Channel Myanmar

Carla Gallo

Neighbors (2014) 6.3
Neighbors (2014) Neighbors (2014) IMDb-6.3/10 Rotten Tomatoes-73% CM ပရိတ်သတ်ကြီးအတွက် 2014က ထွက်ရှိခဲ့တဲ့ဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Seth Rogen, Zac Efron နဲ့ Rose Byrne စတဲ့သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်ခ်နဲ့ ကယ်လီတို့ဟာအခုမှကလေးရထားတဲ့ စုံတွဲလေးဖြစ်ပြီး သူတို့ရဲ့လူငယ်ဘဝကုန်ဆုံးသွားခဲ့ပြီလို့ ခံစားနေကြရတဲ့ စုံတွဲလေးပါဆိတ်ငြိမ်ရပ်ကွက်လေးမှာ အိမ်လေးတစ်လုံးဝယ်ပြီးမိသားစုသုံးယောက်အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။တစ်နေ့မှာတော့ သူတို့ ဘေးအိမ်ကို ဒယ်တာ ဆိုင်လ်ဆိုတဲ့တက္ကသိုလ်ကလပ်က ကျောင်းသားတွေအပြုံလိုက်ပြောင်းချလာပါတော့တယ်။ မက်ခ်နဲ့ ကယ်လီတို့လည်း အနှောက်အယှက်မဖြစ်အောင်ပြောဆိုထားပေမဲ့ နေ့တိုင်း ရက်ဆက်ပါတီတွေပေးပြီးဆူညံနေကြတာမလို့ ရဲကိုတိုင်လိုက်တဲ့ကိစ္စကနေစပြီးဒယ်တာဆိုင်လ်အဖွဲ့ဝင်တွေနဲ့ သူတို့နှစ်ယောက်ကြားမှာအချင်းချင်းဒုက္ခတွေပေးကြရင်း နောက်ဆုံးဘယ်ဘက်ကနိုင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့(၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size…    1.8 GB /  921 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard ...
movie

Neighbors (2014)

2014
Neighbors 2: Sorority Rising (2016) 5.7
Neighbors 2: Sorority Rising (2016) Neighbors 2 : Sorority Rising (2016) IMDb-5.7/10 2014 မှာထွက်ရှိခဲ့တဲ့ Neighbors ရဲ့ဒုတိယမြောက်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းသားကလပ်ကိစ္စကိုဖြေရှင်းပြီးသွားတဲ့ မက်ခ်နဲ့ ကယ်လီတို့ စုံတွဲနှစ်‌‌ယောက်နှစ်နှစ်အကြာမှာ နောက်ထပ်ကိုယ်ဝန်ထပ်ရသွားခဲ့ပါယ်။ကလေးနောက်တစ်ယောက်ထပ်ရတော့မှာမလို့ပြဿနာပေါင်းစုံတက်ခဲ့တဲ့ သူတို့အိမ်ကိုလည်း ရောင်းပြီးမြို့ပြင်မှာ အေးအေးချမ်းချမ်းနေဖို့ စီစဉ်ထားခဲ့ကြတာပါ။ပြဿနာက အိမ်အရောင်းအဝယ်လုပ်‌နေတဲ့ကာလမှာသူတို့ဘေးအိမ်ကို ကပ်ပါ နူး ဆိုတဲ့ ကျောင်းသူကလပ်အသစ်ရောက်လာကြပြီး အရင်ကျောင်းသားကလပ်‌ထက်နှစ်ဆပိုသောင်းကျန်းပြပါတော့တယ်။ ဒီလိုနဲ့ မက်ခ်နဲ့ကယ်လီတို့လည်း အိမ်အရောင်းအဝယ်မပျက်ရအောင်လို့သူတို့ရဲ့ရန်သူဟောင်းကြီးဖြစ်ခဲ့ဖူးတဲ့ ဒယ်တာ ဆိုင်လ်အဖွဲ့ ဥက္ကဋ္ဌဟောင်းတက်ဒီရဲ့ အကူအညီကိုယူပြီး ‌ကပ်ပါ နူးအဖွဲ့ကိုဖျက်ဖို့ဘယ်လိုကြိုးစားကြမလဲ၊ ဒီတစ်ကြိမ်မှာရောသူတို့နိုင်ပါဦးမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့(၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။  File size…    1.8 GB /  966 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Neighbors 2: Sorority Rising (2016)

