Channel Myanmar

Choosak Iamsook

Friday Killer (2011) 6.4
Friday Killer (2011) Friday Killer (2011)2010တုန်းက ထွက်ခဲ့တဲ့ Saturday Killerရဲ့ ပြီးခါနီးနားမှာ Pae Uziအကြောင်း အရိပ်အမြွက်ပါခဲ့ပြီး ဒီ Friday Killer မှာတော့ Pae Uzi အကြောင်းကို အဓိကရိုက်ထားပါတယ်။ဇာတ်လမ်းအစမှာတော့ ကျွမ်းကျင်သေနတ်သမားဖြစ်တဲ့ Pae Uzi ဟာ ထောင်ကထွက်ထွက်ချင်းမှာပဲ ဓားနဲ့ထိုးခံခဲ့ရပါတယ်။ ဓားဒဏ်ရာနဲ့ ဆေးရုံရောက်သွားချိန်မှာ Pae Uzi သိလိုက်ရတာက သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာပါပဲ။သမီးဖြစ်သူ ရဲမေ Dao အရွယ်ရောက်တဲ့အထိ ကိုယ့်သမီးမှန်း မသိခဲ့ရတဲ့ Pae Uzi က သူ့သမီးအိမ်ကို သွားရောက်လေ့လာတဲ့အချိန် ကံဆိုးစွာပဲ Dao ရဲ့ ဖခင်ကို သတ်လိုက်မိပါတယ်။Dao ကတော့ Pae Uzi ကို အဖေရင်းမှန်းမသိဘဲ ဖခင်လို့ထင်ထားတဲ့သူ သေသွားရလို့ Pae Uzi ကို အငြှိုးကြီးကြီးနဲ့ လိုက်လံဖမ်းဆီးရင်း …သေနတ်သမားဖခင်နဲ့ ရဲဖြစ်သူသမီးကြားမှာ ...
movie

Friday Killer (2011)

2011
Saturday Killer (2010) 6.1
Saturday Killer (2010) Saturday Killer (2010)ဘန်းပလာမာရဲ့ နာမည်ကျော်ကြေးစားလူသတ်သမားဖြစ်တဲ့ ဘဲကြီး Tee Rifle ဟာ သူ့ကိုယ်သူလူဖြစ်ရှုံးတဲ့သူလို့ သတ်မှတ်ထားသူပါ။ ဘာလို့လဲဆိုတော့ သူက စွမ်းဆောင်ရည်မရှိဘဲ ပန်းသေနေလို့ပါပဲ။ပန်းသေနေတဲ့ ဘဲကြီး Tee Rifleက တစ်နေ့မှာတော့ Chris ဆိုတဲ့ မိန်းမလှလေးကို မြင်မြင်ချင်းကြွေသွားခဲ့ပါတယ်။ Chris ကတော့ သူ့အဖေကိုသတ်သွားတဲ့သူကို ပြန်လက်စားချေချင်နေတဲ့သူပေါ့။အချစ်ကပေးတဲ့ အားဆေးလို့ပဲဆိုရမလား?Tee Rifleကတော့ Proကျကျ လူသတ်ရင်း Chrisအတွက် ဇွဲမလျှော့ဘဲ သူ့ညီလေးရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့အရေး အဖြစ်မရှိတဲ့ စာကလေးငှက်လိုဘဝကနေ ကြီးထွားလာတဲ့ နဂါးကြီးဖြစ်အောင် ကြိုးစားမယ့်နည်းမျိုးစုံကို Saturday Killer ဆိုတဲ့ ဇာတ်လမ်းလေးမှာ ဟာသအနှောလေးတွေနဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Khine Khine Wai ပါ။)File Size          : 1.3GB, 532MB, 308MB Quality    ...
movie

Saturday Killer (2010)

2010
Tid Noi: More Than True Love (2023)
Tid Noi: More Than True Love (2023) Tid Noi : More than true love (2023) ===========“Pee Mak”, “Ghost of Mae Nak”, “Nak”, “Nang Nak” တို့ကို ကြည့်ဖူးပြီးသားသူတွေကတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး မီးနေသည်သရဲ Mae Nak Phra Khanong အကြောင်း စိမ်းမယ်မထင်ပါဘူး။Mae Nak အကြောင်းကို သိနေပြီးသားသူတွေအတွက် ဇာတ်လမ်းကျောရိုးကတော့ မထူးဆန်းလောက်ပေမယ့် ဒီတစ်ခါအတွက် အဓိကဇာတ်လိုက်ကျော်ကတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ Pee Mak လည်းမဟုတ်သလို Mae Nak လည်းမဟုတ်ပါဘူး။ အရမ်းလှတယ်လို့ နာမည်ကြီးခဲ့တဲ့ Mae Nak ကိုချစ်ခဲ့တဲ့သူက Pee Mak တစ်ယောက်တည်းမကလောက်ဘူးလို့ တွေးမိဖူးတဲ့သူတွေရှိတယ် .. ဟုတ်?ဟုတ်ပါတယ် Mae Nak တို့အိမ်နားက Mae Nak နဲ့ငယ်ငယ်လေးတည်းကအတူကြီးပြင်းလာခဲ့ပြီး Mae Nak ကို Pee Mak ထက်မသာရင်တောင် ...
movie

