Channel Myanmar

Chen Shiang-Chyi

I Don’t Want to Sleep Alone (2006) 6.9
I Don’t Want to Sleep Alone (2006) I Don't Want to Sleep Alone (2006)~ IMDb - 6.9/10, Rotten Tomatoes - 88% ~" Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် "ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော...။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား...။မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ ...
movie

I Don’t Want to Sleep Alone (2006)

2006
[18+] The Wayward Cloud (2005) 6.5
[18+] The Wayward Cloud (2005) The Wayward Cloud (2005)~ IMDb - 6.5/10, Rotten Tomatoes - 78% ~ (ဒီလိုခေတ်ဟောင်းကားတွေထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲကြည်အောင် 720p ထိချဲ့ကုတ်ပေးလိုက်ပါတယ်ခင်ဗျာ) ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ရဲ့ အမှတ်သညာလိုဖြစ်နေတဲ့ကားလို့ ပြောရမှာပဲ။ နောက်ဒီကားအမျိုးအစားက မြူဇစ်ကယ်ဒရာမာ။ မြူဇစ်ကယ်ဒရာမာအရေအတွက်က တရုတ်ရဲ့ ရုပ်ရှင်တွေထုတ်လုပ်နှုန်းနဲ့ ယှဉ်ရင် ၀.၀၀၁ ရာခိုင်နှုန်းတောင် ရှိပါ့မလားပဲ။ တရုတ်မြူဇစ်ကယ် ဒရာမာစစ်ကလည်း ပိုရှားတယ်။ ကြည့်ဖူးသလောက်ထဲတော့ ဟောင်ကောင်မှာဆို Perhaps Love, နောက်ထိုင်ဝမ်က ဒီကား၊။ ဒီလောက်ပဲ တွေ့ဖူးတယ်။ ဒီကားက မြူဇစ်ကယ်ဒရာမာဖြစ်နေရုံတင်မဟုတ်ဘဲ တကယ့်ငစားကားလည်း ဟုတ်တယ်။ ဘယ်လိုစားလဲတော့ ခင်ဗျားကိုယ်တိုင်ကြည့်မှ သိမှာပဲ။ အပြမှာတင်စားတာမဟုတ်ဘဲ သူ့သီချင်းတွေကလည်း စားတယ်။ မသိတဲ့လူသွားပြရင်တော့ အောကားလားလို့တော့ အမေးခံရမှာပဲ။ Tsai Ming-liang အနေနဲ့ဆိုရင်တောင် တော်တော်စားတဲ့ကားလို့ပြောရမှာပါပဲ။ ဒီရုပ်ရှင်က ...
movie

[18+] The Wayward Cloud (2005)

2005
Goodbye, Dragon Inn (2003) 7.1
Goodbye, Dragon Inn (2003) Goodbye, Dragon Inn ( 2003 ) ---------------------------- Directed by Tsai Ming LiangBreathless ရုပ်ရှင်ထဲက Godard ရဲ့ ဒိုင်ယာလော့တစ်ကြောင်းရှိတယ်။ ဘဝရဲ့အကြီးကျယ်ဆုံးပန်းတိုင်က immortal ဖြစ်လာပြီးမှ သေဖို့ပဲတဲ့။ ဒီလိုမသေမျိုးဖြစ်လာပြီးမှ သေသွားတဲ့လူတွေ ရှိတော့ရှိပါတယ်။ ဗန်ဂိုး , မိုးဇက် , ဟိုးမား , မိုက်ကယ်အိန်ဂျလို , တာကော့စကီး...။ လွယ်တော့မလွယ်လှဘူးပေါ့။ အခက်ဆုံးအရာလို့ ပြောရင်တောင်ရမလားပဲ။ဂွတ်ဘိုင်ဒရာဂွန်အင်း တစ်ကားလုံးက ရုပ်ရှင်ရုံဟောင်းတစ်ခုမှာ တစ်ချိန်က legenကြီး ကင်းဟူရဲ့ ဒရာဂွန်အင်းကားပြနေတဲ့ အချိန်တစ်ခုကို ရိုက်ထားရုံသက်သက်ပဲ။ ဒီလိုရိုက်တာ Tsai Ming Liangပထမဆုံးတော့ မဟုတ်ဘူးပေါ့။ ရုပ်ရှင်ကို ရုပ်ရှင်ပိုဆန်စေခဲ့တဲ့ အင်ဂမာဘတ်မန်းတို့ အီရန်ရုပ်ရှင်က ဆရာတစ်ဆူဖြစ်တဲ့Abbas Kiraostami တို့လည်း ရိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ Tsai Ming Liangကလည်း Tsai Ming ...
movie

Goodbye, Dragon Inn (2003)

