Channel Myanmar

Choi Gwi-hwa

Devils(2023) 7.5
Devils(2023) Devils(2023)************ Oh Dae Hwan နဲ့ Jang Dong Yoon တို့လို နာမည်ကြီး သရုပ်ဆောင်(၂) ယောက်အဓိကပါဝင်တယ်... The Childe တို့လို vibe မျိုးတော့မဟုတ်ပေမဲ့ Crime ကိုမှ Plotက နည်းနည်းဆန်းကျယ်တယ်လို့ဆိုရမယ်... စုံထောက်ချွဲဂျယ်ဟွမ်ဆိုတာ ရဲလောကမှာတော့ လူမုန်းများလှပေမဲ့ တော်တဲ့အရည်အချင်းကိုတော့ အသိအမှတ်ပြုခံရတယ်...သူဟာ တွဲဖက်တစ်ယောက်နဲ့ ကွင်းဆက်လူသတ်မှုကိုစုံစမ်းနေတုန်း တရားခံလူသတ်သမားဖြစ်သူ ချာဂျင်းဟျော့ဟာသူ့ရဲ့ တွဲဖက်ကိုသတ်လိုက်တယ်...လုပ်ဖော်ကိုင်ဖက်ကိုဆုံးရှုံးလိုက်ရတဲ့ စုံထောက်ချွဲဂျယ်ဟွမ်ဟာချာဂျင်းဟျော့ဆိုတဲ့ လူသတ်ကောင်နောက်ကို အငြိုးကြီးကြီးလိုက်ရာက‌နေတစ်နေ့မှာတော့ အကြီးစားထိခိုက်မှုဖြစ်ပြီး လူသတ်ကောင်နဲ့ ဝိညာဉ်ချင်းလဲသွားပါတော့တယ်...ဆိုတော့စုံထောက်မျက်နှာနဲ့လူသတ်ကောင် ၊လူသတ်ကောင်မျက်နှာနဲ့စုံထောက် တူမလိုလိုနဲ့လုံးဝကွဲပြားသွားတဲ့ ၂ယောက်ဖြစ်သွားတယ်..ဝိညာဉ်ချင်းလဲသွားတဲ့အနေအထားမှာ စုံထောက်နဲ့လူသတ်ကောင်တို့ဘယ်လို တစ်ယောက်နဲ့တစ်ယောက်အနိုင်တိုက်ကြမလဲဆိုတာကိုတော့...File size…1.6GB/ 641MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46min Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by  Miri,Treasure Htet & Stary
movie

Devils(2023)

Project Wolf Hunting (2022) 6.6
Project Wolf Hunting (2022) Project Wolf Hunting (2022)စကားများတာမကြိုက်ဘူး Action ဆိုဖိုက်မှကြိုက်တယ်ဆိုတဲ့သူတွေအတွက် ရူးသွားစေလောက်တဲ့ ရုပ်ရှင်တစ်ကားထွက်လာပြန်ပါပြီ Action ဆိုတာထက် survival လို့ပြောလို့လည်း ရပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ ထောင်သားတွေကို ဖိလစ်ပိုင်ကနေ တောင်ကိုရီးယားကို ရွှေ့ပြောင်းတဲ့ သင်္ဘောပေါ်မှာ ထောင်ဖောက်မယ့် လူမိုက်တွေနဲ့ သူတို့မသိလိုက်ဘဲ သင်္ဘောပေါ်မှာပါလာတဲ့ မကောင်းဆိုးဝါးနဲ့ အကြိတ်အနယ်တွေ အသက်လုရမှာဖြစ်ပါတယ်နောက်ဆုံးအချိန်ထိ ပင်လယ်ရဲ့အလယ်ခေါင်မှာ ရပ်နေတဲ့ သင်္ဘောပေါ်ကလူတွေ လွတ်မြောက်နိုင်မလား အသက်ရှင်ကျန်တဲ့သူရှိမလားကိုတော့ ကြည့်လိုက်ကြပါဦးAction, Crime အမျိုးအစားဖြစ်ပြီးတော့ Seo In Guk, Jang Dong Yoon နဲ့ မူဒေါ့တဖြစ်လဲ Jung So Min တို့က အဓိကပါဝင်ထားပါတယ်သွေးထွက်သံယိုခန်းတွေအလွန်အကျွံသုံးထားသလို ဇာတ်ဝင်ခန်းတွေက အင်မတိအင်မတန်ကို ကြမ်းတမ်းပါတယ် တချို့အခန်းတွေမှာ မနှစ်မြို့စရာတွေပါတာကိုတော့ သတိပေးထားချင်ပါတယ်*** မွေးရာပါ နှလုံးရောဂါ ရှိသူများ၊ အသည်းငယ်တတ်သူများနှင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါဘူး ***အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, ...
movie

