Channel Myanmar

Charles Baker

Splinter (2008)
Splinter (2008) လူသွားလူလာနည်းပါးတဲ့ ဂတ်စ်ဆိုင်လေးတစ်ခုရဲ့ပန့်ကိုင်ကို အမျိုးအမည်မသိသတ္တဝါကောင်တစ်ကောင်က လာရောက်တိုက်ခိုက်ပုံနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ဆက်သ်နဲ့ပေါ်လီဆိုတဲ့ လူငယ်စုံတွဲတစ်တွဲဟာ အိုကလာဟားမားက တောအုပ်တွေထဲကို အပျော်စခန်းချခရီးလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကားကို ထောင်ပြေးတစ်ဦးနဲ့ ဆေးစွဲနေတဲ့သူ့ကောင်မလေးဖြစ်တဲ့ လေစီတို့က ကြားဖြတ်လုယူချိန်မှာတော့ အစီအစဉ်ပျက်သွားပြီး ဂတ်စ်ဆိုင်တစ်ခုမှာ ဝင်နားဖို့အခြေအနေဖြစ်လာပါတော့တယ်။ဂတ်စ်ဆိုင်ကိုရောက်ကာစမှာပဲ လေစီကိုဆူးချွန်တွေတကိုယ်လုံးပေါက်နေတဲ့ဂတ်စ်ဆိုင်လုပ်သားရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သေဆုံးသွားခဲ့တဲ့အတွက် ဆက်သ်တို့စုံတွဲနဲ့ထောင်ပြေးတို့ဟာ ဂတ်စ်ဆိုင်ထဲကိုပြေးပုန်းလိုက်ရပါတယ်။ သူတို့သေပြီလို့ထင်ခဲ့တဲ့ လေစီကလည်း ဆူးချွန်တွေစိုက်ဝင်ခံထားရာက တွန့်လိမ်ကောက်ကွေးအသက်ပြန်ဝင်လာပြီး မှန်တံခါး၀ကိုလာတိုက်ခိုက်တဲ့အချိန်မှာတော့..။သူတို့ကိုတကယ်တမ်းလိုက်တိုက်ခိုက်နေတာ ဂတ်စ်ဆိုင်လုပ်သားလည်းမဟုတ်သလို လေစီလည်းမဟုတ်ပါဘူး။ သူတို့ကိုယ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီဆူးချွန်တွေပါပဲ။ ဆူးချွန်တွေဟာ စိုက်ဝင်သွားမိတဲ့သားကောင်ကိုမှီတွယ်ပြီး အဲ့ဒီသားကောင်ရဲ့သွေးသားကိုစားသုံးရွေ့လျားပြိး နောက်ထပ်သားကောင်ကိုဆက်ပြီးရှာပါတယ်။ သူတို့အနေနဲ့ ဒီဆူးချွန်တွေ ရဲ့ အားသာချက်အား နည်းချက်တွေ ကိုအဖြေရှာပြီး ရှင်သန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။Splinter ကစိတ်ကူးကောင်းသလို အဲ့ဒီစိတ်ကူးကိုထိထိရောက်ရောက်အကောင်အထည်ဖော်သွားနိုင်တဲ့ Horror ကားကောင်းတစ်ကားပါ။ ဇာတ်စကတည်းက သွက်သွက်လက်လက်နဲ့ဇာတ်ကိုသယ်သွားသလို အသည်းယားစရာ ရင်ဖိုစရာ နဲ့ jump scare တွေမျှတပြီး သရုပ်ဆောင်တွေကလည်း လိုရင်းရောက်အောင်ပို့ပေးနိုင်ပါတယ်။ရုပ်ရှင်ပွဲတော်တွေမှာသက်ဆိုင်ရာဆုတွေအများကြီးရထားတဲ့ Hidden gem တစ်ခုပါပဲ။ File size…(1.5 GB)/(843 MB) Quality….Webrip 1080p ...
movie

Splinter (2008)

