Channel Myanmar

Casper Van Dien

A Tale of Two Guns (2022)
A Tale of Two Guns (2022)  အနောက်တိုင်းကောင်းဘွိုင်ကားတွေကိုကြိုက်တဲ့သူတွေအတွက်၂၀၂၂ တုန်းကထွက်ရှိခဲ့တဲ့ A Tale Of Two Guns ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကောင်းဘွိုင်ကားတွေထုံးစံအတိုင်း ဘိုင်ဝမ်းသေနတ်ယှဉ်ပစ်တာတွေနဲ့ သေနတ်ပစ်စကေးတွေကိုတစ်၀ကြီးကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ညွှန်းကလည်းမဆိုးတဲ့အတွက်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ဇာတ်ကားအစမှာတော့ ကောင်းဘွိုင်များလို့ခေါ်တဲ့ လူဆိုးအဖွဲ့နဲ့အရာရှိကြီးမက်တိတို့ တိုက်ခိုက်နေတာကိုတွေ့ရမှာဖြစ်ပြီး နှစ်ဖက်လုံးအထိနာခဲ့ကြပြီး လူဆိုးအဖွဲ့ထဲက အေဘယ်ဆိုတဲ့တစ်ယောက်ကလွတ်သွားပါတော့တယ်။အရာရှိကြီးလည်း သူ့ရဲ့ ညာလက်ရုံးကိုဆုံးရှုံးလိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတော့တယ်။အဲ့ဒါကြောင့်ညာလက်ရုံးအသစ် လိုအပ်နေတဲ့အရာရှိကြီးဆီကို ဟိုလင်ဂျာဆိုတဲ့လူတစ်ယောက်ရောက်ရှိလာပါတော့တယ်။  သူကလည်းရာဇဝတ်သားတွေကို နှိမ်နင်းရာမှာအရမ်းနာမည်ကြီးတဲ့ အရာရှိတစ်ယောက်ဖြစ်ပါတယ်။ဟိုလင်ဂျာရဲ့ အရည်အချင်းအစစ်အမှန်တွေကို အရာရှိကြီးတွေ့ပြီးနောက်မှာတော့ လွတ်မြောက်သွားတဲ့အေဘယ်ဆိုတဲ့ ၀ရမ်းပြေးကိုလိုက်လံဖမ်းဆီးဖို့ယုံယုံကြည်ကြည်တာဝန်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ ဟိုလင်ဂျာတစ်ယောက်အေဘယ်ကိုဘယ်လိုလိုက်ဖမ်းမလဲ လမ်းမှာရောဘယ်လို အခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ နောက်ဆုံးမှာရောဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…1.30 GB / 618 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 31m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

A Tale of Two Guns (2022)

Assailant (2022)
Assailant (2022)  Action/Thriller ကြိုက်တဲ့ သူတွေအတွက် မနှစ်ကထွက်ထားတဲ့ Assailant ဆိုတဲ့ ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ အိမ်ထောင်ရေး အဆင်မပြေတဲ့ Jason နဲ့ Zoe တို့ ဇနီးမောင်နှံနှစ်ယောက် အိမ်ထောင်ရေး အကြံပေးဆီကို သွားကြရင်း ရန်တွေဖြစ် ပြဿနာတက်ကာ သူတို့အိမ်ထောင်ရေးကို ကယ်တင်နိုင်ဖို့အတွက် သူတို့နှစ်ဦးချစ်သူဘဝကသွားခဲ့တဲ့ Caribbean တစ်ဝိုက်ကကျွန်းတွေကို ခြေလျင်လျှောက်ခရီးထွက်ဖို့ သဘောတူခဲ့ကြပါတယ်။ခရီးရဲ့ အစမှာထဲက မပြေလည်လာခဲ့ရင်း Taxi ထဲအဝင် ရေဒီယိုသတင်းမှာ လူသတ်သမားတစ်ယောက် လွတ်မြောက်နေတာကိုသိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်အတူ ညစာစားဖို့ စားသောက်ဆိုင်တစ်ခုမှာ Michael ဆိုတဲ့လူနဲ့ သိကျွမ်းခဲ့ပြီး အစမှာတော့ မိတ်ဖွဲ့ဆွေဖွဲ့ရင်း နောက်ပိုင်းမှာ Michaelက ထူးဆန်းလာပြီး Jason နဲ့ Zoeတို့ရှေ့မှာ လုံခြုံရေးတစ်ယောက်ကို ရန်ပြုခဲ့ပါတယ်။ နှစ်ယောက်လုံး ကြောက်လန့်တကြားထွက်ပြေးခဲ့ပေမယ့် Jasonရဲ့ ပိုက်ဆံအိတ်ကတော့ စားသောက်ဆိုင်မှာ ကျန်နေခဲ့ပါတယ်။ နောက်ရက် ကျွန်းတစ်ခုပေါ်မှာ သူတို့ထွက်ဖို့ ...
movie

Assailant (2022)

Sleepy Hollow (1999) 7.3
Sleepy Hollow (1999) IMDb Rating (7.3) / Rotten Tomatoes (70%)Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ...
movie

Sleepy Hollow (1999)