Project Wolf Hunting (2022)

2022
The Roundup (2022) 7.3
The Roundup (2022) The Roundup - The Outlaws 2 (2022)အထွေအထူး မိတ်ဆက်နေစရာမလိုတော့တဲ့ သရုပ်ဆောင် Ma Dong-Seok နဲ့ My Libration Note ထဲက မင်းသား Son Seok-Koo တို့ရဲ့ The Roundup: The Outlaws 2လွန်ခဲ့တဲ့ 4 နှစ်...Garibong က အမှုကို စုံထောက်မာဆော့ဒိုတို့အဖွဲ့ ဖြေရှင်းနိုင်ခဲ့ပြီးတဲ့နောက် သူတို့အဖွဲ့အတွက် နောက်ထပ်ဖြေရှင်းစရာတွေပေါ်ပေါက်လာခဲ့တဲ့ The Roundup!တရားခံတစ်ဦးကို စုံစမ်းစစ်ဆေးဖို့အတွက် ဗီယက်နမ်ကို သွားရောက်ခဲ့ကြတဲ့ စုံထောက်မာဆော့ဒိုနဲ့ အဖွဲ့ခေါင်းဆောင်ဂျောင်အီမန်တို့ နှစ်ယောက်ဟာ ဗီယက်နမ်ကိုရောက်ပြီး မကြာခင်မှာပဲ ထူးဆန်းတဲ့ကွင်းဆက်လူသတ်မှုတစ်ခုကို အဖြေရှာဖို့ ဖြစ်လာပါတယ်ကိုရီးယားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ သားဖြစ်သူကိုတောင် ပြန်ပေး-ဆွဲပြီး သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ဂန်ဟယ်ဆန်းနောက်ကို လိုက်ကြရင်း စုံထောက်မာတို့ ဘာတွေကြုံကြိုက်ရမလဲ“လက်ထဲကချော်ထွက်သွားတဲ့ ငါးရှဉ့်”လို ဖမ်းမမိနိုင်ဖြစ်နေတဲ့ ဂန်ဟယ်ဆန်းကို စုံထောက်မာတို့အဖွဲ့အနေနဲ့ ဖမ်းဆီးနိုင်ပြီး တရားဥပဒေဘောင်ပေါ် တင်ပေးနိုင်ပါ့မလားဆိုတာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် Crime/Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Hmwe ...
movie

The Roundup (2022)

2022
The Net (2016) 7.3
The Net (2016) The Net (2016)~ IMDb - 7.3/10, Rotten Tomatoes - 83% ~ကင်ကီဒွပ်ဟာ ကိုရီးယားဒါရိုက်တာတွေထဲ လူ့ဘောင်အပြင်ဘက်ကဘဝလို့ ပြောရမယ့် ဘဝအကြောင်းတွေကို တစ်မူထူးခြားစွာ ရိုက်တတ်တဲ့သူဖြစ်ပြီး သူ့ရုပ်ရှင်တွေဟာလည်း ကြည့်ရှုသူကို ဒီအခြေအနေ ဒီဘဝတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေတာမျိုးတွေ များပါတယ်။ ဒီတစ်ခါမှာတော့ ကင်ကီဒွပ်ဟာ မြောက်ကိုရီးယား တံငါသည်တစ်ယောက်အကြောင်းကို ရိုးရိုးရှင်းရှင်းပဲ ရိုက်ပြသွားတယ်။ တံငါသည်အကြောင်း ဒီရုပ်ရှင်ဟာ ပင်လယ်လိုပဲ ရိုးရှင်းသလိုထင်ရပေမဲ့ ကျယ်ပြန့်တဲ့ ရုပ်ရှင်ပါပဲ။မြောက်ကိုရီးယားက တံငါသည်တစ်ယောက် ငါးမျှားရင်း ပိုက်ကွန်ငြိလို့ မော်တာပျက်သွားပြီး တောင်ကိုရီးယားဘက်ထဲ မျောလာခဲ့တယ်။ တောင်ကိုရီးယားက အမျိုးသားထောက်လှမ်းရေးက သူ့ကို သူလျှိုဟုတ်မဟုတ် စစ်ဆေးတယ်။ သူကတော့ မြောက်ကိုရီးယားက သစ္စာဖောက်လို့ပြောမှာကြောက်လို့ တောင်ကိုရီးယားက မြင်ကွင်းတွေကို မကြည့်ဘဲ မျက်စိမှိတ်ပြီးပဲ လိုက်လာခဲ့တယ်။ ဒီလိုနဲ့ မြောက်ကိုရီးယားတွေကို သိပ်မုန်းတဲ့ တောင်ကိုရီးယား စစ်ဆေးရေးအရာရှိ ပယ်ပယ်နယ်နယ် ...
movie

