Channel Myanmar

Chiaki Kuriyama

The Top Secret: Murder in Mind (2016) 5.4
The Top Secret: Murder in Mind (2016) Top secret murder in mindတိုကျိုမြို့တော်ရဲဌာနရဲ့ လက်အောက်မှာ နည်းပညာသစ်ကိုအသုံးပြုပြီး ဆန်းသစ်တဲ့နည်းလမ်းနဲ့ အမှုလိုက်နေတဲ့ "ဌာန၉"ဆိုတာ ရှိပါတယ်။ ဌာန၉က စမ်းသပ်ဆဲဌာနတစ်ခုဖြစ်ပြီး တရားဝင်ဌာနအဖြစ် အသိအမှတ်ပြုမခံရသေးပါဘူး။သူတို့ရဲ့အဓိကအလုပ်ကတော့ သေဒဏ်ကျခံရပြီး သေသွားတဲ့အပြစ်သားရဲ့ဦးနှောက်ကို လူတစ်ယောက်နဲ့ချိတ်ဆက်ကာ scanဖတ်ပြီး မှတ်ဉာဏ်ဟောင်းတွေကို ကြည့်ရှုတာပါ။ ဒီလိုကြည့်ပြီးတော့ ဒီအမှုမှာဘာတွေဖြစ်ခဲ့လဲ တရားခံဟာ ဘယ်လိုနည်းလမ်းတွေသုံးခဲ့လဲဆိုတာကို စမ်းသပ်စစ်ဆေးနေတဲ့ဌာနပါ။ ဒါမှ တရားခံနဲ့ဆက်စပ်ပြီး နောက်ထပ်ပေါ်လာနိုင်တဲ့ပြစ်မှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဆုယုဂုချိလို့ခေါ်တဲ့သိပ္ပံပညာရှင်က သူ့မိန်းမ၊ယောက္ခမနဲ့ သမီး၂ယောက်ကို ရက်စက်စွာသတ်ခဲ့တာကြောင့် သေဒဏ်ကျခံခဲ့ရပါတယ်။ သူ့ရဲ့ဦးနှောက်ကို ဌာန၉က လွှဲပြောင်းယူပြီး စစ်ဆေးလိုက်တဲ့အခါ တကယ့်လူသတ်သမားက သူမဟုတ်မှန်း သိလာရပါတယ်။ ဆုယုဂုချိရဲ့ သမီးအကြီးကလည်း တကယ်မသေဘဲ ပျောက်ဆုံးနေပါတယ်။ သမီးကြီးဖြစ်သူက ခိုင်နုမလို့ခေါ်တဲ့ သိပ်ကြောက်စရာကောင်းတဲ့ စိတ္တဇလူတစ်ယောက်နဲ့ပါ ပတ်သက်မှုရှိနေတဲ့အခါတကယ့်လူသတ်သမားအစစ်ကို မှတ်ဉာဏ်တွေထဲကနေ အတိတ်ကအမှုကို လျှို့ဝှက်စွာ ပြန်လည်စစ်ဆေးဖော်ထုတ်ကြမဲ့ စုံထောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin ...
movie

The Top Secret: Murder in Mind (2016)

Azumi 2: Death or Love (2005) 6.2
Azumi 2: Death or Love (2005) Azumi 2: Death or Love (2005)IMDB Rating (6.2)ဂျပန်နင်ဂျာဆာမူရိုင်းကားဆိုတာ ဒါမျိုးလို့ ဆိုရလောက်အောင် Azumi ဇာတ်ကား ၂ ကားလုံးက အခုတ်အဖြတ် အတိုက်အခိုက်တွေနဲ့ နာမည်ကြီးခဲ့တဲ့ တကယ့်ဖိုက်တာ ဂျပန်ကားတွေပါပဲ။ဇာတ်လမ်းကတော့ Azumi ဆိုတဲ့ ဂျပန် နင်ဂျာမလေး တစ်ယောက်အကြောင်းကို အခြေပြုထားပါတယ်... သူမဟာ ရုပ်ကလေးလှပြီးနုဖတ်နေပေမယ့် လူသတ်ဖို့ မျက်တောင်မခတ်တမ်း ရက်စက်တတ်သူ ဖြစ်ပြီး လူပုံစံ ပျော့ပျောင်းသလောက် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက်လဲ ဖြစ်ပါတယ်... အုပ်ချုပ်ရေး အဖွဲ့တစ်ခုကို ဆန့်ကျင်တော်လှန်သူခေါင်းဆောင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာတိုင် ကလေး တစ်ချို့ကို ဓါးသိုင်း လက်ထပ် သင်ကြားပျိုးထောင်ခဲ့ပါတယ်...အဲ့ဒီ့ကလေးတွေ အရွယ်ရောက်ပြီး ပညာစုံလာတဲ့အခါမှာ လူရောစိတ်ရောမာကျောလာဖို့နဲ့ တာဝန်တွေကို လုံးဝလိုက်နာဖို့ ပြင်းထန်တဲ့ သင်ခန်းစာကို ရက်စက်စွာ သင်ကြားပါတော့တယ်။ အဲ့ဒီ့ သင်ခန်းစာထဲမှာ ရက်စက်တတ်တဲ့ လူသတ်သမားအချို့သာ အသက်ရှင်ကျန်မှာဖြစ်ပြီး ဒီထဲမှာ မိန်းမလှလေး Azumi ဟာလဲ ပါဝင်ခဲ့ပါတယ်။အာဇုမိဟာ Jidaigeki အမျိုးအစား ...
movie