4K HEVCHDR
Monsters of California (2023)
Monsters of California (2023)  ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂြိုဟ်သားတွေ ရောက်နှင့်နေပြီးသားလို့ ပြောရင် ယုံကြမလား❓Sci-fi, Adventure သမားတွေအတွက် ဇာတ်လမ်းပဲ ဆိုပါတော့။အဓိကဇာတ်ဆောင်မင်းသားဖြစ်သူ ဒဲလက်စ်အက်ဝေါ့ဒ်က ဖခင်ဖြစ်သူ အကြောင်းမဲ့ ပျောက်ဆုံးသွားရတဲ့ကိစ္စကို တူးဖော်ဖို့ ကြိုးစားနေရင်း ဖခင်ဖြစ်သူရဲ့ အလုပ်အကြောင်းကို မတော်တဆ သိသွားခဲ့တယ်။ အဲနောက်မှာတော့ သူ့ဖခင်က အားလုံးယုံကြည်ထားသလို သေဆုံးသွားခြင်းမဟုတ်ဘူးဆိုတဲ့ သူ့ယုံကြည်မှုက ပိုပြီး ခိုင်မာလာခဲ့ပြီး သူ့အဖေထားတဲ့ သဲလွန်စတွေ၊ မှတ်စုတွေနဲ့ ဒီအဖြစ်အပျက်နောက်ကွယ်က အကြောင်းအရာတစ်ခုလုံးကို နောက်ကြောင်းလိုက်ဖော်ဖို့ သူငယ်ချင်းကောင်း ၂ ယောက်နဲ့အတူ မဆုတ်မနစ်ကြိုးစားတော့တယ်။ကမ္ဘာကြီးမှာ ကိုယ်တိုင်မတွေ့သရွေ့ ယုံနိုင်မှာ မဟုတ်တဲ့ အကြောင်းအရာတွေမှ အများကြီးပါ။ ဒီထဲက ဇာတ်ကောင်တွေကရော ကမ္ဘာကြီးရဲ့ ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေကို တွေ့ခဲ့ရမယ်လို့ ထင်ပါသလဲ❓ဒီကားထဲမှာ ဘာထူးခြားသလဲလို့ ပြောရရင် Sci-fi ဆိုပေမဲ့ ကိုးကွယ်မှုအကြောင်းတွေလဲပါတယ်၊ ဒသနိကဆိုင်ရာအကြောင်းအရာတွေလဲပါလဲ၊ သရဲ၊ တစ္ဆေအကြောင်းအရာတွေလဲ ပါတယ်။ ဒါတွေက မဆိုင်ဘဲ ...
movie

Monsters of California (2023)

The Flood (2023) 4.2
The Flood (2023) The Flood (2023) ================ဒီဇာတ်ကားလေးကတော့ အမေရိကန်နိုင်ငံ လူ၀စ်စီအာနားပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်းတိုက်နေတုန်း ထောင်ဖောက်ဖို့ကြိုးစားတဲ့ဇာတ်ကား လေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးအစမှာတော့ လူနှစ်ယောက်စကားပြော နေရင်း တစ်ယောက်က မုန်တိုင်းကြောင့်ရောက်လာတဲ့ မိကျောင်း(Alligator) စားတာခံလိုက်ရပါတယ်။ တစ်မြို့လုံးက ဟာရီကိန်းမုန်တိုင်းကြောင့် ရေ တွေကြီးပြီး မိကျောင်းတွေလည်းသောင်းကျန်းနေပြီပဲဖြစ်ပါတယ်။ရှဲရစ် ဟာအမျိုးသမီးအရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ရဲစခန်းဟာ လည်း ရေကြီးတဲ့ဒဏ်ကို အလူးအလဲခံစားနေရပြီး မိကျောင်းတွေရောက် ရှိလာပါတယ်။ တစ်နေ့တော့ ဟာရီကိန်းမုန်တိုင်းတိုက်နေတဲ့ကြားကနေ ထောင်သားတွေကိုရွှေ့ပြောင်းလာတဲ့အဖွဲ့တစ်ဖွဲ့က သူ့ရဲ့ရဲစခန်းကို ခိုလှုံဖို့ ရောက်လာပါတော့တယ်။ ရှဲရစ် ကတော့သူတို့ကို လက်မခံချင်ပေမယ့် မတတ်နိုင်ခဲ့ဘဲ လက်ခံလိုက်ရပါတယ်။ လာရောက်ခိုလှုံတဲ့ထောင်သား တွေကလည်း အမျိုးမျိုးဆိုးသွမ်းကြတဲ့သူတွေဖြစ်ကြောင်းကို သိလိုက် ရပါတယ်။ အဲဒီထဲကမှ ကိုဒီရက်ဆယ် ဆိုတဲ့သူကတော့ တည်ငြိမ်ပြီး တခြားသူတွေနဲ့ကွဲပြားနေပါတယ်။တစ်ဖက်မှာလည်း ကိုဒီ ကိုကယ်ချင်နေတဲ့အဖွဲ့ကရှိနေပါတယ်။ မုန်တိုင်း သဲနေတဲ့အချိန်၊ မိကျောင်းတွေအပြည့်နဲ့ ရဲစခန်းထဲမှာ အဲဒီအဖွဲ့က အထဲ ကိုဖောက်၀င်ပြီး ကိုဒီ ကိုလာရောက်ကယ်ဆယ်တဲ့အခါမှာတော့ ဘယ်လို ကြောက်လန့်ဖွယ်ရာတွေဖြစ်မှာလဲ၊ ဒီအခြေ‌အနေကိုဘယ်လိုကျော်ဖြတ် သွားမလဲ၊ ကိုဒီ ကရောဘယ်လိုလူလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာ ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat  ဖြစ်ပါတယ်)File Size..........(1.48 GB) / (565 MB) Quality............WEB-DL 1080p / ...
movie