The Net (2016)

2016
Seoul Searching (2015) 7
Seoul Searching (2015) Seoul Searching (2015) ဇာတ်လမ်းအညွှန်းစစ်ဘေးရှောင်ရင်း နိုင်ငံအသီးသီးမှာကြီးပြင်းကြတဲ့ ကိုရီးယားလူငယ် ဆယ်ကျော်သက်တွေကို အမိမြေနဲ့ မစိမ်းအောင် ကိုရီးယားယဉ်ကျေးမှုအကြောင်း သင်ယူလို့ရအောင် ၁၉၈၀ခုနှစ်ကစပြီး ကိုရီးယားမှာ နွေရာသီပိတ်ရက်စခန်းကို စတင်ဖွဲ့စည်းခဲ့ပါတယ်။Seoul Searching ကတော့ ၁၉၈၆ခုနှစ် နွေရာသီပိတ်ရက်စခန်းမှာ တွေ့ကြတဲ့ လူငယ်လေးတွေအကြောင်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။လူငယ်တစ်​ယောက်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေ၊ အချစ်ဇာတ်လမ်းလေးတွေ ဝေဝေဆာဆာနဲ့အပြင် လူငယ်လေး​တွေ ဒီစခန်းကို ပြီးဆုံးတဲ့အထိ နေနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ChitThe ပါ) File Size          :  1.8GB, 746MB & 395MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format      ...
movie

Seoul Searching (2015)

A Taxi Driver (2017) 7.9
A Taxi Driver (2017) A Taxi Driver (2017)IMDb - 7.9/10_____Rotten - 96%   IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်းတွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ကျန်တဲ့မြို့တွေ ...
movie

A Taxi Driver (2017)

2017
MAL·MO·E: The Secret Mission(2019) 6.5
MAL·MO·E: The Secret Mission(2019) MAL·MO·E: The Secret Mission(2019)အရင်ဆုံး ဇာတ်ကားထဲကသရုပ်ဆောင်တွေအကြောင်းပြောရရင် ယောင်္ကျားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ..... တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်...ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ် ( ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် )ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်.....File Size :(1.04 GB) and (321 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

MAL·MO·E: The Secret Mission(2019)

Doomsday Book (2012) 5.9
Doomsday Book (2012) [Unicode]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( ...
movie

Doomsday Book (2012)

