Channel Myanmar

Carlos Santos

Vacation Friends 2 (2023) 5.3
Vacation Friends 2 (2023) Vacation Friends 2 (2023)ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ပျော်စရာလည်းကောင်းတဲ့ Vacation Friends ကားရဲ့အဆက် Vacation Friends 2 ကို မူလသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်စီနာတို့လေးယောက်အပြင် Steve Buscemi လို ဝါရင့်သရုပ်ဆောင်ကြီးကိုပါ ထည့်ပြီး ရိုက်ကူးထားပါတယ်။ပထမကားမှာတော့ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုမှာတွေ့ပြီး ကြည့်မရနေရာက အကောင်းဆုံးမိတ်ဆွေဖြစ်လာတဲ့သူတွေအကြောင်း ရိုက်ပြထားပြီး လူတွေရဲ့ဆိုးကွက်လို့ ထင်ရတဲ့အရာတွေကြား သူ့ကောင်းကွက်တွေရှိနေတာကို ဟာသဆန်ဆန်နဲ့တင်ဆက်ထားခဲ့ပါတယ်။ ဒီတစ်ကားမှာလည်း သူ့မူလအနှစ်သာရမပျောက် ဆိုးကွက်တွေလို့ ပြောရမယ့်အရာတွေရှိနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို သိလိုက်ရပုံတွေကို ထပ်တင်ပြသွားတယ်။Vacation Friends ကားတွေဟာ ဂျွန်စီနာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်သာစေတဲ့ရုပ်ရှင်တွေဖြစ်လို့ ဂျွန်စီနာ ဖန်တွေလည်း ကြည့်သင့်သလို Steve Buscemi ပရိသတ်တွေလည်း သဘောကျကြမှာပါ။ ဇာတ်လမ်းကတော့ ပထမကားအပြီးဝေးသွားတဲ့ ဘော်ဒါ၂တွဲ ပြန်လည်စုံစည်းကြပြီး ခရီးအသစ်ထွက်ဖို့အကြောင်းဖန်လာပုံကို တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် ကြမ်းကြမ်းတမ်းတမ်းလည်းပါသလို ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်မယ့် R Rated ...
movie

Vacation Friends 2 (2023)

2023
There’s Something Wrong with the Children (2023) 4.9
There’s Something Wrong with the Children (2023)   အနောက်တိုင်းမှာဆိုရင် ဆိတ်ငြိမ်တဲ့ဒေသတွေဆီကို ပိတ်ရက်တွေမှာ အနားယူအပန်းဖြေခရီးထွက်လေ့ရှိကြတယ်။ တစ်နည်းအားဖြင့် မြို့ပြနဲ့ဝေးတဲ့ဒေသတွေမှာ တောတောင်သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုဖြေဖျောက်တဲ့သဘောမျိုးပေါ့..။ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း သူငယ်ချင်းမိသားစုနှစ်စုက မြို့ပြနဲ့ဝေးတဲ့ အပန်းဖြေစခန်း သစ်သားအိမ်ငယ်တွေမှာ ပိတ်ရက်အတွင်း သွားရောက်နေထိုင်ကြတယ်။ နီးစပ်ရာတောအုပ်တွင်းကို ခြေလျင်ခရီးသွားရင်း သူတို့တွေဆီ ကပ်ဆိုးကြီးတစ်ခုကပ်ပါလာတော့တယ်။horrorကားအမျိုးအစားထဲမှာမှ သရဲ/စိတ္တဇလူသတ်ထဲကမဟုတ်ပဲ နတ်ဆိုးကပ်တဲ့ဇာတ်လမ်းမျိုးပါ။ ကလေးနှစ်ယောက်ဆီကို နတ်ဆိုးအရင်ကပ်ပြီး သူတို့တွေကပဲ သူ့တို့ရဲ့မိဘတွေဖြစ်တဲ့ အယ်လီနဲ့ သောမတ်စ်ရယ်၊ သူငယ်ချင်းလင်မယား မာဂရက်နဲ့ ဘန်ရယ်ကို အရင်ပတ်ရှုပ်မှာပါ။ ကလေးတွေနဲ့ပက်သက်ပြီး တစ်ခုခုလွဲမှားနေရာကနေ မိသားစုနှစ်စုလုံးအတွက် ကပ်ဆိုးတစ်ခုကျသလို horror sceneတွေ စပြီးတော့ပေါ်လာမှာပါ။ ​ဇာတ်ကားနာမည်အတိုင်းပါပဲ။File size…(1.92GB)  / (952MB) /488MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Horror / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

There’s Something Wrong with the Children (2023)