The Flood (2023)

2023
Daughter (2023) 4.9
Daughter (2023) Daughter (2023) =============မိသားစုတစ်စုဟာ ဆုံးရှုံးသွားတဲ့ မိသားစုဝင်ကို ပြန်လည်အစားထိုးဖို့ သူစိမ်းမိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲအကျဉ်းချထားပါတယ်။ ဒီလူတွေရဲ့ အစီအစဉ်ကတော့ မရှိတော့တဲ့ သမီးလုပ်သူနေရာမှာ သဘာဝ ကျကျပူးပေါင်းနေထိုင်ပေးလာတဲ့အထိ ကောင်မလေးကို ချော့တစ်လှည့်၊ ခြောက်တစ်လှည့်သိမ်းသွင်းဖို့ပါပဲ။ အဖေနဲ့ အမေဆိုသူနှစ်ဦးကတော့ သားဖြစ်သူကို ပစားပေးဆက်ဆံကြပြီး သမီးအသစ်ဖြစ်လာမယ့် ဓားစာခံ လေးကတော့ ကောင်လေးအဖော်ရအောင်ထားပေးတဲ့ အစ်မအမည်ခံ ကစားဖော်သာသာပေါ့။ချုပ်နှောင်ခံရမှုအောက်မှာ အလျှော့ပေးလိုက်ရပြီး အယောင်ပြမိသားစု ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီးနောက်မှာတော့ Katherine တစ်ယောက် မချစ်သော်လည်းအောင့်ကာနမ်းတဲ့ဇာတ်ခင်းရပါပြီ။ ဆက်ဆံရေးအတု ကြားမှာ ပီပြင်အောင်သရုပ်ဆောင်နေရင်း ဒီမိသားစုရဲ့ရူးနှမ်းမှုအကြီးစား ကြီးကို တစ်စတစ်စပုံဖော်အဖြေရှာမိပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်)File Size..........(1.4 GB) / (515 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery Translator.......Hnin Wut Yi Encoder..........SWM
movie

Daughter (2023)

2023
Hunt Club (2022)
Hunt Club (2022) Hunt Club (2022) =============ကက်ဆန်ဒရာဆိုတဲ့ အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်မှာ ရည်းစားနဲ့ ရန်ဖြစ်ပြီး ချန်ထားခံရလို့ ဘယ်သွားရမှန်း မသိဖြစ်နေတဲ့အချိန်မှာ ဂျက်ဆန်နဲ့ ကာတာဆိုတဲ့ သားအဖ နှစ်ယောက်နဲ့ဆုံဖြစ်ပါတယ်။ ကက်ဆန်ဒရာလည်း ကာတာတို့နဲ့ ရင်းနှီးသွားပြီး မဲလိုက်ခရီးကို လိုက်ဖို့ခေါ်တာနဲ့ ဒေါ်လာ ၁ သိန်း ရမယ်လို့ ပြောတာမို့ ကက်ဆန်ဒရာလည်း အမဲလိုက်ခရီးကို လိုက်ခဲ့ပါတယ်။ တကယ်တမ်း ကာတာတို့ သားအဖ အမဲလိုက်တယ်ဆိုတာ တိရစ္ဆာန်တွေကို မဟုတ်ဘဲ မိန်းမတွေကို အမဲလိုက်တာ ဖြစ်နေတဲ့အချိန်မှာတော့ ကက်ဆန် ဒရာတစ်ယောက် လူသူမရှိတဲ့ ကျွန်းကြီးမှာ မုဆိုးတွေလက်ထဲက ဘယ်လို လွတ်အောင် ရုန်းကန်ရမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ပါဦး။ဒီဇာတ်ကားကတော့ သာမန်မြင်တွေ့နေကြ ပုံစံမျိုးဖြစ်တဲ့ သူငယ်ချင်းတစ်သိုက် ခရီးထွက်လာ၊ လူသတ်သမားနဲ့တွေ့ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရ၊ ထွက်ပြေးကြ နောက်ဆုံးမှာ မင်းသမီးတစ်ယောက်ပဲ လွတ်သွားဆိုတဲ့ မဲပြားပုဆိုး ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် Low Budget အမျိုးအစားဖြစ်တာမို့ ဇာတ်လမ်းကောင်းသလောက် ပေါ့သွားတဲ့နေရာမျိုးတွေ ရှိပါတယ်။ အများကြီး လုပ်ပြနိုင်ရဲ့သားနဲ့ ဒီအတိုင်း သာမန်လောက်ပဲဆိုတာမျိုးနဲ့ ဇာတ်သိမ်းသွားတာ ကိုတော့သိပ်မကြိုက်ချင်ပါဘူး။ သာမန်အပျင်းပြေပဲ ကြည့်ချင်တယ်ဆိုရင် ဒီကားကိုကြည့်ပါ ...
movie