2016
Get Him to the Greek (2010) 6.3
Get Him to the Greek (2010)  2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Get Him to the Greek (2010)

I Love You, Man (2009) 7
I Love You, Man (2009) I Love You, Man (2009)~ IMDb - 7/10, Rotten Tomatoes - 83% ~ကျွန်တော်တို့ ယောက်ျားလေးတွေတိုင်းမှာ ဆိုးတူကောင်းဖက် ဘော်ဒါ တွေဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ် ဘာကောင်ကြီးပဲဖြစ်နေနေ ကိုယ့်ကို အခင်အမင်မပျက်မယ့် "သားကြီး" တွေပေါ့ဗျာ။ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားကြီး Paul Rudd က ကောင်မလေး မျက်နှာတစ်ချက် မညှိုးရအောင် လိုလေသေးမရှိထားတဲ့ Boyfriend Material ကြီး၊ မိန်းကလေးတိုင်းက ခင်မင်ရတဲ့ နားလည်တတ်သူကြီး ပီတာ အဖြစ် သရုပ်ဆောင်ထားပါတယ်။မကြာခင် ဇနီးလောင်းလေး ဇိုဝီနဲ့ လက်ထပ်ရတော့မှာမို့ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမဲ့ ပီတာမှာ အရေးကြီးဆုံးဖြစ်တဲ့ သတို့သားအရံ လုပ်ပေးမဲ့ အခင်ရဆုံး ယောက်ျားလေး သူငယ်ချင်း မရှိဘူး ဖြစ်နေပါတယ်။ ဒီတော့ လူရိုးလူဖြောင့်ကြီး ...
movie

I Love You, Man (2009)

2009
Mission: Impossible III (2006) 6.9
Mission: Impossible III (2006) 2828Mission: Impossible III (2006)=======================IMDb Rating 6.9/10ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့်လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ...ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ...ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon
movie

Mission: Impossible III (2006)

2006
4K HEVC
Funny People(2009) 7.0
Funny People(2009) Funny People(2009)*******************လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလိုဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက"ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့်ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...............ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ reviewကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။File Size :(4.05 GB) (1.4 GB) and (445 ...
movie

Funny People(2009)

Forgetting Sarah Marshall (2008) 7.1
Forgetting Sarah Marshall (2008) Forgetting Sarah Marshall (2008)~ IMDb - 7.1/10, Rotten Tomatoes - 83% ~ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့... လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ဒီအတိုင်းပါပဲ "ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း" ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ ...
movie

Forgetting Sarah Marshall (2008)

