Channel Myanmar

Cha Soon-Bae

My Worst Neighbor (2023) 6
My Worst Neighbor (2023) My Worst Neighbour (2023)ဒီတစ်ခါမှာ ချိုချိုချဉ်ချဉ်လေးခံစားရစေမယ့် Romance ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးပါမယ်ဇာတ်လမ်းအကျဉ်းကတော့ အဆိုတော်အဖြစ် လူရွေးပွဲဝင်ချင်တဲ့ အီဆွန်းဂျင်းဟာ လွတ်လွတ်လပ်လပ်နဲ့ လေ့ကျင့်ချင်တဲ့အတွက် အိမ်ငှားရပါတယ်... အိမ်ရှာတဲ့နေရာမှာလည်း ပေါချောင်ကောင်းလိုချင်တဲ့ သူ့အဖြစ်က ငိုရခက်ရယ်ရခက်ပါပဲဘာလို့လဲဆိုတော့ ငှားလိုက်တဲ့အိမ်က ဟိုဘက်တိုက်နဲ့ ဖုန်းဆက်စရာတောင်မလိုဘဲ စကားပြောလို့တောင်ရတဲ့အထိ အသံက ထိုးချင်းပေါက် ကြားနေရတာပါအဲတော့ အဆိုလေ့ကျင့်ချင်တဲ့သူနဲ့ ဟိုဘက်အိမ်က ကောင်မလေးတို့ရဲ့ ရန်ပွဲစပါတော့တယ်.. အဲလိုရန်ဖြစ်ရင်းနဲ့ပဲ သံယောဇဉ်တွေဖြစ်လာပြီး နောက်ပိုင်း မျက်နှာတောင်မမြင်ဖူးသေးဘဲ တွဲတဲ့အဆင့်ထိရောက်လာပါလေရောမျက်နှာတောင်မမြင်ဖူးဘဲ သံယောဇဉ်တွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ရှေ့ဆက်လို့အဆင်ပြေပါ့မလား.. ဖြစ်လာတဲ့ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်Genre.....Comedy, Romance Quality…. 1080p | 720p File size… 1.1GB | 526MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

My Worst Neighbor (2023)

2023
The Witch: Part 2. The Other One (2022) 6.6
The Witch: Part 2. The Other One (2022) The Witch Part 2: The Other One (2022) Kim Dami နဲ့ Choi Woo-Shik တို့ရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင် The Witch:The Subversion ရဲ့ အဆက်အနေနဲ့ The Witch Part 2 ထွက်ရှိလာပါပြီ။Part 2 မှာတော့ အားလုံးသိကြတဲ့ မင်းသား Lee Jong-Suk နဲ့ xtraordinary Attorney Woo ထဲက မင်းသမီး Park Eun Bin တို့ပါဝင်ထားသလို Part 1 က Casts တော်တော်များများလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်း ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ၊ အစမ်းသပ်ခံလူသားတွေ အားလုံးကို ရှင်းလိုက်ပေမဲ့ အဲဒီထဲကတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ KyungHee တို့ အမှတ်မထင် တွေ့ဆုံပြီးတဲ့နောက် ဒီမိန်းကလေးကို ကာကွယ်ဖို့အတွက် ...
movie

The Witch: Part 2. The Other One (2022)

2022
Night in Paradise (2021) 6.6
Night in Paradise (2021) Night in paradise (2020)အက်ရှင်ကားဆို "အသေကြမ်းမှ ဖိုက်တင်ကောင်းမှ ကြည့်ချင်တယ်" ဆိုတဲ့ဘဒိုတွေအတွက် ဒီနှစ် ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့က လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ခပ်ကြမ်းကြမ်း လူဆိုးအက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိုရီးယား အက်ရှင်ကားထဲမှာ တော်တော် ကောင်းတဲ့ကားလေးတစ်ကားဖြစ်ပြီး သရုပ်ဆောင် ဇာတ်လမ်းဇာတ်ကွက်တွေကလည်း သွေးအေး လူမိုက်ကာရိုက်တာ အရသာကိုထိထိမိမိပေးနိုင်တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ပတ်ထယ်ဂူဆိုတဲ့ ကြေးစားလူမိုက်တစ်ယောက်အကြောင်းပါပဲ။ သူက သူ့ခေါင်းဆောင် ယန်းသူဌေးပေါ်မှာ အလွန် သစ္စာစောင့်သိသူတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ သူ့သူဌေးရဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဘို့ဆွန်းအဖွဲ့က သူဌေးယန်းဆီက ခွာပြီး သူတို့အဖွဲ့ဝင်အဖြစ် လာခဲ့ဖို့ ပတ်ထယ်ဂူကို ကမ်းလှမ်းလာပါတယ်။ ဒါပေမယ့် သစ္စာရှိလူမိုက် ပတ်ထယ်ဂူက ဘို့ဆွန်းအဖွဲ့ဆီသွားဖို့ငြင်းပယ်ခဲ့တဲ့အတွက် သူ့ရဲ့ခင်တွယ်ရာ မိသားစု ဖြစ်တဲ့ သူ့အစ်မနဲ့တူမလေးက ရန်ငြိုးထားအသတ်ခံလိုက်ရပါတယ်။ဒီအတွက် ထယ်ဂူတစ်ယောက် အစ်မနဲ့တူမလေးအတွက် လက်စားချေဖို ဘို့ဆွန်းဂိုဏ်း ဥက္ကဌဒိုကို တစ်ယောက်တည်းသွားတွေ့ပြီး ရက်ရက်စက်စက် ရှင်းပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျယ်ဂျူကျွန်းမှာ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ဂျယ်ယွန်းဆိုတဲ့ အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျယ်ယွန်းမှာလည်း လျှို့ဝှက်ချက်တွေနဲ့ပါပဲ။ အသက်ပြင်းလွန်းတဲ့ ဘို့ဆွန်းဂိုဏ်းခေါင်းဆောင် ဥက္ကဌဒိုက မသေသွားဘဲ ဒဏ်ရာအပြင်းအထန်ရပြီး ...
movie

