Channel Myanmar

Chen Minghao

Too Cool to Kill (2022) 6.1
Too Cool to Kill (2022) ရုပ်ရှင်သရုပ်ဆောင်ဖို့ အရူးအမူးဖြစ်တဲ့သူတွေ ဒီကားလေးက ကြည့်သင့်တဲ့ကားလေးပါ။ ရုပ်ရှင်ရိုက်ကွင်းအကြောင်းကို ပါးပါးလေးရှင်းပြထားတဲ့အပြင် ကင်မရာအယူအဆတွေကိုပါ ဒိုင်ယာလော့မှာပြောပြသွားတာမို့ ယူတတ်ရင်ပညာရပါတယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့ လူသတ်သမားကားကိုကြည့်ချင်ရင်လည်း ဒီကားကိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြုံးစိပြုံးစိဖြစ်နေပါလိမ့်မယ် ....ရုပ်ရှင်သရုပ်ဆောင်ကို အရမ်းစွဲလန်းတဲ့ ဖြတ်လျှောက်တစ်ယောက်က လူသတ်သမားအဖြစ် အဓိကမင်းသားနေရာမှာသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပါတယ်။ လူသတ်သမားကားလ် အဖြစ်သရုပ်ဆောင်ရာမှာ ဇာတ်ညွှန်းလည်းမရှိပါဘူး။ ကင်မရာတွေလည်း ဖွက်ထားပါမယ်တဲ့။ ရုပ်ရှင်လောကကို တစ်ခေတ်ဆန်းစေမယ့်နည်းပညာအသစ်နဲ့ ရိုက်ကူးထားတာပါတဲ့... အဲ့ဒါနဲ့ပဲ ပီတိတွေဖြာ အီးအီးတွေပါပြီး ဝမ်းသာအားရ လက်ခံလိုက်ပါတယ်။သူလုံးဝမသိတာက သူသရုပ်ဆောင်တဲ့ လူသတ်သမားကားလ် ဆိုတာအပြင်မှာတကယ်ရှိနေပြီး သူကိုယ်တိုင်ကလည်း ဒုစရိုက်ဂိုဏ်းထဲမှာ အမှန်တကယ် ဝင်ရောက်သွားတာကိုပါ။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်က လူသတ်သမားအဖြစ်ဘယ်လိုသရုပ်ဆောင်မလဲ.. ပြီးတော့ သူကိုယ်တိုင်ပါဝင်ထားတဲ့ ဇာတ်လမ်းကရော ဘယ်လိုအလှည့်အပြောင်းတွေလာဦးမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော် ... ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ )File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb ...
movie

Too Cool to Kill (2022)

Shallow ( 2022 ) 6.3
Shallow ( 2022 ) ဒီတစ်ခါမှာတော့ CM ပရိတ်သတ်တိုအတွက် ကြည့်ရင်းနဲ့ အားတက်လာစေမယ့် အမျိုးသမီးလက်ဝှေ့ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမျိုးသမီးလက်ဝှေ့လက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ပိုင်ယန်ဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က အမှားတစ်ခုကြောင့် ထောင်ကျခဲ့ပြီး တစ်နှစ်အရွယ်သားလေးနဲ့ ခွဲခွါခဲ့ရပါတယ်။ထောင်ထဲက ထွက်လာပြီးနောက် သားလေးနဲ့တူတူ ပြန်နေချင်ပေမဲ့ သူမရဲ့ အခြေအနေကြောင့် အစ်မဖြစ်သူရဲ့ တားဆီးခြင်းကို ခံခဲ့ရပါတယ်။ လက်ဝှေ့ပဲထိုးတတ်တဲ့ သူမဟာ လက်ဝှေ့နည်းပြရှန်ဟောက်ရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဘယ်လိုကြိုးစားမလဲ...... သူတို သားအမိတတွေ ပြန်လည်ဆုံဆည်းနိုင်ပါ့မလား ဆိုတာကို ရုပ်ရှင်ကြည့်ရင်း လိုက်ပါခံစားလိုက်ပါဦး... Quality : WEB-DL 1080p , 480p Format : mp4 Genres  : Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu , Moon Encoded by LK
movie

Shallow ( 2022 )