2008
The 40 Year Old Virgin (2005) 7.7
The 40 Year Old Virgin (2005) The 40 Year Old Virgin (2005) ========================"အသက် ၄၀ လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ" ဆိုတာကြားဖူးကြတယ်ဟုတ်။ အဲဒီလို ရုပ်ရှင်မျိုးပါပဲ ဒီကားလဲ။ ဒါပေမယ့် ဒီကားမှာ သဘောကျစရာလေးတွေပါနေပြန်ပါတယ်။ ကြိုတော့ ပြောထားပါရစေ။ ဒီကားက 18+ ပါ။ ဒါမယ့် အရမ်းရိုင်းတဲ့အခန်းတွေမပါပါဘူး။ အကုန်လုံးလဲ American Pie တို့ဘာတို့ ကြည့်ကြတာပဲမဟုတ်လား။ ဒီလိုပါပဲ။သူက အသက် ၄၀ သာပြည့်သွားတယ်။ အဲဒီအချိန်အထိ လိင်မဆက်ဆံဖူးဘူး။ ပြောရရင် လူပျိုကြီးပေ့ါ။ အိမ်မှာပဲ တစ်ယောက်တည်းနေတယ်။ ရည်းစားလည်းမရှိ၊ အပေါင်းအသင်းလည်းမရှိ။ အိမ်မှာ တီဗီရှိုးတွေကြည့်လိုက်၊ အားကစားလုပ်လိုက်၊ အရုပ်တွေဝယ်စုလိုက်နဲ့ ဘဝကိုလွတ်လွတ်လပ်လပ်နေနေခဲ့တယ်။ ဒါပေမယ့် တစ်ရက်သား အလုပ်ထဲမှာ ဝိုင်းဖွဲ့စားသောက်ရင်း ရည်းစားနဲ့ကြုံဖူးခဲ့တဲ့ အမှတ်တရတွေပြောကြတဲ့အခါမှာတော့ သူ့အကြောင်းကို တစ်ခြားသူတွေသိသွားရော။အဲဒီအချိန်မှာပဲသူ့ကို တွေ့သမျှကောင်မလေးနဲ့ ချိတ်ပေးတော့တယ်။ ရည်းစားစကားဘယ်လိုပြောရလဲ။ intro ဘယ်လို ဝင်ရတယ်ဘာညာ။ ...
movie

The 40 Year Old Virgin (2005)

2005
Superbad (2007) 7.6
Superbad (2007) Superbad (2007) IMDB (7.5/10) Rotten Tomatoes (88%) ======================== ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး ဟာသကား မျှော်နေသူတွေအတွက် ကားကောင်း‌လေးတစ်ကားကို တင်ပေးလိုက်ပါတယ်။ American pie လိုမျိုး ကျောင်းသားလူငယ်ဟာသကားမျိုးဖြစ်ပြီး လူငယ်သဘာဝ အလွဲတွေကို အဓိကအသားပေး ရိုက်ပြထားလို့ ကြည့်ကောင်းတဲ့ ကားလေးပါ။ ဇာတ်လမ်းထဲမှာ ဆက်သ် နဲ့ အီဗန် တို့ဟာ သူတို့သဘောကျနေတဲ့ ကောင်မလေးတွေကို အထင်ကြီးအောင် လုပ်ဖို့အတွက် ပါတီပွဲမှာ လိုတဲ့အရက်တွေဝယ်ဖို့ တာဝန်ယူလိုက်ပါတယ်။ ပြဿနာကတော့ သူတို့က 21 နှစ်မပြည့်သေးပါဘူး။ အမေရိကန်မှာ 21 နှစ်မပြည့်သူကို အရက်ရောင်းခွင့်မရှိတဲ့အတွက် သူတို့လို‌နေတဲ့ အရက်တွေကို ဘယ်လိုရအောင် လုပ်ကြမလဲ။ အရက်ဝယ်ဖို့ကို သေရေးရှင်ရေးလို တွေးနေတဲ့ ဆက်သ်ကတော့ ဘာပဲလုပ်ရလုပ်ရလုပ်ဖို့ အသင့်ပါပဲ။ ဒီလိုနဲ့ ငယ်သူငယ်ချင်းနှစ်ယောက် စော်ရဖို့အရေး အရက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။ ဒီကားမှာ သရုပ်ဆောင်တွေအနေနဲ့ Comedy လောကမှာ နာမည်ကြီးတဲ့ Michael Cera နဲ့ ...
movie

Superbad (2007)