Hunt Club (2022)

2022
Starship Troopers (1997) 7.6
Starship Troopers (1997) Genre – Action, Adventure, Sci-fi IMDB – 7.3/10ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်းပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီးလူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ်အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကိုရိုက်ကူးထားတဲ့လူပါ။နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effectစကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic ...
movie

Starship Troopers (1997)

1997
Starship Troopers 3: Marauder (2008) 5.0
Starship Troopers 3: Marauder (2008) 2008 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Starship troopers 3 ပိုးကောင်တွေနဲ့လူတွေရဲ့ကြားက တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။ရိုခုဆန်မှာ ပိုးကောင်စစ်ပွဲဖြစ်ပွါးခဲ့ပြီးနောက် ရိုခုဆန်ဒေသခံတွေကစစ်ပွဲကို ဆန့်ကျင်လာခဲ့ပါတယ်၊ အဲဒါကြောင့် ဒေသခံတွေဟာသူတို့နယ်မြေအတွင်းရှိ စစ်သားတွေကို မထီမဲ့မြင်ဆက်ဆံလာပါတယ်။တစ်နေ့မှာတော့ စစ်ဌာနချုပ်ကနေ ဗိုလ်ချုပ်ကြီးအိုမာအနုတ်၊ဗိုလ်ချုပ်ဟောင်ဇာနဲ့ လိုလာဘက်ခ်တို့ လာရောက်လှည့်ပတ်ကြည့်ရှုပါတယ်။အဲဒီအချိန်မှာပဲ ရိုခုဆန်မှာရှိတဲ့ ပိုးကောင်တွေကိုဟန့်တားထားတဲ့ခြံစည်းရိုးလုံခြုံရေး ပျက်ဆီးသွားလို့ ဗိုလ်ချုပ်ဟောင်ဇာကစစ်မြေပြင်ကို ထိန်းချုပ်ပြီး ဗိုလ်ချုပ်ကြီးအိုမာနဲ့လိုလာဘက်ခ်တို့ကဌာနချုပ်ကိုပြန်သွားကြပါတယ်...ဗိုလ်ချုပ်ကြီးအိုမာတို့ယာဉ်ဟာ လမ်းခုလတ်မှာစက်ချို့ယွင်းပြီးကန္တာရတစ်ခုမှာ ပျက်ကျသွားပါတယ်၊ ဌာနချုပ်ကိုကယ်ဆယ်ရေးအကူအညီလှမ်းတောင်းပေမယ့် ဌာနချုပ်က လျစ်လျူရှုခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးအိုမာတို့ ဌာနချုပ်ကိုပြန်နိုင်မလား...ကန္တာရထဲမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကိုဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရအောင် File size…  2.4 GB /  1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni
movie

Starship Troopers 3: Marauder (2008)

2008
Mad Heidi (2022) 6.1
Mad Heidi (2022) Mad Heidi (2022)(1080p ရပါပြီ)ဒီဇာတ်ကား‌လေးက ဆွစ်ဇာလန်က Alps တောင်တန်းတွေမှာ ဇာတ်အိမ်စတည်ထားပြီး အသည်းတစ်ခြမ်း မိန်းမကြမ်းကားကိုမှ ဟာသလေးနည်းနည်းနှောပြီးကြည့်ရမယ်ကားလေးပါပဲ။ဟာသနှောဆိုပေမယ့် ခပ်ပေါ့ပေါ့ကားတော့မဟုတ်ဘဲ သွေးထွက်သံယိုနဲ့ကြည့်ရမှာပါ။ဖြစ်ကြောင်းကုန်စင်ကတော့ အဲ့အချိန်အခါက ဆွစ်ဇာလန်မှာ ဆွစ်ချိစ်ကို မစားရင်၊ ချိစ်မှာပါတဲ့ နို့သကြားဓာတ်ကိုမခံနိုင်ရင် ရာဇဝတ်မှုဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခံရပါတယ်တဲ့။ အဲ့အမိန့်ချတဲ့ ဆွစ်ခေါင်းဆောင်ကြီးဟာဆိုရင်ဖြင့် သူ့ချိစ်ကို ပြည်တွင်းမှာတင်မက နိုင်ငံအနံ့တင်ပို့ပြီး ကမ္ဘာကို အပိုင်သိမ်းချင်နေတာပါ။တောင်ပေါ်သူ ဟိဒ်ဒီလေးရဲ့ ချစ်သူဆိတ်ပီတာဟာ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အသတ်ခံလိုက်ရလို့ ကလဲ့စားချေလိုမှုကစတာပါပဲ။အသည်းတစ်ခြမ်းနဲ့ မုဆိုးမ မိန်းမကြမ်းကြီး ဟိဒ်ဒီတစ်ယောက် ဘယ်လိုကလဲ့စားချေမလဲ? ကမ္ဘာကိုရောကယ်တင်နိုင်မလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ဆွစ်ဇာလန်သူလေးရဲ့အဖြစ်ကို ဆွဇ်ဇာလန်ရိုးရာ လက်နက်တွေ၊ ဝတ်စုံတွေအပြင် ဆွစ် ချိစ် လှိုင်လှိုင်နဲ့ ကြည့်ရမယ့်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းကို ကို Themes က ရေးပေးထားပါတယ်။)File Size          : 1.9GB, 886MB, 418MB Quality  ...
movie