Azumi 2: Death or Love (2005)

Battle Royale (2000) 7.7
Battle Royale (2000) Battle Royale (2000) ဒီကားအကြောင်းကို မပြောခင် Pubg ဆိုတဲ့Gameကို အားလုံးသိကြမယ်ထင်ပါတယ် Pubg ကို ရေးဆွဲခဲ့တဲ့ သူက ဒီကားကိုကြည့်ခဲ့ပြီး ဂိမ်းအဖြစ်ပြန် အသက်သွင်းဖို့ အကြံရခဲ့တယ်လို့ဆိုထားပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့က ဂျပန်နိုင်ငံဟာ လူဦးရေတွေထူထပ်လျက်ရှိပြီး အလုပ်အကိုင်လဲရှားပါးနေပါပြီ အထက်လူကြီးတွေရဲ့ မစီမံနိုင်တဲ့အပေါ် ကျောင်းသား လူငယ်တွေကလဲ သပိတ်မှောက်ကြပါတယ် ဒီမှာတင် အစိုးရအဖွဲ့က ကျောင်းသင်ခန်းစာအသစ်တစ်ခုတိုးပေးလ်ုက်ပါတယ် BR actလို့ခေါ်တဲ့ ဒီသင်ခန်းစာဟာ ကျောင်းသားတွေကို ကျွန်းတစ်ကျွန်းပေါ်ပို့ အချိန်၃ရက်အတွင်း ရှင်သန်သူတစ်ယောက်ထဲကျန်တဲ့အထိ အချင်းချင်းသတ်ဖြတ်စေပါတယ် နှစ်စဉ် နိုင်ငံတစ်ဝှမ်းလုံးက ၈တန်းကျောင်းသားတွေထဲက အတန်းခွဲတစ်ခုကို ကျပန်းရွေးချယ်ပြီး ကျင်းပလေ့ရှိတဲ့ BR actသင်ရိုးကို နာနာဟာရာတို့အတန်းက ကံထူးပြီးသင်ရတဲ့အခါမှာတော့... ဘာတွေဖြစ်လာမလဲ ဆက်လက်ကြည့်ရှူလိုက်ကြပါ File Size : (1gb) and (600 MB) Quality : blu-ray 720p Running Time : 1h 54min Format : Mp4 Genre : Adventure, Drama, Sci-Fi  Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Waizin ...
movie

Battle Royale (2000)

2000
Blade of the Immortal (2017) 7.2
Blade of the Immortal (2017) နာမည်ကြီး Manga series ဖြစ်တဲ့ Blade of the Immortal ကို live action ပြန်ရိုက်ထားတာပါManga series ကို ကြည့်ဖူးသူတွေကို အထွေအထူးမိတ်ဆက်ပေးစရာ မလိုပေမဲ့မကြည့်ဖူးတဲ့သူတွေအတွက် အတိုချုပ် ပြီး ပြောပြပါမယ်နော်ကိုယ့်ဆရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြန်သတ်မိပြီး ထွက်ပြေးနေတဲ့ Manji ဟာ တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ Yaobikuni ဆိုတဲ့အဖွားကြီးက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့တီကောင်လိုအကောင်တွေ ထည့်ပေးလိုက်လို့ Immortal တစ်ယောက်ဖြစ်လာခဲ့တယ်နောက်နှစ်ပေါင်းကြာလာတဲ့အခါ Itto-Ryu လို့ခေါ်တဲ့ ဓားပညာရှင်တွေစုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကြောင့် မိဘနှစ်ပါးလုံးကို ဆုံးရှုံးသွားတဲ့ Rinn ဆိုတဲ့ ကောင်မလေးသူ့ရဲ့ကလဲ့စားချေလိုစိတ်ကြောင့် Rinn က Manji ကို လိုက်ရှာပြီး အကူအညီတောင်းခဲ့တယ်Manji က သူ့ကို ကူညီပြီးတော့ ဘယ်လိုကလဲ့စားချေကြမလဲသူတို့ နှစ်ယောက်ပေါင်းပြီး Itto-Ryu ကို ကလဲ့စားချေနိုင်မှာလားကြားထဲမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရဦးမှာလဲ ...
movie

Blade of the Immortal (2017)

2017