HEVC 1080p 5.1
Four Good Days (2020) 6.3
Four Good Days (2020) Four Good Days (2020)==================IMDb Rating - 6.3/10လူတစ်ယောက်အတွက် အချိန် ၄ ရက်ဟာ ဘဝတစ်ခုကို ပြန်လည် ပြောင်းလဲနိုင်စွမ်းရှိနိုင်ပါ့မလားလို့တွေးကြည့်ဖူးလား၊ ဒီဇာတ်ကားလေးကတော့ ဆေးစွဲနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆေးသမားဘဝကို စွန့်လွှတ်တဲ့ တကယ့်ဖြစ်စဥ်ကိုအခြေခံပြီးရိုက်ပြထားတာပါ၊ သူ့ဘဝမှာ ဆေးမသုံးဘဲ ၄ ရက်တာ ဖြတ်သန်းရမယ်ဆိုတာ ခက်ခဲလွန်းပြီး အဲ့ ၄ရက်တာဟာ ကြီးမားကြာရှည်လွန်းတဲ့ ဒုက္ခရက်စွဲဆိုတွေပါပဲ၊ နောက်ပြီး သူမဆေးဖြတ်ရခြင်းအကြောင်းရင်းကလည်း သူမရဲ့ မိခင်က ဆေးမပြတ်ရင် ပြန်လည်ပြီး အတူနေခွင့်မပေးတာကြောင့် သူမက ဒီအလုပ်ကိုလုပ်ကိုလုပ်ရမှာပါ၊ ဒီဇာတ်ကားဟာ တကယ့်လက်တွေ့ဖြစ်ရပ်မှန်ကိုအခြေခံရေးသား ရိုက်ကူးထားပြီး Winning Washington Post Writer - Pulitzer Prize ရရှိထားတဲ့ Drama ကားကောင်းတစ်ကားပါ IMDb Rating 6.3/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို SWM မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Pyi T. Nyein ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 40minSubtitle ...
movie

Four Good Days (2020)

2021
Happiest Season (2020) 7.0
Happiest Season (2020) Happiest Season (2020)==================IMDb Rating - 6.9/10ချစ်ခြင်းမေတ္တာဆိုတဲ့အရာက ယောကျ်ား၊ မိန်းမမခွဲခြားဘဲ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လောကဓံကိုအတူရင်ဆိုင်ဖြတ်သန်းကြတာပါ......မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ခရစ်စမတ်ကို တစ်ယောက်ထဲ အထီးကျန်စွာ ဖြတ်သန်းနေတဲ့ အက်ဘီ.....ပြီးပြည့်စုံတဲ့ မိသားစုတစ်စုဖြစ်ဖို့ မိမိရဲ့ပုံစံအမှန်ကို ဖုံးကွယ်ထားရတဲ့ ဟက်ပါ......ဟက်ပါနဲ့ အက်ဘီတို့က lesbian ချစ်သူတွေပါ။ ဟက်ပါက သူမိသားစုနဲ့အတူ ခရစ်စမတ်မှာ အတူဖြတ်သန်းပြီးမိဘတွေနဲ့ မိတ်ဆက်ပေးဖို့ အက်ဘီကို အိမ်ခေါ်သွားပါတယ်။ ခရစ်စမတ်မှာ အက်ဘီတစ်ယောက် ဟက်ပါကို လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ပြီး ဟက်ပါအိမ်ကို လိုက်သွားပါတော့တယ်။ အဲ့လိုနဲ့ ဟက်ပါတို့ မိသားစုရဲ့ အိမ်တွင်းရေးအခြေအနေနဲ့ ခရစ်စမတ်မှာ မပျော်တတ်တဲ့ အက်ဘီတို့ကြား ပြဿနာလေးတွေ၊ ကတောက်တဆလေးတွေနဲ့၊ LGBT တွေမှာသာရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ဒီဇာတ်ကားမှာ စီးမျောခံစားနိုင်မှာပါ။ ဒီကားထဲမှာ မင်းသမီး Kisten Stewart ကို ...
movie

Happiest Season (2020)