The Chalk Line (a.k.a) Jaula (2022) 6.2
The Chalk Line (a.k.a) Jaula (2022) The Chalk Line (a.k.a) Jaula (2022)(1080p ရပါပြီ)Thriller/Crime Genre စပိန်ဇာတ်ကားသစ်လေးဖြစ်ပြီး မဲပြာပုဆိုးမဟုတ်ပဲ plot twist တွေနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။ပေါလာနဲ့ ဆီမွန်က အသက် လေးဆယ်ကျော်ဇနီးမောင်နှံဖြစ်ပြီး ကလေးယူဖို့ အပူတပြင်းကြိုးစားနေကြသူတွေပါ။ ကံဆိုးစွာပဲ ကိုယ်ဝန်မရခဲ့ကြပါဘူး။ စိတ်ညစ်နေတဲ့ သူတို့ဘဝထဲကို ကလဲရာဆိုတဲ့ ခြောက်နှစ်အရွယ် ကလေးမလေးဝင်လာခဲ့ပါတယ်။ကလဲရာကို ကားလမ်းမကြီးပေါ်မှာ ညကြီးသန်းခေါင် သူတို့ကားနဲ့ ဝင်တိုက်မိမလို ဖြစ်ပြီး စတွေ့ခဲ့ကြတာပါ။ နေမကောင်းဖြစ်နေတဲ့ ကလဲရာဟာ စကားမပြောတတ်သလို အပြုအမူတွေကလည်း ထူးခြားနေပါတယ်။ မြေဖြူနဲ့စည်းတားထားရင် အဲဒီစည်းအပြင်ကို မထွက်ရဲတာတို့၊ ဂျာမန်ဘာသာစကားကို နားလည်နေတာတို့၊ အစရှိသဖြင့်ပေါ့။ဒီလိုနဲ့ ဆေးရုံက အကူညီတောင်းတာကြောင့် သူတို့ ကလဲရာကို အိမ်ခေါ်လာပြီးနောက်မှာတော့ ဘယ်လိုဆိုးရွားတဲ့ကိစ္စတွေ ကြုံတွေ့ရမလဲဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။)File Size          ...
movie

The Chalk Line (a.k.a) Jaula (2022)

2022
The Valet (2022) 6.7
The Valet (2022) The Valet (2022) ============= IMDb Rating - 6.7/10၂၀၂၂မှာထွက်ရှိထားတဲ့ တကယ်ကိုရယ်ရတဲ့ ဟာသကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက် ဘီလီယံနာသူ‌ဌေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတာကို ပါပါရာဇီတွေရဲ့ ဓာတ်ပုံထဲ ရိုက်မိသွားပါတယ်။ ဖြစ်ချင်တော့ သူ‌ဌေးမင်းက မယားကြီးငုတ်တုတ်ရှိနေတော့ သူမသိအောင် လိမ်ရတော့တာပေါ့။ အဲဓာတ်ပုံထဲမှာ ဖြစ်ချင်တော့ သူတို့နှစ်ယောက်အပြင် တခြားလူတစ်ယောက်ကော ရှိနေလေရဲ့။ သူကတော့ ရိုးသားတဲ့ ဖိုးသခွားလေးဖြစ်ပြီး အသက်ကြီးပေမယ့် အလုပ် ကြိုးစားတဲ့ ဧည့်ကြိုဝန်ထမ်းလေးပါ့။ဒီတော့ သူ‌ဌေးမင်းနဲ့ မင်းသမီးတိုင်ပင်ပြီး လှည့်ကွက်တစ်ခုလုပ်ကြပါတယ်။ "ရွှေမင်းသမီးနဲ့ ကိုဧည့်ကြို"ဇာတ်ကို ထွင်ရတာပေါ့။ ကလိမထိုးပဲ ရယ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ စကားပြောခန်းတွေနဲ့ တကယ်အူတက်စေမယ့်ကားလေးပါ။ စိတ်အမောတွေပြေစေပြီး ဟာသကားကောင်းလေးတွေကို ကြည့်ချင်သူတွေအတွက်လက်မလွှတ်သင့်တဲ့ ကားကောင်း လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Zaw Myo Thu, Leonard Lin, Roman NoX တို့ဖြစ်ပါတယ်။)File Size..........(1.42 GB) / (755 MB) / (457 MB) Quality............WebRip 1080p ...
movie

The Valet (2022)

