Channel Myanmar

Chad Michael Murray

Fruitvale Station(2013) 7.5
Fruitvale Station(2013) Creed နဲ့ Black panther တွေမှာ နာမည်ကြီးစတားဖြစ်လာတဲ့ Michael B. Jordan ကိုလူတွေ (လူမည်းအများစု)သိပြီး နာမည်ကြီးလာစေမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ၂၀၀၈ ခုနှစ်က Fruitvale ဘူတာမှာဖြစ်ခဲ့တဲ့လူမည်းကောင်လေးကို ရဲကပစ်သတ်မိတဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အော်စကာ ဟာအရင်ကဆေးခြောက်ရောင်း‌တဲ့သူပေမယ့် ထောင်ကျပြီးနောက် သမီးလေးလဲရှိတော့ လိမ္မာတော့မယ် ဆုံးဖြတ်ပြီးကာမှ အလုပ်ပြုတ်ပြီး ဇနီးဖြစ်သူရဲ့ ငြိုငြင်ခံနေရပါတယ်။ ဒီလိုနဲ့ နှစ်ကူးညမှာမီးပန်းကြည့်ဖို့ မြို့ထဲကိုရထားစီးပြီးသွားကြရာမှာတော့ အဖြစ်ဆိုးနဲ့ကြုံရပါတော့တယ်။ သာမန်ရန်ပွဲလေးတခုကို လာဖြေရှင်းကြတဲ့ ရဲကစိတ်တိုပြီး ပစ်သတ်လိုက်ပေမဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရာမှာတော့ လျှော့တိုက်သေနတ်နဲ့ သေနတ်အစစ်မှားပစ်မိတာဖြစ်ကြောင်းလျှောက်တင်ပြီး ထောင်၂နှစ်သာကျခဲ့လို့ ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့အမှုတခုပါ။ ဖြစ်ရပ်မှန်မှုခင်းတွေကို စိတ်ဝင်စားတဲ့သူတွေ အတွက်ကြည့်သင့်တဲ့ကားလေးပါ။ File size…2.65GB / 614MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ..... Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Fruitvale Station(2013)

A Cinderella Story(2004) 5.9
A Cinderella Story(2004) A Cindrella Story(2004)===============မရိုးနိုင်တဲ့ စင်ဒရဲလားဇာတ်လမ်းမြောက်များစွာထဲကမှရှေးခေတ်မူနဲ့မဟုတ်ဘဲ ခေတ်သစ်စင်ဒရဲလားဇာတ်လမ်းလေးနဲ့ CMပရိသတ်တွေကို မိတ်ဆက်ပေးပါရစေ။ Samဟာ အဖေနဲ့အတူ ပျော်ရွှင်ပြည့်စုံစွာနေခဲ့ရပေမဲ့ အဖေယူလိုက်တဲ့မိန်းမကတော့ Samကိုမကြည်လှပါဘူး။ အဖေဆုံးပါးသွားတဲ့နောက်မှာမိထွေးနဲ့ သူ့သမီးနှစ်ယောက်က အရာအားလုံးကိုအပိုင်စီးကာ Samကိုလည်း အစေခံတစ်ယောက်လိုခိုင်းပါတယ်။ Samနဲ့အတူ အွန်လိုင်းပေါ်က စကားပြောဖော်လေးတစ်ယောက်လည်းရှိပါသေးတယ်။ အဲဒီစကားပြောဖော်လေးနဲ့အတူ ကျောင်းကပွဲမှာ လူချင်းတွေ့ဖို့ ချိန်းဆိုထားပေမဲ့မိထွေးက လုံးဝမလွှတ်ဘဲ အလုပ်တွေပဲလုပ်ခိုင်းထားပါတယ်။Samဟာ ကပွဲကို ဘယ်လိုရောက်အောင်သွားမလဲသူ့မင်းသားလေးနဲ့ ဘယ်လိုတွေ့မလဲဆိုတာကိုတော့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…2.48GB / 1.18GB / 771MB Quality…Blu-Ray 1080p5.1CH  / 720p / 480p Format…mp4 Duration….1h 35m Genre ..... Comedy , Family , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