All About My Mother ( 2021 ) 6.3
All About My Mother ( 2021 ) Fall in Love ထဲက မင်းသမီးလေးရဲ့ All about my mother ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက နာမည်အတိုင်းပါပဲ အမေအကြောင်းပါ...ဘယ်လောက်နားလည်အောင်ကြိုးစားပါစေနားမလည်နိုင်တဲ့ အမေ့အကြောင်းပါ....ဒီကားလေးကို တကူးတက ဇာတ်လမ်းအကျဉ်းမပြောပြတော့ပါဘူးအမေလုပ်ပေးတာကို ဇိမ်ခံတတ်တဲ့ အဖေကိုယ်တိုင်မလုပ်ရရင် စိတ်တိုင်းမကျ ပြီးမှ ငါပဲလုပ်ရတယ် ငြီးတတ်တဲ့အမေငယ်ငယ်က မေမေ တဆာဆာခေါ်ကပ်ခဲ့ပြီး ကြီးမှာ ငြိုငြင်လာကာ သူစိမ်းရဲ့တစ်ခဏကောင်းပေးတာကို သာယာယုံကြည် အားကိုးချင်မိတဲ့ ကိုယ့်ကိုယ်ကိုပုံဖော်ခံစားလိုက်ရင် ဒီကားလေးနဲ့ စိမ်းမနေပါဘူး...ဇာတ်လမ်းအကျဉ်းအစား စပွိုင်းပါမယ် ဘာသာပြန်ရင်းငိုရတဲ့အခန်းတွေ ကြည့်ရင်းငိုလိုက်တယ် ဒါ ရင်ဘတ်ချင်းတူလို့ပဲပထမဆုံး ငိုမိတဲ့အခန်းကတော့ အမေလုပ်သူက သမီးချစ်သူရဲ့သရုပ်မှန်ကိုသိသွားတဲ့အချိန်ပါ ( အရမ်းspoil ဖြစ်သွားမယ်ဆိုလို့ဘာကြောင့်လဲဆိုတာကိုတော့ထည့်မရေးတော့ပါဘူးဒုတိယက အမေ က အလုပ်ခွင်က သမီးကို မြင်ရချိန် တစ်ချိန်တည်း သမီးအတွက်တတ်နိုင်တဲ့ဘောင်ထဲက ကာကွယ်ပေးတဲ့အချိန်ပါတတိယကတော့ " အမေ မစောင့်နိုင်တော့ဘူး" ကနေ " သမီးကြောက်တယ်" အထိကဲ မိသားစုနဲ့ တူတူကြည့်ပြီး ခံစားလိုက်ကြပါ.မိသားစုနဲ့ ...
movie

All About My Mother ( 2021 )

August Never Ends (2021) 4.1
August Never Ends (2021) August never Ends (2021)MyDramalist - 7.1 /10ကျွန်မအတွက်တော့ အတောမသတ်တဲ့ ဩဂတ်စ်ပါပဲ မောင် ......' ဩဂတ်စ် က ကျွန်မအတွက် ဘယ်တော့မှလည်း အဆုံးသတ်မှာ မဟုတ်ပါဘူး။ဩဂတ်စ်မိုးတွေ ရွာတာ ကျွန်မမျက်ရည်ကို မှီနိုင်မတဲ့လား?????မောင်ရယ် ..... သူရယ် ..... ကျွန်မရယ် ......အစကတော့ သူနဲ့ကျွန်မပဲပေါ့ ..... မောင်။သူက မောင်နဲ့ သက်ဆိုင်သူမှန်း ကျွန်မ မသိခဲ့တာ အမှန်ပါ။ကျွန်မဘဝထဲ မောင် ဝင်မှန်းမသိ ဝင်လာတဲ့အချိန်မှာ ...... အချိန်အတော်နှောင်းသွားခဲ့ပြီ .......ကျွန်မလည်း ငယ်ငယ်ကတည်းက ကျိုးပျက်နေတဲ့ မိသားစုထဲက မွေးဖွားလာခဲ့သလို သူကလည်း ငယ်ငယ်ကတည်းက ကျိုးပျက်နေတဲ့ မိသားစုထဲက မွေးဖွားခဲ့ကြတာမို့သူနဲ့ကျွန်မ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပေါ့ မောင်ရယ် .....အမေ့အတွက် ကျွန်မက တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သလို တစ်ဦးတည်းသော ရန်သူဆိုလည်း ဟုတ်တယ်။အမေက ကျွန်မကို အိမ်မြှောင်က မွေးတဲ့ကလေးတဲ့။ သွေးအေးပြီး နှလုံးသား မရှိတဲ့လူပေါ့လေ။ဒါပေမယ့် အမေသိပ်မှားတယ် ...
movie

August Never Ends (2021)

2021