Channel Myanmar
Catherine McCormack
28 Weeks Later (2007)
28 Weeks Later (2007)  Zombie ကားလိုမျိုး တစ်တိုင်းပြည်လုံးဗိုင်းရပ်စ်ကူးစက်ခံရလို့ပြေးရတဲ့ Survival ကားမျိုးကြိုက်သူတွေအတွက် 2007ခုနစ်ခုနှစ်ကထွက်ရှိထားတဲ့ 28 weeks later ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားမှာ Jeremy Rennerလည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့အင်္ဂလန်နိုင်ငံမှာ ကုသလို့မရတဲ့ဗိုင်းရပ်စ်တစ်မျိုးကူးစက်ပြန့်ပွားနေပြီး တစ်နိုင်ငံလုံးနီးပါးရောဂါကူးစက်ခံထားရပါတယ် ခြောက်လအကြာမှာတော့ ကူးစက်ခံထားသူတွေဟာအစာငတ်မွတ်မှုကြောင့်သေဆုံးသွားကြပါတယ် လန်ဒန်ကနေရာတစ်ခုမှာ ဗိုင်းရပ်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ပြီး အသက်ရှင်လွတ်မြောက်လာတဲ့သူတွေကအဲ့မှညပဲနေရပါတယ် အမေရိကန်စစ်တပ်နဲ့ဆေးအဖွဲ့ကလည်း ပြန်လည်ထူထောင်ရေးအတွက်ကူညီပေးနေပါတယ်တမ်မီနဲ့အန်ဒီတို့မောင်နှမနှစ်ယောက်ဟာ ကျောင်းလေ့လာရေးခရီးသွားနေတာကြောင့် ဒီဖြစ်ရပ်နဲ့မကြုံတွေ့လိုက်ရပါဘူး သူတို့ပြန်ရောက်လာတဲ့အခါမှာတော့ အသက်ရှင်သူတွေထဲမှာ သူတို့အဖေပဲပါလာပြီး သူတို့အမေပါမလာတော့တာကိုတွေ့လိုက်ရပါတယ် သူတို့နှစ်ယောက်သူ့အမေရဲ့ဓာတ်ပုံကိုလိုချင်လို့ လုံခြုံတယ်လို့သတ်မှတ်ထားတဲ့နေရာကိုကျော်ပြီး သူတို့အရင်အိမ်ကိုပြန်သွားရာကနေ ဗိုင်းရပ်စ်ပိုးပြန်လည်ပြန့်ပွားလာတဲ့အခါ........ File size…(3.5 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Thriller, Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie
28 Weeks Later (2007)
The Tailor of Panama(2001)
The Tailor of Panama(2001) The Tailor of Panama(2001)**************************James Bond မင်းသားကြီး Pierce Brosnan အပြင် Geoffrey Rush,Jamie Curtis တို့လိုနာမည်ကြီး သရုပ်ဆောင်များနဲ့ ဟယ်ရီပေါ်တာမင်းသားလေး Daniel Radcliffe ကကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးရဲ့ အပျော်မယားနဲ့ကိစ္စတွေရှုပ်ခဲ့လို့ ပန်နမာကိုစေလွှတ်ခံရတဲ့ စစ်တပ်သတင်းဌာနက အန်ဒီအော့စ်နာဟာ ပန်နမာမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မကောင်းမှုဒုစရိုက်တွေကိုစုံစမ်းဖို့ ပုံပြောကောင်းတဲ့ အပ်ချုပ်သမား ဟယ်ရီပန်ဒယ်ကိုအကြပ်ကိုင်ခိုင်းစေပါတယ်။ ဟယ်ရီအနေနဲ့ သူ့ရဲ့အတိတ်ကအကြောင်းတွေကို မပေါ်စေချင်တဲ့အတွက်ကြောင့်ပဲ အန်ဒီခိုင်းသမျှကိုလိုက်လုပ်ပေးရာကနေ ဘယ်လောက်အထိဆိုးဝါးသွားမလဲ... သူ့ရဲ့ပုံပြောကောင်းတဲ့အရည်အချင်းနဲ့ ဘယ်လိုဇာတ်လမ်းတွေဖန်တီးခဲ့တာလဲဆိုတာကို လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်.....File Size :(3.4GB) (0.9GB) and (472MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:49:00 Genre : Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie
The Tailor of Panama(2001)
Shadow of the Vampire (2000) 7
Shadow of the Vampire (2000)  2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ ထူးခြားမှု‌တွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်ကြည့်ရှုတဲ့ပရိသတ်တွေအတွက် မတူညီတဲ့ ရသတစ်မျိုးကို ပေးစွမ်းနိုင်မှာဖြစ်ပြီး အသစ်အဆန်းကိုတောင့်တနေတဲ့သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်Cast တွေအနေနဲ့လည်း မခေလှတဲ့သူတွေချည်းပါပဲ Tobey Maguire Spider-Man မှာ Green Goblin အနေနဲ့ ပါ၀င်ခဲ့တဲ့ Willem Dafoe....\action ကားတော်တော်များများမှာ တွေ့မြင်နေကြဖြစ်တဲ့ John Malkovich...ရုပ်ရှင်ချစ်သူတွေနဲ့ မျက်နှာမစိမ်းလှတဲ့ဂျာမန်သရုပ်ဆောင် Udo Kier အစရှိသဖြင့် ဝါရင့်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးပါဒီဇာတ်ကားဟာ ဂျာမန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ F.W Murnau က နာမည်ကြီးရုပ်ရှင်ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းNosferatu ကို ရိုက်ကူးဖန်တီးဖြစ်ခဲ့ပုံကို စိတ်ကူးယဉ်ဆန်ဆန် တစ်ဖန်ပြန်လည်ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပါတယ်ဇာတ်လမ်းအရဆိုရင်တော့ Nosferatu ကို ဖန်တီးဖြစ်ခဲ့ပုံဟာ ထိုခေတ်ထိုအခါက Bram Stoker ရဲ့ နာမည်ကြီး story ဖြစ်တဲ့Dracula ကို မူပိုင်ခွင့် ...