A Cinderella Story(2004)

Fortress: Sniper’s Eye (2022) 4.3
Fortress: Sniper’s Eye (2022) Fortress: Sniper's Eye (2022)=====================ဒီကားထဲမှာတော့ အက်ရှင်မင်းသားကြီးBruce Willis က အငြိမ်းစား ထောက်လှမ်းရေးအရာရှိ Robert နေရာကသရုပ်ဆောင်ထားပါတယ်။ ဒီကားလေးက (၂၀၂၁)ကထွက်တဲ့ Fortress ရဲ့အဆက်ဆိုလည်းမမှားပါဘူး။ Russia မှာအဖမ်းခံထားရတဲ့ Sashaဆိုတဲ့ကောင်မလေးကိုကယ်ရင်း ဒဏ်ရာရခဲ့လို့နားနေရတဲ Robertတစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေထိုင် ဒဏ်ရာတွေကုသနေရင်း မထင်မှတ်ထားတဲ့ သေပြီလို့ထင်ထားတဲ့ လူတစ် ယောက်ပေါ်လာပြီး သူ့ခိုးခဲ့တဲ့ပိုက်ဆံသန်း(၆၀၀)ကိုပြန်ယူဖို့အပြင် Robert တစ်ယောက်ကိုလက်စားချေဖို့လုပ်လာပါတော့တယ်။ဒါကတော့ Robertချစ်ရတဲ့လူတွေကိုဖမ်းပြီးသတ်ဖို့ပါပဲ။ ဒါပေမယ့်ထောက် လှမ်းရေးအရာရှိဟောင်းပီပီ Robertကလည်း ဉာဏ်နီဉာဏ်နက်ဉာဏ်ဝါတွေ ထုတ်ပြီး ပြန်လည်တိုက်ခိုက်ဖို့ကြံထားတဲ့ အက်ရှင်ကားကိုကြည့်ရှုခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.4 GB) / (650 MB) / (411 MB) Quality – Web-DL 1080p/ 720p / 480p Duration - 1Hr 27mins Subtitle – Myanmar Hardsub Format – MP4 Genre : Action Translator – Chit ...
movie

Fortress: Sniper’s Eye (2022)

2022
House of Wax (2005) 5.3
House of Wax (2005) House of Wax (2005)~ 1080p UPDATED ~မိန်းကလေးတစ်ယောက်ရဲ့ နုနယ်လှပမှုကျက်သရေကို ကျွန်တော်တို့ တင်စားပြောကြရာမှာ "ကြွေရုပ်လေးလိုလှတာ၊ ဖယောင်းရုပ်လေးလိုလှတာ" အစရှိသဖြင့် သုံးနှုန်းတတ်ကြပါတယ်။ လူကြီးမင်းတို့ကို ဖယောင်းရုပ်လေးလိုလှလိုက်တာဟု ချီးကျူးလာရင်ဖြင့် သဘောကျတတ်ကြလိမ့်မယ်ထင်ပါတယ်လေ။ကျွန်တော့်ကို ဖယောင်းရုပ်လေးနဲ့တူတယ် (ဘယ်သူမှလည်း ပြောကြမှာမဟုတ်ပါဘူးလေ) လို့ပြောလာရင်ဖြင့် ကြက်သီးမွေးညင်းထပြီး အရိုးထဲကစိမ့်ပြီး ကြောက်ရမှာတော့ အမှန်ပါပဲ။ လူကြီးမင်းရဲ့ အလှတရားကို ချီးကျူးရာရောက်သလို တဖက်မှာလည်း လူကြီးမင်းဟာ လူ့လောကမှာ မရှိတော့ဘူးလို့ ပြောလိုက်တာနဲ့တူပါတယ်။ ဟောဒီဇာတ်ကားထဲမှာပေါ့။အနုပညာသမားတစ်ယောက်ဟာ နူးညံ့သိမ်မွေ့စွာနဲ့ အလှတရားကို ဖော်ထုတ်တတ်သူပါ။ အနုပညာသမားလေးဗင်းဆင့် ကတော့ အလှတရားကို ညွှန်းပြဖော်ကျူးတတ်ပေမဲ့ နူးညံ့သိမ်မွေ့သူတော့ မဟုတ်ခဲ့ပါဘူးလေ။ လူသားတွေဟာ သူ့အတွက်တော့ သူ့အခန်းထဲက သစ်သားတုံးတွေလိုပါပဲ။ ဆူးတွေ ဆောက်တွေနဲ့ ခုတ်ထစ် လှီးဖြတ်ပြီး ပုံသွင်းယူရမယ့် အသားတွေလိုမျိုးပေါ့။ဆရာဝန်ကြီးနဲ့ ဖယောင်းရုပ်တုပညာရှင် လင်မယားနှစ်ယောက်ရဲ့ သားနှစ်ယောက်မှာ တစ်ယောက်က ဆိုးသွမ်းလွန်းပါသတဲ့။ ထမင်းကျွေးရင်တောင် ...
movie

