Channel Myanmar

Carlos PenaVega

Love in the Limelight (2022) 6.5
Love in the Limelight (2022)  ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love in the Limelight ရုပ်ရှင်ဟာအမေရိကန်ရုပ်ရှင်မင်းသားနဲ့ဒါရိုက်တာ Wille Anmesနဲ့ဇနီးသည် Winnie Hung တို့ရဲ့အချစ်ဇာတ်လမ်းဖြစ်ရပ်မှန်ကိုအခြေခံပြီး ဇာတ်ကောင်တွေ၊ နာမည်တွေပြောင်းလဲရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကို Wille Anmes ကိုယ်တိုင်ပါဝင်တွဲဖက်ရေးသားထားပြီး Alexa PenaVega နဲ့ CarlosPenaVega တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************တစ်ချိန်က ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်ခဲ့တဲ့ အဆိုတော်နစ်မန်းဒက်ဇ်ဟာနာမည်ကျချိန်မှာ ရည်းစားကလည်းပစ်၊ အဆိုတော်လောကမှာလည်းပြန်လက်တွဲခေါ်ချင်သူမရှိတော့ပါဘူး။ နစ်ခ်ကိုယ်တိုင်ကလည်းသီချင်းတွေဆိုဖို့၊ သီချင်းတွေရေးဖို့တောင် စိတ်အာရုံစုစည်းမရဖြစ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ Salt Lake Cityကိုသွားရောက်ဖျော်ဖြေဖို့ဖြစ်လာခဲ့ပြီး သူနဲ့ ၁၅ နှစ်ကြာအောင်အပြန်အလှန်စာတွေပို့နေခဲ့ကြတဲ့သူငယ်ချင်းမလေးနဲ့ အပြင်မှာတကယ်တွေ့ရဖို့ဖြစ်လာခဲ့ပါတယ်။ ဆမ်းမားကတော့နစ်ခ်ဆီကို ပရိသတ်စာတစ်စောင်ရေးရာကနေ နစ်ခ်နဲ့ ၁၅ နှစ်ကြာအောင် လေလှိုင်းထဲကသူငယ်ချင်းဖြစ်ခဲ့သူလေးပါ။ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနဲ့လောကဓံအတက်အကျအားလုံးကိုနှစ်ပေါင်းများစွာအတူမျှဝေခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာအပြင်မှာတကယ်တွေ့ရချိန်မှာတော့ သူငယ်ချင်းသံယောဇဉ်တွေကအရောင်ပြောင်းလဲလာခဲ့ပါတော့တယ်။ File size…1.91GB / 770 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Comedy , Romance Subtitle….Myanmar Subtitle ...
movie

Love in the Limelight (2022)

The Casagrandes Movie (2024)
The Casagrandes Movie (2024)  netflix က အသစ်ထွက်ရှိလာတဲ့ 2D ကာတွန်းကားလေးဖြစ်ပြီး အတော်လေးရယ်ရမယ့် family comedy ပါဇာတ်လမ်းအကျဥ်းကတော့ ဆယ်ကျော်သက်အရွယ် (နှစ်ပေါင်း ၁၂၀၀၀) သက်တမ်းရှိတဲ့ demigod မင်းသမီးလေး ပွန်ဂွာရီ က နတ်ဘုရားတစ်ပါး ဖြစ်ချင်ပေမယ့် သူ့မယ်တော်က မရင့်ကျက်သေးဘူးဆိုပြီး တားမြစ်တာကို လက်မခံပဲ မျက်နှာတစ်ထောင်မျက်နှာဖုံးကို ခိုးယူပြီး နတ်ဘုရားအသွင် ပြောင်းလိုက်ရာမှာကမ္ဘာမြေ ဟက်တက်ကွဲပြီး ကမ္ဘာပျက်မယ့် အရေးကနေ ကာကွယ်ဖို့အတွက် မင်းသမီးလေးကို မိခင်ဖြစ်သူက "တောင်တစ်လုံး" အသွင် ဖန်ဆင်းထားခဲ့တယ် ၁၂ နှစ်ပြည့်သွားတဲ့ ကောင်မလေး ရိုနီအန်းန်က ၁၂ နှစ်ပြည့်ပြီဆိုပြီး သူငယ်ချင်းနဲ့အတူ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ဖို့ ကြံရွယ်နေတဲ့ ဂျစ်ကန်ကန် ကောင်မလေး တစ်ယောက်ပါဒါပေမဲ့ သူ့အမေက သူတို့ Casagrandes တစ်မိသားစုလုံး မက္ကဆီကိုက မွေးရပ်မြေဒေသလေးကို ခရီးထွက်ဖို့ အမိန့်ချတာနဲ့ ရိုနီအန်းန် တစ်ယောက် မငြင်းသာပဲ ...
movie

