစားကြီးရပါပြီ။မင်းသားကြီးက ​နောက်ပိုင်းကား​တွေမှာဆိုရင် ပိုစတာထဲ မျက်နှာ​လေးဝင်ပြပြီး မင်းသားငယ်​​လေး​တွေကို စင်တင် ​​ပေး​နေမှန်း ဘရုစ်ဝီလီကားမှန်သမျှ မလွတ်တမ်းကြည့်တဲ့ Hardcore fanကြီး​တွေဆိုရင် သိမှာပါ။ ဒီကားမှာလည်း မင်းသားကြီးက ဇာတ်ပို့​အဖြစ်ပဲ အားဖြည့်​ထားပါတယ်။အထူး​​အေးဂျင့် ဂျပ်စတင်ရိုဆာဟာ နိုင်ငံ​တော်လုံခြုံ​ရေးဌာနက​နေ ဒုစရိုက်သမား အကြီးစား​တွေကို လျှို့ဝှက်ပြီး စောင့်ကြည့်ရတဲ့ ကင်း​ထောက်ခန်းမှာ တာဝန်ကျလာရင်း သူတို့​စောင့်ကြည့်ရမယ့်သူက လက်နက်နဲ့မူးယစ်​မှောင်ခို ​ခေါင်း​ဆောင် အက်ဒီဖလင်းပါ။ သူတို့အ​နေနဲ့ အက်ဒီကို ​ဖမ်းဆီးဖို့ စောင့်ကြည့်ရင်း သူမ​သေ​အောင်ပါ ကာကွယ်​ပေးရမှာပါ။ ဘာလို့လဲဆို​တော့ အက်ဒီဆီမှာFBIဘက်က အရမ်းလိုချင်​နေတဲ့ အကျင့်ပျက်ရဲဝန်ထမ်း​တွေရဲ့စာရင်း ရှိ​နေတာပါ။ဒီလိုနဲ့ပဲ ပြဿနာ​​ပေါင်းစုံ တက်နေတဲ့ အက်ဒီဖလင်းကို ​အေးဂျင့်ရိုဆာ​တို့ဘက်က ကာကွယ်​​ပေးဖို့ လုပ်ရသလို တစ်ဖက်မူးယစ်ဂိုဏ်းနဲ့ အကျင့်ပျက်ရဲ​တွေကရှင်းပစ်ဖို့ ကြိုးစားလာတဲ့အခါ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p ...
movie

Wire Room (2022)

2022
The Runner (2021) 4.3
The Runner (2021)  The Runner ဆို့တဲ့ နာမည်ကိုတွေ့လိုက်တော့ ငယ်ငယ်က ဆရာကြီးမြသန်းတင့်ရဲ့ လေလွင့်သူ ဝတ္ထုလေးကို ပြန်အမှတ်ရမိပါတယ် ဆရာကြီးမြသန်းတင့်ရဲ့ ဘာသာပြန်မှုကြောင့်သာ နာမည်ကျော် The Catcher In The Rye ဝတ္ထုကိုဖတ်ခွင့်ရခဲ့ပါတယ်။ လေ့လွင့်သူကို ဖတ်ကြည့်လိုက်တိုင်းလဲ လူငယ်လေးတစ်ယောက်ရဲ့ တစ်နေ့တာ မွန်းကျပ်မှုတွေဟာ ကိုယ့်ဘဝရဲ့ လူငယ် ဘဝကို ပြန်လည်အမှတ်ရမိနေဆဲပါပဲ။ ယခု ဇာတ်ကားလေးဟာလဲ လူငယ်တစ်ယောက်ရဲ့ ပတ်ဝန်းကျင် မိသားစုရဲ့ မွန်းကျပ်မှု ကို ခံစားရစေမှာ အမှန်ပါပဲ။လူငယ်နဲ့ မူးယစ်ဆေးပြဿနာဆိုတာ ဘယ်တော့မှ ဖြေရှင်းလို့မပြီးနိုင်တဲ့ ပြဿနာတွေပါပဲ။ မူးယစ်ဆေးဝါး သုံးစွဲကြတယ်ဆိုတာ အပျော်သုံးကြ လက်တည့်စမ်းကြပေမဲ့ စွဲစွဲမြဲမြဲ သုံးတဲ့သူတွေဟာ ဘဝရဲ့ စိတ်ဒဏ်ရာတွေ မိသားစုပြဿနာတွေကနေ ရှောင်ပြေးချင်ကြတဲ့ လူငယ်တွေ သုံးကြတာများပါတယ်။ ယခုဇာတ်ကားလေးမှာလဲ လူငယ်လေးတစ်ယောက် ဘဝရဲ့ စိတ်ညစ်စရာတွေကနေ ရှောင်ပြေးရင်း မူးယစ်ဆေးသုံးစွဲရာမှ ရဲအဖမ်းခံခဲ့ရကာ ရဲသတင်းပေးအဖြစ် အခြေအနေအရပ်ရပ်မှ တွန်းပို့လိုက် ခဲ့ရာ ကျောင်းသားဘဝ သူငယ်ချင်းအပေါင်းအသင်း ချစ်သူရည်းစားတို့နဲ့ပါ ဝေးကွာလာပြီး တစ်ကိုယ်တည်းဖြတ်သန်းနေခဲ့ရပါတယ်။ မူးယစ်ဆေးဝါးရဲ့ ...
movie

The Runner (2021)