2022
Cheaper by the Dozen (2022) 4.1
Cheaper by the Dozen (2022) Cheaper by the Dozen (2022)Walt Disney Pictures ကနေထုတ်လုပ်တဲ့ မိသားစုဟာသ ကားသစ်လေးထွက်လာပါပြီ နာမည်ကြီး မင်းသားမင်းသမီးကြီးတွေ casts ပေါင်းများစွာသုံးပြီး ရိုက်ကူးထားတဲ့ ဒါရိုက်တာဇာတ်ညွှန်းရေးဆရာမ Gail Lerner ရဲ့ ကားသစ်လေး~ "Cheaper by the Dozen"... ကလေးရောလူကြီးရော ကြည့်နိုင်တဲ့ ကားကောင်းလေးဖြစ်တဲ့အပြင် ဒီကားသစ်လေးကို အရင် ၁၉၅၀ နဲ့ ၂၀၀၃ ကထွက်ခဲ့တဲ့ နာမည်တူ ကားဟောင်းကြီးတွေကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ် အရင်ကားတွေနဲ့မတူဘဲ ခေတ်အလိုက်ပြောင်းလဲသွားတဲ့သဘာဝတွေကိုမြင်တွေ့ရမှာဖြစ်ပြီး တကယ့်လူနေမှုဘဝကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ် လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ် လူတိုင်းနီးပါး ကိုယ့်အိပ်မက်ကို တစ်နေ့မှာ ဖြစ်လာအောင် အကောင်အထည်ဖော်ချင်ကြမှာပါပဲ ဒီကားလေးမှာလည်း မိသားစုဝင်တွေအကုန် ကိုယ်စီအိပ်မက်ရှိကြပြီး ကိုယ့်အိပ်မက်အတွက် ရေကုန်ရေခမ်းကြိုးစားကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ် ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ်တွေးထားတဲ့ အိပ်မက်က ကိုယ်တွေနဲ့ မကိုက်တဲ့ အရာတစ်ခု/ ဖြစ်လာတာတောင် မပျော်ရွှင်ရတဲ့ အရာတစ်ခုဖြစ်လာတတ်ပါတယ် ဒီလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေ မိသားစုတွေနဲ့ တိုင်ပင်ပြီး စည်းလုံးမှုကိုပြထားတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့Paul Baker (Zach Braff) နဲ့ Kate ...
movie

Cheaper by the Dozen (2022)

2022
Vacation Friends (2021) 6.2
Vacation Friends (2021) Vacation Friends(2021) ================== IMDb Rating. - 6/10တစ်ခါတုန်းက ဆော့ခရိတ္တိအိမ်ကို လူတစ်ယောက်ရောက်လာခဲ့တယ် တွေးခေါ်ပညာရှင်ကြီး ဆော့ခရိတ္တိက လူသာနာမည်ကြီးတာ အိမ်က‌တော့ ကျဉ်းကျဉ်းသေးသေးလေး။အဲ့ဒီတော့ ရောက်လာတဲ့သူက ပြောတယ်။"တွေးခေါ်ပညာရှင်ကြီးလုပ်နေပြီး ခင်ဗျားအိမ်ကျကျဉ်းလှချေလားဗျာ"တဲ့။ဆော့ခရိတ္တိကတော့ "ကျုပ်အိမ်ကကျဉ်းပေမဲ့ မိတ်ကောင်းဆွေကောင်းတွေလာရင်တော့ နေဖို့လောက်ပါတယ်"လို့ဖြေလိုက်တယ်။မိတ်ကောင်းဆွေကောင်းဆိုတာ လောကမှာ တကယ့်ကိုရှားတယ်ဆိုတဲ့ သဘောပေါ့။ အဲ့ဒီလိုရှားတဲ့ ထဲမှာမှ အရစ္စတိုတယ်က ပြောထားသေးတယ်။အားလုံးရဲ့ မိတ်ဆွေဟာ ဘယ်သူ့ရဲ့ မိတ်ဆွေမှမဟုတ်ဘူးတဲ့။ဆိုတော့ကာ မိတ်ဆွေကောင်းလည်းဖြစ် ကိုယ့်ကိုအခင်ဆုံး ဖြစ်နေမယ့် မိတ်ဆွေလည်း ဖြစ်မယ့်သူဆိုတာ တော်တော့်ကိုရှားပါတယ်။ရလိုက်ရင်တော့ ခင်ဗျား ကံကောင်းပြီပေါ့။ ဒီရုပ်ရှင်ဟာ အဲ့ဒီလို မိတ်ကောင်းဆွေကောင်း တစ်ယောက်ကိုရလိုက်တဲ့ ကံကောင်းခဲ့တဲ့ သူတစ်ယောက်အကြောင်းပါပဲ။ ဟာသကားပေမဲ့ သူရဲ့ Main Concept ဖြစ်တဲ့ မိတ်ဆွေကောင်း တစ်ယောက်ရလိုက်ခြင်း အကြောင်းဟာ အားကျစရာ ကြည်နူးစရာကောင်းနေတော့ တော်တော်လေးကောင်းတဲ့ ရုပ်ရှင်လို့ဆိုရမှာပါပဲ။ R Rateဟာသတွေထည့်ထားတဲ့ကားဆိုတော့ ဆဲတာဆိုတာ နည်းနည်းတော့ပါပါတယ်။ ဂျွန်ဆီနာကို ဗီလိန်အနေနဲ့ ဒီတစ်နှစ်ထဲ နှစ်ကားမြင်ခဲ့ပြီးပြီဆိုတော့ ဒီရုပ်ရှင်ထဲက မိတ်ဆွေကောင်းပီသတဲ့ ဂျွန်ဆီနာရဲ့ ချစ်စရာကောင်းတဲ့ ...
movie

Vacation Friends (2021)

2021