Channel Myanmar

Carmen Ejogo

Selma (2014) 7.5
Selma (2014) ၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်း​ခွဲခြား​မှုနဲ့ ဖိနှိပ်​ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်​ခဲ့ရပါတယ်။ အထူးသဖြင့်​တောင်​ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်​ရပ်ကွက်​တွေ လူမည်းမဝင်ရတဲ့ စားသောက်​ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူး​ကန် စာသင်​ကျောင်း​နဲ့ ဘတ်စ်ကားတွေအထိ လူဖြူ​တွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်​ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကား​ပေါ်က​လူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်​ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ​ လူဖြူ​သီးသန့်​ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကား​ရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကား​ဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa​ Park​ က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲက​ဖမ်းဆီး​ခဲ့ရာမှ Montogomery​ ဘတ်စ်ကား​သပိတ်​ကြီးပေါ်ပေါက်လာပြီး သမိုင်း​ဝင် အရပ်​ဘက်အခွင့်အရေး​လှုပ်ရှား​မှုကြီး (Civil Rights​ Movement) ပေါ်ပေါက်​လာပါတော့တယ်။ ဒီလှုပ်ရှားမှု​ကြီးရဲ့ အဓိက​ခေါင်း​ဆောင်​ကတော့ ဒေါက်တာ​မာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။Selma ရုပ်ရှင်​က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်း​ဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အစကို ဒေါက်တာ​မာတင်​လူသာကင်း ...
movie

Selma (2014)

Alex Cross (2012) 5.2
Alex Cross (2012) ဒီရုပ်ရှင်ကတော့​ စာရေး​ဆရာ​ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross​ ဝတ္ထု​များကို​ ပြန်လည်​ရိုက်ကူး​ထားတဲ့​ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထု​ရဲ့အဓိကဇာတ်လိုက်ကတော့​ ဒေါက်တာ​ Alex Cross ဆိုတဲ့​ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို​ Morgan​ Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Alex Cross က​ ဇနီးဖြစ်သူ​ ကိုယ်ဝန်သည် မာရီယာ​နဲ့အတူ​ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့​ဝါရှင်တန်​ဒီစီကဌာနချုပ်မှာ​ တာဝန်​ထမ်းဆောင်​ပေးဖို့​ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့်​ စဥ်းစား​နေချိန်မှာပဲ​ လူချမ်းသာအမျိုးသမီးတစ်ဦးကို​ နှိပ်စက်​သတ်ဖြတ်​သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ​ အမျိုး​သမီးတင်မက​ သက်တော်စောင့်တွေကိုပါ တစ်ဦး​တည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်း​ဖြစ်ပွား​ရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ဒီလူသတ်သမားဟာ စိတ္တဇ​လူသတ်​သမားဖြစ်ရုံမက နောက်ထပ်​ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံ​ကျူးလွန်​ဖို့ရှိတယ်ဆိုတာကို Alex​ Cross​သိရှိ​သွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြား​အားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်​သမား​က​ Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့​ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျ​လေ့ကျင့်​ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာ​ကို​ Action Thriller ...
movie

Alex Cross (2012)

Fantastic Beasts: The Crimes of Grindelwald (2018) 6.6
Fantastic Beasts: The Crimes of Grindelwald (2018) Fantastic Beasts 2: The Crimes of Grindelwald (2018) IMDb - 6.6/10_____Rotten - 36%   2018 ထွက် မှော်ရုပ်ရှင်ဇာတ်လမ်းအသစ်ကို တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ ဂျေကေရိုးလင်းရေးသားခဲ့တဲ့ စိတ်ကူးယဉ်မှော်ကမ္ဘာထဲမှာပဲ အခြေခံထားပါတယ်။ဒီဇာတ်လမ်းတွေရဲ့ အရှေ့မှာတော့ ဟယ်ရီပေါ်တာ ရုပ်ရှင် ၈ ကား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။လက်ရှိရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာတို့ မမွေးခင် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုး လူလတ်ပိုင်းကာလကို အခြေခံထားပါတယ်။ဒါဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ 2016မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။အဓိကဇာတ်ကောင်ကတော့ နျု့ စကာမန်ဒါဆိုတဲ့ မှော်ဆရာပါပဲ။သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ဂရင်ဒယ်ဝေ့ါဒ် ကို နျု့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။အော့စကူးရပ်စ်ဖြစ်တဲ့ ခရီးဒန့်စ်ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ခရီးဒန့်စ်ကတော့ သူ့ရဲ့ ...
movie

