Channel Myanmar

Cho Yeo-jeong

[18+] Obsessed (2014) 6.2
[18+] Obsessed (2014) ဂျွန်စောလို့ လူသိများတဲ့ မင်းသား Song Seung-heon ကိုခုလို ကြာကူလီဆန်ဆန် အရူးအမူးအချစ်သမားအဖြစ် မြင်ရတာ တစ်မျိုးတော့ ထူးခြားပါတယ်...မင်းသမီး Lim Ji-yeon ကလဲ အေးတိအေးစက် မထုံတတ်သေးနဲ့ Erotic ဆန်တဲ့ ဇာတ်ရုပ်ကို ချပြရာမှာသူ့ရဲ့ ပထမဆုံး Leading Role ဇာတ်ကားဖြစ်ခဲ့ပေမယ့် ပေါ်ပေါ်ထင်ထင်ပဲ ရိုက်ကူးထားပါတယ်...ထူးခြားတဲ့ တွဲဆက်မှုတွေနဲ့ ဒီကိုရီးယားဇာတ်ကားက ဖောက်ပြားတတ်တဲ့လူ့သဘောကိုအချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ထားပါတယ်။(ယခင်တင်ဆက်ဖူးပေမယ့် ဘာသာပြန်စာတန်းထိုး လိုအပ်ချက်တွေရှိခဲ့လို့အခုအသစ်တစ်ဖန် ဘာသာပြန်တင်ဆက်လိုက်တာပါ။) File size…(1.6 GB)/(1.3 GB)/(650 MB) Quality….BluRay 1080p HEVC/ 1080p / 720p Format…mkv/mp4 Duration….02:13:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

[18+] Obsessed (2014)

1080p HEVC
The Target (2014) 6.3
The Target (2014) ဒီကိုရီးယားကားကတော့ Action/Thriller ထဲမှာ တော်တော်ကောင်းတဲ့ကားမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်။မင်းသားမင်းသမီးတွေကလဲ Ryu Seung-ryong,Lee Jin-wook,Cho Yeo-jeong တို့လို တကယ့်နာမည်ကြီးဖိုက်တာတွေချည်းပါပဲ...ဇာတ်လမ်းကတော့မမျှော်လင့်တဲ့ ကိစ္စတစ်ခုကြောင့် ထွက်ပြေးလာရတဲ့ သူက ကားတိုက်မှုနဲ့ ဆေးရုံရောက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ ထပ်ပြီးမမျှော်လင့်စရာကောင်းတာက ကုပေးရတဲ့ ဆရာဝန်ပါ။ သူ့ရဲ့ဇနီးကို အကြပ်ကိုင်မှုနဲ့အတူ ဆေးရုံကို ဘယ်ကနေဘယ်လို ဘယ်ကိစ္စကြောင့်ရောက်လာမှန်းမသိတဲ့သူကို ကယ်ထုတ်ရပါတယ်။ ဒီကြားထဲမှာလဲ ကိုရီးယားရဲတွေ၊ စုံထောက်တွေ၊ ထောက်လှမ်းရေးတွေက အဲဒီလူကို အသည်းအသန်လိုချင်နေကြတယ်။ အကြောင်းအရင်းကတော့ အဆောက်အဦးပိုင်ဆိုင်မှုကိစ္စအရှုပ်တော်ပုံမှာ လူသတ်တရားခံအဖြစ် သံသယရှိလို့ပါတဲ့။ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပြီး သနားဖို့လည်းကောင်း အက်ရှင်ခန်းတွေလည်းကောင်းပါတယ်လို့ ပြောရမယ်။ကိုရီးယားတို့ထုံးစံအတိုင်း ဇာတ်လမ်းလေးတော့ အနည်းငယ်ရှုပ်သယောင်ထင်ရပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့ရနေတာကလည်း မမျှော်လင့်ရတာပါပဲ။ ဒါကြောင့် လူသတ်တရားခံအဖြစ် သံသယရှိသူနဲ့ ဆရာဝန်တို့ ဘယ်လို ၂ ပါးသွားကြမလဲ၊ သူတို့ကို ရဲတွေက ဘာကြောင့် အသည်းအသန်လိုချင်နေကြလဲဆိုတာကို ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ File size…(1.3 ...
movie

The Target (2014)

2014
[18+] The Concubine (2012) 6.1
[18+] The Concubine (2012) ငယ်စဉ်ကအတူကြီးပြင်းလာခဲ့တဲ့ချစ်သူနဲ့ ကိုယ်ဝန်ရခဲ့သော်လည်း ဖခင်အမတ်ကြီး အသတ်ခံရမှာစိုးတဲ့အတွက် မိဖုရားဖြစ်လာခဲ့သူ ဟွယွန်ဟွယွန်ကို ငယ်စဉ်ကတည်းက စိတ်ဝင်စားသော်လည်း လက်လွတ်ခဲ့ရပြီး ဘုရင်ဖြစ်လာမှ မရမကယူချင်နေတဲ့ ဆောင်ဝမ်အမတ်ကြီးသမီးနဲ့ချစ်မိလို့ ယောက်ကျားစစ်စစ်ဘဝဆုံးရှုံးလိုက်ရပြီး လက်စားချေဖို့အတွက် နန်းတွင်းထဲကို ကုန်းကုန်းအဖြစ် ဝင်ရောက်လာသူ ကွမ်ယိုအာဏာမက်မောလွန်းတဲ့အတွက် လက်ရှိဘုရင်ကိုသတ်ပြီး သားဖြစ်သူ ဆောင်ဝမ်ကို ရုပ်သေးဘုရင်အဖြစ် အသုံချပြီး နန်းတော်ကိုချယ်ခြယ်နေတဲ့ မယ်တော်ကြီးအဲဒီ ဇာတ်ကောင်တွေဦးဆောင်တဲ့ဒီဇာတ်ကားဟာ အာဏာ၊ တဏှာ၊ အချစ်၊ မိခင်မေတ္တာနဲ့ လက်စားချေမှုတို့ကို ပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အာဏာဟာ လူတွေကို ဘယ်လောက်စေစားနိုင်လဲ၊ လူတွေကို ဘယ်လိုရူးသွပ်သွားစေနိုင်လဲဆိုတာ တွေ့ရမှာပါ။ ဒါ့အပြင် မိန်းမတွေရဲ့စိတ်ဓါတ်ဟာ ဘယ်လိုရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ မင်းသမီး Jo Yeo-jeong ကတော့ တီဗွီက ဇာတ်လမ်းတွဲတွေထဲမှာ မြင်ဖူးကြမှပါ။ဒီကားမတိုင်ခင်က Servant(2010) မှာကတည်းက လူတွေစိတ်ဝင်စားခဲ့တဲ့ Jo Yeo-jeong ဟာ ဒီ The Concubine(2012) ထွက်အပြီးမှာတော့ ...
movie