Jesters: The Game Changers(2019) 6.5
Jesters: The Game Changers(2019) Jesters: The Game Changers(2019)ဒီတစ်ခေါက်မှာလည်း Historical တစ်ကား ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်...ပုံမှန်ကြည့်နေကျ နန်းတွင်းဇာတ်လမ်းတွေနဲ့တော့ နည်းနည်းကွဲထွက်ပြီး ဇာတ်လမ်းလေးဆန်းပါတယ်.......  ဂျိုဆွန်းခေတ် ဘုရင်ဆယ်ဂျို လက်ထက်မှာတော့ သမိုင်းမှတ်တမ်းတွေကို အမှန်တိုင်း​ မဖြစ်အောင် လိမ်လည်ဖို့ ကြံစည်ခဲ့ကြပါတယ်..ဘုရင် ဆယ်ဂျိုဟာ သစ္စာဖောက် အမတ်တွေနဲ့ အတူ အစ်ကိုနဲ့ တူတော်ဘုရင်ငယ်လေးကို သတ်ပြီး နန်းတက်ခဲ့ပါတယ်...ပြည်သူတွေကလည်း ပုန်ကန်ပြီး ဘုရင်ဖြစ်လာတဲ့ ဘုရင်ဆယ်ဂျိုကို အသိမှတ်မပြုခဲ့ကြပါဘူး ...အဲ့နောက် ၁၀ နှစ်အကြာ ဆယ်ဂျိုဘုရင်မှာ အနာကြီးရောဂါတွေဖြစ်လာခဲ့တယ် ...ဘုရင်ဟာ နတ်ရွာစံကာနီးကျမှ သမိုင်းမှာ ဘုရင်ဆိုးအဖြစ် မှတ်တမ်းတင်ခံရမှာ​ကိုကြောက်လာခဲ့တယ်...ဒါ​ကြောင့် အမတ်ချုပ်က စျေးတွေမှာ ပုံပြော ဇာတ်ကပြီး ဖျော်ဖြေတဲ့ လူရွှင်တော် အဖွဲ့ကိုငှားပြီး ဘုရင်ကို ပြည်သူတွေ အမြင်ကြည်ဖို့ဇာတ်လမ်းမျိုးစုံထွင်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (900 MB) and ...
movie

Jesters: The Game Changers(2019)

Long Live the King ( 2019 ) 5.4
Long Live the King ( 2019 ) Zawgyi*******ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ခေးတို့ရဲ့ဦးကင်ရေဝန်ရဲ့ကားလေးပါ ဒီကားထဲမှာဆိုရင် ခေးတို့ရဲ့ဦးကခပ်မိုက်မိုက်လူမိုက်ခေါင်းဆောင်နေရာကနေသရုပ်ဆောင်ထားပါတယ်ဆိုးမိုက်ပြီးမကောင်းတာမှန်သမျှလုပ်တဲ့လူဆိုးတစ်ယောက်ဟာအချစ်နဲ့တွေ့တဲ့အခါပြောင်းလဲသွားတယ်ဆိုတာဒီကားထဲမှာအတိအကျကြီးပြောပြထားတာပါ လူဆိုးလူမိုက်ကင်ဆယ်ချောတစ်ယောက်ကင်ဆိုဟွန်ဆိုတဲ့ရှေ့နေမလေးကိုမြင်မြင်ချင်းချစ်မိတဲ့နောက်သူ့ဘဝကိုပြောင်းလဲဖို့ကြိုးစားရာကနေ ဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်တစားကြည့်ရမှာပါကဲဒီလိုပြောလိုက်လို့အချစ်ကားကြီးလားလို့တော့မထင်လိုက်နဲ့နော်လှည့်ကွက်တွေပြည့်နေတဲ့နိုင်ငံရေးအကြောင်းကိုစိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတာမို့ တကယ်ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါဦးရဲ့ဖန်တွေတော့သဘောကျမှာအမှန်ဖြစ်တာကြောင့်ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် Unicode*******ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ခေးတို့ရဲ့ဦးကင်ရေဝန်ရဲ့ကားလေးပါ ဒီကားထဲမှာဆိုရင် ခေးတို့ရဲ့ဦးကခပ်မိုက်မိုက်လူမိုက်ခေါင်းဆောင်နေရာကနေသရုပ်ဆောင်ထားပါတယ်ဆိုးမိုက်ပြီးမကောင်းတာမှန်သမျှလုပ်တဲ့လူဆိုးတစ်ယောက်ဟာအချစ်နဲ့တွေ့တဲ့အခါပြောင်းလဲသွားတယ်ဆိုတာဒီကားထဲမှာအတိအကျကြီးပြောပြထားတာပါ လူဆိုးလူမိုက်ကင်ဆယ်ချောတစ်ယောက်ကင်ဆိုဟွန်ဆိုတဲ့ရှေ့နေမလေးကိုမြင်မြင်ချင်းချစ်မိတဲ့နောက်သူ့ဘဝကိုပြောင်းလဲဖို့ကြိုးစားရာကနေ ဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်တစားကြည့်ရမှာပါကဲဒီလိုပြောလိုက်လို့အချစ်ကားကြီးလားလို့တော့မထင်လိုက်နဲ့နော်လှည့်ကွက်တွေပြည့်နေတဲ့နိုင်ငံရေးအကြောင်းကိုစိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတာမို့ တကယ်ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါဦးရဲ့ဖန်တွေတော့သဘောကျမှာအမှန်ဖြစ်တာကြောင့်ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် Translated & Review By XiaoEncoded By LK
movie

