Channel Myanmar

Chad Stahelski

Live Free or Die Hard (2007) Die hard 4 7.2
Live Free or Die Hard (2007) Die hard 4 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

Live Free or Die Hard (2007) Die hard 4

2007
4K HEVC
Constantine (2005) 7.0
Constantine (2005) Constantine (2005)_______IMDb - 7.0/10  ဒီနေ့တင်ပေးမယ့် ဇာတ်ကားကတော့ CM ပရိတ်သတ်တို့ ဂွတ်ရှယ်အကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့ John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 7.0 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါFile ...
movie

Constantine (2005)

2005
The Mechanic (2011) 6.6
The Mechanic (2011) The Mechanic (2011) IMDb - 6.6/10_____Rotten - 53%မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို...အခန့်မသင့်လို့သေတာလိုလို...ဖန်တီးရတာမျိုးပါ။ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ.....။မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။ File size…(1.8 GB) / (700 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Mechanic (2011)

2011
1080p HEVC
The Matrix Resurrections (2021) 6.4
The Matrix Resurrections (2021) Matrix သမိုင်းအကျဉ်း၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ ...
movie

The Matrix Resurrections (2021)

4K HEVC Web-DL
V for Vendetta (2005) 8.2
V for Vendetta (2005) V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%    နိုဝင်ဘာ၅ရက်နေ့ဟာဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။ အဲဒီနေ့ကိုGuyFawkesနေ့လို့လည်းခေါ်ခဲ့ကြပါတယ်။ အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာGuyFawkesဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာသူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ သို့ပေမယ့်ကံမကောင်းချင်တော့အမည်မသိသတင်းပေးစာတစောင်ကြောင့် သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။    ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံပြန်ကြမလဲ။ နိုင်ငံတနိုင်ငံရဲ့အာဏာဟာဘယ်သူ့ဆီမှာရှိသင့်လဲ။ အဲဒါတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်ကတော့ ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ၊ အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ်။ သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။ စိတ်ကိုဖျော်ဖြေပေးရုံပေးမယ့်ကားလေးလုံးဝမဟုတ်ရပါဘူး။ ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီးတကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ Ratingမြင့်ကားလေးတကားဖြစ်ပြီးimdb rating 8.2ထိရထားပါတယ်။    (မူရင်းဇာတ်ကားရဲ့အနှစ်သာရမပျက်အောင်အကောင်းဆုံးဘာသာပြန်ထားပါတယ်။ တခုခုမှားယွင်းသွားတာရှိရင်ဘာသာပြန်သူအနေနဲ့တောင်းပန်ပါတယ်ဗျာ။) (ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်)    File size…(900 MB) and 3GB Quality…Blu-Ray Rip 720p and HEVC 1080p 5.1 Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie

V for Vendetta (2005)

2005
HEVC 1080p 5.1