Channel Myanmar

Christian Middelthon

Dude, Where’s My Car? (2000) 5.5
Dude, Where’s My Car? (2000) Dude, Where's My Car? (2000) ======================အိမ်ကလူကြီးတွေနဲ့ အတူမကြည့်ရမယ့် PG-13 ဟာသကား ကောင်းလေးတစ်ခုတဲ့နော်။ Y2k vibe အပြည့်ရစေမယ့် 2000 ခုနှစ်ရဲ့ ဗန်းစကားတွေ၊ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ ကလပ် ယဉ်ကျေးမှုတွေအားလုံးကတော့ မတွေ့ချင်မှအဆုံးပါပဲ။ ဇာတ်လမ်း အစကနေ အဆုံးအထိ လှိုင်နေအောင်ကြားရမယ့် နာမည်၂ခုကတော့ "ဂျက်စီနဲ့ ချက်စတာ" ဆိုတာပါပဲ။၁၀၉/၁၁၀ ပုလင်းတူဘူးဆို့ဘော်ဒါနှစ်ကောင် ဂျက်စီနဲ့ချက်စတာဆို ပြီး မူးလို့ရှူစရာတောင် များများစားစားမရှိ၊ လတ်လျားလတ်လျားလုပ် နိုင်တဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ စာကြမ်းပိုးဒီဇိုင်းနဲ့ ဆေးခိုးချ လောက်တဲ့ရုပ်ရည်တွေဆိုတော့လည်း လက်ရှိစော်လေးနှစ်ယောက် ကလွဲလို့ တခြားဘယ်မိန်းကလေးမှ အဖက်လှည့်မလုပ်သည်ပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင် မူးရူးသွားတဲ့တစ်ညကြောင့် ဂျက်စီနဲ့ချက်စတာ တို့ ကိုယ်တိုင်တောင်မမှတ်မိတဲ့ ပြဿနာတွေကို ပေါက်တန်းစေ့လိုက် ရှင်းရပါတော့တယ်။ညကလက်ဆော့မိတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေပေမယ့် မနက်ရောက်တယ်ဆို ကားကပျောက်၊ အလုပ်ကပြုတ်၊ စော်ကပစ်နဲ့ Surprise တွေဆိုတာ ဖြန်းခနဲ ဖြန်းခနဲပေါ့။ ကားထဲမှာ စော်လေးတွေ ကိုပေးဖို့ လက်ဆောင်ပါတယ်ဆိုတာကလွဲလို့ ဘာမှမမှတ်မိပေမယ့်လည်း အလုပ်မရှိအကိုင်မရှိဘဝရောက်ပြီမို့ မထူးဇာတ်ခင်းပြီး ကားရှာပုံတော် ထွက်ကြပါလေရော။ ကားပျောက်အကြောင်း ချောင်းပေါက်အောင်လိုက် စုံစမ်းတဲ့အခါမှာ ကြံရဆုံရမယ့် ဗရုတ်သုတ်ခတွေ၊ ပြေးမလွတ်မယ့်အမှု တွေကို အလှည့်အပြောင်းကောင်းကောင်းနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Dude, Where’s My Car? (2000)

2000
The Other End of the Line(2008) 6.2
The Other End of the Line(2008) "The other end of the line" "လေလိုင်းတစ်ဘက်က" *လေလိုင်းတစ်ဘက်မှာ ဘယ်သူရှိလဲ *လေလိုင်းတစ်ဘက်မှာကိုယ်မတွေ့သေးတဲ့ ဖူးစာရှင်လေးရှိမလား *လေလိုင်းတစ်ဘက်မှာ ကိုယ်မသိသေးတဲ့ ကံကြမ္မာတစ်စုံတစ်ရာရှိလေမလား CM ပရိတ်သတ်တွေအတွက်ပိုးဆိုးပတ်ဆတ် ရိုလွန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ... ဇာတ်လမ်းနာမည်က "The other end of the line"တဲ့... ပရိတ်သတ်တွေထဲမှာ ကိုယ်နဲ့ မတူတဲ့ နိုင်ငံခြားသူတစ်ယောက်နဲ့ ဆုံစည်းမယ်လို့ တွေးခဲ့ဖူးလား.... ကိုယ့်ရဲ့ မသိသေးတဲ့ ဖူးစာက အခြားတစ်ဘက်ခြမ်းမှာဆိုရင် ဘာလုပ်မလဲ.... ဂရင်ဂျာဆိုတဲ့ ကောင်လေးက အမေရိကန်နိုင်ငံသားတစ်ယောက်... သူနဲ့အကြောင်းပါလာခဲ့သူလေးက အိန္ဒိယနိုင်ငံသူ ပရီယာစီသီးတဲ့...ပရီယာက မွန်ဘိုင်းမြို့ စီးတီးဝမ်းလို့ခေါ်တဲ့ အမေရိကန်ဘဏ်တစ်ခုမှာ အလုပ်လုပ်တဲ့သူပါ.. သူ့ရဲ့ အမေရိကန်နာမည်က ဂျနီဖာဒေးဗစ်တဲ့... သူ့အလုပ်က အင်္ဂလိပ်အသံထွက်ကောင်းကောင်းနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အကြွေးဝယ်ကတ်ပြဿနာ ကိုဖြေရှင်းပေးရတာပါ... ဂရင်ဂျာ အကြွေးဝယ်ကတ်ခိုးခံလိုက်ရတယ်.. ပရီယာက ဒါကိုကူညီဖြေရှင်းပေးသူပါ...သူတို့နှစ်ယောက်ဟာ လေလိုင်းပေါ်မှာပဲ သံယောဇဉ်ဖြစ်ခဲ့ကြတယ်... ထူးဆန်းတဲ့ မျက်လှည့်ဆန်ဆန် ခံစားချက်မျိုး ဖြစ်ခဲ့ကြတယ်... ...
movie

The Other End of the Line(2008)

2008