Channel Myanmar

Castulo Guerra

Terminator 2: Judgment Day (1991) 8.6
Terminator 2: Judgment Day (1991) လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ ...
movie

Terminator 2: Judgment Day (1991)

1991
Beverly Hills Chihuahua 2 (2011) 5
Beverly Hills Chihuahua 2 (2011) Beverly Hills 2 (2011) အညွှန်းဒီတစ်ခါ Beverly Hills 2 မှာတော့ မကြီးကျယ်လေးခလိုဝီတစ်ယောက် LA ကိုပြန်ရောက်ပြီး သခင်နဲ့လည်းပြန်တွေ့ရ လင်လည်းရဆိုသလို ပါပီနဲ့လက်ထပ်လိုက်ပြီး ခွေးလေး၅ကောင်ပါမွေးလာခဲ့ပါတယ်။ပါပီ့သခင်ဆမ့်အိမ်ကို သွားလည်ကြတဲ့နေ့မှာတော့ ဆမ့်မိဘတွေမပြေမလည်ဖြစ်လို့ အိမ်ကိုဘဏ်မှာပေါင်ထားရပြီး အကြွေးမဆပ်နိုင်ဖြစ်နေတာကိုသိခဲ့ရပါတယ်။လမ်းဘေးခွေးလေးဘဝကနေ အိမ်ပေါ်ခေါ်တင်ပေးထားတဲ့သခင်တွေကြောင့် နေစရာအိမ်ဆိုပြီးရှိလာခဲ့တဲ့ပါပီကတော့ သခင်တွေရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ကြိုးစားပေမယ့် ပိုသာဆိုးသွားခဲ့ပါတယ်။ ပါပီတို့အမှားကြောင့် အချိန်၃ပတ်လေးတောင်မရတော့ဘဲ အိမ်ပေါ်ကနေချက်ချင်းဆင်းပေးလိုက်ရတဲ့ ဆမ်တို့မိသားစုလည်း အဝေးကြီးကိုပြောင်းသွားရဖို့ဖြစ်လာတဲ့အခါမှာ ......ဘဏ်ဓားပြတိုက်မှုကြောင့် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့အတူကြည့်ရှုရမှာပါ....။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:37:00 Type__Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt
movie

Beverly Hills Chihuahua 2 (2011)

The Mexican (2001) 6.1
The Mexican (2001) ဘရတ်ပစ်နဲ့ ဂျူလီယာရောဘတ်ကို ဒီလိုဇာတ်လမ်းမှာ တွဲပြထားတာ ထိပ်တန်းစိတ်ကူးပါပဲ...နှစ်ယောက်လုံးရဲ့သရုပ်ဆောင်မှုတွေ အသက်ဝင်ချက်တွေဆိုတာလေ ကိုယ်တိုင်နှစ်မြောသွားပြီး ပြုံးစိစိကိုဖြစ်နေတာပဲ။ခင်ဗျားအချစ်ဇာတ်လမ်းတစ်ခုရိုက်မယ်ဆိုရင် Mexico လို ဒုစရိုက်တွေပြုံနေတဲ့နေရာမှာ Romance ဆန်ဆန်ရိုက်မယ်လို့ စိတ်ကူးမလား...ပြီးရင် တကယ့်ကြေးစားနာမည်ကြီးလူသတ်သမားတွေက ဘယ်လိုနူးညံ့တယ်ဆိုတာမျိုးရော ထည့်ရိုက်မလား...ပြီးရင် ဇာတ်လမ်းနဲ့ပက်သက်ပြီး မိတ်ဆက်ရာမှာ တကယ်အပြင်မှာဖြစ်နေသလိုမျိုး ကမူးရှူးသောနဲ့ အစီအစဉ်မကျဘဲ ရိုက်မယ်ရော စိတ်ကူးဖူးလား...ဇာတ်လမ်းအမျိုးအစားက အလွဲခန်းတွေကိုထိုင်ရယ်ရမှာလို အချစ်တွေနဲ့ရင်ခုန်ရမှာလို သေနတ်ပစ်ခန်းတွေပဲရင်တုန်ရမှာလို စွန့်စားခန်းတွေကြားထဲပျော်ရွှင်ရမှာလို ရှေးခေတ်ပုံပြင်ထဲမှာပဲ မိန်းမောရမှာလိုနဲ့ တကယ့်ကမောက်ကမ ဘဝင်ကျစေမှာမျိုးကို ရိုက်မလား..ရိုက်တဲ့လူတော့ရှိပါတယ်...ခုဇာတ်ကားကိုရိုက်ထားတဲ့ ဒါရိုက်တာ Gore Verbinski ဖြစ်ပြီး သူ့ကိုတော့ Pirates of the Caribbean (1-3) ရိုက်ကူးတဲ့ဒါရိုက်တာအဖြစ် နာမည်ကျော်ကြားလူသိများပါတယ်။ဇာတ်လမ်းကတော့...ဂျယ်ရီ က ဘာမဆို နမော်နမဲ့လုပ်တတ်တဲ့လူငယ်တစ်ယောက်ပါ။ နမော်နမဲ့လုပ်တတ်လွန်းလို့လည်း မီးနီကိုမမြင်ဘဲ ဖြတ်မောင်းလိုက်တာ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ကားကို ဝင်ကျုံးမိပါလေရော။ ရဲတွေရောက်လာတော့ လူဆိုးဂိုဏ်းချုပ်ကြီးရဲ့ကားနောက်ဖုံးထဲမှာ လူတစ်ယောက်ကို ကြိုးနဲ့တုပ်ဖမ်းလာတာ တွေ့သွားကြတယ်။ အဲဒါနဲ့ပဲ ဂိုဏ်းချုပ်ကြီးခမျာ ...
movie

