Channel Myanmar

Charlotte Vega

Another Me(2013) 4.6
Another Me(2013) Game of thrones က ဆန်ဆာ စတာ့ခ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sophie Turnerရဲ့ဇာတ်ကားလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဖေး ဒယ်လူ့စီဆိုတာ အရမ်းလှတဲ့ဆံပင်အနီရောင်နဲ့ အထက်တန်းကျောင်းသူလေး။ သူမရဲ့ပျော်ရွှင်စရာ မိသားစုဘ၀လေးတခုက လွန်ခဲ့တဲ့နွေရာသီ သူမရဲ့ ဖခင်နာမကျန်းစဖြစ်ခဲ့တာနဲ့အတူတူပြောင်းလဲသွားခဲ့ရတယ်။ကိုယ်တပိုင်းသေဖြစ်သွားတဲ့ယောကျာ်းဖြစ်သူကို စောင့်ရှောက်နေရတဲ့ ဖေးရဲ့မိခင် အန်းဒယ်လူ့စီရဲ့ အရှုပ်တော်ပုံတွေ။ မိုနီကာ မယ်ဒရန်ဆိုတဲ့ ဖေးကိုမနာလို ဖြစ်နေတဲ့ကောင်မလေးတယောက်။ ကျောင်းကလူကြိုက်များတဲ့ ဒရူးဆိုတဲ့ကောင်လေးက သူ့ကိုကြိုက်နေလို့ လူမုန်းခံရတာကလည်းရှိသေး။ ဒါပေမယ့် ဖေးအတွက် ဒါတွေထဲကအကြီးဆုံးပြဿနာကတော့ သူ့လိုအယောင်ဆောင်နေတယ်ထင်ရတဲ့လူတယောက်ရှိနေတာပဲ။သူမရဲ့နေ့စဉ်ဘ၀ထဲမသိမသာနဲ့ လူတွေကြား ၀င်၀င်‌မွှေသွားတဲ့ဒီသူကဘယ်သူလဲ။ ဒါကမိုနီကာရဲ့လက်ချက်ပဲလား။ သူမမိဘတွေရဲ့အေးစက်လာတဲ့ ဆက်ဆံရေးကြားကလျှို့ဝှက်ချက်တွေကရောဘာတွေလဲ။ အများအမြင်သူ့ကိုအရူးမတယောက်လိုထင်ရတဲ့အထိဒုက္ခပေးလာတဲ့ ဒီသူကိုသူဘယ်လိုရှာနိုင်မလဲ။ အဆုံးမှာတရားခံကဘယ်သူလဲဆိုတာကို Another Me ဆိုတဲ့ဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size…1.1GB / 551MB Quality…1080p BluRay  / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by BrackMan
movie

Another Me(2013)

2013
REC 3 Genesis(2012) 7.0
REC 3 Genesis(2012) REC 3 Genesis(2012)******************လူကြိုက်များတဲ့ Rec ရုပ်ရှင်စီးရီးရဲ့ သုံးကားမြောက်ဇာတ်ကားပဲဖြစ်ပါတယ်။ ​ရှေ့နှစ်ကားနဲ့မတူတဲ့ နေရာတစ်ခါမှာ အ​ခြေတည်ထားပြီး ​ရှေ့နှစ်ကားထက်ပိုပြီးလေးနက်တဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားဖြစ်တဲ့အတွက်Horror ချစ်ပရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ရှေ့နှစ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ Paco Plaza မှရိုက်ကူးထားပြီးDiego Martin, Leticia Dolera, Javier Botet နဲ့ Alex Monner တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မင်္ဂလာမောင်နှံဖြစ်တဲ့ ကိုဒိုနဲ့ကလာရာတို့ဟာ သူတို့နှစ်ဦးနဲ့ အချစ်ကိုပိုပြီးခိုင်မြဲစေဖို့အတွက်မင်္ဂလာပွဲကြီးကို မိသားစုမိတ်ဆွေ စုံစုံလင်လင်နဲ့ ကျင်းပနေပြီး တစ်ဦးနဲ့တစ်ဦးချစ်ခြင်းမေတ္တာအပြည့်နဲ့ ဘဝခရီးကိုလျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။သူတို့ရဲ့ပျော်ရွှင်မှုတွေကို ဖျက်စီးမယ့်အကြောင်းအရာတစ်ခုကတော့ကိုဒိုရဲ့ဦးလေးဖြစ်သူ ပဲပဲဗီတာဟာ တိရိစ္ဆာန်ဆေးကုခန်းကနေခွေးကိုက်ဒဏ်ရာတစ်ခုရလာခဲ့ပြီး တူဖြစ်သူရဲ့မင်္ဂလာဆောင်ကို ချီးမြှောက်ဖို့ ရောက်လာပါတော့တယ်။ ​ရှေ့ဇာတ်ကားနှစ်ကားကို ကြည့်ဖူးခဲ့ရင်တော့ ဒီခွေးကိုက်ဒဏ်ရာဟာဘယ်လောက်အထိ ဆိုးဝါးတဲ့အဖြစ်ဆိုးတွေဖြစ်စေလဲဆိုတာကို ကြိုတင်မှန်းဆနိုင်မှာဖြစ်တဲ့အတွက် ​ရှေ့နှစ်ကားကိုအရင်ဆုံးကြည့်ဖို့ အကြံပေးပါရစေ။မင်္ဂစုံတွဲနှစ်တွဲကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ သစ္စာတရားတွေကိုသွေးသံတရဲရဲကို ကြည့်ရှုရမှာဖြစ်တဲ့အတွက် ...
movie