House of Wax (2005)

Fortress (2021)
Fortress (2021) ကျွန်တော်တို့ရဲ့ အက်ရှင်ဟီးရိုးကြီး Bruce Willis ရဲ့ အက်ရှင်ဇာတ်ကားသစ်တစ်ကား ထပ်မံထွက်ရှိလို့ လာပြန်ပါပြီ Rating အနေနဲ့ 3.5/5 ရထားတဲ့ ဇာတ်ကားတစ်ကားဆိုတော့ မဆိုးလှတဲ့ အက်ရှင်ကားတစ်ကားပေါ့ဗျာပွဲကြမ်းနေကြ အက်ရှင်မင်းသားကြီး Bruce Willis ကို ဒီကားထဲမှာလည်း အငြိမ်းစားယူသွားတဲ့ CIA အေးဂျင့်ဟောင်း Robert အနေနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်ဇာတ်လမ်းကိုတော့ Paul ဆိုတဲ့ လူတစ်ယောက်က လူသူ‌ရောက်ဖို့မလွယ်လှ ဂျီပီအက်စ်လည်းမမိတဲ့နေရာတစ်နေရာကို ကားတစ်စီးငှားပြီး သွားရာကနေ စထားတယ် သူကတော့ တခြားမဟုတ်ပါဘူး Robert ရဲ့သား ဖြစ်ပြီး သူ့ ရဲ့ cryptocurrency ကုမ္ပဏီဖြစ်တဲ့ Invespia ဟာ အရှုံးပေါ်ကိန်းဆိုက်နေလို့ အဖေဖြစ်သူ Robert ဆီက ငွေချေးဖို့ လာခဲ့တာပဲ ဖြစ်ပါတယ်Paul ကတော့ သူ့အဖေ Robert ကို ဒီတိုင်း ပင်စင်ရိပ်သာမှာနေတဲ့ လူတစ်ဦးအဖြစ် သိထားတာပါ ...
movie

Fortress (2021)

