Channel Myanmar

Cheung Wing-Cheung

My Wife Is a Gangster 3 (2006) 6.4
My Wife Is a Gangster 3 (2006) My Wife Is a Gangster 3 (2006) မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီး Eun-Kyung Shin ရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် Shu Qi ပါ။မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။မင်းသမီးရှုကြည်က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ mission တွေကို ချီတက်ကြမှာပါ။ဒီဇာတ်ကားက My Wife is a Gangster ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး...အက်ရှင်ဟာသဖက်ပိုသွားပါတယ်။Sequel အဖြစ်ထွက်ရှိခဲ့ပေမယ့် မတူကွဲပြားတဲ့တင်ဆက်မှုတွေကြောင့် IMDb Rating (6.4) ထိ ရရှိအောင်မြင်ခဲ့ပါတယ်။****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး  ...
movie

My Wife Is a Gangster 3 (2006)

2006
Vengeance (2009) 6.5
Vengeance (2009) Vengeance (2009)~ IMDb - 6.5/10, Rotten Tomatoes - 68% ~Directed by "Johnnie To"ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ ...
movie

Vengeance (2009)

2009
The Longest Nite (1998) 7.2
The Longest Nite (1998) The Longest Nite (1998) ================= IMDb Rating - 7.2/10Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကို ကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူး တယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက် က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။ တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်း ဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကို ကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြ ထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်း အရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲ ကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကို ကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြော လည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက Patrick Yauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie To ရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့ တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiက ပြောခဲ့တယ်။သူလည်းခေတော့မခေဘူး။ Johnnie ...
movie

The Longest Nite (1998)

1998
Yes, Madam! (1985) In the Line of Duty-2 6.6
Yes, Madam! (1985) In the Line of Duty-2  မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်...ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ...ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး ...
movie

Yes, Madam! (1985) In the Line of Duty-2

Mr. Vampire 4 ( 1988 ) 6.4
Mr. Vampire 4 ( 1988 ) တရုတ်ခုန်ဆွ သရဲကားတွေဆိုပြီးနာမည်ကြီးခဲ့တဲ့1988 မှာ ထွက်ရှိခဲ့တဲ့ Mr. Vampire ရဲ့ လေးကားမြောက်ကိုတင်ဆက်ပေးလိုက်ပါတယ်..1 , 2 , 3 , 4 ,5 ထွက်ရှိခဲ့ပေမယ့် ဇာတ်လမ်းတွေဟာ တစ်ကားနဲ့တစ်ကားဆက်စပ်မှုမရှိသလိုတစ်ကားလာတိုင်း အဓိကသရုပ်ဆောင်ကလွဲရင်ကျန်တာတွေပြောင်းသွားတာမို့ ဘယ်နေရာကဖောက်တင်တင်..ဖောက်ပြီးကြည့်ကြည့် အရသာလုံးဝပျက်မှာတော့မဟုတ်ပါဘူး..ဒါကြောင့်မို့Mr Vampire 4 ကို တင်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်း – ဟိုဘက်အိမ်မှာရှိတဲ့ဘုန်းတော်ကြီးနဲ့အိမ်နီးချင်းမှော်ဆရာတို့ဟာ တစ်ဦးနဲ့တစ်ဦးလုံးဝမတည့်ကြပါဘူး..ဘုန်းတော်ကြီးမှာတော့ တပည့်မလေးတစ်ဦးရှိပြီးမှော်ဆရာမှာတော့ တပည့်တစ်ဦးရှိပါတယ်..ဆရာ၂ယောက်ကလုံးဝမတည့်ပေမယ့် မှော်ဆရာရဲ့တပည့်ကတော့ဘုန်းတော်ကြီးရဲ့တပည့်မလေးဖြစ်တဲ့ ချင်းချင်းကို သဘောကျနေပါတယ်..အချင်းချင်းပြိုင်ကြဆိုင်ကြ..နိပ်ကွပ်ကြနဲ့ဟာသလေးတွေနှောပြီး ရိုက်ကူးထားပါတယ်..ဘယ်လောက်ပဲမတည့်ပါစေ..အန္တရာယ်ကိုရင်ဆိုင်လာတဲ့အခါမှာတော့အတူ ရင်ဆိုင် တိုက်ခိုက်ကြပါတယ်..ကလေးဘ၀တုန်းကနှစ်ခြိုက်စွာကြည့်ခဲ့ရတဲ့ဇာတ်လမ်းလေးတွေ ပြန်ကြည့်ရမှာမို့သဘောကျမယ်လို့ထင်ပါတယ်..မကြည့်ရသေးတဲ့သူတွေလည်းကြည့်ပါ..ပေါ့ပေါ့ပါးပါးအပျင်းပြေကြည့်ကောင်းသလိုအရမ်းလည်းရယ်ရတဲ့ဇာတ်ကားလေးတွေပါ..
movie

Mr. Vampire 4 ( 1988 )

1988