Mad Heidi (2022)

2022
The Most Dangerous Game (2022) 5.0
The Most Dangerous Game (2022) ဆန်းဂါးရိန်းဖို့ဒ်နဲ့ သူ့ဖခင် နာမည်​ကျော်မုဆိုးမိတ်​ဆွေတစ်သိုက်ဟာ ကိုဒီယက်ဝက်ဝံ​​တွေကို ​အမဲလိုက်ဖို့ ကိုဒီယက်ကျွန်းကို ​​ရေ​ကြောင်း ခရီးထွက်ခဲ့ရင်း သင်္ဘော​ပျက်ပြီး ကျွန်းတစ်ကျွန်း​ပေါ်ကိုရောက်သွား ကြပါတယ်။သင်္ဘော​တွေ မကြာခဏပျက်တယ်လို့ နာမည်ရထားတဲ့ ကျွန်း​ပေါ်မှာ ဂျာမန်စစ်ပြန်တစ်​ယောက်နဲ့ သူ့တပည့်က ရှိ​နေပါတယ်။ထိုဂျာမန်စစ်ပြန်ကလည်း အမဲလိုက်တာဝါသနာထုံပြီး ဆန်းဒါးတို့​ကို ကမ္ဘာ​ပေါ်မှာ အခက်ခဲဆုံးသား​ကောင်ကို ဒီကျွန်း​ပေါ်မှာ အမဲလိုက်ဖို့ ဖိတ်​ခေါ်ခဲ့ပါတယ်။ထိုသား​ကောင်အ​ကြောင်းရိပ်မိတဲ့ ဆန်းဒါးတို့က မလိုက်ချင်​ကြောင်း ငြင်းတဲ့အခါမှာ​ ဂျာမန်​ကောင်က ဆန်းဒါးမှအပ ကျန်သူ​တွေကိုသတ်လိုက်ပြီး အချိန်၃ရက်ထိကြာတဲ့ သူ့ရဲ့အမဲလိုက် ကစားပွဲထဲ အတင်းအကျပ်ဝင်ပါ​စေပါ​တော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ )File Size__(1.7GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:32:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt
movie

The Most Dangerous Game (2022)

Alita: Battle Angel (2019) 7.5
Alita: Battle Angel (2019) အနာဂတ်ကာလမှာပါ။ တစ်စစီဖြစ်နေတဲ့ စက်ရုပ်မလေးတစ်ယောက်ဟာCyber-doctor တစ်ယောက်ကယ်တင်ခဲ့လို့ ပြန်လည်နိုးထလာခဲ့တယ်။သူ့ကိုယ်သူ ဘယ်သူမှန်းမျသိ၊ အပြင်လောကအကြောင်းလည်းဘာမှမသိတဲ့ Alita ဟာ တိုက်ရည်ခိုက်ရည်ကျွမ်းလှတဲ့အတွက် သူ့မိသားစုကိုကာကွယ်ရင်းနဲ့မှ သူ့ရဲ့အတိတ်၊ သူနေထိုင်တဲ့မြို့နဲ့ သူ့ရဲ့ရည်မှန်းချက်တို့ကို ပြန်လည်သိရှိလာခဲ့ပါတယ်။Review … နာမည်ကျော် Japan Anime series တို့ကို ရုပ်ရှပ်အဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။Manga/anime adaptation တွေထဲမှာ ရှားရှားပါးပါး source material အရသာမပျောက်အောင် အကောင်းဆုံးဖန်တီးထားနိုင်တယ်လို့fan တွေကပြောပါတယ်။Creator ကြီး Yukito Kishiro ကိုယ်တိုင်ကဒီကားကို ၅ ခေါက်တိတိကြည့်ပြီးပြီဖြစ်ပြီးသူ့အတွက်တော့ "Greatest movie in the world" ပါပဲလို့ပြောပါတယ်။ကျွန်တော် anime/manga တစ်ခုမှမသိပါဘူး။ဆိုတော့ ရုပ်ရှင်တစ်ကားအနေနဲ့ပဲ မြင်သလောက် ပြောကြည့်ပါမယ်။Avatar ဖန်တီးရှင်ကြီး James Cameron ကိုယ်တိုင်producer အဖြစ်ပါဝင်ပြီး Robert Rodriguez ရိုက်ကူးထားတဲ့Alita: Battle Angel ရုပ်ရှင်ဟာ တကယ့် visual spectacle ကြီးတစ်ခုပါပဲ။အရာအားလုံးက ...
movie

