Channel Myanmar

Carole Bouquet

Ride Above (2022) 6.1
Ride Above (2022) Ride Above (2022) ============== IMDb Rating - 6.1/10ဒီဇာတ်လမ်း​လေးမှာ အ​ကြောင်းကိစ္စတစ်ခုခု​ကြောင့် စိတ်ပင်ပန်း ပြီးခက်ခဲလာရင်​တောင် အားမ​လျှော့ဘဲ မဆုတ်မနစ်ကြိုးစားရင် အရာရာကို​ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ သီအိုရီကို ကျကျနနပုံ​ဖော် ထားတယ်။ မြင်း​တွေနဲ့လူ​တွေရဲ့သ​ဘောသဘာဝကို အသာ​ပေးရိုက် ပြထားတာ​ကြောင့် အပြင်​လောကမှာဖြစ်ပျက်​နေတာ​တွေနဲ့ဆက် စပ်​မှုရှိပါတယ်။​​ဂျော်ကီတစ်​ယောက်ဖြစ်တဲ့ ဖီးလစ်က ပြိုင်မြင်း​တွေကို​လေ့ကျင့် ပေးတဲ့ထရိန်နာပါ။ သူ့ရဲ့လုပ်​ဖော်ကိုင်ဖက်ကူပါး ​ငွေစိုက်သူ​ပေါ့ သူတို့နှစ်​ယောက်လုံးရဲ့ရည်မှန်းချက်က မြင်းပြိုင်ပွဲမှာဗိုလ်ဆွဲဖို့ပါ။ ဖြစ်ချင်​တော့ ကိစ္စ​တွေက ထင်သ​လောက်မလွယ်ကူခဲ့ပါဘူး။ ဖီလစ် တစ်​ယောက် ပြိုင်ပွဲမှာအနိုင်ရဖို့ အစွမ်းကုန်ကြိုးစား​နေချိန်မှာ "ကံဆိုးမသွား​လေရာ အရပ်တိုင်း မိုးလိုက်၍ရွာ"ဆိုသလို သမီး ဖြစ်သူကို ဒုက္ခိတဖြစ်သွား​စေတဲ့အ​ခြေအ​နေနဲ့ ကြုံ့​တွေ့လိုက်ရတဲ့ အခါမှာ​တော့...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(2.23 GB) / (972 MB) / (543 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 49Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......ZWT Encoder..........SWM
movie

Ride Above (2022)

2022
[James Bond] For Your Eyes Only (1981) 6.7
[James Bond] For Your Eyes Only (1981) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Roger Moore ရဲ့  ၅ ကား မြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..ဒီထဲက Bond Girl ပြင်သစ်မင်းသမီး Carole Bouquet ကို‌တော့ စိတ်ထဲအတော်ကြာစွဲနေမိတတ်ပါတယ်...ရှောင်ကွန်နရီနေရာမှာ အကောင်းဆုံးအစားထိုးနိုင်တဲ့ ဘွန်းအဖြစ် ရော်ဂျာမိုးကို သတ်မှတ်ကြပါတယ်..တည်ငြိမ်ရင့်ကျက်တဲ့ ဘွန်းရဲ့ အရသာကို ခံစားရမှာပါ။IMDb Rating (6.7/10) ရရှိထားပါတယ်…။ File size…(2.3 GB) and (1.3 GB) Quality….BluRay 1080p and 720p Format…mp4 Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie

[James Bond] For Your Eyes Only (1981)

That Obscure Object of Desire (1977) 7.9
That Obscure Object of Desire (1977) That Obscure Object of Desire (1977) IMDb (7.9).........Rotten Tomatoes (100%)ပထမဆုံးပြောချင်တာက Rating တွေကိုကြည့်လိုက်တာနဲ့ အောက်ကဘာဘာညာညာ ဘာအညွှန်းမှမဖတ်ဘဲ ဇာတ်ကားကိုအရင်ဆုံး ကြည့်သင့်နေပြီလို့ အကြံပြုပါရစေ။အညွှန်းမဖတ်ဘဲ ဇာတ်ကားကို အရင်ဆုံးကြည့်လိုက်တာက ဒါရိုက်တာက ပေးချင်တဲ့ရသကို အရိုးသားဆုံးခံစားရဖို့ရှိပြီးအညွှန်းဖတ်လိုက်ရင်တော့ ကျွန်တော့်ရဲ့ဘက်လိုက်မှုအရိပ်အယောင်တွေ ကိုယ်ပိုင်ခံစားချက်အရိပ်တွေ စွန်းထင်သွားနိုင်ပါတယ်။ဒီဇာတ်ကားက ပြင်သစ်-စပိန်ဇာတ်ကားပါ...မင်းသားက Fernando Rey ဖြစ်ပြီး မင်းသမီးကတော့ Bond Girls တွေထဲကတစ်ယောက်ဖြစ်တဲ့ Carole Bouquet နဲ့ Ángela Molina တို့ဖြစ်ပါတယ်..အားလုံးကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီးတွေပါပဲ။ဒါရိုက်တာက Luis Buñuel ဖြစ်ပြီး သူနဲ့ပတ်သက်ပြီး အထူးသတိပေးထားလိုတာကတော့  သူရိုက်သမျှဇာတ်ကားတိုင်း နားလည်ရခက်တယ်ဆိုပြီး နာမည်တစ်လုံးနဲ့နေတာပါပဲ....ကံကောင်းတာက ဒီဇာတ်ကားမှာ သိပ်ပြီး ပညာစွမ်းမပြဘဲ ဖန်တီးထားသလို ဒီဇာတ်ကားဟာလဲ သူ့ဘဝရဲ့နောက်ဆုံးကားပါ..ဒီဇာတ်ကားရိုက်ပြီး  ၁၉၈၃ မှာကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့ဇာတ်ကားတိုင်းမှာ ဘယ်ကမှန်းမသိတဲ့ရသတစ်မျိုးကို အရှိအတိုင်းခံစားနေတတ်အောင် အစွမ်းပြတတ်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။ ...
movie

That Obscure Object of Desire (1977)

1977