Long Live the King ( 2019 )

2019
Way Back Home (2013) 7.4
Way Back Home (2013) ဒီဇာတ်ကားအကြောင်းကိုမပြောခင် ဒီကားဟာ ရုပ်ရှင်ဆု ၂ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု ၁ ဆုရထားတယ်လို့ပြောပြထားပါရစေ ဆန်ကာတင်တွေလဲအကြိမ်ကြိမ်ဝင်ထားတဲ့ကားလေးပါ ပြီးတော့ ဒါက ကိုရီးယားက ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်တဲ့ ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ် ကြိုပြီးသတိပေးချင်တာကတော့ ဇာတ်လမ်းကိုနစ်မြောပြီးကြည့်တတ်သူဆိုရင် ဇာတ်လမ်းပြီးသွားရင်တောင် ရင်ထဲကမထုတ်နိုင်ဖြစ်နေမယ့်ကားမျိုးပါလို့ ဒီဇာတ်ကားကိုကြည့်ရင်း မြန်မာနိုင်ငံနဲ့ယှဉ်ပြီးတော့ တူညီနေတဲ့အဖြစ်အပျက်တွေကိုမြင်ရတဲ့အခါ ပိုပြီးရင်နာရပါတယ် သူတို့နိုင်ငံမှာ မမှန်ကန်တဲ့အရာတွေကို ပြည်သူတွေတစ်သားတည်းရပ်တည်ပြီးတော့ ဖေါ်ထုတ်ကူညီပေးတဲ့အခါ ဘယ်သူမှ ငါစွဲတစ်ခုနဲ့ကြာကြာဆက်မရပ်တည်နိုင်ပဲ အမှန်တရားကို ချပြပေးရပါတယ် ကိုယ်တွေမြန်မာနိုင်ငံမှာတော့ ပြည်သူတွေကလဲ တစ်သားတည်းမရှိသလို တစ်သားတည်းရပ်တည်ရင်တောင်မှ ဘာမှမဖြစ်လာတာတွေသိနေရလို့ပေါ့ ထားပါတော့ ဇာတ်လမ်းကိုသွားရအောင် သမီးလေးရယ်မိန်းမရယ်ယောင်္ကျားရယ် သာသာယာယာလေးနေနေတဲ့ဘ၀ထဲကို အကြွေးတွေလေတိုက်သလိုရောက်လာပြီးတော့ ဘ၀ပျက်မလိုဖြစ်တဲ့အခါ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျားလုပ်တဲ့သူရဲ့အခက်အခဲကို တစ်နိုင်တစ်ပိုင်လေးဝင်ထမ်းချင်ခဲ့ရုံပါ သူရလိုက်တာကတော့ သူတစ်ခါမှခြေမချဖူးတဲ့နိုင်ငံမှာ ပြစ်မှုကြီးနဲ့ထောင်ဒါဏ်တဲ့လေ သူတို့လင်မယား၂ယောက်ရဲ့ အထိန်းအမှတ်နေ့လေးမှာ အရောက်သွားဖို့တိုင်ပင်ထားတဲ့နေရာမှာ ထောင်ချခဲ့ထားရတဲ့မိန်းမတစ်ယောက်ရဲ့အထီးကျန်မှုနဲ့ ၀မ်းနည်းခြောက်ခြားရမှုတွေကို စာနဲ့ဖေါ်ပြလို့ မရနိုင်လောက်ပါဘူး ကံဆိုးမသွားရာမိုးလိုက်လို့ရွာမဟုတ်ပဲ မိန်းမထောင်ထဲမှာတောင် မတော်မတရားကျင့်ခံရသေးတာ ကိုယ့်လူမျိုးယုတ်တာခံလိုက်ရ သူများလူမျိုးယုတ်တာခံလိုက်ရနဲ့ သတ်သေဖို့ထိတောင်တွေးမိပေမယ့် သမီးလေးတစ်မျက်နှာနဲ့ရှေ့ဆက်ခဲ့ရတဲ့မိန်းမတစ်ယောက် နောက်ဆုံးဘယ်လိုနေရာထိအရောက်သွားနိုင်လဲဆိုတာသိချင်ရင်တော့ ဒေါင်းကြည့်လိုက်ပါ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ပေးသူကတော့ ThinZar Htet ပါ XCode မှ တင်ဆက်ပေးထားပါတယ်
movie