Ain’t Them Bodies Saints (2013) 6.4
Ain’t Them Bodies Saints (2013) ဘော့ပ်နဲ့ ရုဆိုတဲ့ကောင်လေးနဲ့ ကောင်မလေးဟာတက္ကဆက်ပြည်နယ်က Bonnie & Clydeပေါ့.သိပ်ကိုချစ်ကြတဲ့ချစ်စုံတွဲလေးဖြစ်သလို သူတို့လုပ်တဲ့မကောင်းမှုတွေကသူတို့ကို ဝေးကွာစေနိုင်တယ်ဆိုတာကိုလဲ သူတို့သိကြမယ်မထင်သေးတဲ့အရွယ်ပေါ့.တစ်နေ့မှာရဲတွေဝိုင်းထားတာခံရချိန် ရုပစ်လိုက်တဲ့ကျည်ဆန်ကြောင့် ရဲတစ်ယောက်မှန်သွားတော့ ဘော့ပ်ကပြစ်ဒဏ်တွေအားလုံးကို သူ့ဆီပဲပုံချဖို့ ဆုံးဖြတ်ခဲ့တယ်။ရုမှာကချစ်စရာသမီးလေးကိုကိုယ်ဝန်လွယ်ထားရတယ်ဆိုတာလဲအဲ့အချိန်မှာပဲ သိခဲ့ရတယ်လေ. သူပြန်လာခဲ့ပ့ါမယ်စောင့်နေပေးပါဆိုတဲ့စကားအတိုင်း ရုကလဲသမီးလေး၄နှစ်ပြည့်တဲ့အထိကိုနေ့တိုင်းမျှော်နေခဲ့ပြီးရှင်သန်နေထိုင်ခဲ့တယ်။ဒါပေမယ့် တစ်ရက်တော့ ဘော့ပ်တစ်ယောက်ထောင်ဖောက်ပြေးပြီးရုတို့သားအမိကိုခေါ် ဒီနဲ့အဝေးဆုံးကိုထွက်သွားဖို့ ကြိုးစားတဲ့အချိန်မှာမထင်မှတ်ထားတဲ့ ကိစ္စတွေဖြစ်လာခဲ့တယ်။ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုး အလုပ်လုပ်လဲဘယ်လောက်ထိတာရှည်ခံနိုင်မလဲ ?ဘော့ပ်နဲ့ရုတို့ရဲ့ ဒီကနေအဝေးဆုံးကိုထွက်သွားဖို့အတွက်အကြံအစည်တွေကရော အဆင်ပြေနိုင်ပါ့မလားရိုမန်တစ်ဒရာမာဇာတ်ကားလေးဖြစ်ပြီး ဘော့ပ် ရဲ့ ကွဲအက်အက်အသံနဲ့ထောင်ထဲကပေးပို့တဲ့စာတွေကိုဖတ်ပြတဲ့အခန်းတွေကတကယ့်ကို ကြေကွဲစရာကောင်းခံစားစေရမှာပါ.ဒီလိုဇာတ်ရုပ်မျိုးကိုသရုပ်ဆောင်တဲ့သူကလဲတခြားသူတော့မဟုတ်ပါဘူး. အော်စကာဆုရှင် Casey Affleckဖြစ်ပြီးအထင်ရှားဆုံးပြောရရင် Manchester By the Seaထဲက မင်းသားပါပဲ.ဆန်ကာတင်စာရင်းတွေထဲမှာလဲ ပါဝင်ခဲ့သလို IMDB scoreလဲကောင်းတဲ့ဇာတ်ကားမလို့ ကြွေကွဲရင်းနဲ့ ခံစားလိုက်ရအောင်။. File size…  1.7 GB /  430 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama, Crime Subtitle…. ...
movie

Ain’t Them Bodies Saints (2013)

