Channel Myanmar

Chen Yongzhong

Are You Lonesome Tonight? (2021) 6.1
Are You Lonesome Tonight? (2021) Native Title 热带往事 Are you lonesome tonight?ဒီကားလေးကတော့ 1997ခုနှစ် နွေရာသီ ကွမ်ကျိုးမြို့တစ်မြို့လုံး မီးပျက်သွားချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုကိုအခြေခံထားတာပါအဲ့လူသတ်မှုမှာ လူသုံးယောက်ပါဝင်ပက်သက်နေပါတယ်ဝမ်ရွှယ်မင်ဆိုတဲ့ လူငယ်တစ်ယောက်က သူ့ချစ်သူကောင်မလေးနဲ့ အေးအေးချမ်းချမ်းနေရာမှ မီးတွေပျက်နေတဲ့ညတစ်ညမှာ လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပါတယ်အလောင်းကိုဖျောက်ပစ်လိုက်ပေမဲ့ အပြစ်ရှိသလိုခံစားနေရတာကြောင့် သူဟာသေဆုံးသွားသူဇနီးအနားမှာ တရစ်ဝဲဝဲနဲ့လိုက်နေခဲ့ပါတော့တယ် နောက်ဆုံးသူ မထိန်းထားနိုင်တော့ဘဲ သုကားနဲ့တိုက်မိတဲ့အကြောင်း ဖွင့်ပြောလိုက်ပါတော့တယ်အဲ့လိုပြောရာမှ အရှုပ်ထုပ်ထဲသူရောက်သွားသောအခါ ဘယ်လိုဖြစ်မလဲ ကားလေးထဲကြည့်လိုက်ပါနော်...။ဝမ်ရွှယ်မင်အဖြစ် Eddie Peng Mrs.လျန်ထိုင်အဖြစ် Sylvie Chang စုံထောက်ချန်းအဖြစ် Wang Yan Hui( အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )Quality__1080p , 720p IMDb Rating__6.1/10 Format__mp4 Duration__01:35:00 Type__Crime , Drama , Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie

Are You Lonesome Tonight? (2021)