The Casagrandes Movie (2024)

Never Too Late to Celebrate (2023) 6.7
Never Too Late to Celebrate (2023)  စပိန်လူမျိုးတွေရဲ့ ဓလေ့ထုံးစံမှာ မိန်းကလေးတွေ အသက် ၁၅ နှစ်ပြည့်တဲ့မွေးနေ့ပွဲကိုကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပေးတတ်ကြပါတယ်။အရွယ်ရောက်ပြီဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့။အဲအခမ်းအနားလေးကို quinceañera or quince လို့ခေါ်ပါတယ်။ စပိန်လူမျိုးဖြစ်ပေမယ့် အမေရိကမှာ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ရတဲ့ အဖေဖြစ်သူနဲ့အမေရိကန်သူဖြစ်တဲ့ အမေဆီက မွေးဖွားလာတဲ့ ကပြားလေး ကာမီလာ လိုပက်ဇ်ကတော့အဖေဖြစ်သူကို ဆုံးရှုံးထားရတဲ့အတွက် အဖေ့ကို တသသဖြစ်ပြီး လွမ်းဆွတ်နေသူပါ။အဲလိုဖြစ်တာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် မအားလပ်အောင်ထားဖို့အတွက်အလုပ်တွေပဲ ဖိလုပ်နေတဲ့ အလုပ်ကြမ်းပိုးလေးပေါ့။အဲလို နိစ္စဓူဝ အပ်ကြောင်းထပ်နေတဲ့ ကိုယ်ပိုင်အချိန်ဇယားမှာ အသားကျနေတဲ့ကာမီလာတစ်ယောက် အမေဖြစ်သူအလုပ်လုပ်တဲ့ကျောင်းကို သွားတွေ့ရင်းနဲ့အချိန်ပိုင်းဆရာလေး ဟာဗီနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။စတွေ့ကတည်းက ဟာဗီပြောခဲ့တဲ့ စကားလေးတစ်ခွန်းကြောင့်အဖေဖြစ်သူကို သတိရပြီး သူစိမ်းရှေ့မှာ ငိုကြွေးခဲ့မိရာကနေကာမီလာတစ်ယောက် ရှေ့ဆက်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချမိမလဲအဖေဖြစ်သူ မရှိဘူးဆိုတဲ့ အတွေးကြောင့် ၃၀ နှစ်ပြည့်မွေးနေ့ကိုပါမကျင်းပဖို့ ဆုံးဖြတ်ထားပေမဲ့ ဘယ်အရာတွေကြောင့်Double quince လုပ်ဖို့ဖြစ်လာမလဲဆိုတာကို အရိုတစ်လိုင်း ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အရိုကားလေးဆိုပေမယ့် အဖေနဲ့သမီးကြား၊ သားအမိကြား မေတ္တာတွေကိုပါပေါ်လွင်အောင်ပုံဖော်ထားတာမလို့ တစ်ရှူးလေး ...
movie

Never Too Late to Celebrate (2023)