Channel Myanmar

Caroline Quentin

A Week In Paradise (2022) 5.2
A Week In Paradise (2022) A Week In Paradise (2022)===================Have you ever got out of complicated relationships like get away and find yourself again? အခုတစ်ခေါက် CM ရဲ့ ပရိသတ်ကြီးတွေကို မိတ်ဆက်ပေးချင်တာကတော့ Rom-com အမျိုးအစားဖြစ်တဲ့ ဒရာမာလေးပဲ ဖြစ်ပါတယ်။ မက်ဂီဆိုတဲ့ နာမည်ကြီးသရုပ်ဆောင်အမျိုးသမီးတစ်ယောက်ဟာ သူ့ဘဝရဲ့ အလုပ်အကိုင် အိမ်ထောင်ရေးစသဖြင့် အစစအရာရာအဆင်ပြေတယ်လို့ ထင်နေချိန်မှာ ရုတ်တရက်ကြီး သူ့အိမ်ထောင်ဘက်က ဖောက်ပြန်တယ်လို့ သိလိုက်ရတာကြောင့် လက်ရှိဘဝထဲကနေ ခဏရုန်းထွက်ဖို့အတွက် Nevis ဆိုတဲ့ ကျွန်းလေးကို အလည်သွားခဲ့ပါတယ်... အဲဒီကျွန်းလေးပေါ်မှာ သူ့ကိုယ်သူ သက်သာရဖို့ အနားယူနေရင်းနဲ့ စားဖိုမှူး တစ်ယောက်ဖြစ်တဲ့ ဆမ်နဲ့ တွေ့ဆုံဖြစ်ကြပါတယ်... ကဲ ဒါဆိုရင် မက်ဂီတစ်ယောက် ကျွန်းလေးပေါ်မှာ စိတ်ဒဏ်ရာကို ဘယ်လိုဖြေ ဖျောက်မလဲ ပျော်ရွှင်မှုကို ဘယ်လိုပြန်လည်ရှာဖွေမလဲဆိုတာကို ပြသထားတဲ့ ရိုမန့်တစ်ဆန်ဆန် ကျွန်းပေါ်က ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြိုက်နှစ်သက် မယ်လို့ထင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah Theint ဖြစ်ပါတယ်)File Size - ...
movie

A Week In Paradise (2022)

2022
Miss Willoughby and the Haunted Bookshop (2022) 5.1
Miss Willoughby and the Haunted Bookshop (2022) Miss Willoughby and the Haunted Bookshop (2022) ဇာတ်လမ်းအညွှန်း****************************************လောကမှာ သရဲတစ္ဆေဆိုတာ တကယ်ပဲရှိသလားဒါမှမဟုတ် လူတွေရဲ့ စိတ္တအာရုံ သက်သက်ပဲလားမမြင်အပ်တဲ့အရာတွေ မြင်လာရတဲ့အခါမကြားသင့်တာတွေကြားလာရတဲ့အခါတကယ်ပဲ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်လာတာလားလူတွေရဲ့ ကောက်ကျစ်တဲ့စနက်လားဆိုတာ သိနိုင်ဖို့ ခဲယဥ်းလှပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း စာအုပ်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်ဟာအသက်ကြီးလာတော့မှပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံလာရပါတယ်။ဒီလိုဖြစ်လာလို့ သူရဲ့ မိတ်ဆွေဆီသွားပြီး အကူအညီတောင်းခဲ့ပါတယ်။သူ့မိတ်ဆွေ ခေတ်ပညာတတ်မိန်းမပျိုလေးက ဒီလို ဝိဉာဥ်လောကကို အယုံအကြည်မရှိပါဘူး။ဒါပေမယ့် ကြုံရတဲ့သူကလည်း လိမ်လည်ပြီးပြောနေတာမဟုတ်လို့ဒီနောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာဆက်လက် ရှာဖွေဖော်ထုတ်ကြတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကို ကြည့်ရင်းနဲ့ ငယ်ငယ်ကကြည့်ဖူးတဲ့ စကူဘီဒူကာတွန်းလေးကိုတောင် သတိရမိပါတယ်။မကောင်းဆိုးဝါးတွေဆိုတာ လက်တွေ့ဘဝမှာ တကယ်ရှိမလားဆိုတာကို စုံထောက်ဆန်ဆန်ရှာဖွေကြပုံကိုရိုက်ကူးပုံဖော်ပေးထားတာမို့လို့ တစ်ခါလောက်ဖြစ်ဖြစ် ကြည့်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ဇာတ်လမ်းလေးထဲမှာ Miss Willoughby အဖြစ် မင်းသမီးချော Nathalie Coxက ပါဝင်သရုပ်ဆောင်ထားပြီး Helen Deakin အဖြစ် Louise Bangay က သရုပ်ဆောင်ထားသလို တခြား အနုပညာရှင်များစွာလည်း ...
movie

Miss Willoughby and the Haunted Bookshop (2022)

2022
Father Christmas Is Back (2021) 5.0
Father Christmas Is Back (2021) Father Christmas Is Back (2021)=======================ခရစ်စမတ်ကာလနီးလာတာနဲ့အမျှ ခရစ်စမတ်ဇာတ်လမ်းလေးတွေအလျှိုလျှိုထွက်လာပါတယ်။ မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးတွေ ခရစ်စမတ်စွန့်စားခန်းကားလေးတွေထွက်လာပါတယ်။ ဒီကားလေးကလည်း မိသားစုဇာတ်အိမ်တည်ထားတဲ့ခရစ်စမတ်ဟာသကားလေးတစ်ကားပါ။ ခရစ်စမတ်နေ့ကြီးမှာ ဖခင်ဖြစ်သူရဲ့ထားခြင်းခံသွားရတဲ့Caroline Chirstmas Hopes က ခရစ်စမတ်ရဲ့အနှစ်သာရထက် ခရစ်စမတ်ပွဲကိုပြီးပြည့်စုံဖို့ကိုပဲဦးတည်နေခဲ့ပါတယ်။ဒါပေမယ့်အမြဲတမ်းအလွဲလွဲအချော်ချော်ဖြစ်ပြီး မှန်းထားသလိုဖြစ်မလာလို့ ဒီနှစ်ခရစ်စမတ်ကိုသေချာလုပ်မယ်ဆိုပြီးခြောက်လလောက်အချိန်ယူလုပ်ခဲ့ပါတယ်။ Carolineမှာ ညီမသုံးယောက်ရှိပြီး သူတို့ညီအစ်မတွေက Spitfire နဲ့ Messerschmittလို အပြိုင်ကြဲပြီးချနေကြပါ။ ဒီလိုညီအစ်မတွေနောက်တစ်ကြိမ်ပြန်ဆုံပြီးလုပ်ကြမယ့်ခရစ်စမတ်ပွဲလေးဆီ မထင်မှတ်ထားတဲ့လူတစ်ယောက်ကရောက်ချလာတဲ့အခါမှာတော့.....မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးပီပီ မြူးကြွတဲ့ဇာတ်အိမ်လေးနဲ့ကြည်နူးဖွယ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့Chit Tee, Thiha Yan Naing တို့ပဲဖြစ်ပါတယ်။)File size… (1.7GB)/ (1 GB) / (500 MB) Quality…..WEBRIP 1080p/720p/480p Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee, Thiha Yan Naing Encoder ..... SWM 
movie

Father Christmas Is Back (2021)

2021