The Wild Goose Lake (2019) 6.8
The Wild Goose Lake (2019) The Wild Goose Lake (2019)=====================IMDb Rating - 6.8/10#Unicode2014ဘာလင်ရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုဖြစ်တဲ့ Golden Bear Awardကို Diao Yinanရဲ့ Balck Cold, Thin Iceကားကရသွားခဲ့တယ်။ BCTIမတိုင်ခင်မှာ သူစိတ်ကူးရထားတဲ့ BCTIနဲ့ခပ်ဆင်ဆင် ဇာတ်လမ်းတစ်ပုဒ် သူ့မှာရှိတယ်။ ဒီဇာတ်လမ်းကို သူဇာတ်ညွှန်း အခါခါရေးကြည့်ပေးမယ့် မပြည့်စုံသေးဘူးလို့ ခံစားရတဲ့အတွက် သူမရိုက်ဖြစ်ခဲ့ဘူး။ ဒီနောက်မှာတော့ သူစိတ်ကူးထားတဲ့ ဇာတ်လမ်းဟာ အပြင်လောကမှာ အမှန်တကယ်ဖြစ်သွားခဲ့တာသူသိလိုက်ရတယ်။ ဒီသတင်းကိုဖတ်ပြီး သူ့ဇာတ်ညွှန်းရဲ့ Plot Lineကို ပြင်ရေးခဲ့ပေမယ့်လည်း စိတ်တိုင်းမကျခဲ့တဲ့အတွက် ၂၀၁၉အထိရောက်လာခဲ့တာပါပဲ။။ဖန်တီးသူဟာ သူ့အနုပညာကို အတော် တန်ဖိုးထားခဲ့တာပါ။ရုပ်ရှင်ရဲ့နာမည်ဟာ အင်္ဂလိပ်မူအရ ငန်းရိုင်းကန်ပေမယ့် တရုတ်မူမှာတော့ "တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်း"လို့ မူကွဲပါတယ်။ဒုတိယမူဟာ စာရေးသူဒါရိုက်တာ ပေးထားတဲ့အမည်ပါပဲ။ဒါနဲ့ပက်သက်ပြီး အင်တာဗျူးမှာ ဒီအမည်နဲ့ပက်သက်ပြီး သူဖြေသွားတာ အတော်လှပါတယ်။"တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်းဆိုတာ ကျွန်တော်ဒီဇာတ်ညွှန်းစရေးတော့ ပထမဆုံး ရေးလိုက်တဲ့စကားစုပါပဲ။တောင်ပိုင်းက အတော်ရိုမန့်တစ်ဆန်ပြီး အပူပိုင်းဆန်တဲ့ ဒေသပါပဲ။ဘူတာရုံဆိုတာက လူတွေ ဆုံဆည်းကြ ကွဲကွာကြတဲ့နေရာပဲလေ။ တစ်ချို့လူတွေ ထာ၀ရအပြီးအပိုင်ခွဲခွာ သွားကြတဲ့နေရာဆိုလည်းဟုတ်တယ်။ ဒါက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ မှတ်ညဏ်တစ်ခုပါပဲ။ ကြီးပျင်းလာတဲ့ တစ်လျှောက်က ကျွန်တော်တို့ မှတ်ညဏ်တွေနဲ့ ဘူတာရုံနဲ့ကို ပိုင်းခြားပစ်လို့မရနိုင်ဘူး။ ကျွန်တော်ခုလေးတင်ပြောခဲ့သလိုပဲ ဘူတာရုံဆိုတာက လူတွေ ဆုံဆည်းကြ ကွဲကွာကြတဲ့နေရာ ဇာတ်လမ်းတွေ ဖြစ်ပျက်ကြတဲ့နေရာလို့ပဲ ခံစားရရုံပါပဲ။ဒါကြောင့် "တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်း" ဆိုတဲ့ နာမည်ကလေးထဲမှာ သူမတူတဲ့ရသတစ်မျိုးရှိနေတယ်လို့ ကျွန်တော်ထင်တယ်။"တဲ့။သရုပ်ဆောင်တွေဘက်လှည့်ရရင် ACTRESS ကတော့ BCTIမှာကတည်းက သူနဲ့လက်တွဲခဲ့သူ ဆိုတော့ ဘာမှအထူးတလည်ပြောစရာမရှိပေမယ့် Lead Actor မြန်မာပရိတ်သတ်နဲ့ ရင်းနှီးပြီးသား မက်မွန်မြေကချစ်တေးတစ်ပုဒ်နဲ့ Chinese ...
movie

The Wild Goose Lake (2019)