Alita: Battle Angel (2019)

2019
4K HEVC OpenMatte
Acquitted by Faith (2020) 3.0
Acquitted by Faith (2020) Acquitted by Faith (2020) ဇာတ်လမ်း အကျဉ်းကတော့ ဒီလိုပါ။ ရှေ့နေတစ်ဦးဖြစ်တဲ့ ဘန်ဂျမင် စတေးလ်ဟာ မတော်တဆ ယာဉ်တိုက်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါဟာလည်း ကားမောင်းရင်း ဖုန်းသုံးတာ၊ စာရိုက်တာကြောင့် ဖြစ်ခဲ့ရတာပါ။ အတိုက်ခံလိုက်ရတဲ့ ကလေးမလေးဟာ ကင်ဆာရောဂါသည် ဖြစ်နေခဲ့ပါတယ်။ ကလေးမလေးကတော့ အရေးပေါ်အခြေအနေနဲ့ ဆေးရုံတက်နေခဲ့ရပါတယ်။ ဒီကလေးမလေးသာ သေသွားခဲ့ရင်တော့ ဘန်ဂျမင် တစ်ယောက် ယာဉ်စည်းကမ်းချိုးဖောက်မှုနဲ့ လူသေမှုတို့နဲ့ အရေးယူခံရပြီး ထောင်ကျနိုင်ကိန်း ရှိပါတယ်။ ဒါ့အပြင် အများပြည်သူကလည်း သူတို့မိသားစုအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။ ဒီတော့ ကလေးမလေး အသက်ရှင်နိုင်ဖို့အရေး ဘန်ဂျမင်တစ်ယောက် ဘုရားမှတစ်ပါး ကိုးကွယ်ရာ မရှိတော့ပါဘူး။ ဘုရားမှာ ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ ဘန်ဂျမင် အတွက် ဘုရားသခင်က ခွင့်လွှတ်နိုင်ပါ့မလား ဆိုတာတော့ ...... မင်းသားကတော့ Starship Troopers ထဲက Casper Van Dien ပဲ ဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded ...
movie

Acquitted by Faith (2020)

2020
Roped (2020) 7.3
Roped (2020) ဒီတစ်ခေါက်တော့ စီအမ်ပရိတ်သတ်ကြီးအတွက် ၂၀၂၀ မှာထွက်ထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းကတော့ အမေရိကန်က ပေါတာခရိမြို့က ကောင်းဘွိုင်တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ပေါတာခရိမြို့မှာ ထရေစီ ရဲ့ အဖေက မြင်းရိုင်းထိန်းပွဲတွေကို ပိတ်ပင်ဖို့အတွက်ဦီးစီးဉီဆောင်ပြုပြီး ဆောင်ရွက်နေပါတယ် ဒါပေမယ့် သူ့သမီး ထရေစီကတော့ ကောင်းဘွိုင်တစ်ယောက်ဖြစ်တဲ့ ကော်တန်ကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့ပါတယ် အဲ့ဒီမှာ သူ့အဖေက ကောင်းဘွိုင်နဲ့ ဝေးဝေးနေခိုင်းပါတော့တယ် နောက် ထရေစီရဲ့ရည်းစားကလည်း ကောင်းဘွိုင်နဲ့ မတည့်ပါဘူး သူတို့ရဲ့ အချစ်ရေးက ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုရမှာပါ နောက်ပြီးတော့ ထရေစီရဲ့ အဖေက ကောင်းဘွိုင်တွေကို မြင်းပွဲ ကိစ္စတွေကြောင့် တယူသန် အမြင်မကြည်ဖြစ်နေတာတွေ ရှိနေပါတယ် အဲ့ဒီလို ခံယူချက်ချင်း ကွဲလွဲပြင်းထန်နေတဲ့အခါ ကောင်းဘွိုင်လေးနဲ့ ထရေစီရဲ့ အချစ်ရေးက ဘယ်လိုမျိုး ရှေ့ဆက်ဖို့ ရှိလာနိုင်မလဲ ဒါကို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ် File Size - 975 mb Quality - web-dl 1080p Subtitle - burmese Translator - Pyae Shan Tun Wai Encoder - Thit San ...
movie

Roped (2020)

