Channel Myanmar

Cami Storm

The Island (2023)
The Island (2023)  Actionကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီနှစ်အတွင်းမှာထွက်ရှိထားတဲ့ အသစ်စက်စက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိက ကျွန်းတစ်ကျွန်းပေါ်မှာတည်ထားတာပဲဖြစ်ပါတယ်။ညီဖြစ်သူ အသတ်ခံလိုက်ရပြီးနောက်မှာ LAPD ရဲတစ်ယောက်ဖြစ်တဲ့ မာ့ခ်က သူ့ရဲ့ကြီးပြင်းရာဇာတိဖြစ်တဲ့ ကျွန်းပေါ်ပြန်သွားခဲ့ပါတယ်။သူ့ညီအတွက် လက်စားချေဖို့ပြင်ဆင်ရင်း သူတို့ရဲ့ကျွန်းက အရင်လို အေးချမ်းတဲ့နေရာမဟုတ်တော့ဘဲ ဂိုဏ်းသားတွေရဲ့ လက်ဝါးကြီးအုပ် အနိုင်ကျင့်ခံနေရမှန်းသိသွားတဲ့အခါမှာ ညီအတွက်ရော ကျွန်းကိုပါ ကာကွယ်ရင်း လက်စားချေတာကို ကြည့်ရမှာပါ။ စိတ်လှုပ်ရှားစရာ အက်ရှင်ကားကောင်းရှာနေတဲ့သူဆို အံကိုက်ပါပဲ။အက်ရှင်ကားမို့လို့ ဇာတ်လမ်းအလှည့်အပြောင်းတွေအများကြီးနဲ့ဆိုတော့ အများကြီးမညွှန်းတော့ပါဘူး။ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။ File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Leonie  
movie

The Island (2023)

They Live in The Grey (2022) 5
They Live in The Grey (2022) They Live in The Grey (2022) ပရလောကဘက်ကို မြင်နေရတဲ့ ကလယ်ရီဆိုတဲ့ အမျိုးသမီးဟာ လူတွေမယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမခံဘဲ မျိုသိပ်နေရတဲ့သူပေါ့။ သူ့အလုပ်က အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေဘက်ကနေပြီး မိဘတွေကို ပြန်တရားစွဲတဲ့အလုပ်မျိုးပေါ့။ ကလေးသူငယ်ကာကွယ်ရေးလို့ဆိုရမယ်။ တစ်နေ့ကျ သူကလေးတစ်ယောက်ကိုစစ်တော့ ကလေးက သူ့မိဘတွေ အနိုင်ကျင့်တာခံနေရတာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်‌နေမှန်း သိလိုက်ရတယ်။ သရဲတစ်ကောင်က ကလေးကို အန္တရာယ်ပေးနေတာ‌ပေါ့။ ဒီတော့ သူက ကလေးမိဘဘက်ကနေပြီး အမှုကို ဆိုင်းငံ့ထားသလို သရဲကို ရှင်းဖို့လည်း အကြောင်းဖန်လာတယ်။ဒီလိုမျိုးကူညီချင်တဲ့သူပေမဲ့လည်း သူကိုယ်တိုင်လည်း သူ့ကလေးကို သူ့အမှားကြောင့်နဲ့ ဆုံးရှုံးထားတာမကြာသေးသလို၊ သူ့ကလေးကိုလည်း သူမြင်နေရသလို ဝမ်းနည်းစိတ်နဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူပါ။ သူကိုယ်တိုင်ရဲ့ အခက်အခဲတွေကြားက ဒီသရဲတွေ အနိုင်ကျင့်ခံနေရတဲ့ကလေးကို ကူညီပေးနိုင်မလား...သရဲကားပေမဲ့ IMDb 5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်လမ်းအချိုးအကွေ့တွေမှာ ပရိသတ်ကို စိတ်ဝင်စားစေမိမယ့် ရုပ်ရှင်ပါပဲ။ ...
movie

They Live in The Grey (2022)

2022