Survive the Game (2021) 5.8
Survive the Game (2021) Survive the Game (2021)==================IMDb Rating - 5.8/10Die hard ရုပ်ရှင်ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Bruce Willis ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဇာတ်ကားလေးလာပါပြီ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဒေးဗစ်(Bruce Willis)နဲ့ သူ့ရဲ့ပါတနာကားလ်တို့ဟာမူးယစ်ဆေးရောင်းဝယ်တဲ့အဖွဲ့တစ်ဖွဲ့ကိုဖမ်းဖို့လုပ်ခဲ့ကြတယ်။ နှစ်ယောက်တည်း သွားဖမ်းရင်း ဒေးဗစ်ဟာ သေနတ်နဲ့ပစ်ခံရပြီးကားလ်ကတော့ ဒေးဗစ်ကိုပစ်ပြီးထွက်ပြေးသွားတဲ့ မစ်ကီနဲ့ သူ့ရည်းစားဗိုင်အိုလက်တို့နောက်ကို လိုက်ဖမ်းခဲ့ပါတယ်။မစ်ကီတို့ဟာထွက်ပြေးရင်း နဲ့ အဲရစ်ရဲ့ လယ်တောဆီကိုရောက်သွားကြတာပေါ့။ အဲရစ်ဆိုတာက ဇနီးဆုံးပြီးနောက် ပိုင်းလောကကြီးနဲ့အဆက်အသွယ်ဖြတ်ထားပြီး တစ်ကိုယ်တည်းဇာတ်မြုပ်နေထိုင်နေသူ တစ်ယောက်ပါ။မစ်ကီနဲ့ ကားလ် တို့ကြောင့် အဲရစ်ဟာ အရှုပ်တော်ပုံထဲပါလာရပြီး . လိုက်ရင်းပြေးရင်းနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှူပေးကြပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee, Chuck Chuck တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 37minSubtitle ...
movie

Survive the Game (2021)

2021
Ted Bundy: American Boogeyman (2021) 4
Ted Bundy: American Boogeyman (2021) သည်းထိပ်ရင်ဖိုကား​တွေ ကြိုက်နှစ်သက်တဲ့ CM ပရိတ်သတ်တို့အတွက် သီအို​ဒေါ​ရောဘတ်ဘန်ဒီ ရဲ့ ​နောက်တစ်ကား လာပါပြီ၁၉၇၀ခုနှစ်ပိုင်း​တွေမှာ အမျိုးသမီးငယ် အနည်းဆုံး ၃၀​ကျော်ကို မဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ ဘန်ဒီ... အပြင်ပန်းမှာ​တော့ ​ချော​မောဥပဓိရုပ်သန့်ပြန့်တဲ့ ဥပ​ဒေ​ကျောင်းသား​ဟောင်းဖြစ်​ပေမယ့် အတွင်းစိတ်မှာ ရာဂကြီးကြီနဲ့ တစ်ပါးသူရဲ့ နာကျင်မှုမှာ ​မွေ့​လျော်​ကျေနပ်တတ်တဲ့ တက်ဒ်ဒီ... "မြင်ဖူးသမျှထဲ ငါက ​သွေးအ​အေးဆုံး ​ခွေးမသားပဲ" လို့ ဝန်ခံသွားတဲ့ အ​မေရိကန်သမိုင်းရဲ့ အရက်စက်ဆုံး ကွင်းဆက်လူသတ်သမား တက်ဒ်ဘန်ဒီ... ဆိုရင် ရုပ်ရှင်ချစ် ပရိသတ်​တွေအတွက် မစိမ်းပါဘူးဒီကားမှာ​တော့ ဘန်ဒီရဲ့ ရက်စက်မှု​တွေကို ဇာတ်သိမ်း​ပေးချင်တဲ့ စုံ​ထောက် မစ်ချက်စ်နီ နဲ့ ​FBI ​အေးဂျင့် ​ရောဘတ်ရတ်စလာတို့ရဲ့ စုံစမ်းရှာ​ဖွေ ဖော်ထုတ်ပုံ​တွေကို မတူညီတဲ့ရှု​ထောင့်က​နေ ရိုက်ကူးတင်ဆက်ထားပါတယ်။Ted Bundy အကြောင်းဆိုရင် မင်းသားချော Zac Efron ပါဝင်တဲ့https://channelmyanmar.org/extremely-wicked-shockingly-evil-and-vile-2019/ဒီဇာတ်ကားကိုလဲကြည့်သင့်ပါတယ်..ပိုစုံလင်သိရမှာပါ။ File size…(1.6 GB) / (950 MB) / (500 MB) Quality…WEB-DL 1080p/720p/480p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated ...
movie

Ted Bundy: American Boogeyman (2021)

