Channel Myanmar

Christian Stolte

Stir of Echoes (1999) 6.9
Stir of Echoes (1999) Stir of Echoes (1999) ================ IMDb Rating - 6.9/10တွမ်ဝစ်ဇကီးဟာ ဖုန်းလိုင်းပြင်လုပ်သားတစ်ယောက်ဖြစ်ပြီး သူ့ဇနီး မက်ဂီ၊သားငယ်ဂျိတ်ခ်တို့နဲ့အတူ အလုပ်သမားလူတန်း စားတွေနေထိုင်တဲ့ ရပ်ကွက်တစ်ခုမှာနေပါတယ်။တစ်နေ့မှာ တော့ ပါတီတစ်ခုမှာစကြနောက်ကြရင်း အိပ်မွေ့ချပညာရှင် သဘာဝလွန်ကိစ္စတွေကိုဝါသနာပါတဲ့ ခယ်မဖြစ်သူက အမြင် ကျဉ်းလွန်းတဲ့သူ့ကို စိတ်တံခါးဖွင့်ပေးလိုက်ရာကနေ တမလွန် ဘဝကိုမြင်နိုင်တဲ့အမြင်အာရုံရရှိသွားပါတော့တယ်။အဲ့ဒီမှာသူစမြင်လာရတာကတော့ သူတို့အိမ်ဧည့်ခန်းထဲက ဆိုဖာ ပေါ်မှာထိုင်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကိုပါ။ သူတို့သားဖြစ်သူ ဂျိတ်ခ်ကတော့ ဒီမိန်းကလေးကိုမြင်တွေ့နေရ တာကြာပြီဖြစ်ပြီး အမြဲအဆက်အသွယ်ရှိ စကားပြောလေ့ရှိကြောင်း ကိုပါ တစ်စစသိလာရပြီးတဲ့နောက်မှာတော့ အဲ့ဒီမိန်းကလေးအ ကြောင်းကိုစုံစမ်းပြီး ကူညီပေးဖို့ကြိုးစားရပါတော့တယ်။ ဒီမကျွတ် လွတ်တဲ့မိန်းကလေးက သူတို့နဲ့ဘယ်လိုပတ်သက်နေလဲ၊ ဘာကြောင့် ဒီတိုက်ခန်းမှာကပ်တွယ်နေသလဲ၊ အစရှိတဲ့ပဟေဠိတွေကို သူဖြေ ရှင်းရပါလိမ့်မယ်။Stir of Echoes ဟာ တစ်ချိန်မှာဂန္ဓဝင်တွေဖြစ်လာမယ့်၊ အဲ့ဒီခေတ် ကာလကလည်း အပေါက်ကြီးပေါက်ခဲ့တဲ့ The Sixth Sense, The Blair Witch Project နဲ့ The Mummy တို့နဲ့တိုက်ဆိုင်ခဲ့တဲ့အတွက် ထိုက်သင့်သလောက်လူသိမများခဲ့တဲ့ Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.72 GB) / (636 MB) Quality............BLU-RAY L 1080p / ...
movie

Stir of Echoes (1999)

1999
The Unseen (2023)
The Unseen (2023) The Unseen (2023)အခု မိတ်ဆက်ပေးမှာကတော့ Horror နဲ့ Thriller ဖန်တွေအကြိုက်ဇာတ်ကားပဲဖြစ်ပါတယ်။တွမ်မီဆိုတဲ့ကောင်လေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ တွမ်မီရဲ့ အဖေက သူတို့မြို့နာမည်ကြီး ရှေ့နေတစ်ယောက်ပေါ့။ သူ့အဖေလောင်းရိပ်ကမိနေတဲ့ တွမ်မီဟာ ငယ်စဉ်ကတည်းကနေ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တဲ့အထိ ဖိအားတွေအများကြီးခံစားနေရတာပေါ့။ အဲဒါအပြင် သူဟာ ငယ်ငယ်ကလည်း Trauma ရထားဖူးတဲ့အတွက် တစ်ချက်တစ်ချက် Trauma ပြန်ထလာပြီး Delusional ဖြစ်ဖြစ်လာတတ်တဲ့အကျင့်ရှိပါတယ်။ ဖြစ်ချင်တော့ တွမ်မီရဲ့ မြို့မှာ လူသတ်ကွင်းဆက်ကြီးဖြစ်နေပါတယ်။ တစ်ရက်ပြီး တစ်ရက် လူတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သေသလိုဖြစ်လာပါတယ်။ တွမ်မီဟာ သူ့ရှေ့နေကျောင်းပြီးသွားပြီး အလုပ်ရသွားတဲ့အချိန် အမှုလိုက်ရတော့ မြို့ထဲက လူတွေသေဆုံးမှုနဲ့ ပတ်သက်မှုရှိနေတာကိုသတိထားမိသွားတယ်။ အဲ့တော့ သူဟာအဖြေတွေလိုက်ရှာရင်း ဘယ်လိုအဖြစ်ဆိုးတွေနဲ့ တွေ့သွားမလဲ... သူငယ်ငယ်ကရောဖြစ်ခဲ့တဲ့ Trauma နဲ့လည်း အခုဖြစ်နေတဲ့ လူသတ်မှုတွေက ဘယ်လိုပတ်သက်မှုရှိနေတာလဲ... အဲဒါအပြင် သူမထင်မှတ်ထားတဲ့သူတွေကပါ ဘယ်လိုတွေပါဝင်ပတ်သက်နေလဲ... ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားတစ်ခုလုံးနီးပါးကို ပြန်အကျဉ်းချုပ်ရမယ်ဆိုရင်တော့ တွမ်မီနေရာအဖြစ်သရုပ်ဆောင်ထားတဲ့ ...
movie