2020
We Bought a Zoo ( 2011 ) 7.1
We Bought a Zoo ( 2011 ) Zawgyi*******IMDb 7.1 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေစွန့်​စားရမယ့်​ကိစ္စမျိုး​တွေကိုမှ ခုံမင်​နှစ်​သက်​သူ စာ​ရေးဆရာBenjamin Mee ရဲ့ ကိုယ်​​တွေ့မှတ်​တမ်းစာအုပ်​ကို မှီငြမ်းပြီးရိုက်​ကူးထားတဲ့"We bought a zoo" ဆိုတဲ့ ကား​လေးနဲ့ မိတ်​ဆက်​​ပေးပါရ​စေ။ဇာတ်​လမ်းအကျဉ်းအ​နေနဲ့က​တော့ စွန့်​စားခန်း​တွေကိုမှကြိုက်​နှစ်​သက်​တဲ့ ဖခင်​ဖြစ်​သူတစ်​​ယောက်​၊ သူမ​မျှော်​လင့်​ထားဘဲဇနီးဖြစ်​သူရုတ်​တရက်​ ကွယ်​လွန်​သွားတဲ့အခါ က​လေး ၂ ​ယောက်​နဲ့ဗျာများပြီး ကျန်​ခဲ့ရတဲ့ အ​ကြောင်းပဲဖြစ်​ပါတယ်​။ဇနီးဖြစ်​သူရှိစဉ်​က အိမ်​ကိစ္စအဝဝကို လှည့်​ကြည့်​စရာမလို​လောက်​​အောင်​​နေခဲ့ရတဲ့ Benjamin တစ်​​ယောက်​ ဇနီးဖြစ်​သူဆုံးပါးသွားတဲ့အခါမှာ​တော့အဆင်​မ​ပြေမှု​ပေါင်းများစွာနဲ့ ကြုံလာရပါ​တော့တယ်​။အဆိုးဆုံးကိစ္စက​တော့ သားကြီးဖြစ်​သူ Dylan က​ကျောင်းစည်းကမ်းချိုး​ဖောက်​မှုအပါအဝင်​ စိတ္တဇပုံ​တွေ ​ရေးဆွဲ​နေလို့​ကျောင်းက​နေ အထုတ်​ခံလိုက်​ရတာပဲ ဖြစ်​ပါတယ်​။သားအဖနှစ်​​ယောက်​ကြားမှာ ခါတိုင်းလို ​စေ့စပ်​ညှိုနှိုင်း​ပေး​နေကြမိခင်​ဖြစ်​သူ မရှိ​တော့တာ​ကြောင့်​လည်း Dylan တို့နှစ်​​ယောက်​ကမကြာခဏဆိုသလို က​တောက်​ကဆဖြစ်​​နေကြပါတယ်​။သမီးအငယ်​​လေး Rosie က​တော့ ဒီလိုတကျက်​ကျက်​ဖြစ်​​နေတဲ့သားအဖနှစ်​​ယောက်​ကြားမှာ​နေ ​နေရတဲ့သူ​လေး ဖြစ်​ပါတယ်​။သားဖြစ်​သူ​ကျောင်းကထုတ်​ခဲ့လိုက်​ရတဲ့ကိစ္စအပြင်​ ဘယ်​​နေရာကိုပဲ​ရောက်​​ရောက်​ ဘဝတစ်​ပါးကို ကူး​ပြောင်းသွားတဲ့ ဇနီးသည်​ကိုပဲတသသဖြစ်​​​နေတာ​ကြောင့်​ စိတ်​အ​ပြောင်းအလဲဖြစ်​သွား​အောင်​အိမ်​​ပြောင်းဖို့ စီစဉ်​ကြပါ​တော့တယ်​။ ဒီလိုစီစဉ်​ကြရင်း သမီးဖြစ်​သူRosie ရဲ့ ​ရွေးချယ်​မှု​နဲ့ တိရစ္ဆာန်​ရုံပါ အဆစ်​ပါလာတဲ့ ...
movie

We Bought a Zoo ( 2011 )

2011