Night in Paradise (2021)

2021
A Taxi Driver (2017) 7.9
A Taxi Driver (2017) A Taxi Driver (2017)IMDb - 7.9/10_____Rotten - 96%   IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်းတွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ကျန်တဲ့မြို့တွေ ...
movie

A Taxi Driver (2017)

2017
Innocence ( 2020 ) 6.5
Innocence ( 2020 ) ဒီဇာတ်ကားက ၂၀၁၉ခုနှစ်ကထွက်ရှိထားတဲ့ ရှေ့နေတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Angel’s Last Mission ထဲကမင်းသမီးShin Hye-sun ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြုှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။လူတွေရဲ့စရိုက်၊လောဘစိတ်၊အတ္တစိတ်တွေကိုလည်းပေါ်လွင်အောင်ရိုက်ပြထားပြီးအမှန်တရားဆိုတာ ဘယ်လောက်ဖုံးကွယ်ထားပါစေ တစ်ချိန်မှာပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးထားပါတယ်။သရုပ်ဆောင်တွေကလည်းတကယ်သရုပ်ဆောင်ကောင်းသလို တရားရေးဥပဒေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့ ညွှန်းဆိုပေးချင်ပါတယ်။Translated & Review By Moe PwintEncoded By LK
movie

Innocence ( 2020 )

The Gangster, the Cop, the Devil (2019) 6.9
The Gangster, the Cop, the Devil (2019) The Gangster, The Cop, The Devil (2018) ၂၀၁၈ တုန်းက ထွက်ရှိခဲ့တဲ့ မာဒုန်ဆွတ်ရဲ့ ဇာတ်လမ်းကောင်းတစ်ကားပါ Train to Busan ထဲက လူသန်ကြိး မာဒုန်ဆွတ်ဆိုတာနဲ့ ဇာတ်လမ်းက ကောင်းပြီးသားဆိုတာ ခန့်မှန်းမိမှာပါ အခုကားကတော့ ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဂိုဏ်စတားတစ်ယောက်ရယ် ရဲတစ်ယောက်ရယ် မကောင်းဆိုးရွားတစ်ကောင်ရဲ့ ဇာတ်လမ်းပါ သူတို့ ၃ ယောက် ဘယ်လိုများ ဆက်စပ်နေကြပါလိမ့် ချွန်းချောင်တောင်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ လူသတ်မှုတွေကို ကွင်းဆက်လူသတ်မှုအဖြစ် ဆက်စပ်မိတဲ့ ရဲစုံထောက် တစ်ယောက်..... မမျှော်လင့်ဘဲ ကွင်းဆက်လူသတ်သမားရဲ့ ဓားနဲ့အထိုးခံလိုက်ရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်...... လူသတ်သမားကို မိဖို့အရေး ပူးပေါင်းလိုက်ကြရဖို့ ဖြစ်လာတဲ့အခါ..... ရဲ နဲ့ လူဆိုး ပူးပေါင်းဖို့ရာ ဖြစ်နိုင်ပါ့မလား????? ကွင်းဆက်လူသတ်သမားကိုရော ဖမ်းမိပါ့မလား????? မှုခင်းဇာတ်လမ်းဖြစ်တဲ့အတွက် စလယ်ဆုံး လုံး၀စိတ်ဝင်စားဖို့ ကောင်းပါတယ် တစ်ကားလုံးကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ကိုရီးယားကားကောင်းတစ်ကား ဖြစ်ပါတယ်ဗျာ Translated By : August Encoded By : X Code
movie

The Gangster, the Cop, the Devil (2019)