(18+)The Receptionist (2016) 6.6
(18+)The Receptionist (2016) "လွယ်တာတွေ့ရင် ပိုခက်တဲ့တခြားဘဝတွေကို ငဲ့ကြည့်ပါဦး....." မြန်မာနိုင်ငံစကားနဲ့ပြောရရင်တော့ မာစွပ်ပေါ့ အညောင်းအညာလေးလဲ ပြေမယ်...ကိစ္စဝိစ္စလေးတွေလဲလျှော့လို့ရမယ်အားလုံးက ပျော်စရာတွေချည်းပါပဲ...အဆင်ပြေရင်မုန့်ဖိုးလေးဘာလေးပိုပေးလိုက်ပေါ့ ဒါပေမဲ့ အရာရာတိုင်းမှာ Dark Side ဆိုတာရှိသလို အနှိပ်ခန်းလောကမှာလဲ မမြင်နိုင်တဲ့ နာကျင်မှုတွေ ဝမ်းနည်းစရာတွေ ရှိနေမှာပါပဲ..ကျွန်တော်တို့သာမသိကြတာမလား ခုဇာတ်လမ်းထဲမှာတော့ လန်ဒန်က ထိုင်ဝမ်သူတွေရဲ့ မာဆတ်လောကပေါ့မာဆတ်လုပ်မယ်ဟဲ့ဆိုပြီး လန်ဒန်ရောက်လာတဲ့သူက ခပ်ရှားရှားပါ ချစ်သူကခေါ်လာလို့တို့...ဒီမှာလက်ထပ်ပြီး အခြေချဖို့တို့..အလုပ်ရှာဖို့တို့နဲ့ နောက်ဆုံးတော့ ငွေရလွယ်တဲ့ ဒီဘူတာမှာပဲ လာစိုက်ကြလေသည်ပေါ့မာဆတ်ကစော်လေးတွေရဲ့ ဒရာမာတွေက မရိုးရပါဘူးဆို မြေနိမ့်ရာလှံဝိုင်းစိုက်တဲ့ မဟာပုရိသ သခင်ကြီးများကလဲ မပါမဖြစ်ပါပဲ အားလုံးကငွေဆိုတာအတွက် မလုပ်ချင်လဲလုပ် လုပ်ချင်လဲလုပ်ကြပေါ့ တခါတလေတော့ အဲ့လိုလောဘတွေတက်မနေပဲ ကိုယ့်ရဲ့ရှင်သန်ရာနေရာလေးမှာပဲ ရသမျှနဲ့ရောင့်ရဲတင်းတိမ်ရင်း အေးချမ်းစွာဖြတ်သန်းလိုက်ချင်ပေမယ့် ဘဝဟာအဲ့လိုမလွယ်ကူနေကြောင်း ဒီဇာတ်လမ်းလေးနဲ့ စီးမြောခံစားကြည့်ကြတာပေါ့ File size…1.35GB / 617MB Quality…1080p WEBDL  / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+)The Receptionist (2016)

2016
A Brighter Summer Day (1991) 8.4
A Brighter Summer Day (1991) [Unicode]A Brighter Summer Day (1991)IMDB - 8.4 Rotten Tomatoes -100%A Brighter Summer Dayဟာ တရုတ်ဂန္တဝင်စာပေတွေဖြစ်တဲ့ ခန်းဆောင်နီအိပ်မက်တို့ လက်ဖက်ရည်ဆိုင်တို့လို ဇာတ်ကောင်အ‌ခြေပြု ခေတ်အရိပ်ထင်ဟပ်တဲ့ ရုပ်ရှင်ပါပဲ။ အက်ဒ်ဝတ်ယန်းဟာ ဒီရုပ်ရှင်အတွက် မျက်နှာသစ်သရုပ်ဆောင်၁၀၀ကိုသုံးခဲ့ပြီး ဒီရုပ်ရှင်ဟာ လေးနာရီအတိနီးပါရှိပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်စိုက်ရာခေတ်ကာလကတော့ ၁‌၉‌၅‌၉ပါ။ ၁၉၄၉မှာ မော်စီတုန်းခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေဟာ ပြည်မကြီးအပါအဝင် တရုတ်ပြည်ရဲ့သုံးပုံတစ်ပုံ ကိုသိမ်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုစထောင်လိုက်ပါတယ်။ အမျိုးသားအစိုးရနဲ့အတူ လူအများဟာ ထိုင်ဝမ်ကို ပြောင်းရွှေ့လာခဲ့ပြီး ဘဝအသစ်စတင်ကြရပါပြီ။ ဒီလိုပြောင်းရွေ့ရာ အ‌ခြေမကျသေးတဲ့ပတ်ဝန်းကျင်မှာကြီးပျင်းလာရတဲ့ လူငယ်တွေရဲ့ဘဝဟာလည်း လွယ်ကူမနေခဲ့ပါဘူး။ လူငယ်တွေရဲ့ အ‌ခြေအနေကို ဗဟိုပြုပြီး ၁၉၅၉ခုနှစ် ထိုင်‌ဝမ်ရဲ့ရွှေအိုရောင်မသန်းခဲ့တဲ့ အတိတ်တွေအကြောင်းပါးပါးလေး ပုတ်ပြထားပါတယ်။‌ဒီရုပ်ရှင်ဟာ လက်တွေ့ထက်ကို အတော်လက်တွေ့ဆန်တယ်လို့ ဆိုရပါမယ်။ မသိစိတ်ရဲ့ လိင်အာသီသတွေ၊ မိန်းမတွေကိုကြည့်တဲ့ ပတ်ဝန်းကျင်ရဲ့ မျက်လုံး‌တွေ။ လူရဲ့စရိုက်တွေဟာ သူများအိမ်ကို နံရံကလိုင်ပေါက်ကနေ ချောင်းကြည့်နေရသလိုပါပဲ။ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ လူကောင်းတွေရဲ့ ဇာတ်သိမ်းမလှမှုတွေနဲ့ အဆင်မပြေတဲ့ခေတ်ကြီးထဲက ခါးသက်သက်အဖြစ်အပျက်တွေကြားမှာ သားဘက်က အမြဲရှိပေးတဲ့အဖေတွေ၊ သူငယ်ချင်းကောင်း‌တွေ၊ အနစ်နာခံတတ်တဲ့အကိုတွေကို ...
movie

A Brighter Summer Day (1991)