Way Back Home (2013)

2013
The Soul-Mate(2018) 6.0
The Soul-Mate(2018) The Soul-Mate(2018) ဒီကားရဲ့ အဓိက ခေါင်းဆောင်မင်းသားဖြစ်တဲ့ Dong-seok Maကိုတော့ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေ အကြိုက်ဖြစ်ခဲ့တဲ့ Along with the Gods, Unstoppable ,The Outlaws စတဲ့ နာမည်ကြီးကားတွေမှာရင်းနှီးပြီးသားမို့  ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်.... တခြားသူတွေမျက်လုံးပေါက်ကိုမှေးကျဉ်းလိုက်ပြီး မျက်နှာကြီးရှုံထားရင် ထိတ်လန့်စရာကောင်းနေပေမယ့် ဒီမင်းသားကြီးအဲ့လိုအမူအရာလုပ်ရင် ရိုးသားပြီးချစ်စရာကောင်းနေတာကလည်း အံသြစရာပင်... သူ့ရဲ့မွေးရာပါ မျက်နှာကပင် အဲ့လိုပဲလားမသိပေ... The Soul-Mate ဇာတ်ကားထဲမှာတော့ ဂျူဒိုဆရာတစ်အဖြစ်သရုပ်ဆောင်ထားပြီး သူ့မှာ နှလုံးအားနည်းရောဂါရှိတဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်... တစ်နေ့သူရဲ့ ကားကိုရဲက သိမ်းသွားတော့ ယူသွားတဲ့ရဲနောက်ကိုလိုက်ခဲ့ပါတယ်.. အဲ့ဒီအခါမှာ ရဲရော သူရောကို ဒုစရိုက်သမားတွေက သေလောက်အောင်ရိုက်သွားပါတယ်... တကယ်တော့ ရဲနဲ့ ဂျူဒိုဆရာတို့ဟာ တကယ့်ပြသနာတောကြီးထဲကိုရောက်ရှိသွားတာပါ... ကဲ သူတို့ ဘယ်လိုပြသနာတောကြီးထဲကိုရောက်သွားတာလဲ..... အရိုက်ခံရပြီးဆေးရုံပေါ်ရောက်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်နေမလဲ... ဒုစရိုက်ဂိုဏ်းနဲ့ရော ဘယ်လိုတွေဆက်ဖြစ်မလဲ...နောက်ကွယ်က ဘယ်သူတွေရှိနေမလဲ...ဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်.... File Size : (850 MB) and (353 MB) Quality : Blu-Ray 720p Format…mp4 Duration…01:37:00 Genre :  Comedy, Fantasy Subtitle : Myanmar ...
movie

The Soul-Mate(2018)

2018
The Drug King(2018) 6.0
The Drug King(2018) The Drug King(2018) လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ် ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့ လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီး သူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်..... ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာ မူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..... ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လို နုံအတဲ့သူ မဟုတ်တော့ပါဘူး.....အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်... သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား ...ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ... ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား...အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ... ကိုင်း ခံစားကြည့်လိုက်ပါဦး.... မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့  ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်... File Size : (1.07GBB) and (372 MB) Quality : WEBDL 720p, Format…mp4 Duration…02:19:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard ...
movie

The Drug King(2018)