REC 3 Genesis(2012)

Burial (2022) 4.9
Burial (2022) Burial 2022ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ဘာလင်တိုက်ပွဲပြီးလုပြီးခင်မှာ ဘာလင်မြို့ကရုရှားထောက်လှမ်းရေးဖြစ်တဲ့ ဘရာနာ နဲ့ တပ်သားတစ်ချို့ကအထူးလျှို့ဝှက်တာဝန်ပေးခံရပါတယ်။ရှည်မျောမျောသေတ္တာကြီးတစ်လုံးကို သူတို့ရုရှားခေါင်းဆောင်စတာလင်ဆီသယ်သွားပေးဖို့ပါ။ ဒါကလျှို့ဝှက်မစ်ရှင်ဖြစ်တာကြောင့် လေယာဥ်မသုံးရသလို ဘာလင်ကသူတို့ရဲဘော်ရဲဘက်တွေနဲ့လဲအဆက်အသွယ်မလုပ်ရပါဘူး။ သေတ္တာထဲမှာဘာပါတယ်ဆိုတာလဲ ဘရာနာရယ် နောက်ခေါင်းဆောင်နှစ်ယောက်ရယ်သာသိပြီး တပ်သားတွေကမသိကြပါဘူး။ သူတို့ကဒီသေတ္တာကြီးကို ညမှာသူတို့ကိုလာသတ်ပြီးယူသွားမှာဆိုးလို့ ညဆို ဒီသေတ္တာကြီးကိုမြေကျွင်းတူးပြီးမြှပ် မနက်ကျမှပြန်တူးပြီးခရီးဆက်ပါတယ်။ တပ်သားတွေကလဲဒီသေတ္တာထဲမှာဘာပါမှန်းတာမသိတာ အမိန့်အရဒါကြီးကိုသူတို့အသက်နဲ့ရင်းပြီးကာကွယ်ဖို့အသင့်ဖြစ်နေတာပါပဲ။ အဲလိုသစ္စာရှိတပ်သားတစ်စုရယ် သေတ္တာကြီးတစ်လုံးရယ် အဲဒီသေတ္တာကြီးကို လိုချင်နေတဲ့ တခြားအဖွဲ့ရယ် စစ်ဘေးဒဏ်ကြောင့်စစ်သားတွေအပြင် လူမြင်မြင်သမျှကြောက်နေရတဲ့ ပြည်သူပြည်သားတွေရယ်ကြားမှာဘာတွေဆက်ဖြစ်မလဲ ဘရာနာတို့ရဲ့အထူးလျှို့ဝှက်တာဝန်ရောအောင်မြင်သွားမလားဆိုတာကြည့်ရှုလိုက်ပါဦးအညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida နဲ့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Thriller, War Quality…. 4k HEVC |1080p | 720p | 480p File size… 1.75GB | 1.509GB | 590MB | 343MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida and Moh Moh Encoder ..... August
movie

Burial (2022)

2022
4K HEVC
Wrong Turn (2021) 5.4
Wrong Turn (2021) Wrong Turn (2021)ဒီကားကတော့ အသစ်စက်စက် ထွက်ထားတဲ့ Wrong Turn ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ ကျောရိုးတူပေမယ့် နောက်ပိုင်း တော်တော်လေးကွဲတယ်လို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့လူငယ်တစ်စုက တောင်တက်ဖို့မြို့ငယ်တစ်မြို့ကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီမြို့မှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီး အဲ့ဒီကနာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။အဲ့ဒီတောင်တက်အဖွဲ့ထဲပါသွားတဲ့ ဂျန်နီဖာဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့ သူ့သမီးဖြစ်သူပျောက်ဆုံးတာ ခြောက်ပတ်လောက် အကြာမှာ သူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို့ရောက်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီ မြို့ကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလို့သာ မြင်ပြီး ရေးကြီးခွင်ကျယ် ရှာဖွေမှုမပြုလုပ်ခဲ့ကြပါဘူး။အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့က ရဲတွေအစား သူကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပြီး သူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို့လုပ်ပါတော့တယ်။ ဒီတောင်ကနဂိုတည်းက ပြန်လမ်းမရှိတဲ့တောင် ဆိုပြီး နာမည်ကြီးသလို တောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေ လိုက်နာရပါတယ်။ တောင်တက်ဖို့လမ်း အမှတ်အသားတွေကို တောင်ပေါ်မှာလုပ်ပေးထားပြီး အဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကိုသွားခွင့်မရှိပါဘူး။ဒါကိုသွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ ဘယ်လို ကြောက်စရာ အဖြစ်အပျက်တွေနဲ့ကြုံခဲ့တယ်။ အသက်ရော ရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့အဖြေရှာနိုင်ပါတယ်။Wrong Turn ...
movie