movie
Shadow of the Vampire (2000)
Spy Game (2001) 7.1
Spy Game (2001) Spy Game(2002) =========== IMDb - 7.1Spy Gameဟာ စပိုင်ရုပ်ရှင်ပေမဲ့ မြင်နေကျ စပိုင်ကားတွေလို စပိုင်က ကြမ်းထော် ဂေါ်ထွက်နေတဲ့စပိုင်တွေအကြောင်း မဟုတ်ဘူး။လက်တွေ့ကျကျ စပိုင်လောကကို ချည်းကပ်ပြသွားတဲ့ ကားပါပဲ။ စပိုင်လောကကို ရှင်းပြ SPYဖြစ်အောင်ဘာတွေလုပ်ရလဲရောပြသွားပြီး ဝါရင့်စပိုင်ကြီးရဒ်ဖို့က စပိုင်ပေါက်စ ဘရက်ပစ်ကို စပိုင်ပညာတွေသင်ပေးတာကို သေချာနီးပါး ပြသွားတယ်။ရဒ်ဖို့ရဲ့ကာရိုက်တာနဲ့ စီအိုင်အေဌာနချုပ်ကြားညဏ်ကစားတွေအခန်းတွေဆို တော်တော်လေး သဘောကျစရာပါပဲ။ ဒါရိုက်တာတိုနီစကော့ ကလည်း စပိုင်ကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ အရှေ့အလယ်ပိုင်း ပြဿနာတွေရော၊ တရုတ်ပြဿနာတွေရော စုံနေအောင်ကိုသုံးပြီး ရှေ့ဆက်ဘာဖြစ်မလဲ ရင်ဖိုစရာကောင်းအောင် ဒါရိုက်တာက ခပ်အေးအေးနဲ့ တဖြည်းဖြည်းချင်း ချပြသွားတယ်။ Actionခန်းနည်းပေမဲ့ တော်တော်ကောင်းတဲ့ စပိုင်ကားလို့ဆိုရပါလိမ့်မယ်။ အထနှေးပေမဲ့ ဆုံးအောင်ကြည့်ပြီးတဲ့အခါ ပရိတ်သတ်ရင်ထဲကျန်နေခဲ့မယ့် ကားကောင်းလို့ ကျွန်တော်တော့ ထင်တယ်။( အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )Browse this websiteFile Size__2.2 GB , 1.1 GB Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__02:06:00 Type__Action , ...
movie
Spy Game (2001)
The Song of Names (2019) 6.3
movie
The Song of Names (2019)
2019
28 Weeks Later (2007) 7.0
28 Weeks Later (2007) 28 weeks later (2007) IMDb - 7.0/10_____Rotten - 71%    IMDb 7 Rotten Tomatoes 71% Metacritic 78% ရထားတဲ့ 28 weeks later ဇာတ်ကားဟာတော့သာမန် ရောဂါကူးစက်တဲ့ zoombie ကားတွေနဲ့မတူဘဲ အချစ်မေတ္တာ အတိမ်အနက် ကိုပါတွေ့မြင်နိုင်မှာပါ ရောဂါကိုအမြစ်ပြတ်သလောက်ရှင်းနိုင်ခဲ့ပြီး အင်္ဂလန်ရဲ့ ခရိုင်လေးမှာ ပြန်လည်ထူထောင်ခဲ့ပေမယ့် မမျှော်လင့်တဲ့ အဖြစ်ဆိုးက ကံကြမ္မာတပတ်ပြန်လည်လာသောအခါဝယ်... မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားတကားဖြစ်ကြောင်းသာညွှန်းပါရစေ   (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်)    IMDb 7 Rotten Tomatoes 71% Metacritic 78% ရထားတဲ့ 28 weeks later ဇာတ်ကားဟာတော့သာမန် ရောဂါကူးစက်တဲ့ zoombie ကားတွေနဲ့မတူဘဲ အချစ်မေတ္တာ အတိမ်အနက် ကိုပါတွေ့မြင်နိုင်မှာပါ ရောဂါကိုအမြစ်ပြတ်သလောက်ရှင်းနိုင်ခဲ့ပြီး အင်္ဂလန်ရဲ့ ခရိုင်လေးမှာ ပြန်လည်ထူထောင်ခဲ့ပေမယ့် မမျှော်လင့်တဲ့ အဖြစ်ဆိုးက ကံကြမ္မာတပတ်ပြန်လည်လာသောအခါဝယ်... မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားတကားဖြစ်ကြောင်းသာညွှန်းပါရစေ(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်)    File Size         : 790 MB Quality           : Blu ray Rip 720P Running Time : 1hr 40 minute Format           ...
movie
28 Weeks Later (2007)
2007