2018
The Outlaws (2017) 6.7
The Outlaws (2017) The Outlaws တဲ့ ..မြန်မာလိုဆိုရင်တော့ဝရမ်းပြေးတွေပေါ့ဗျာ…၂၀၁၇ အောက်တိုဘာထဲမှာထဲမှာထွက်ထားတာဖြစ်တဲ့အတွက် အသစ်စက်စက် ဘရန်းနယူးကိုရီးယားအက်ရှင်ကားတစ်ကားပါနာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ Train to Busan ထဲက Ma Dong-Seok နဲ့ Yoon Kye-sang, Jo Jae-yoon စသူတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကိုတော့ ၂၀၀၄ ခုနှစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ရပ်ကွက်တစ်ခုမှာဖြစ်ပွားတဲ့ လူဆိုးဂိုဏ်းတွေရဲ့ ရာဇဝတ်မှုတွေကိုအခြေခံရိုက်ကူးထားပါတယ်ဇာတ်လမ်းကို ဟာဂျီဝန်ဆိုတဲ့ ဆိုးလ်မြို့က ရပ်ကွက်လေးတစ်ခုရဲ့စျေးထဲမှာဖြစ်တဲ့လူမို်က်တွေရဲ့ရန်ပွဲလေးတစ်ခုနဲ့အစပြုထားပါတယ်…ဒီဒေသတစ်ဝိုက်ကိုတာဝန်ယူရတာက ရဲစုံထောက် မား နဲ့အဖွဲ့ဖြစ်ပြီး အနားတစ်ဝိုက်ကလူမိုက်တွေက စုံထောက်မားကို ချစ်ခင်လေးစားကြပုံ…နောက်တော့ တခြားနယ်က လူမိုက်တွေရောက်လာပြီး လူသတ်နှိပ်စက်မှုတွေကြောင့် ရဲနဲ့ လူမိုက်တွေရဲ့အသည်းအေးဖွယ်ရာရိုက်ချက်တွေကို ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူကြပါဦးခင်ဗျာFile Size : (950 MB) Quality : WEB-DL 720p Running Time : 2hr 1min Format : Mp4 Genre :Action, Crime Subtitle : ...
movie

The Outlaws (2017)

2017
Runway Cop (2012)
Runway Cop (2012) သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖချာချွဲဆု (မင်းသား Kang Ji‑hwan) က ငယ်ငယ်ကတည်းက ဖိုက်တာတစ်ယောက်.... အခုကတော့ ကိုရီးယား ရဲတပ်ဖွဲ့မှာ သူ့တပည့်ကလွဲပြီး ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ နာမည်တစ်လုံးနဲ့ ရဲဖိုက်တာ ဖက်တီး..။ သူနဲ့ကျောင်းနေဖက် ယွန်ဂျေး (မင်းသမီး Sung Yu‑ri) က လျှမ်းလျှမ်းတောက် ဖက်ရှင်ဒီဇိုင်နာ...။ ယွန်ဂျေးတို့ မော်ဒယ်လ်ရှိုးပြပွဲက လူဆိုးဂိုဏ်းတစ်ခုရဲ့ မူးယစ်ဆေးတွေ ရောင်းဝယ်ဖောက်ကားမှု  ဌာနေဖြစ်လာတဲ့အခါ....... ဒီလူဆိုးဂိုဏ်းကို လက်ရဖမ်းဖို့ ရဲတပ်ဖွဲ့မှ မော်ဒယ်လ်ရှိုးပြပွဲထဲကို သူလျှိုထည့်ဖို့ ကြိုးစားပါတော့တယ်။ ခက်နေတာက ကိုရီးယားရဲတွေမှာ ချဲခွဲဆုလောက် မော်ဒယ်အရပ်အမောင်းရှိတဲ့လူမရှိ..... ချာချွဲဆုကျတော့လဲ အရပ်အမောင်းရှိပေမယ့် သူ့ပုံစံက ဖက်တီး... ပုံမလာ ပန်းမလာ....။ ရွေးချယ်စရာမရှိတော့တဲ့ ရဲတပ်ဖွဲ့ကလဲ ချာချွဲဆိုကိုပဲ မော်ဒယ်တစ်ယောက်ပုံစံပေါက်လာအောင် ယွန်ဂျေးဆီကို အပ်လိုက်ပါတော့တယ်။ ယွန်ဂျေးနဲ့ ချာချွဲဆုကလဲ ငယ်ငယ်ကတည်းက အပေါက်အလမ်းမတည့်သူများဖြစ်ရာ....။ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မယ့် ချာချွဲဆိုနဲ့ ငြင်းပယ်မရတဲ့ ယွန်ဂျေးနဲ့ ပဟေဠိဆန်တဲ့ လူဆိုးဂိုဏ်းတို့ ...
movie

Runway Cop (2012)

2012