2020
Lady Driver(2020) 6.3
Lady Driver(2020) Lady Driver(2020) အယ်လီလန်းစင်းဆိုတဲ့ အသက်၁၆နှစ်သာရှိသေးတဲ့ ​ကောင်မလေးဟာ ဖခင်ဆုံးပြီးနောက်ပိုင်း အမေနောက်အိမ်ထောင်ပြုခဲ့လေတော့သူမနဲ့ပထွေးဖြစ်သူနဲ့ သိပ်အစေးမကပ်လှ....အိမ်တွင်းအဆင်မပြေမှုတွေကို ယာဥ်မောင်းသင်တန်းကျောင်းတစ်ခုက ကားပစ္စည်းအစိတ်အပိုင်းတွေ စက်ပြင်အတန်းချိန်တွေနဲ့အစားထိုးပြီးသူမအချိန်တွေကို မြှုပ်နှံထားပါတယ် ...တစ်နေ့ အယ်လီတစ်ယောက် ကားမောင်းလိုင်စင်ရပီးနောက်မှာ အိမ်ကထွက်ပြေးဖို့ကြံပါတော့တယ်..ဒီလိုနဲ့ ယာဥ်မောင်းသင်တန်းက ကားစုတ်ကြီးတစ်စီးကိုခိုး အမြန်လမ်းပေါ်တက်မောင်းပါတော့တယ်..ဒီနေ့တင်လိုင်စင်ရတယ် ဒီနေ့တင် တစ်ယောက်တည်းကားတက်မောင်းတဲ့ အာဂကောင်မလေး အမြန်လမ်းတစ်နေရာရောက်တော့ကားစုတ်ကြီးက radiator ထဖောက်လို့ ထိုးရပ်လိုက်ရာကနေ သူမရဲ့ ဆုံးသွားတဲ့အဖေရဲ့ ညီဖြစ်သူနဲ့ ဘယ်လိုအကြောင်းဖန်တွေ့ဆုံပီးရွှံ့မြေပြေးလမ်းတွေပေါ်က ပြိုင်ကားထိုင်ခုံပေါ် သူမဘယ်လိုရောက်သွားမလဲကြည့်ရမှာပါ..ကားဝါသနာအိုးလေးဖြစ်တဲ့ အယ်လီလန်းစင်းအတွက် သာမန်ကားမောင်းရတာနဲ့ ပြိုင်ကားမောင်းရတာ ဘယ်လိုကွဲလွဲမှုတွေရှိမယ် ..သူမအတွက်ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲဆိုတာတော့ ခံစား ကြည့်ရှုကြည့်ပါ...Racer movie တွေကိုခုံမင်တဲ့သူတွေအတွက်တော့ တကယ်ကြည့်ပျော်တဲ့ကားဖြစ်မှာအာမခံပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်....File Size : (850 MB) and (360 MB) Quality : WEB-DL 720p Format…mp4 Duration…01:44:00 Genre : Sport Subtitle : Myanmar Subtitle ...
movie

Lady Driver(2020)

Last Seen in Idaho (2018) N/A
Last Seen in Idaho (2018) အသစ်ထွက်ရှိလာတဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးနာမည်က Last seen in Idaho (2018)ပဲဖြစ်ပါတယ်။ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးလို့ပြောရမှာပါ။ဒီကားထဲမှာ ကိုယ်က အော် ဒီလိုကိုး လို့တွေးလိုက်မိတဲ့အချိန် နောက်ထပ်အံ့အားသင့်စရာတစ်ခုက ထပ်ပေါ်လာပြန်ပါတယ်ဗျ။ဇာတ်လမ်းရဲ ့အကျဉ်းချုပ်လေးကတော့ အက်ဆီးဒန့်တစ်ခုကြောင့် သတိလစ်နေခဲ့တဲ့ အမျိုးသမီး Summer...ရုတ်တရက်သတိရလာချိန်မှာ အက်စီးဒန့်ဖြစ်ခဲ့တဲ့အကြောင်းတွေကိုမမှတ်မိတော့ပဲ နောင်ဖြစ်လာမယ့်အနာဂါတ်မှာသူ့အသတ်ခံရမယ့်အကြောင်းကို ကြိုမြင်လာရပါတော့တယ်။တစ်ရွေ့ရွေ့ရွေ့လျားနေတဲ့အချိန်ရယ် လူသတ်သမားရယ် သူမရယ် အားပြိုင်မှုတွေကြောင့် တော်တော်လေးကောင်းတဲ့ကားတစ်ကားဖြစ်လာတယ်ပဲ ပြောရမယ်ဗျ။ဘာဖြစ်လာမယ်ဆိုတာကို ကြိုတွေးလို့မရတဲ့ကားမျိုးကိုကြိုက်တတ်တဲ့ CMပရိသတ်ကြီးအတွက် Last seen in Idaho(2018)ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။Qty - 720p Web DLGern - Action / ThrillerDuration - 1hr 55minTranslator - Ye YintReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Last Seen in Idaho (2018)

2016
All About the Money (2017) 6.1
All About the Money (2017)    2017 ခုနှစ်ထွက်ရှိထားတဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ကြမ်းကြမ်းတမ်းတမ်းသတ်ဖြတ်ခန်းတွေ ထိုးခန်းကြိတ်ခန်းတွေကိုကြိုက်နှစ်သက်တဲ့သူတွေ အနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ကားလေးပါဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်က အလိုရှိစာရင်းဝင်ထားတဲ့ရာဇ၀င်လူဆိုးကြီး နှစ်ယောက် သူတို့ နှစ်ယောက် ဟာ အမေရိကန် အစိုးရရဲ့လိုက်လံ ဖမ်းဆီးမှုကနေ ရှောင်ဖို့ အတွက် ကိုလံဘီယာ တောင်အမေရိက တလျှောက်ထွက်ပြေးနေပါတယ် ဒီလိုနဲ့ သူတို့ ကံဆိုးတဲ့ တစ်ရက်ရောက်လာချိန်မှာတော့ သူတို့ နဲ့ ပတ်သက်ဖူးသူတစ်ယောက်က သူတို့ ကို လိုက်လံ ရှာဖွေ တဲ့ အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲအရင်ကကော သူတို့ ဘာပြသနာတွေ ရှိခဲ့ကြလဲဆိုတာတွေကိုတော့ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ Qty - 720p Web-DlDuration - 1hr 45minGern - ActionSubtitle - MyanmarTranslator - Nay ChiEncoder - Kyaw Ye Aung
movie


