Channel Myanmar

Charles Dierkop

Maverick (1994) 7.0
Maverick (1994)   မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ ...
movie

Maverick (1994)

Heaven & Hell (2018) 5.6
Heaven & Hell (2018) ၁၉၉၀ ပြည့်နှစ်တွေအတွင်း လော့စ်အိန်ဂျလိစ်မြို့ကြီးမှာ သဘာဝလွန်သေဆုံးမူတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ထူးဆန်းတာက အလောင်းတွေအားလုံး အပ်စူးထားတဲ့ လေထိုးရုပ်တွေလို ပိန်ကပ်ပြားချပ်ကုန်တာပါပဲ။ အဲ့ဒီအချိန်မှာ မတော်တဆမူတစ်ခုကြောင့် အကြားအမြင်ရသွားတဲ့ Chase ဆိုတဲ့ LA ရဲဋ္ဌာနအမူလိုက်တစ်ယောက်ကတော့ တစ်ကမ္ဘာလုံးအဖျက်စီးမခံရခင်မှာ ဒီအဖျက်အမှောင့်စွမ်းအင်ကို ရပ်တန့်အောင်လုပ်ပစ်ရမယ်တဲ့။ ဘယ်လိုစွမ်းအားတွေနဲ့များ ဒါကိုသူတားဆီနိုင်မှာလဲဆိုတာ ဒီရုပ်ရှင်ထဲမှာရူစားရမှာဖြစ်ပါတယ်။ (ထူးခြားချက်က ၁၉၉၀ မတိုင်ခင်မှာရိုက်ကူးပြီး ၂၀၁၈ ခုနှစ်မှထွက်ရှိလာတဲ့ရုပ်ရှင်ဖြစ်နေခြင်းပါပဲ)။ ရုပ်ရှင်ကို Archi Thang Gyi မှ ပြန်ပေးထားပါတယ်
movie

Heaven & Hell (2018)

2018