Channel Myanmar

Charles Rahi Chun

Dumb and Dumber(1994) 7.3
Dumb and Dumber(1994) Dumb and Dumber (1994) (အညွှန်း)==========================Legendary comedian ကြီး နှစ်ယောက်ဖြစ်တဲ့ Jim Carrey နဲ့ Jeff Daniels တို့နှစ်ယောက်ပေါင်းပြီး စခွီတွေနဲ့နှောက်မယ့် “Dumb and Dumber.” IMDb rating 7.3/10 နဲ့ Box office မှာ $247 သန်းတောင်ရရှိခဲ့တဲ့အပြင် ၁၉၉၀ ခုနှစ်တွေရဲ့အကောင်းဆုံးစာရင်းဝင် comedy ကားတစ်ကားဖြစ်တာမို့ ကလိထိုးရယ်ရမယ့်ကားမဟုတ်တာတော့ ဧကန်ပါပဲ။ဇာတ်လမ်းအကျဥ်းကတော့ Lloyd Christmas (Jim Carrey) နဲ့ Harry Dunne (Jeff Daniels) တို့နှစ်ယောက်က ဘာတစ်ခုမှကို အသုံးကျတာမရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေတစ်ဖြစ်လဲ ချာတူးလန်ငတုံးနှစ်ယောက်။ တစ်ယောက်က သူဌေးတွေရဲ့ဇိမ်ခံကားကိုမောင်းတဲ့ ဒရိုင်ဘာလုပ်တယ် .. တစ်ယောက်က ခွေး spa မှာလုပ်တယ်။ လက်ကြောမတင်းတဲ့ငတုံးနှစ်ကောင်ပါဆိုမှတော့ အလုပ်ကမြဲပါတော့မလား .. နဂိုတည်းက ပြုတ်စော်နံနေရာကနေ ...
movie

Dumb and Dumber(1994)

The Interview (2014) 6.5

The Interview (2014)

Next (2007) 6.2
Next (2007) Next (2007) =======ဒီတစ်ခါ တင်ဆက်မဲ့ကားကတော့ Nicolas Cageရဲ့ ရွှေခေတ်တုန်းက အက်ရှင်ကားတစ်ကားပါ။ဘဝမှာ နောက်ထပ်ပြီး နောက်ထပ် ဘာပြီးရင် ဘာတွေဖြစ်မလဲ ကြိုသိနေကြရင် ဘာတွေများဖြစ်လာပါမလဲ... အနာဂတ်နဲ့ ပက်သက်တဲ့ပြဿနာတစ်ခုက အနာဂတ်ကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ကြည့်လိုက်တဲ့အတွက် အနာဂတ်က ပြောင်းလဲသွားတာပါပဲ....။ ဒီဇာတ်လမ်းကတော့ အနာဂတ်ကို မြင်နိုင်တဲ့လူတစ်ယောက်ရဲ့ စွန့်စားခန်းတစ်ခုကို ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကို အရှေ့၂မိနစ် ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ရှိပါတယ်။ တစ်ဖက်မှာလည်း FBI ဟာ နျူကလိယား တိုက်ခိုက်မှုတစ်ခုကိုကို ဖြေရှင်းနေရပါတယ်။ဒီလိုနဲ့ FBI က အရှေ့ကို ၂မိနစ်ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာကို သတိထားမိပြီး သူ့ကို အသုံးချဖို့လုပ်ပေမဲ့.. မျက်လှည့်ဆရာဟာ သူမလုပ်နိုင်တာကြောင့် ထွက်ပြေးခဲ့ပါတယ်။ FBI နဲ့ အကြမ်းဖက်သမားတွေက သူ့ကို ထောင်ဖမ်းကြပေမဲ့ ရှေ့၂မိနစ်ကြိုမြင်နေရတဲ့အတွက် သူတို့ထက် နှာတစ်ဖျားသာနေတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ....။ဒီဇာတ်ကားဟာ -Action, Sci-Fi, Thrillerအမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)File size__( 850 MB) and ( 350 MB) Quality__HD-Rip 720p IMDb Rating__6.2/10 Format__mp4 Duration__01:36:10 Type__Action, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung  Encoded by Naing Aung Latt
movie

Next (2007)

2007