Max Winslow and The House of Secrets 2019 6.5
Max Winslow and The House of Secrets 2019 Max Winslow and the House of Secrets (2019)  ဒီဇာတ်လမ်းလေးကို ပြောမပြခင်မှာ မေးချင်တာလေးတစ်ခုရှိပါတယ်။သင်ဟာ challenging ဖြစ်တဲ့အရာတွေ game တွေ science တွေကို ကြိုက်နှစ်သက်တဲ့သူပါလား ......?Yes ဆိုရင်တော့ ဒီကားလေးကို လက်မလွှတ်သင့်ပါဘူးနော်အက်တီကက်စ် ဗာကျူးဆိုသူဟာ ငယ်စဉ်ကတည်းက သိပ္ပံနည်းပညာပိုင်းဆိုင်ရာမှာ ထူးချွန်ပြီး သူ့ရဲ့ တီထွင်မှုတွေနဲ့ ပြည်သူကို အကျိုးပြုနေတဲ့သူတစ်ယောက်ပါ။လူတိုင်းက သူ့ကို အားကျပြီး သူ့လိုဖြစ်ချင်ကြပြီး သူဘာတွေတီထွင်လိုက်ပြန်ပြီလဲဆိုတဲ့ သတင်းကို အမြဲစောင့်မျှော်နေကြပါတယ်။သို့ပေမယ့် အက်တီကက်စ်တစ်ယောက် သူ့ရဲ့ သိပ္ပံပညာတွေကို ချမပြတာဟာ အချိန်အတော်ကြာသွားခဲ့ပါပြီ။ဒါပေမယ့် တစ်နေ့မှာ ပျောက်ချင်းမလှပျောက်နေတဲ့ အက်တီကက်စ်ဟာ သူငယ်စဉ်က တက်ခဲ့တဲ့ ကျောင်းက ကျောင်းသားငါးယောက်ကို သူ့ရဲ့ ဗာကျူးအိမ်တော်ကြီးကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲလုပ်ဖို့ ကြေငြာလာခဲ့ပါတယ်။အနိုင်ရရှိသူဟာ သူ့ရဲ့ ခေတ်ရှေ့ပြေးလွန်းနေတဲ့ သိပ္ပံပညာနည်းပညာတွေနဲ့ ဆောက်ထားတဲ့ ...
movie

Max Winslow and The House of Secrets 2019

The Beach House (2018) N/A
The Beach House (2018)   CM Fan တွေအတွက် မိသားစု အတူကြည့်ရှု့သင့်တဲ့ မိသားစု သရုပ်ဖော် ဇတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ဒီရုပ်ရှင်ကား မှာဆိုရင် အလုပ်တွေ အရမ်းကြိုးစားတဲ့ ကာရာ ဟာ အချစ်ရေးမှာလဲ အဆင်မပြေခဲ့သလို အလုပ်မှာလဲ အဆင်မပြေတွေ ဖြစ်ပြီးတဲ့နောက် အမေရှိရာ သူမကြီးပြင်းခဲ့ရာ မြို့ကို တစ်ခေါက် ပြန်ရောက်လာခဲ့တယ် သူမ အမေဆီ မရောက်တာ နှစ်တွေ အတော်ကြာသွားပါပြီ အမေကတော့ သူမ ဘာဖြစ်လာတယ် ဆိုတာ မသိပေမဲ့ နွေးထွေးစွာကြိုဆိုခဲ့ပါတယ်.... ဒါပေမဲ့ တစ်ယောက်ထဲ အထီးကျန်နေတဲ့ အမေ ဟာ နေထိုင်စရာမရှိပဲ လင်ကောင်မပေါ် ဗိုက်တစ်လုံးနဲ့ ဖြစ်နေတဲ့ ကောင်မလေး တစ်ယောက်ကိုပါ အိမ်ပေါ် ခေါ်တင်ပေးထားတာ သိလိုက်ရပါတယ် သူမ မနှစ်သက်ပေမဲ့ ဘာမှတော့ အတွန့်မတက်ဖြစ်ပါဘူး.... ကာရာ ဟာ အမေ နဲ့ အတူ မရှိတာ ကြာပြီးနောက် သူမ အမေကြောင်းကို သိပ်မသိတဲ့ သူစိမ်းတစ်ယောက်လို ဖြစ်သွားခဲ့ကြောင်း တစ်ဖြေးဖြေး သိလာခဲ့ပါတယ် သူမ အမေကတော့ သားသမီးတွေ ခေါ်ရာမြို့ကြီးနောက် မလိုက်ဖြစ်ပဲ သူချစ်တဲ့ ပင်လယ်ပြင်ကြီး နဲ့ ဒီမြို့မှာပဲ ဖက်တွယ်နေခဲ့ပါတယ်.... ဇတ်လမ်းလေးက အေးမလိုလို နဲ့ မိသားစု မေတ္တာသရုပ်ဖော် ဇတ်လမ်းလေး ဖြစ်ပြီး ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အတွက်ပါ တစ်စေ့တစ်စောင်း ဖော်ပြထားပါတယ်... ဆက်လက်ကြည့်ရှုလိုက်ကြပါ....     File ...
movie