[18+] The Concubine (2012)

Parasite (2019) 8.6
Parasite (2019) (Unicode)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Bong Joon-Ho ရဲ့ နောက်ထပ် ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ဒီဒါရိုက်တာကို မသိရင်တောင် သူရိုက်ခဲ့တဲ့ Mother တို့ Memories of murder တို့ကို သိကြမှာပါ။အခုလည်း ဒီရုပ်ရှင်ဟာ 2019 Cannes ရုပ်ရှင်ပွဲတော်ရဲ့ The Palme d'Or ဆုကို ဆွတ်ခူးသွားပြီး ကမ္ဘာကျော်သွားခဲ့ပြန်ပါတယ်။ဒီကားကို ရုံမှာကြည့်ခဲ့တဲ့ သူတိုင်းလည်း ရင်သပ်ရှုမောနဲ့ အကြိုက်တွေ့ခဲ့ရတာချည်းပါပဲ။အခုတင်ပေးထားတဲ့အထဲမှာတော့ ရုံမှာမပါလိုက်တဲ့ အခန်းတစ်ခု အပိုပါပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လိုညွှန်းရမှန်းကိုမသိပါဘူး။ဇာတ်လမ်းကတော့ ဆင်းရဲသားမိသားစု တစ်စုဟာ လူချမ်းသာမိသားစုတစ်ခုဆီက လှည့်စားအမြတ်ထုတ်နေရင်း မထင်မှတ်တာတွေ အများကြီးဖြစ်လာတာဆိုပါတော့။ဒီရုပ်ရှင်မှာ ချဲ့တွေးရင်တွေးနိုင်သလောက် သဘောတရားတွေ အများကြီးပြထားပါတယ်။ရိုက်ချက်တွေ ဒါရိုက်တာပြထားတာတွေကလည်း ခံစားရင်ခံစားနိုင်သလောက် သဘောကျစရာတွေ ပြည့်နေတာပါ။ဒီတော့ အရမ်းကောင်းတယ် ကြည့်ကိုကြည့်သင့်တယ်လို့ပဲ ညွှန်းချင်ပါတော့တယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်... File ...
movie

Parasite (2019)

2019
Casa Amor: Exclusive for Ladies (2015) 6.2
Casa Amor: Exclusive for Ladies (2015) Casa Amor: Exclusive for Ladies [NC-17]  ကဲဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် သောကြာနေ့လိုည မျိုးမှာ ပင်ပန်းခဲ့သမျှကို ရီမောရင်းပြေပြောက်စေဖို့အတွက် အချစ်ဟာသ ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးမှာပါဝင်ထားတဲ့ မင်းသမီးကိုတော့ စီးရီးအကြိုက်ပရိတ်သတ် တွေဆိုရင်းနှီးနေကြမှာပါ ဇာတ်လမ်း အကျဉ်းလေးကတော့ အလုပ်အပေါ် ရူးသွပ်စွဲလန်းလွန်းသူ ဘိုဟီး တစ်နေ့မှာတော့ ကံဇာတာတက်ပြီးအလုပ် ပရိုမိုးရှင်းအတွက်အခွင့်အရေး တစ်ခုရရှိလာပါ တော့တယ် အဲ့တာကတော့ ကုမ္ပဏီ ရဲ့ထုတ်ကုန်အသစ်ကို နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေဆီကို တင်ပြမိတ်ဆက်ပေးရမှာပါ ဘဝအတွက်တက်လမ်း ကိုမြင်နေရတဲ့အတွက် ဘိုဟီးတစ်ယောက် အမှားမခံတော့တဲ့အခြေအနေမှာ ကံဆိုးစွာနဲ့ ကွန်ဒိုတစ်ခုထဲနေတဲ့ လူကြီးကစားစရာ ဆိုင်ပိုင်ရှင်နဲ့ ပါဆယ်ခြင်းမှားသွားပါတော့တယ် ကဲ ပရိတ်သတ်ကြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ကြတော့နော် တစ်ခုသတိပေးထားခြင်တာက အချစ်ဟာသဆိုပေမဲ့ Adult Scence တွေ ပေါပေါသီသီ ပါနေတာရယ် ဒိုင်ယာလော့ခ်တွေကကြမ်းတာမို့မိသားစုနဲ့မကြည့်ကြဖို့ တော့ပြောလိုက်ပါရပါရစေတော့ဗျာ   ဘာသာပြန်သူကတော့ ကိုကွန်ပိုက်ပါဗျာ  နမူနာကြည့်ရန်
movie

Casa Amor: Exclusive for Ladies (2015)

2015