Channel Myanmar

Catherine Haun

Sicario: Day of the Soldado (2018) 7.3
Sicario: Day of the Soldado (2018)  Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကိုကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်းရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာလုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာကပထမကားက Denis Villeneuve မဟုတ်တော့ပဲ StefanoSollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေJosh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက်မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်းအာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာလုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး ...
movie

Sicario: Day of the Soldado (2018)

2018
4K HEVC
When You Finish Saving the World (2022) 5.9
When You Finish Saving the World (2022) When You Finish Saving the World (2022)ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့တဲ့ အေဘရာဟမ်လင်ကွန်းကို သူ့မိန်းမကတော့ အထင်မကြီဲးနိုင်ခဲ့ဘူးတဲ့။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြတဲ့ လူငယ်လေးတွေဟာလည်း ပန်းကန်ဆေးရမှာ သိပ်ပျင်းတတ်ကြတယ်။ အချစ်ထက် ကမ္ဘာကြီးကို ဦးစားပေးခဲ့တဲ့လူတွေလည်း ရှိကောင်းရှိခဲ့မှာပေါ့။ ကိုယ့်အနားကအရာတွေကို ပျောက်ရှသွားရင် ကမ္ဘာကြီးကရော ရှိပါ့ဦးမလား။ အားလုံးရဲ့ကမ္ဘာကို ကယ်တင်ပြီး ကိုယ့်ကမ္ဘာကိုယ် ပျောက်ရှခဲ့ဖူးသူတွေ ရှိလိမ့်မယ်။ ကမ္ဘာကြီးကိုလည်း မကယ်တင်နိုင်၊ ချစ်ခြင်းတရားကိုလည်း မကယ်တင်နိုင်ဖြစ်သွားကြတဲ့ လူတွေလည်းဒုနဲ့ဒေး ရှိနေမလားပဲ။ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပုံထားတဲ့ ထမင်းပန်းကန်တွေကိုဆေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မွေးထားတဲ့ ကြောင်ကလေးကို ခေါင်းပွတ်ပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ စိုက်ထားတဲ့ သစ်ပင်လေးကို ရေလောင်းပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပျိုးထားတဲ့ ငါတို့အတ္တတွေကို ပြန်ငြိမ်းသတ်ဖို့မတတ်နိုင်တဲ့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မေ့ထားတဲ့ ငါတို့အနားကအရာတွေကို ပြန်သတိရဖို့အရာ ကမ္ဘာကြီးကို ပြောင်းလဲရင်း ကမ္ဘာကြီးက ငါတို့ကိုပြန်ပြောင်းလဲပစ်နိုင်တာ မမေ့ပစ်သင့်တဲ့ ကမ္ဘာ...A24 ကနေ ဖြန့်ပေးထားတဲ့ အမေရိကန် Coming-of-Age Comedy Drama ...
movie

When You Finish Saving the World (2022)

2022
Half Brothers (2020) 5.4
Half Brothers (2020) Half Brothers (2020)================IMDb Rating - 5.4/10ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ family drama ကားကောင်းလေးတစ်ကားပါ။ရီနာတို ဆိုတဲ့ကောင်လေးတစ်ယောက်က ပျော်ရွှင်စရာကောင်းတဲ့ မက္ကဆီကန်မိသားစုသုံးယောက်ရှိတဲ့အထဲက သားလေးတစ်ယောက်ပါ။ နိုင်ငံစီးပွားရေးတွေ ကျပ်တည်းလာတဲ့အချိန် ရီနာတိုရဲ့အဖေ ဖလာဗီယိုက အမေရိကန်မှာ အလုပ်သွားလုပ်ဖို့ ဖြစ်လာခဲ့ပြီး ရီနာတိုကိုပြန်လာမယ်လို့ ကတိပေးခဲ့ပေမဲ့လည်း ပြန်မလာနိုင်ခဲ့ပဲ အမေရိကမှာ တစ်အိုးတစ်အိမ်ထူထောင်လိုက်ပြီလို့ သိခဲ့ရတယ်။ ရီနာတိုကတော့ သူ့အဖေကို အကြီးအကျယ်စိတ်နာနေခဲ့တယ်။ နှစ်တွေအများကြီးကြာပြီး ရီနာတိုတစ်‌ယောက် ကိုယ်ပိုင်မိသားစုထူထောင်တော့မဲ့အချိန် သူ့အဖေရဲ့အမေရိကန်မိသားစုက ဖလာဗီယိုတစ်ယောက် နောက်ဆုံးအခြေအနေရောက်နေပြီမို့ လာတွေ့ဖို့အသိပေးတဲ့အတွက် အမေရိကကို သွားဖို့ အကြောင်းရှိလာတဲ့အချိန် သူ့မှာ ညီတစ်ယောက်ရှိနေတာကိုပါ သိလိုက်ရပြီး ဖလာဗီယိုသေဆုံးခါနီးမှာ ရီနာတိုတို့ မိသားစုကို စွန့်ပစ်ခဲ့ရတဲ့အကြောင်းကိုရှာဖွေဖို့ ပဟေဠိဆန်ဆန်ချန်ခဲ့တာကြောင့် ရီနာတိုတစ်ယောက် သူ့ရဲ့ ဖအေတူမအေကွဲညီနဲ့အတူ ရှာပုံတော်ဖွင့်ရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကိုဘာသာပြန်ရေးသားပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie

Half Brothers (2020)

2020
Gold(2016) 6.7
Gold(2016) Gold(2016) IMDb....6.7 စီးပွားရေးနဲ့သက်ဆိုင်တဲ့ကားတွေထဲမှာ ကြည့်ပြီးသလောက် ကျွန်တော့ရင်ထဲကို တစ်သသစွဲကျန်စေလောက်အောင်ကောင်းတဲ့ (၂)ကားရှိတယ်... ပထမ တစ်ကားကတော့ The Wolf of Wall Street (2013) ဖြစ်ပြီး ဒုတိယကားကတော့ ယ္ခု Gold(2016) ဆိုတဲ့ကားပါပဲ.... (၂)ကားလုံးဟာ ဖြစ်ရပ်မှန်ကို အခြေခံထားကြသလို  သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲမင်းသားတွေဖြစ်တဲ့ Leonardo  နဲ့ Matthew တို့ ကိုယ်စီသရုပ်ဆောင်ထားကြတယ်... Rating အနေအထားအရ The Wolf of Wall Street ကိုတော့မမှီနိုင်ပေမယ့် အဲ့ဒီကားနီးပါးကောင်းတယ်လို့တော့ ပြောလို့ရမယ်ထင်တယ်... ဒီကားအတွက် Matthew  ဟာ ကိုယ်အလေးချိန် ပေါင်(၄၀)တက်အောင်ပြုလုပ်ခဲ့ရတယ်...ဗိုက်ရွှဲရွှဲ အရက်တမြမြ  စစ်ကရက်မီးခိုးတစ်အူအူနဲ့ Matthew ကို အားမာန်ပါပါ ဒီကားထဲမှာတွေ့ရလိမ့်မယ်... ဇာတ်ကားအကြောင်းကိုနည်းနည်းသွားရအောင်.... ကန်နီဝဲလ်စ်ဆိုတဲ့သူတစ်ယောက်ပိုင်တဲ့  ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုရှိတယ်.....ကန်နီတို့ ဘိုးဘွားစဉ်ဆက်ပိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်သလို သူကိုယ်တိုင်ကလည်း ဒီအလုပ်ကို ချစ်မြတ်နိုးတယ်...သို့ပေမယ့် ကန်နီလက်ထက်မှာ ကုမ္ပဏီက ကျရှုံးလုနီးပါးဖြစ်နေတယ်... ဒီလိုအခြေအနေမှာ ကုမ္ပဏီကိုပြန်အဖတ်ဆယ်ဖို့ ဘယ်သူမှမလုပ်ရဲတဲ့အလုပ်တစ်ခု လုပ်ဖို့သူဆုံးဖြတ်လိုက်တယ်... အဲ့ဒါကတော့ အင်ဒိုနီးရှာကိုသွားပြီး ရွှေကြောကြီးရှာဖို့ ဘုမိဗေဒပညာရှင်တစ်ယောက်နဲ့ ပေါင်းပြီး ရှာဖွေဖို့ စွန့်စားခဲ့ပါတော့တယ်... ဒီရှာဖွေဖို့အတွက် ရှိသမျှစည်းစိမ်ပုံအောရသလို သူပူးပေါင်းတဲ့ ဘူမိဗေဒပညာရှင်ပြောဆိုတဲ့ ရွှေတူးဖို့နေရာကလည်း တခြားပညာရှင်တွေအားလုံးက ငြင်းပယ်ထားတဲ့ နေရာကြီးဖြစ်နေပါတယ်.. ကိုင်းရွှေကြောကြီးကိုတွေ့မလား.....သူအောင်မြင်မလား.... ခေါင်းပုံဖြတ်ချင်တဲ့ကုမ္ပဏီကြီးတွေကရော ကန်ကို ဘယ်လိုတွေဖိအားပေးမလဲ.... ကိုင်းခံစားကြည့်လိုက်ပါဦး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်... File Size : (958 MB) and (386 MB) Quality : ...
movie

Gold(2016)

2016