Channel Myanmar

Chris McKay

The Lego Movie 2: The Second Part (2019) 6.8
The Lego Movie 2: The Second Part (2019) The Lego Movie 2: The Second Part (2019)အားလုံးသဘောကျကျတဲ့ lego တုံးလေးဇာတ်ကောင်တွေနဲ့ရိုက်ကူးထားတဲ့ဇာတ်ကားလေးရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့ အမ်နက်ဆိုတဲ့ အရာရာကိုအကောင်းမြင်တတ်တဲ့စိတ်ရှိသူလေးတစ်ယောက်သူတို့ရဲ့ကမ္ဘာကို ဒပ်ပလိုဂြိုလ်သားတွေလာရောက်တိုက်ခိုက်တဲ့နေရာကနေစတင်ထားပါတယ်။အရာရာမှာအကောင်းမြင်စိတ်ရှိပြီးတော့သဘောကောင်းတဲ့သူလေးဆိုတော့ငါတို့တွေကသူငယ်ချင်းတွေပါဘာညာပြီးတော့စကားလေးနဲ့ဖောပြီးတော့ပြေငြိမ်းမယ်ကြံတာဟိုကလဲမရပါဘူး ဖိုက်ခံရတာပါပဲ။ဒီလိုနဲ့ သူတို့ကမ္ဘာမှာအရာအားလုံးပျက်သုဉ်းနီးပါးဖြစ်နေတဲ့အချိန်မှာသူ့ရဲ့သူငယ်ချင်းတွေကို စင်စတာအဖွဲ့အစည်းကဖမ်းခေါ်သွားပါလေရော။ဒီတော့ အမ်နက်တစ်ယောက် သူ့သူငယ်ချင်းတွေနောက်ကိုကယ်တင်မယ်ဆိုတဲ့စိတ်နဲ့အာကာသယာဉ်လေးဆောက်ပြီး အမှီလိုက်ပါတော့တယ်။ဆိုတော့ အမ်နက်တစ်ယောက်သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလားသူ့သူငယ်ချင်းတွေကိုရော စင်စတာ အဖွဲ့အစည်းကဘာကြောင့်ခေါ်ဆောင်သွားရတယ်ဆိုတာကိုဆက်လက်သိရှိဖို့အတွက် ဇာတ်ကားကိုဆက်ပြီးတော့ ကြည့်လိုက်ရအောင်နော်။Legoဆိုတဲ့အတိုင်းဇာတ်ကောင်လေးတွေကတော်တော်လေးကိုချစ်စရာကောင်းတဲ့အပြင်ဘတ်မန်းရဲ့ပုံစံကတကယ့်ကိုအသဲယားစရာလေးပါ(ကိုယ်တိုင်လဲချစ်လို့နေမှာပေါ့နော် ဟီး..ဟီးး..)  File size…760MB Quality…WEB Dl 720p Format…Mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Hard Sub) Encoder….Si Thu Translated by Aye Chan Su
movie

The Lego Movie 2: The Second Part (2019)