2019
Svaha: The Sixth Finger (2019) N/A
Svaha: The Sixth Finger (2019) Svaha the sixth finger ဒီရုပ်ရှင်ကတော့ နက်ဖလစ် ရဲ့ ကိုရီးယား ဇာတ်ကားအသစ်ပါပဲ။ Horror, Thriller အမျိုးအစားပဲ ပြောရမှာပါပဲ။ ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်သူဖြစ်ပါတယ်။ သူလိုက်နေတဲ့အမှုတစ်ခုဟာ လူသတ်မှုတွေနဲ့ ပတ်သတ်လာခဲ့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။ မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ ဘာသာပြန်သူကိုယ်တိုင်လည်း အပြည့်အဝနားမလည်ပါဘူး။ နားလည်နိုင်မှုကတော့ ကြည့်တဲ့သူတွေရဲ့ အတွေးနဲ့ သိထားတဲ့ ဗဟုသုတတွေအပေါ် နည်းနည်းတော့ အခြေခံမှာပါ။ ကြည့်ကြည့်လိုက်ကြပါ။ ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်။
movie


2019
Stand by Me (2018) 8.0
Stand by Me (2018) Stand by meဆိုတဲ့ 2018ထွက်​ ကားသစ်​​လေးက​တော့ Drama အမျိုးအစားဖြစ်​ပြီး  ဖြစ်​ရပ်​မှန်​ကို ပြန်​လည်​ပုံ​ဖော်​ထားတဲ့ ကား​လေးတစ်​ကားပါဒီဇာတ်​ကား​လေးကို စိတ်​မခိုင်​တဲ့လူ​တွေ ကြည်​့မယ်​ဆိုရင်​​တော့ တစ်​သျှူး​လေး​တော့ ​ဆောင်​ထားကြပါ​နော်​ဒီကား​လေးမှာ​တော့ အသက်​ရဝအရွယ်​ အဖိုးတ​ယောက်​က ​မြေး​လေးနှစ်​​ယောက်​ကို ပင်​ပင်​ပန်​းပန်​း ရှာ​ဖွေ​ကျွေး​မွေး​စောင်​့​ရှောက်​ရင်​း ​​နေထိုင်​​နေခဲ့တယ်​ဘယ်​​လောက်​ပဲ အဖိုးချစ်​ခင်​​စောင်​့​ရှောက်​​နေပါ​စေမိဘ​မေတ္တာငတ်​​နေတဲ့ က​လေး​တွေက​တော့ အ​မေနဲ့အ​ဖေကိုသာ လွမ်​းဆွတ်​​နေခဲ့ရှာပါတယ်​အဖိုးဖြစ်​သူက အ​မေ့ကို ​မောင်​းထုတ်​လိုက်တယ်​ဆိုပြီး က​လေး​တွေက အဖိုးကို တခါတ​လေ မုန်​းတီးတတ်​ပါတယ်​အဲ့လိုနဲ့ အဖိုးဖြစ်​သူက အဆုတ်​ကင်​ဆာဖြစ်​​နေခဲ့ပြီး​တော့ က​လေး​တွေကို ဘယ်​လိုဆက်​လုပ်​ရမှန်​းမသိ​တော့ပဲ​ချွေးမဖြစ်​သူကို ရှာဖို့ကြိုးစားပါ​တော့တယ်​​ချွေးမဖြစ်​သူကို​တော့ အဖိုးက သူ့သား​သေသွားတာကို အာမခံ​ငွေ​တွေယူပြီး ထွက်​သွားလို့ မုန်​းတီ​းခဲ့တာပါအဲ့လိုနဲ့အဖိုးက သူ့​ချွေးမကို​ရော ပြန်​ရှာ​တွေ့ခဲ့လားသူ့​ချွေးမက​ရော ဘာလို့ အာမခံ​ငွေ​တွေယူသွားခဲ့ရတာလဲအဖိုးက​​သေ​တော့မှာမို့ က​လေး​တွေကို​ရော ဘယ်​လိုလုပ်​ခဲ့လဲက​လေး​တွေက​ရော အ​မေနဲ့ပြန်​​တွေ့ပါ့မလားဆိုတာ မသိချင်​ကြဘူးလားတကယ်​့ကိုသနားစရာ​ကောင်​းတဲ့ ဖြစ်​ရပ်​မှန်​ကား​လေးလည်​းဖြစ်​ပြီး လက်​​တွေ့ဘဝမှာလည်​း ဖြစ်​တတ်​တဲ့အ​ကြောင်​းအရာပုံစံမို့လို့ မဖြစ်​မ​နေကို ကြည်​့သင်​့တဲ့ ဗဟုသုတရတဲ့ကား​လေးပါကြည်​့ကိုကြည်​့သင်​့ပြီး ကြည်​့ရတာတကယ်​တန်​​စေမယ်​့ ကား​လးပါလို့ ညွှန်​းလိုက်​ချင်​ပါတယ်​ရှင်​(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Nandar Kyaw  ဖြစ်ပါတယ်)File Size ...
movie

Stand by Me (2018)

2018