Tid Noi: More Than True Love (2023)

2023
Happy New You (2019) 5.5
Happy New You (2019) Happy New You (2019)နှစ်တစ်နှစ်ရဲ့ ​နောက်ဆုံး​​​နေ့၊ နှစ်သစ်ကူးမယ့် ဒီ​နေ့လိုရက်​​​လေးအတွက် Happy new year ရဲ့အရသာကို အပြည့်အဝခံစားရ​စေမယ့် ထိုင်းဟာသဇာတ်ကား​​ဟောင်း ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်နန်နဲ့ ချာဘာဆိုတဲ့ ​​မောင်နှမနှစ်​ယောက်က ​မောင်နှမ၂​ယောက်တည်း ဘဝရပ်တည်နိုင်ဖို့ ​ကြိုးစား​​ငွေရှာ​နေကြသူ​တွေ​ပေါ့ တစ်​နေ့မှာ​တော့ နန်ရဲ့ရည်းစားက အဲယားကွန်းပြင်စားတဲ့ နန်ရဲ့ဝင်​ငွေ​လောက်နဲ့ မတင်းတိမ်နိုင်လို့ ​နောက်တစ်​ယောက်​ဆီ ​ကောက်​​ကောက်ပါသွားတဲ့​နောက် ​စော်ပစ်​ကောင်​လေး နန်တစ်​ယောက် သူ့သူငယ်ချင်း​တွေနဲ့တူတူ ဘဝကို ဖြစ်ကတတ်ဆန်း စတင်​နေထိုင်ပါ​တော့တယ်သူ​နေတဲ့ပုံစံက​တော့ ကိုကြီး​​ကျော်အရှုံး​ပေးရပြီး ကြွက်တွင်းပါ လျှံ​လောက်​အောင်ကို အရက်​သောက်တာပါ၊ အရက်​​သောက်ရုံတင်မကဘဲ အလကား​​ကျွေးသမျှ​နေရာ အကုန်ပတ်စားပါ​တော့တယ်၊ အိမ်တက်လည်းမချန် မင်္ဂလာ​ဆောင်လည်း မလွတ်၊ အသုဘအိမ်လည်း နန်နဲ့မလွတ်ပါဘူး၊ ဒီလို ယမကာလုလင် အစ်ကို​နဲ့​ရောင်းရင်း​တွေကိုလိုက်ထိန်းရတဲ့ ညီမချာဘာမှာလည်း သွက်ချာပါဒကိုလိုက်​​နေ​တော့တာပါပဲတစ်ရက်မှာ​တော့ ညီမဖြစ်သူ ချာဘာရဲ့ရည်းစား၊ ဘန်​ကောက်ကိုတက်ပြီး အလုပ်လုပ်​နေတဲ့ တီ ဆီ New Yearညအမီ ချာဘာနဲ့ အစ်ကိုတသိုက် ဘန်​ကောက်ကို လိုက်သွားပါ​တော့တယ်၊ ​ တောမှာ​တောင် ထိန်းမနိုင်သိမ်းမရတဲ့ နန်တို့အုပ်စု ဘန်​​ကောက်မှာ​​​ရော ဘယ်လိုဗရုတ်​တွေကျဦးမလဲ၊ ချာဘာတို့ သမီးရည်းစား၂​ယောက် ဘယ်လိုလိုက်ရှင်းရမလဲဆိုတာကို ​ ထိုင်းဟာသကား​တွေရဲ့ထုံးစံအတိုင်း ...
movie

Happy New You (2019)

2019
The Bodyguard 2 (2007) 5.4
The Bodyguard 2 (2007)  The Bodyguard 2 (2007)Bodyguard 2 မှာဆိုရင်တော့ သူဋ္ဌေးကြီးရဲ့ဘော်ဒီဂတ်မဖြစ်ခင် အထူးအေဂျင့်ဖြစ်ခဲ့ဖူးတဲ့ ဝူခုန်းရဲ့ နောက်ကြောင်းကိုတွေ့မြင်ကြရမှာပါ။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုရဲ့ အထူးအေဂျင့်ဖြစ်တဲ့ ခမ်လောင်ဟာ ထိုင်းနိုင်ငံဘက်မှာ တရားခံကိုဖမ်းရင်း အမှားတစ်ခုကိုလုပ်မိသွားပါတယ်။အဲအမှားကိုပြင်ဆင်တဲ့အနေနဲ့ အထူးတာဝန်တစ်ခုကိုထမ်းဆောင်ရမယ်ဆိုတော့ အသံသွင်းကုမ္ပဏီတစ်ခုရဲ့ အဆိုတော်အဖြစ် ဟန်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။တစ်သက်လုံး လက်ကြောမတင်းဘူးလို့ ထင်လာခဲ့တဲ့ ကိုယ့်ယောက်ျား အဆိုတော်ဖြစ်နေတာကို တီဗွီမှာမြင်လိုက်ရတော့ ခမ်လောင်ရဲ့မိန်းမဟာလည်း ကုမ္ပဏီကိုလိုက်လာပါတော့တယ်။ အလွဲလွဲအချော်ချော်တွေနဲ့ တာဝန်ထမ်းဆောင်ရမယ့်အပြင်မိန်းမကိုပါ လိုက်ထိန်းနေရမယ့်ခမ်လောင်တစ်ယောက်တာဝန်ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။The Bodyguard 1 တုန်းကအတိုင်း အက်ရှင်အမိုက်စားလေးတွေနဲ့အူတက်အောင်ရယ်ရမယ့် ရုပ်တည်ကြီးနဲ့သရုပ်ဆောင်ချက်တွေကြောင့်လက်လွတ်မခံသင့်တဲ့ ထိုင်းအက်ရှင်ဟာသကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ပထမကားဖြစ်တဲ့ The Bodyguard (2004) ကို https://channelmyanmar.org/the-bodyguard-2004/  ဒီမှာကြည့်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Hazel ဖြစ်ပါတယ်။)  File size…(1.7 GB) and (1 GB) Quality…HDRip 1080p and 720p 5.1 CH Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Hazel
movie