Wrong Turn (2021)

The Bookshop (2017) 6.5
The Bookshop (2017) File Size : (850 MB) and (၂၀၁၇ ခုနှစ်ထွက် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေBookshop လို့အမည်ရတဲ့ဇာတ်ကားလေးက ၁၉၅၀ ဝန်းကျင်ကိုအခြေခံထားတဲ့ဇာတ်ကားလေးဖြစ်ပြီးမိန်းမသားတစ်ဦးရဲ့ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ပုံတွေ လူမှုစရိုက်သဘောသဘာဝရဲ့ကောင်းကွက် ဆိုးကွက်တွေ မြေနိမ့်ရာလှံစိုက် ဖိနှိပ်မှုတွေကို ဇာတ်လမ်းအေးအေးလေးနဲ့တင်ဆက်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။။။။ဇာတ်လမ်းအကျဉ်းကတော့ ဖလော့ရမ့်စ်ဂရင်းဆိုတဲ့ မုဆိုးမလေးဟာ သူမရဲ့ဝါသနာသူမရဲ့အိပ်မက်ဖြစ်တဲ့ စာအုပ်ဆိုင်လေးကို ဇာတိမြေဖြစ်တဲ့ ဟာ့ဒ်ဘော့မြို့မှာပြန်လာဖွင့်တာလေးနဲ့ အစပျိုးထားပါတယ်။ဒါပေမယ့်လဲ အဲ့မြို့မှာကစာအုပ်ဖတ်တဲ့လူဆိုလို့ မစ္စတာ ဘရန်ဒစ်ရှ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ပဲရှိတာဆိုတော့သူစာအုပ်ဆိုင်ဖွင့်မယ့်ကိစ္စက အထူးအဆန်းလို စွန့်စားမှုကြီးတစ်ခုလို လူတွေကမြင်ကြတာပေါ့သူဆိုင်ဖွင့်မယ် Old House(အိမ်အိုကြီး)ကလဲ ရှေးဟောင်းအိမ်ကြီးဆိုတော့မစ္စစ် ဂါမက်လို့ခေါ်တဲ့ ဘွားတော်ကြီးကလဲ Art center ဖွင့်ချင်နေပြန်ပါလေရောဒါပေမယ့်လဲ သူဖြစ်ချင်တဲ့ အကောင်အထည်ဖော်ချင်တဲ့အတိုင်း စာအုပ်ဆိုင်ကိုဇွတ်အတင်းရအောင်ဖွင့်ခဲ့ပါတယ်။ဖလော့ရမ့်စ်ဂရင်းတစ်ယောက်သူ့အိပ်မက်ဖြစ်တဲ့ စာအုပ်ဆိုင်လေးက အောင်အောင်မြင်မြင်ဖြစ်သွားမလားသူ့ကို မနာလိုမရှုစိမ့်ဖြစ်နေသူတွေကနေ ဘယ်လိုများနှောင့်ယှက်သွားအုန်းမလဲတစ်ကိုယ်တည်း မုဆိုးမတစ်ယောက်အနေနဲ့ လောကဓံကိုဘယ်လိုများတောင့်ခံသွားသလဲဆိုတာတော့ဆက်လက်ဒေါင်းကြည့်ကြပါကုန်။။။။ဇာတ်ကားတွေမှာ ရယ်စရာကောင်းတဲ့ကား၊ ကြောက်စရာကောင်းတဲ့ကား၊ ငိုရတဲ့ကား ဆိုပြီးရှိကြသလိုကျနော်ကတော့ ဒီကားလေးကို ချစ်စရာကောင်းတဲ့ကားလေးလို့ ခေါ်ချင်ပါတယ်။ဒရာမာကားစစ်စစ် တစ်ကားဖြစ်သလို ၁၅၀၀ အချစ်လုံးဝမပါတဲ့ ...
movie