The Mexican (2001)

Deathstroke: Knights & Dragons – The Movie (2020) 7.2
Deathstroke: Knights & Dragons – The Movie (2020) စစ်တပ်ရဲ့စမ်းသပ်မှုတွေကြောင့် Slade Wilson ဟာ တခြားသောအရာတစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့တယ် ဒါပေမဲ့ သူ့မိသားစုကိုတော့ ဘာတစ်ခုမှအသိမပေးဘဲ လျှို့ဝှက်ထားတယ်။ သူက ကြေးစားလူသတ်သမားတစ်ယောက်ဆိုတာကိုပေါ့။ ဒါပေမဲ့ သူ့မှာ ကျင့်ဝတ်တစ်ခုတော့ရှိတယ်။ အပြစ်မဲ့သူတွေကို သူ မသတ်ဘူး။ ကမ္ဘာကြီး ပိုကောင်းဖို့အတွက် ကြိုးစားနေတယ်လို့ သူ့ကိုယ်သူမှတ်ယူထားခဲ့တယ်။ H.I.V.E. ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းက တစ်နေ့မှာ သူ့ဘဝထဲဝင်ရောက်လာပြီး သူတို့မိသားစုကို ဒုက္ခပေးဖို့ ကြိုးစားတော့တယ်။ Deathstroke တစ်ဖြစ်လဲ Slade Wilson ဟာ သူ့သားလေးကို ဖတ်ပြနေကြပုံပြင်စာအုပ်ထဲက နဂါးတွေကိုသတ်ပစ်တဲ့ သူရဲကောင်းတစ်ယောက်လို သူ့ကိုယ်သူမှတ်ယူပြီး ကမ္ဘာကြီးမှာ ဒုစရိုက်မှုတွေလျော့ကျသွားဖို့ ကြိုးပမ်းနေတဲ့သူတစ်ယောက်ပါ။ ဒီကားလေးထဲမှာ Deathstroke ရဲ့ origin အပြင် သူ့ရဲ့family lifeနဲ့ mercenary life အကြောင်းတွေကို လှလှပပပုံဖော်ပေးထားပါတယ်။ R rated လည်းဖြစ်တာကြောင့် သတ်ဖြတ်တဲ့အခန်းတွေဟာလည်း တကယ်အားရစရာကောင်းလွန်းပါတယ်။ DC fan တွေအတွက် ကျေနပ်မှုအပြည့်အဝပေးပါလိမ့်မယ်။   File Size : ( 819 MB , 243 MB) Quality : WEB Rip 720p Running Time : ...
movie

Deathstroke: Knights & Dragons – The Movie (2020)

The Purge: Anarchy (2014) 6.5
The Purge: Anarchy (2014) ဒီဇာတ်ကားဟာ iMDb rating အနေနဲ့ 6.5/10 ရရှိထားပြီး Action/Thriller အမျိုးအစားဖြစ်ပါတယ်Action ကားကြမ်းကြမ်းမှကြိုက်နှစ်သတ်သူတွေ လုံးဝအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းလေးကတော့  2023 ခုနှစ် အမေရိကန် နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်အဲ့ဒီအချိန်ကာလအမေရိကန် နိုင်ငံကို (Nation Reborn)အဖြစ်သက်မှတ်ပြီး တည်ထောင်သူအသစ်များ(New Founding Fathers) အမည်ခံအစိုးရအဖွဲ့မှ နိုင့်ငံမူဝါဒ စည်းစနစ်များကို ပြောင်းလဲချမှတ်ကြပါတယ်။တည်ထောင်သူအသစ်များ အစိုးရ အနေနဲ့ လူဦးရေ တိုးပွားမှုကိုကန့်သက်ထိန်းချုပ်ရန်အတွက် တစ်နှစ်မှာ တစ်ည သုတ်သင်ရှင်းရေး(Purge) လုပ်ခွင့်ပြုလိုက်ကာ March လ 21 ရက်နေ့ ညနေ 6 နာရီမှ 22ရက်နေ့ မနက် 6နာရီ အထိ 12 နာရီ အတွင်းတွင် လူသတ်မှုအပါအဝင်ရာဇဝတ်မှုများကိုတရားဝင် ကျူးလွန် ခွင့်ပေးထားပါတယ်။ဇာတ်ကားရဲ့ဇာတ်အိမ်ကိုတော့ ဆဋ္ဌမမြောက် သုတ်သင်ရှင်းလင်းရေးညမှာဇာတ်အိမ်တည်ထားပါတယ် အဲ့ဒီနေ့ ညမှာ အပြင်ကို လက်နက်အပြည့်အစုံကားတစ်စီးနဲ့ ထွက်လာတဲ့ ...
movie

The Purge: Anarchy (2014)

2014