2017
Starship Troopers: Traitor of Mars (2017) 5.5
Starship Troopers: Traitor of Mars (2017) ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ မားစ်ဂြိုလ်ပေါ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ပိုးကောင်တွေကို သုတ်သင်ဖို့စေလွှတ်ခြင်းခံရတဲ့ လက်နက်ကိရိယာတွေတပ်ဆင်ထားတဲ့ကင်းလှည့်တပ်စုတစ်စုအကြောင်းပါ... ထိုတပ်စုဟာ ပညာသင်ယူလေ့လာနေဆဲတပ်စုတစ်စုဖြစ်ပြီးတော့ တကယ်တမ်း အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ အတွေ့ကြုံများတဲ့ တပ်စုတစ်စုလို မားစ်ဂြိုလ်ပေါ်ကိုစေလွှတ်ခြင်းခံခဲ့ရပါတယ်... တိုက်ပွဲအတွေ့ကြုံမရှိတဲ့အပြင် တကယ်တမ်းပိုးကောင်တွေနဲ့ရင်ဆိုင်လာရတဲ့အခါ ထိုလူငယ်တပ်စုဟာအမှားမှားအယွင်းယွင်းတွေဖြစ်ကုန်ကြပါတယ်.... အားလုံးကလည်း မားစ်ဂြိုလ်ပေါ်မှာထိုတပ်စုကို သေဆုံးသွားကြပြီလို့လည်းယူဆကြပါတယ်.. ဒါကြောင့် အာကာသပိုင်ဗိုလ်ချုပ်ကနေ ထိုမားစ်ဂြိုလ်ကိုအပြီးတိုင်ဖောက်ခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်.. လူငယ်တပ်စုဟာ မားစ်ဂြိုလ်ပေါ်ကနေများပြားလှတဲ့ ပိုးကောင်တွေကိုအချိန်မှီဖယ်ရှားပြီးတော့ သူတို့နေထိုင်ရာ ယာဉ်ဆီကို အမြန်ဆုံးပြန်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်.... Animation ကြိုက်သူများအတွက်ကတော့ ရုပ်ထွက်ပီပြင်တဲ့ Animation ကားဖြစ်တဲ့အပြင် ဇာတ်လမ်းသဘောအရပါ ကောင်းမွန်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်.....ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ မားစ်ဂြိုလ်ပေါ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ပိုးကောင်တွေကို သုတ်သင်ဖို့စေလွှတ်ခြင်းခံရတဲ့ လက်နက်ကိရိယာတွေတပ်ဆင်ထားတဲ့ကင်းလှည့်တပ်စုတစ်စုအကြောင်းပါ... ထိုတပ်စုဟာ ပညာသင်ယူလေ့လာနေဆဲတပ်စုတစ်စုဖြစ်ပြီးတော့ တကယ်တမ်း အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ အတွေ့ကြုံများတဲ့ တပ်စုတစ်စုလို မားစ်ဂြိုလ်ပေါ်ကိုစေလွှတ်ခြင်းခံခဲ့ရပါတယ်... တိုက်ပွဲအတွေ့ကြုံမရှိတဲ့အပြင် တကယ်တမ်းပိုးကောင်တွေနဲ့ရင်ဆိုင်လာရတဲ့အခါ ထိုလူငယ်တပ်စုဟာအမှားမှားအယွင်းယွင်းတွေဖြစ်ကုန်ကြပါတယ်.... အားလုံးကလည်း မားစ်ဂြိုလ်ပေါ်မှာထိုတပ်စုကို သေဆုံးသွားကြပြီလို့လည်းယူဆကြပါတယ်.. ဒါကြောင့် အာကာသပိုင်ဗိုလ်ချုပ်ကနေ ထိုမားစ်ဂြိုလ်ကိုအပြီးတိုင်ဖောက်ခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်.. လူငယ်တပ်စုဟာ မားစ်ဂြိုလ်ပေါ်ကနေများပြားလှတဲ့ ပိုးကောင်တွေကိုအချိန်မှီဖယ်ရှားပြီးတော့ သူတို့နေထိုင်ရာ ယာဉ်ဆီကို အမြန်ဆုံးပြန်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်.... Animation ကြိုက်သူများအတွက်ကတော့ ရုပ်ထွက်ပီပြင်တဲ့ Animation ကားဖြစ်တဲ့အပြင် ဇာတ်လမ်းသဘောအရပါ ကောင်းမွန်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်.....Quality…..BluRay 1080p Duration…..01:40:00 Format…Mp4 File Size…(754 MB ) Translator…..Arrow Encoder…..Moe Myint Lwin
movie


2017