Channel Myanmar

Charlie Dizon

Third World Romance (2023) 6.1
Third World Romance (2023)  ဆင်းရဲသားကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ အလုပ်တွေကြိုးကြိုးစားစားလုပ်ရင်း နောက်၃၊၄နှစ်နေတော့ ချမ်းသာသွားကြပါတယ်။...ဒီလိုဆိုရင်တော့ သိပ်ကိုစိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းဖြစ်နေမှာပေါ့။အချိန်တိုတိုလေးအတွင်း လူချမ်းသာကြီးဖြစ် အိမ်တွေကားတွေပိုင်သွားတယ်ဆိုတာဇိမ်ခံရုပ်ရှင်တွေထဲမှာပဲရှိတာပါ လက်တွေ့ဘဝကြီးမှာတော့ ဘာကိုမှအလကားရမနေပါဘူး။ လက်ရှိဘဝလေးကတဆင့် ချောင်လည်အောင် ကြိုးစားရုန်းကန်ရင်အသက်ရှင်နေရတာပါပဲ။ဒီဇာတ်လမ်းလေးထဲမှာလည်း အထက်လူကြီးရဲ့ခေါင်းပုံဖြတ်မှုကြောင့်အလုပ်ထွက်လိုက်တဲ့ Breeနဲ့ ပျော်ရွှင်ဖို့ကိုသာဘဝရည်မှန်းချက်အဖြစ်ထားတဲ့စူပါမားကတ်ကလုပ်သားလေးVinတို့ဟာ လက်တွေ့လောကကြီးဟာထင်သလောက်မလွယ်ကူကြောင်းပြနေပါတယ်။ကပ်ရောဂါကြီးဖြစ်ပြီးခါစ အားလုံးလည်း နာလန်ပြန်ထူဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။အစိုးရကထောက်ပံ့တဲ့ စားနပ်ရိက္ခာသွားယူရင်း Vinဟာ Breeကို သဘောကျသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်နေတဲ့ Breeကို လက်ရှိသူလုပ်နေတဲ့ စူပါမားကတ်မှာအလုပ်သွင်းပေးလိုက်ပါတယ်။ ဘဝမှာ နေပျော်ဖို့ပဲအဓိကထားပြီး စိတ်ထားပြည့်ဝတဲ့Vinဟာ Breeလိုအပ်တာမှန်သမျှကို တက်နိုင်သမျှလေးဖြည့်ဆည်းပေးရှာပါတယ်။ဆင်းရဲတဲ့ဘဝမှာ အကြောက်တရားကင်းဖို့ကလွဲရင် ဘာကိုမှရွေးချယ်စရာမရှိဘူးလို့ခံယူထားတဲ့Bree။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ခံယူချက်တွေကို ပြောင်းပြန်လှန်ပစ်ရမယ့်ဖြစ်ရပ်နဲ့ကြုံရတဲ့အခါ...  File size…1.88GB / 892MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 52m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Third World Romance (2023)

Seven Sundays (2017) 7.6
Seven Sundays (2017) Seven Sundays 2017 IMDB 7.6/10သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေ‌ပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရ‌အောင် ပေးစွမ်းပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း ချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ ...
movie

Seven Sundays (2017)

Fan Girl (2020) 6.9
Fan Girl (2020) Fan girl(2020)IMDb Rating (6.9)ဆယ်ကျော်သက်အရွယ် ကျောင်းသူကောင်မလေးတစ်ယောက်ဘဝမှာငယ်ငယ်လေးကတည်းကကြိုက်ခဲ့ရတဲ့ Idol တစ်ယောက်ရှိတယ်ခင်ဗျားတို့ကျွန်တော်တို့လိုပဲ ကျောင်းချိန်လစ်ပြီးIdol ရဲ့ ပွဲကို လိုက်ကြည့်ဖူးတယ်အချစ်ကို ခံစားကြည့်ချင်တယ်မလုပ်ဖူးတာတွေကို စူးစမ်းကြည့်ချင်တယ်ဆယ်ကျော်သက်အရွယ် ကောင်မလေးလေသူသိထားတဲ့ လောကကြီးကရိုးရှင်းတယ်ညီမျှခြင်းလက္ခဏာတွေ့ရင် အားလုံးကတန်ဖိုးညီတယ်လို့ပဲ သဘောပေါက်ထားတယ်အဲ့ဒီနောက်ကွယ်က ညီမျှခြင်း မဖြစ်ဖြစ်အောင်လုပ်ထားတဲ့ အကြောင်းအရာတွေကို သူမသိဘူးလေ့လာရကောင်းမှန်းမသိတာလည်း ဖြစ်နိုင်သလိုလေ့လာဖို့အကြောင်းတရား မဖန်သေးတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ် လေ့လာဖို့မကြိုးစားတာလည်း ဖြစ်နိုင်တာပဲခင်ဗျားတို့ကို နာမည်လေးတောင်ပေးမသိဘဲဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမယ့်ကောင်မလေးက သူမသိခဲ့တဲ့ သိဖို့မကြိုးစားခဲ့တဲ့အကြောင်းအရာတွေကို တစ်ရက်လေးထဲမှာ တစ်ညလေးထဲမှာပဲရုတ်တရက်ကြီး အားလုံးကိုသိလိုက်ရတယ်သစ်လွင်ရိုးသားတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အတွက် ရှော့ခ်ဖြစ်စေနိုင်တဲ့လောကကြီးရဲ့ အရှိတရား အဖြစ်အပျက် အကြောင်းအရာတွေ.....ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အကြောင်းကို ရိုးရိုးရှင်းရှင်းရိုက်ထားတဲ့ ဒီရုပ်ရှင်ကဖိလစ်ပိုင်နိုင်ငံတွင်းက ရုပ်ရှင်ဆုပေးပွဲတွေမှာ Best Actress,Best Actor,Best Director,Best Picture စသည်ဖြင့်ဆုပေါင်း (၁၆) ဆု ရရှိထားတာပါ။ကျွန်တော့်အနေနဲ့တော့ ကြုံတောင့်ကြုံခဲဖိလစ်ပိုင်ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွှတ်တမ်းကြည့်စေချင်ပါတယ်။  File size…(1.9 GB) and (1.2 GB) Quality…WEB-DL 1080p and ...
movie

Fan Girl (2020)