Fantastic Beasts: The Crimes of Grindelwald (2018)

2018
Alien: Covenant (2017) 6.4
Alien: Covenant (2017) ဒီတစ်ပတ်ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ကိုတော့ သည်းထိတ် ရင်ဖိုစိတ်ကူးယဉ် သိပ္ပံအက်ရှင် ကား Alien:Covenant ကို ညွှန်းဆိုလိုက်ပါတယ်။ ၂၀၁၂ က ထွက်ခဲ့တဲ့ Prometheus ဇာတ်ကားရဲ့ အ ဆက်အဖြစ် ထွက်ရှိလာတဲ့ ဂြိုဟ် သားရုပ်ရှင်စီးရီးဖြစ်ပြီး ဒါရိုက်တာရစ်ဒလေစကော့ရဲ့ လက်ရာဖြစ် ပါတယ်။ Covenant ဆိုတဲ့ ယာဉ်ပျံ ကြီးပေါ်က အဖွဲ့သားတွေဟာ အာကာသ ဟင်းလင်းပြင် အစွန်အ ဖျားက ဂြိုဟ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဘယ်သူနဲ့မှ မထိတွေ့ရသေးတဲ့ ကောင်းကင် ဘုံတစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကတော့ သက်ရှိ ရယ်လို့ ဘာမှမတွေ့ရတဲ့ အမှောင်ထုလွှမ်းနေတဲ့ အန္တရာယ် ကမ္ဘာ ကြီးတစ်ခုပါ။ အဲဒီဂြိုဟ်ပေါ်ကို ဆင်းပြီး လေ့လာကြတဲ့အခါမှာ ပျက်စီး နေတဲ့ အင်ဂျင်နီယာယာဉ်ပျံတစ် ခုကို ခြေရာခံမိခဲ့ကြပါတယ်။ နောက်တော့ ယာဉ်ပျံပေါ်က လူတချို့က ဂြိုဟ်သားရောဂါပိုး မတော်တဆ ကူးစက်ခံခဲ့ရပြီး အဲဒီလူတွေထဲကနေ ဂြိုဟ်သား တစ်ကောင် ဖြစ်တည်လာကာ ယ ာဉ်ပေါ်ကလူတွေကို တိုက်ခိုက် ပါတော့တယ်။ အဲဒါနဲ့ပဲ ယာဉ်ပျံပေါ်မှာ အခြေအနေတွေ ရှုပ်ယှက်ခတ်ကုန်ပြီး နောက်ဆုံးမှာ ...
movie

Alien: Covenant (2017)

