Channel Myanmar

Charles Hallahan

The Thing (1982) 8.2
The Thing (1982) The Thing (1982)~ IMDb - 8.2/10, Rotten Tomatoes - 85% ~The Thing ကို အကောင်းဆုံးဂန္ထဝင်ဟော်ရာကားတွေထဲက တစ်ကားအဖြစ် စာရင်းသွင်းထားကြတယ်။ ဒီလိုသွင်းဖို့တန်အောင်လည်း The Thing ဟာ သူ့ခေတ်သူ့အခါအနေနဲ့ Practical Effect တွေရော ဇာတ်လမ်းရော အကုန်နီးပါးကောင်းခဲ့တဲ့ ဟော်ရာရုပ်ရှင်ဖြစ်ခဲ့တယ်။ ရိုက်တဲ့လူကလည်း John Carpenter... သူ့ကို ဟော်ရာရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူလို့ သတ်မှတ်ကြတယ်။ သူ့ကို ခင်ဗျားတို့မသိရင်တောင် ဟော်ရာရုပ်ရှင်ဖန် မှန်ရင် ခင်ဗျားတို့ သူ့ကားတွေနဲ့ ဘယ်လိုမှမကင်းနိုင်ဘူး။ Halloween (1978), The Fog (1980), Escape from New York (1981) နဲ့ Starman (1984) စတဲ့ နာမည်ကျော်ကားတွေကို သူကိုယ်တိုင်ရိုက်ခဲ့တာပဲ။ သူက ဂီတနောက်ခံတေးသွားတွေ ဖန်တီးတဲ့သူလည်းဟုတ်တယ်။ ...
movie

The Thing (1982)

1982
Executive Decision(1996)
Executive Decision(1996)  Executive ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်ပြသခဲ့ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်က အနည်းနဲ့အများ​ကြည့်ဖူးကြတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဤရုပ်ရှင်မှာ မင်းသားကြီး Steven Seagal, Kurt Russelတို့သရုပ်ဆောင်ထားတဲ့အပြင် ထိုအချိန်က တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ John Leguizamo နဲ့ မင်းသမီး Halle Berry တို့ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ Harrison Ford သရုပ်ဆောင်ထားတဲ့ Air Force One ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီလိုဇာတ်လမ်းနဲ့ ရင်းနှီးနေမှာပါ။၁၉၉၀ ပြည့်နှစ်တွေတုန်းက အက်ရှင်ဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်းပဲ အရှေ့အလယ်ပိုင်းက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ပါပဲ။ ဒီအကြမ်းဖက်သမားတွေက ဂရိနိုင်ငံအေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီကို ပျံသန်းနေတဲ့ လေယာဥ်တစ်စီးမှာ လိုက်ပါလာပြီးတော့ လမ်းခုလတ်မှာ လေယာဉ်ပြန်ပေးဆွဲစီးနင်းလိုက်ပါတော့တယ်။ သူတို့က အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ လေယာဥ်ကိုပြန်ပေးဆွဲတယ် ပြောပေမယ့် ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်(Kurt Russel)ကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။ အဲဒီမှာ ...
movie

Executive Decision(1996)

Dante’s Peak (1997) 6.0
Dante’s Peak (1997)  ဂျိမ်းစ်ဘွန်းမင်းသားကြီး Pierce Brosnan ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။မီးတောင်ပညာရှင် ဟယ်ရီဒေါ်လ်တန်ဟာ ကတ်စ်စတိတ်မြောက်ပိုင်းမှာလှုပ်နေတဲ့ ငလျင်တွေအကြောင်းစမ်းသပ်တိုင်းတာဖို့ Dante’s Peak ဆိုတဲ့မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မီးတောင်ပေါက်ကွဲတော့မှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ မြို့တော်ဝန်ရေချယ်ဝန်ဒိုနဲ့ ဟယ်ရီဟာ မြို့ကောင်စီဝင်တွေကို မြို့သူမြို့သားတွေအားလုံးကိုဘေးလွတ်ရာကိုရွှေ့ပြောင်းသင့်ကြောင်းရှင်းပြခဲ့ပေမယ့် မသေချာဘူးဆိုပြီးလက်မခံခဲ့ကြပါဘူး။ ဒီလိုနဲ့ ရက်သတ္တပတ်အကြာမီးတောင်ပေါက်လုဆဲဆဲမှာ ဟယ်ရီသဘောကျနေတဲ့ မြို့တော်ဝန် ရေချယ်ရဲ့ ကလေးနှစ်ယောက်ဟာ မပြောမဆိုနဲ့တောင်ပေါ်တက်သွားပါတော့တယ်။ ရေချယ်နဲ့ ဟယ်ရီနှစ်ယောက် ကလေးတွေကိုပြန်ခေါ်ရင်း မီးတောင်ပေါက်ကွဲနေတဲ့ကြားကနေ ချော်ရည်တွေဆီကလွတ်အောင်ပြေးနိုင်ကြမလားဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie

Dante’s Peak (1997)