The Bookshop (2017)

2017
The Lodgers 5.2
The Lodgers The Lodgers (2017) ကို ဒါရိုက်တာ Brian O'Malley ရိုက်ကူးထားပြီး IMDb 5.2 ရရှိထားပါတယ် Drama in Horror နဲ့ Horror in Drama ကို အဓိကထားပြီး နှိုင်းယှဉ်ဖော်ပြထားတာပါ ဇာတ်လမ်းအကျဉ်းကို note ထုတ်ကြည့်တဲ့အခါ -1920 ပထမကမ္ဘာစစ်ကြီး ပြီးခါစအချိန် -အိုင်ယာလန်ဆင်ခြေဖုံးရွာလေးတစ်ရွာ - အထည်ကြီးပျက်အင်္ဂလိပ်မိသားစုရဲ့အိမ်အိုကြီး - အမွှာမောင်နှမများဖြစ်တဲ့ ရေချယ်နဲ့အက်ဒ်ဝပ် - မျိုးရိုးစဉ်ဆက်လိုက်နာခဲ့တဲ့ စည်းကမ်း ၃ ချက် *ညသန်းခေါင်ချိန် အခန်းထဲမှာနေရန် *သူစိမ်းတွေအိမ်ထဲ ပေးမဝင်ရန် * *တစ်ယောက်နဲ့တစ်ယောက် ခွဲခွာမသွားကြရန်* စည်းကမ်းချက်တွေက ကလေးဘဝတလျှောက် အဆင်ပြေခဲ့ပေမယ့် အရွယ်ရောက်လာတော့ အဆင်မပြေဖြစ်လာကြတယ် စည်းကမ်းချက်တွေက ဘယ်ကိုတွန်းပို့နေသလဲ ဆိုတာ နှစ်ဦးစလုံးသဘောပေါက်လာကြတယ် တစ်ဦးကကျိန်စာလို့မြင်ပြီး ရုန်းထွက်ချင်သူ နောက်တစ်ဦးကဆုလာဘ်လို့မြင်ပြီး မိဘတို့လမ်းစဉ်လိုက်လိုသူ အပျိုဖြန်းကလေး ရေချယ် မြင်မြင်ချင်း တွေကနဲငေးကြည့်မိတဲ့ စစ်ပြန်ဒုက္ခိတကိုလူချော ရေချယ့်နှလုံးသားထဲ ထိုသူဝင်ရောက်လာတဲ့ အခါမှာတော့....... ဝုန်း ဒိုင်း ...
movie

The Lodgers

2017
American Assassin (2017) 6.5
American Assassin (2017) ဒါရိုက်တာမိုက်ကယ်ကူစ် တာရဲ့ လက်ရာဖြစ်ပြီး ဒီလန်အို ဘရိုင်ယန်၊ မိုက်ကယ်ကီတန်၊ ဆန်နာလေသန်၊ ရှီဗာနီဂါ၊ တေ လာကစ္စချ် စတဲ့ သရုပ်ဆောင်များစွာ အားဖြည့်ထားတာဖြစ်ပါ တယ်။မစ်ချ်ရက်ပ်နဲ့ သူ့ချစ်သူဟာ စပိန်ကို အပန်းဖြေခရီးထွက်ကြ ရင်း ကမ်းခြေမှာ အစ္စလာမ်မစ် ဂျီဟတ် အကြမ်းဖက်သမားတွေနဲ့ ဆုံမိပြီး ပစ်ခတ်ကြရင်း ရက်ပ်ရဲ့ချစ်သူ သေဆုံးခဲ့ရပါတယ်။ဒီလိုနဲ့ ၁၈ လလောက်ကြာ အပြီးမှာတော့ သူ့ချစ်သူကိုသတ် တဲ့ အကြမ်းဖက်သမားကို လက် တုံ့ပြန်ဖို့ အခွင့်အရေး ပေါ်လာခဲ့ ပေမယ့် အမေရိကန်အထူးတပ်ဖွဲ့ တွေက ချေမှုန်းလိုက်တာကြောင့် ရက်ပ်ရဲ့ အစီအစဉ်တွေ ပျက်ခဲ့ ပါတယ်။အဲဒီနောက်မှာတော့ ရက်ပ် ဟာ စီအိုင်အေရဲ့ လျှို့ဝှက်စစ် ဆင်ရေးအတွက် စီအိုင်အေအကြီး အကဲ အိုင်ရင်းကနေဒီရဲ့ ခေါ်ယူ ခြင်းခံခဲ့ရပြီး အမေရိကန်စစ်ပြန် ကြီး စတန်ဟာလေရဲ့ လက် အောက်မှာ လက်တွဲတာဝန်ထမ်း ...
movie

American Assassin (2017)

2017