2019
The Lego Batman Movie (2017) 7.3
The Lego Batman Movie (2017) The LEGO Batman (2017) IMDb - 7.3/10_____Rotten - 90%    2017 အစောပိုင်းရဲ့ အသေခွီရတဲ့ Animation ဇာတ်ကားကို ပြပါဆိုရင်တော့ ဒီကားလေးကိုပဲပြရပါမယ်. ဇာတ်ကားအစ ကုမ္ပဏီ တံဆိပ် intro ထဲက ဆြာဘတ်ရဲ့ ဖောက်ချက် ဖောက်ချက်တွေဆိုတာ ဇာတ်ကား စလည်ဆုံးကို မပျင်းရိရအောင် အခွီတွေ တစ်ပြုံကြီးနဲ့ အဖောက်တွေ တစ်ပြုံကြီးနဲ့ ကြည့်ရသူ ပြုံးပျော်စေရအောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်... DC ရဲ့ နာမည်ကျော် ဆြာဘတ်နဲ့ အချစ်တော်ဗီလိန်ကြီးတွေကို WB Entertainment Lego ကုမ္ပဏီ တို့ ပေါင်းပြီး Lego အရုပ်ကလေးတွေ ပုံစံနဲ့ ဇာတ်ကောင်တွေကို တင်ဆက်ထားပြီး ဇာတ်ကားရုံမတင်ခင်ကတည်းက ဇာတ်ကောင် MiniFiguresလေးတွေထွက်ရှိထားလို့ Lego Minifigures collectorsတွေကြားရေပန်းစား ခဲ့ပြီး ဖြစိပါတယ်    ဇာတ်လမ်းအကျဉ်းကတော့ Batman ရဲ့ စိမ်းကားလှတဲ့စကားတစ်ခွန်းကြောင့် Batman ရဲ့ respect ကို ရယူချင်တဲ့ Joker ဟာအကြံအစည်သစ်တစ်ခုနဲ့ ဗီလိန်တစ်ကာ့ထိပ်ခေါင်ကြီးတွေ ကိုအကျဉ်းချထားတဲ့ အာကာသ phantom Zone ကို ဖွင့်ချဖို့ကြံစည်ပါတော့တယ် ဒါကို ဆြာဘတ်ဟာ အိမ်တော်ထိန်းကြီး အဲဖရက် ရဲ့မင်းကြီးဂေါ်ဒွန်ရဲ့ သမီး ...
movie

The Lego Batman Movie (2017)

2017
The Lego Movie (2014) 7.7
The Lego Movie (2014) The Lego Movie (2014) IMDb - 7.7/10_____Rotten - 96%  သာမန်ဆောက်လုပ်ရေးလုပ်သားလေး အန်းမက်ဟာပုံမှန်သမားရိုးကျအတိုင်းနေထိုင်တတ်သူဖြစ်ပြီး ညွှန်ကြားချက်တွေ စည်းမျဉ်းစည်းကမ်းတွေကိုအတိအကျလိုက်နာတတ်သူ စာအုပ်ကြီးသမားဖြစ်ပါတယ်… တစ်နေ့မှာတော့ သူဟာ  ကမ္ဘာကြီးကိုကယ်တင်ပေးနိုင်မယ့် ပစ္စည်းအပိုင်းအစတစ်ခုကို မတော်တဆရှာဖွေတွေ့ရှိမိရာမှ ဒဏ္ဍာရီလာသူရဲကောင်းအဖြစ်မှားယွင်းယုံကြည်ခြင်းခံရပါတော့တယ်… ဒါပေမယ့်သူဟာ ဘာကိုမှမတီထွင်တတ်သူဖြစ်တဲ့အတွက် သူဦးဆောင်ရမယ့်သူရဲကောင်းအမျိုးမျိုး Batman,Superman တို့ကြားမှာ အခက်အခဲတွေကြုံတွေ့လာရပါတယ်… အဲ့ဒီလိုအခြေအနေကြားထဲမှ အန်းမက်ဟာ ဘယ်နည်းဘယ်ပုံနဲ့ အားလုံးကိုဦးေဆောင်နိုင်မယ်ဆိုတာတွေ ကမ္ဘာကြီးကိုကယ်တင်နိုင်မယ်ဆိုတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပါ… ချစ်စရာAnimationတွေ နဲ့ဒီmovieလေးဟာ ကိုယ်တွေရဲ့နေ့စဉ်လူနေမှုဘဝကိုထင်ဟပ်နေပြီး လူတိုင်းဟာ အသီးသီးထူးခြားကြပြီးသူရဲကောင်းတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးပြထားပါတယ်…     Quality…..BluRay Rip 1080p Duration…..01:40:00 Format…Mp4 File Size…(720 MB) Encoder…..Moe Myint Lwin Translator…..May Thazin Myint
movie

The Lego Movie (2014)

2014