Pale Rider (1985) 7.3
Pale Rider (1985) Pale Rider (1985) ~ IMDb - 7.3/10, Rotten Tomatoes - 93% ~ချစ်ရတဲ့သူ ပြောတဲ့စကားကို ချစ်ခြင်းအားဖြင့် ယုံကြည်ပေးမှ အချစ်စစ်တယ်တဲ့။ အဲဒီစကားက သူတို့နှစ်ယောက်ကို ထာဝရ မဆုံဆည်းနိုင်မယ့် စကားဖြစ်နေရင်တောင်မှပဲပေါ့။ - ဘုန်းတော်ကြီး (ဘွဲ့တော်မရှိ)အမျိုးသမီးတစ်ယောက်အတွက် သူချစ်မြတ်နိုးရတဲ့ယောက်ျားရယ်၊ အနားမှာ အမြဲရှိနေမယ့် ယောက်ျားရယ် နှစ်‌ယောက်ထဲက တစ်ယောက် ရွေးရတော့မယ်ဆိုရင် ဆင်းရဲအတူ ချမ်းသာမခွဲ နေပေးမယ့် ‌ယောက်ျားကိုပဲ ကျွန်မရွေးမယ်။ - ဆဲရာ ဝီလာအံ့ချီးဖွယ် ကံကြမ္မာကို ကိုယ်တော်ဆီ ဆုတောင်းခဲ့ဖူးတယ်။ ရှင်ရောက်လာတဲ့နေ့မှာ အဲဒီဆုတောင်း ပြည့်ခဲ့တယ်။ - မယ်ဂန် ဝီလာနာမည်မရှိသော ကောင်းဘွိုင်ကြီး Clint Eastwood ကို နာမည်မရှိသော သေနတ်သမားဟောင်း ဘုန်းတော်ကြီးအဖြစ် ခံ့ခံ့ညားညားကြီး ပြန်လည်မြင်တွေ့ရတဲ့ ဇာတ်လမ်းပေါ့။ချွေးစက်တွေကို ရွှေမှုန်အဖြစ် ပြောင်းသူ ရွှေကျင်သမားတစ်အုပ်ရဲ့ ဘဝအဖုံဖုံမှာ တခဏတာ လာပတ်သက်သွားတဲ့ ...
movie

Pale Rider (1985)

1985
[18+] Body of Evidence (1993) 4.5
[18+] Body of Evidence (1993) မက်ဒေါနားရဲ့ အဖော်အချွတ်တွေကြောင့် ဒီဇာတ်ကားဟာ Best Erotic Thriller ထဲမှာ နာမည်ကြီးပါတယ်...၉၀ ခုနှစ်များဆီက ရှာရွန်စတုန်းရဲ့နာမည်ကျော် Basic Instinct လိုပဲ မက်ဒေါနားကိုလဲ ဒီဇာတ်ကားနဲ့တွဲမြင်ကြပါတယ်...အဖော်အချွတ်သီးသန့်မဟုတ်ဘဲ လူသတ်တဲ့လှည့်ကွက်ဇာတ်အိမ်လေးနဲ့ဆိုတော့ တက်ကြွစွာလိုက်ပါစီးမျောရမယ့်ဇာတ်ကားမျိုးပါ...အဆိုတော်မင်းသမီး Madonna နဲ့အတူ မင်းသားကြီး Willem Dafoe နဲ့ မင်းသမီးကြီး Julianne Moore တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့.... ရှေ့နေကြီး ဖရန့်ဒူလေးနီ (Willem) ဟာ အင်မတန်တော်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ ဖရန့်ဆီကို အမှုတစ်မှုရောက်လာပါတယ်။ အမှုကတော့ ချမ်းသာကြွယ်ဝတဲ့ အသက်ကြီးကြီးဘိုးတော်တစ်ယောက်ဟာ အိပ်ယာပေါ်မှာ သေဆုံးနေတဲ့အမှုပါ။ ဆေးစစ်ချက်များအရ နှလုံးဖောက်သေဆုံးတာဖြစ်ပေမဲ့ ကိုကိန်းသုံးစွဲထားတဲ့လက္ခဏာလည်းတွေ့ရတဲ့အပြင် လက်ကောက်ဝတ်မှာလည်း လက်ထိပ်ရာများတွေ့ရတာဖြစ်လို့ လူသတ်မှုလို့ ထင်စရာရှိတဲ့အနေအထားဖြစ်နေပါတယ်။ ဘိုးတော်ရဲ့အိမ်ထဲမှာ BDSM လုပ်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းကိရိယာတွေလည်းတွေ့ထားတဲ့အပြင် ဗွီဒီယိုစက်မှာလည်း ဟုမ်းမိတ်ဗွီဒီယိုတစ်ခုက ပွင့်လျက်အနေအထားနဲ့ ရှိနေပါတယ်။ အဓိကသံသယအဝင်ခံရသူကတော့ ထိုဘိုးတော်နဲ့ တွဲနေတဲ့ ငယ်ရွယ်တဲ့အမျိုးသမီးလေး ရေဘတ်ကာကာလ်ဆင်(Madonna)ပဲဖြစ်ပါတယ်။ သံသယပိုအဝင်ခံစရာကောင်းတာက ဘိုးတော်ရဲ့သေတမ်းစာထဲမှာ ရေဘတ်ကာရဲ့နာမည်နဲ့ ဒေါ်လာ ၈ သန်းအမွေထားခဲ့ပေးတဲ့ကိစ္စပါပဲ။ ရှေ့နေကြီးဖရန့်ဟာ ဒီအမှုကို ရေဘတ်ကာဘက်ကနေ ...
movie

[18+] Body of Evidence (1993)