The Bodyguard 2 (2007)

1080p Untouched
The Bodyguard (2004) 5.8
The Bodyguard (2004)  The Bodyguard (2004)ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဟာသမင်းသားဖြစ်တဲ့ Petchtai ကို တော်တော်များများရင်းနှီးကြမယ်ထင်ပါတယ်။ အခု သူ့ရဲ့နာမည်ကြီးဇာတ်ကားတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ The Bodyguard ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ဘောဒီဂတ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဝူခုန်းဟာ တစ်နေ့မှာတော့သူဋ္ဌေးကြီးကို မကာကွယ်နိုင်တော့တဲ့အခြေအနေတစ်ခုနဲ့ ကြုံဆုံခဲ့ရပါတယ်။ဝူခုန်းရဲ့အမှားကြောင့် အဖေသေသွားရတာလို့ အထင်လွဲနေတဲ့သားဟာ ဝူခုန်းကိုအလုပ်ထုတ်လိုက်ပေမယ့် သူလည်းပဲ သူ့အဖေလိုအခြေအနေမျိုးနဲ့ထပ်ကြုံရတဲ့အခါ... ဝူခုန်းတစ်​ယောက် သူဋ္ဌေးသားကို အသက်အန္တရာယ်ကနေကာကွယ်နိုင်ပါ့မလား...အက်ရှင်ကြမ်းကြမ်းလေးနဲ့ကြည့်ရမှာဖြစ်သလို ရယ်မောစရာဟာသလေးတွေနဲ့ တစ်ကားလုံးပါးစပ်မစိနိုင်အောင်ရယ်နေရမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဆက် The Bodyguard 2 (2007) ကို  https://channelmyanmar.org/the-bodyguard-2-2007/  ဒီမှာကြည့်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Hazel ဖြစ်ပါတယ်။)  File size…(1.7 GB) and (1 GB) Quality…BluRay 1080p and 720p 5.1 CH Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Hazel
movie

The Bodyguard (2004)

1080p Untouched
Thailand Only (2017) 5.2
Thailand Only (2017) Thailand Only (2017)_____IMDb - 5.2/10    Thailand Only ဆိုတဲ့ Comedy ထိုင်းဟာသ ဒရာမာဇာတ်ကားလေးဟာဆိုရင်ဖြင့် အရမ်းကိုကြည့်ကောင်းတဲ့ ဇာတ်ကားလေးလို့ ညွှန်းဆိုပါရစေ ထိုင်းနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေး သုံးခုက ပူးပေါင်းပြီး တင်ဆက်ရိုက်ကူးထားတာ ဖြစ်ပါတယ် (monkhon film international/ Warkpoint picture/ Paranakorn flim)  တို့ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ဂျက်တို့ သူငယ်ချင်းသုံးယောက် ပေါင်းပြီး နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီး နေရာအနှံ့ အလည်အပတ်ပို့ပေးတဲ့ လုပ်ငန်းတစ်ခုထူထောင်ထားပါတယ် ပထမဆုံးအလည်အပတ်ခရီးစဉ်ကနေပြီးတော့ တိုင်းသိပြည်သိဖြစ်အောင် လုပ်ပြမယ်လို့ ကြုံးဝါးထားပြီးသကာလ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်လူမျိုး( ၈)ယောက်ကို လက်ခံပြီး ပို့ပေးရတဲ့ ခရီးစဉ်ဖြစ်ပါတယ် အရာရာ အလွဲလွဲ အချော်ချော် နဲ့ စတင်ခဲ့တဲ့ ခရီးစဉ်က ဘာတွေ ဘယ်လို ဆက်ဖြစ်ကြမှာလဲ ဆိုတာကိုတော့ ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ Thailand only ဆိုတဲ့ ဇာတ်ကားလေးကို ဒေါင်းယူကြည့်ရှုကြပါလို့ နိဂျူံးချုပ်လိုက်ရပါကြောင်း......    Size - 784 MB Qty - DVD Rip Gern - ...
movie

Thailand Only (2017)

2017