The Beach House (2018)

2018
The Haunting in Connecticut 2: Ghosts of Georgia (2013) 5.3
The Haunting in Connecticut 2: Ghosts of Georgia (2013) The Haunting in Connecticut 2: Ghosts of Georgia (2013) IMDb - 5.3/10_____Rotten - 19%    The Haunting in Connecticut 2: Ghosts of Georgia ဇာတ်ကားကတော့ Director : Tom Elkins ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ သရုပ်ဆောင်တွေအနေနဲ့ Abigail Spencer,Morgana Shaw,Chad Michael Murray နဲ့ Emily Alyn Lind တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ စိတ်ဆိုတဲ့အရာက ထူးဆန်းလှပါတယ်။ တကယ်ရှိနေတာကို မရှိဘူးဆိုပြိးလုပ်လို့ရသလို တကယ်မရှိတာကိုလည်း အရှိလုပ်လို့ရပါသေးတယ်။ စိတ်ကိုဖိအားအရမ်းပေးတာမျိုး ၊ ကြောက်စိတ်တွေအရမ်းများနေခြင်းမျိုးတွေကလည်း လူတစ်ယောက်ရဲ့မသိစိတ်ကနေ ကြောက်နေတဲ့အရာတွေကို တကယ့်လက်တွေ့သကဲ့သို့ထင်မှတ်လာစေပါတယ်။ ဒါပေမယ့် တစ်ချို့သောအရာတွေကတော့ တကယ်မရှိဖူးလို့ထင်မှတ်ချင်ပေမယ့်လည်း.....   ဒီဇာတ်ကားထဲမှာဆိုရင်တော့ စူးစမ်းလေ့လာရတာကို သဘောကျတဲ့ မိသားတစ်စုက ဟိုးရှေးခေတ်ကသမိုင်းဝင်အိမ်ကြီးတစ်အိမ်ကို လေ့လာဖို့ပြောင်းလာကြတယ်။ သူတို့တွေလေ့လာမှု့တွေလုပ်ကြတယ်။ပျော်ရွှင်နေကြတယ်။ ဒါပေမယ့် မကြာခင်မှာ ဒီအိမ်ကြီးမှာဘာတွေဖြစ်နေလဲဆိုတာ သိရှိပြီးနောက် သူတို့ရဲ့ပျော်ရွှင်မှု့တွေ အဆုံးသတ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲ....ဘာလို့လဲဆိုတာကို သိချင်ရင်တော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ရှု့စားကြပါတော့...။ ဒီဇာတ်ကားကတော့ Drama,Horror,Mystery ဇာတ်ကားဖြစ်သည့်အပြင် IMDb rating 5.3 ရရှိထားတာကြောင့် မိသားစုနှင့်ဖြစ်ဖြစ် ချစ်သူနှင့်ဖြစ်ဖြစ် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။   File ...
movie

The Haunting in Connecticut 2: Ghosts of Georgia (2013)

2013