2019
Kaili Blues (2015) 7.3
Kaili Blues (2015) Kaili Blues (2015)==============IMDb Rating - 7.3/10#Unicodeခိုင်လိမြို့၏ ပြာရီမှုန်ဝေခြင်းများမြို့ကြီးပေါ်ပဲမွေးမွေး မြို့လေးပေါ်ပဲမွေးမွေး ဇနပုဒ်ကလေးမှာပဲမွေးမွေး အချိန်တစ်ခုရောက်လာရင်တော့ . . .ပြန်မရတော့တဲ့ အသက်အရွယ်က ပြန်မရတော့တဲ့ အမှတ်တရတွေရှိနေတဲ့ ကိုယ့်မြို့ကလေးကို ချစ်တဲ့စိတ်ကအားလုံးရဲ့ ရင်မှာအမြစ်တွယ်နေကြမှာပါပဲ။အဆောက်အဦးအဟောင်းတွေဖြို အသစ်တွေဆောက်ကြလို့ပုံသဏ္ဍာန်တွေသာပြောင်းသွားကြပေမယ့် ကျွန်တော်တို့ရဲ့မြို့တွေမှာ ကျွန်တော်တို့ မမှတ်မိနိုင်စရာ အမှတ်တရဆိုတာမရှိပါဘူး။ အမှတ်တရဆိုတာ ရုပ်၀တ္တုတွေပေါ်မှာမှ မတည်ခဲ့ပဲကို။ ခိုင်လိမြို့ရဲ့ပြာရီမှုန်ဝေခြင်းများဟာ ကျွန်တော်တို့မြို့တွေအကြောင်းတော့မဟုတ်ဘူး။ ပိုင်ကန်ရဲ့ ဇာတိမြေ ခိုင်လိမြို့ကလေးအကြောင်း။ အပြင်လောကမှာတော့ခိုင်လိဟာ သူ့ဒေသရဲ့ မြို့‌တော်ကြီးပဲ ဒါပေမယ့် ပိုင်ကန်ရဲ့ရင်ထဲမှာတော့ သူချစ်တဲ့မြို့ကလေး သက်သက်။ သူ့မြို့ကလေးပေါ် သူချစ်တဲ့အချစ်ဟာ ကျွန်တော်တို့မြို့ကလေးကို ကျွန်တော်တို့ချစ်တဲ့အချစ်နဲ့တူတာမို့ ကျွန်တော်တို့နားလည်နိုင်ခဲ့တယ်။ ဒီရုပ်ရှင်မှာ ဒီမြို့ကလေးမှာ ရှိနေတဲ့လှပတဲ့အရာတွေကို အခမ်းနားဆုံးပြသွားတာဆိုလို့ အိမ်တွေဘေးကရေတံခွန်လေး‌ကလေးပဲရှိမယ်။ အလှတရားဟာ အသွင်သဏ္ဍာန်၌ မတည်ပြီကိုး။ ခိုင်လိမြိုရဲ့ ပြာရီမှုန်ဝေခြင်းများထဲ စီးမျောကြည့်ရင် ပုံရိပ်တွေ၊ ကဗျာတွေ၊ဘ၀တွေဟာ ဝေဝေဝါးဝါးပဲ စီးမျောလာကြတယ်။လူနှစ်ယောက်ပြောတဲ့ စကားတွေကြားမှာ အစကတော့ ...
movie

Kaili Blues (2015)

2015
Long Day’s Journey Into Night ( 2019 ) 7.2
Long Day’s Journey Into Night ( 2019 ) ဒီဇာတ်ကားလေးဟာ IMDb မှာ 7.2 ရရှိထားပြီး Chinese Box Office မှာ37 Million အထိရထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်.ဒီဇာတ်ကားမှာယောက်ကျားတစ်ယောက်ရဲ့အတိတ်..အိမ်မက်..လက်တွေ့ဘဝသုံးခုမှာစိတ်ကူးလွင့်မျောနေပြီး သူ့ရဲ့ပျောက်ဆုံးသွားတဲ့တချိန်က ချစ်သူကိုပြန်ရှာဖွေတဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ သူဟာ ကွေကျုံးကိုပြန်သွားပြီးသူ့အိမ်မြေအောက်ခန်းကနေရတဲ့ဓါတ်ပုံထဲက လျို့ဝှက်ဆန်တဲ့မိန်းမကိုအနှစ်၂၀ ကြာမှ ပြန်လည်လိုက်ရှာနေမိတယ်.တချိန်တည်းမှာပဲသူနဲ့ချစ်ခဲ့ဖူးတဲ့မိန်းကလေးဟာလည်းထူးဆန်းစွာပျောက်ဆုံးသွားလို့တပါတည်းလိုက်ရှာနေမိတယ်.ဒီလိုနဲ့ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပါ..တွေးတောရတာကြိုက်တဲ့သူတွေအတွက်တော့ တွေးစရာကောင်းမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်Translated & Review By Phyo ZawEncoded By LK
movie

Long Day’s Journey Into Night ( 2019 )

2018