Channel Myanmar

Charlotte Bøving

Woman at War (2018) 7.4
Woman at War (2018)  ဇာတ်လမ်းလေးကတော့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ဖို့အတွက်တစ်ကိုယ်တည်းတိုက်ပွဲဝင်ခဲ့ အမျိုးသမီးတစ်ဦးရဲ့စစ်ပွဲကို သရုပ်ဖော်ထားတဲ့အိုင်စလန် မူဗီလေးပါပဲ...။ဇာတ်လမ်းကျောရိုးလေးက အဓိပ္ပာယ်ရှိသလို၊ အိုင်စလန်ရှုခင်းလှလှတွေပါရိုက်ကူးပြထားပြီး ဆုတံဆိပ်တွေလည်းအများကြီးရရှိခဲ့တာဇာတ်လမ်းလေးပါ...။အဲ့ဒီဒေသမှာတော့ သူ့ကို တောင်ပေါ်အမျိုးသမီးလို့သိကြတယ်ဗျ...။ဘာလို့ဆို သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့စက်မှုလုပ်ငန်းတွေ မလည်ပတ်နိုင်အောင်တောင်ပေါ်တက်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖြတ်တောက်ပစ်လို့ပါပဲ...။သူ့ရဲ့ခံယူချက်ကတော့ ကမ္ဘာတစ်ဝန်းစက်မှုလုပ်ငန်းများတွင်ကျယ်ပြန့်လာခြင်းဟာကမ္ဘာကြီးပူနွေးလာအောင်လုပ်တာ...လူသားမျိုးနွယ်အနေနဲ့ကိုယ့်ကိုယ်ကိုသတ်သေတဲ့အမှုဖြစ်ပြီး ဒီမိုကရေစီကလည်းမကယ်တင်နိုင်တဲ့ကိစ္စမျိုးပါတဲ့....။အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦးက သူချစ်တဲ့မိခင်သဘာဝကြီးကိုကာကွယ်ဖို့ဘာတွေပေးဆပ်တိုက်ပွဲဝင်ခဲ့သလဲဆိုတာကိုအိုင်စလန်ရှုခင်းလှလှတွေကြားမှာ မြင်တွေ့ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်...။  File size…1.38GB / 633MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Woman at War (2018)