2017
The Purge: Anarchy (2014) 6.5
The Purge: Anarchy (2014) ဒီဇာတ်ကားဟာ iMDb rating အနေနဲ့ 6.5/10 ရရှိထားပြီး Action/Thriller အမျိုးအစားဖြစ်ပါတယ်Action ကားကြမ်းကြမ်းမှကြိုက်နှစ်သတ်သူတွေ လုံးဝအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းလေးကတော့  2023 ခုနှစ် အမေရိကန် နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်အဲ့ဒီအချိန်ကာလအမေရိကန် နိုင်ငံကို (Nation Reborn)အဖြစ်သက်မှတ်ပြီး တည်ထောင်သူအသစ်များ(New Founding Fathers) အမည်ခံအစိုးရအဖွဲ့မှ နိုင့်ငံမူဝါဒ စည်းစနစ်များကို ပြောင်းလဲချမှတ်ကြပါတယ်။တည်ထောင်သူအသစ်များ အစိုးရ အနေနဲ့ လူဦးရေ တိုးပွားမှုကိုကန့်သက်ထိန်းချုပ်ရန်အတွက် တစ်နှစ်မှာ တစ်ည သုတ်သင်ရှင်းရေး(Purge) လုပ်ခွင့်ပြုလိုက်ကာ March လ 21 ရက်နေ့ ညနေ 6 နာရီမှ 22ရက်နေ့ မနက် 6နာရီ အထိ 12 နာရီ အတွင်းတွင် လူသတ်မှုအပါအဝင်ရာဇဝတ်မှုများကိုတရားဝင် ကျူးလွန် ခွင့်ပေးထားပါတယ်။ဇာတ်ကားရဲ့ဇာတ်အိမ်ကိုတော့ ဆဋ္ဌမမြောက် သုတ်သင်ရှင်းလင်းရေးညမှာဇာတ်အိမ်တည်ထားပါတယ် အဲ့ဒီနေ့ ညမှာ အပြင်ကို လက်နက်အပြည့်အစုံကားတစ်စီးနဲ့ ထွက်လာတဲ့ ...
movie

The Purge: Anarchy (2014)

2014
Fantastic Beasts and Where to Find Them (2016) 7.3
Fantastic Beasts and Where to Find Them (2016) Fantastic Beasts and Where to Find Them (2016) IMDb - 7.3/10____Rotten - 74% Won 1 Oscar. Another 14 wins & 53 nominations.   ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင်  နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် ...
movie

Fantastic Beasts and Where to Find Them (2016)

2016
It Comes at Night (2017) 6.9
It Comes at Night (2017)  ဒီဇတ်လမ်းရဲ့အစနိဒါန်းမှာ ပေါလ်ရဲ့ယောက္ခထီးကြီးဟာ ကူးစက်မြန်တဲ့ကတ်ရေဂါကို ခံစားနေရရင်း သေလုမျှောပါအခြေအနေတစ်ခုမှာရင်ဆိုင်နေရပါတယ်ဒီတော့ ပေါလ်ဟာ ရောဂါမကူးစက်နိုင်ခင် သူ့ယောက္ခမကြီးကိုသူကိုယ်တိုင်သတ်ပစ်လိုက်ပါတယ်....အဲဒီနောက်မှာ ထူးဆန်းတာတစ်ခုက အဲဒီညမှာပဲ ပေါလ်တို့အိမ်ကို ဝေလ် ဆိုတဲ့လူတစ်ယောက်ဖောက်ဝင်လာပါတယ်ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပေါလ်တို့ဟာထိုလူနဲ့ရင်းနှီးသွားကြပြီး ဝေလ်တို့ရဲ့မိသားစုနဲ့ပေါလ်တို့မိသားစု အတူတူနေထိုင်ကြပါတယ်ဒါပေမယ့် ဝေလ်တို့မိသားစုရောက်လာတာ သဘောရိုး ဟုတ်ပါရဲ့လားပေါလ်ကိုလူသတ်မှုနဲ့ဖမ်းချင်လို့ လှည့်ကွက်ဆင်ပြီးလာတာမျိုးလားပေါလ်သတ်လိုက်တဲ့ အဖိုးကြီးကိုတစ်ခါပြန်ကြည့်မယ်ဆိုရင်လည်း သူဟာ မကျွတ်မလွှတ်တဲ့ဘဝနဲ့ လာပြီးခြောက်နေမှာလားဆိုတာ....ဇတ်လမ်းသွားက ခပ်အီအီတော့နိုင်ပေမယ့် ခြောက်ခြားမှုတွေကိုနှစ်သက်ရင်တော့ ကြည့်ပါစေလို့ တိုက်တွန်းရင်းဒီမှာတင်ခဏနားလို့ တစ်ခန်းရပ်ပါရစေ  (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က စောင်အက်ဖ်အေ ဂျွန်လယောငိပါ)  File Size : (700 MB) and (230 MB) Quality : 720pWebdl Running Time : 1hr 31minutes Format : Mp4 Genre : Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

It Comes at Night (2017)

2017