2013
Wild (2014) 7.1
Wild (2014) (Unicode)2014 ကတည်းကထွက်ခဲ့တဲ့ Wild ဆိုတဲ့ဇာတ်ကားလေးဟာ American Biographical Adventure Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး၂၀၁၂တုန်းက Cheryl Strayed ရေးသားခဲ့တဲ့ Wild: From Lost to Found on the Pacific Crest Trail(PCT) ဆိုတဲ့ကိုယ်တိုင်ဖြစ်ရပ်မှန်ကိုရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားထဲမှာ Cheryl နဲ့ Bobbi အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Reese Witherspoon နဲ့ Laura Dern တို့ နှစ်ယောက်လုံးဟာလည်းအော်စကာဆုအတွက် Best Actress နဲ့ Best Supporting Actress အဖြစ်စကာတင်အရွေးခံခဲ့ရပြီး အခြားသောဆုတွေမှာလည်း စကာတင်အရွေးခံရတာတွေရှိခဲ့ပါတယ်။Rating တွေအနေနဲ့လည်း Rotten Tomatos မှာ 89%....IMDb rating 7.1/10 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝမှာအချစ်ရဆုံးအတွယ်တာရဆုံး မိခင်ဖြစ်သူသေဆုံးသွားပြီးနောက်ပူဆွေးသောကတွေရောက်ပြီး ကိုယ့်ကိုကိုယ်မထိန်းနိုင်မသိမ်းနိုင်အောင်ပျက်ဆီးသွားပြီကိုယ့်အိမ်ထောင်ရေးကိုပါဖျက်ဆီးမိခဲ့တဲ့ Cheryl Strayed ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ....ကိုယ်လမ်းမှားရောက်နေတာကိုသတိထားမိပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ထူထောင်ဖို့နဲ့ စိတ်ဓာတ်တွေပြန်စုစည်းဖို့အတွက်ဆိုပြီးအမေရိကန်နိုင်ငံမှာအရှည်လျားဆုံးခရီးကြမ်းရှည် ...
movie

Wild (2014)

2014
El Camino: A Breaking Bad Movie (2019) 7.9
El Camino: A Breaking Bad Movie (2019) ဒီကားကတော့ ဂျက်စီပင့်ခ်မနျးဆိုတဲ့ ရာဇဝတျသားတစျယောကျအကွောငျး ရိုက်ကူးထားတာပါသူဟာလူသတ်မှုတွေ မူးယစျဆေးမှုတွနေဲ့ ရဲတပ်ဖွဲ့က အပြငျးအထနျအလိုရှိနသေူတစျဦးပါ သူ့ကေျာငျးဆရာဟောငျးဖြစျသူ ဝှိုကျရဲ့တွဲဖက်ပါတနာအဖြစျ သံသယရြှိခငျးခံနရေတာပဲဖြစ်ပါတယျရဲလက်ထဲမမိပမေယျ့ သူကလွတျမြောကျနတောမိုးလညျးမဟုတ်ဘဲ သူ့ကိုဖမျးဆီး ွကျနျပြုထားသူ ဆရာ့ဆရာကွီးလက်ထဲ ရောကျနတောပဲဖြစ်ပါတော့တယျ နောက်ဆုံး သူလွတျမြောက်လမျးရှာတဲ့အခါမှာတော့ မထင်မှတ်မိ လူသတ်မှုတွေ ထပ်တိုးရပြန်ပါတော့တယျ။ လူသစ်စိတျသစျ ဘဝသစ်နဲ့ ပြန်စချင်တဲ့သူ ပြန်စနိုင်ပါ့မလား ရာဇဝတ်မှုမှတ်တမျးတွေ အများကွီးရှိပမေယျ့ တစ်ခုကိုမှ သူကျူးလွန်မှနျး ရဲဘက်က သကျသမေပြနိုင်တဲ့အခါ သူတကယ်မကျူးလွန်ခဲ့တာလား တ်လောွနျးနခေဲ့တာလားသူ့ရဲ့သနားကွင်နာတတ်တဲ့စိတျ နူးညံ့တဲ့စိတျတွကေလညျး ဝိရောဓြိဖစ်စရာပါပဲသူ့ရဲ့လွတျမြောကျရေးလမျးစဉျကွီး အောငျမြင်ပါ့မလားဘဝရဲ့အစွနျးအထငျးတွဖေယျပေျာကျပွီး ဘဝသစျ စနိုင်ပါ့မလားဆိုတာ ဒီကားမှာကွညျ့ရှူရမှာပါလူဆိုးဖြစျစေ လူကောငျးဖြစျစေ သစ်စာရှိတဲ့မိတျဆွေကောငျးတွေ လိုအပ်တယ်ဆိုတာကိုလညျး မီးမောငျးထိုးပြထားပါတယျ File Size : ( 1 GB , 327 MB)Quality :  WEB-DL 720pRunning Time : 2 hr 02 minFormat : Mp4Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub)Translated by NeveEncoded by Moe Myint ...
movie

El Camino: A Breaking Bad Movie (2019)

2019