The Unseen (2023)

2023
Stranger Than Fiction (2006)
Stranger Than Fiction (2006) လူတိုင်း ဘဝမှာ ကြိုးစားနေကြတာ ရုန်းကန်လှုပ်ရှားနေကြတာက နောက်တော့ ပိုကောင်းတဲ့ ဘဝမှာနေနိုင်မှာပါ ဒီနေ့ သိပ်အဆင်မပြေပေမဲ့ မနက်ဖြန်တော့ ပိုကောင်းလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဘဝက အဆုံးသတ်ကို ကြိုရေးထားပြီးသား ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်ဆို ဘယ်လို အသက်ဆက်ရှင်ကြမလဲ ဟာရိုးခရစ်ခ်က IRS က စာရင်းစစ်တစ်ဦးပါ။ သူ့ဘဝက တစ်‌နေ့တစ်နေ့ ဘာထူးခြားမှုမှမရှိဘဲ ပုံသေကားချပ်ကြီးအတိုင်းပါပဲ။ တစ်နေ့မှာတော့ သူ့လုပ်တဲ့အပြုအမူတိုင်းကို ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ အသံတစ်ခုကို သတိထားလိုက်မိပါတယ်။ တုန်လှုပ်စရာကောင်းတာက သူ မကြာခင် သေရတော့မယ်လို့ ဇာတ်ကြောင်းပြန်နေတဲ့အသံက ပြောလိုက်ပါတယ်။ ဇာတ်လမ်းတစ်ခုထဲကို ရောက်နေပြီဆိုတာ သူသိလိုက်ပါတယ်။ သူရောက်နေတဲ့ ဇာတ်လမ်းက ဟာသဇာတ်မြူလား အလွမ်းဇာတ်လား။ ဘာပဲဖြစ်ဖြစ် စာရေးဆရာကို ရှာပြီး မကြာခင်သေရတော့မယ်ဆိုတဲ့ ဇာတ်သိမ်းကို ပြောင်းဖို့ ကြိုးစားမှဖြစ်မယ်။ ဒါပေမဲ့ သူ့အကြောင်း ဝတ္ထုရေးနေတဲ့ စာရေးဆရာက အဓိကဇာတ်ကောင်တိုင်းက သေပြီး ...
movie

Stranger Than Fiction (2006)

Were the World Mine (2008) 6.8
Were the World Mine (2008) Were the World Mine (2008) ===================== IMDb Rating - 6.8/10ရိုမီယိုနဲ့ဂျူးလီးယက်တို့ရဲ့ပဲ့ကိုင်ရှင်ကြီး ဝီလျံရှိတ်စပီးယားရေးတဲ့ "A Midsummer Night's Dream" ကိုသိကြမယ်ထင်ပါတယ်။ အဲ့ဒီပြဇာတ်ကို ထည့်ရိုက်ထားတာမို့လို့ ဒီဇာတ်ကားကိုကြည့်ဖို့ဆို အဲ့ဇာတ်ကြောင်း နားလည်ထားရင်ပိုအဆင်ပြေမှာပါ။ ဇာတ်လမ်း ကတော့နည်းနည်းတစ်မျိုးပဲဗျ။ ပေးချင်တဲ့မက်ဆေ့ဂ်ျကို မြင်အောင် ကြည့်တတ်ရင်တော့ သိပ်မဆိုးပါဘူးပဲပြောရမှာပေါ့လေ။တင်မသီက ယောက်ျားလေးသီးသန့်ကျောင်းမှာတက်နေတဲ့ ကျောင်း သားတစ်ယောက်။ နောက်ပြီးတော့ သူကဂေးပေါ့။ အဲ့ခေတ်တုန်းက LGBT တွေကိုလက်မခံတဲ့သူ ခပ်များများဆိုတော့ ကျောင်းမှာအနှိမ်ခံ လေးပေါ့။ သူ့ Crush ကလည်း အဖြောင့်ကြီးဖြစ်နေပြန်ပါတယ်။ တစ် နေ့ကျ သူတို့ကျောင်းမှာ ဝီလျံရှိတ်စပီးယားရဲ့ပြဇာတ်"A Midsummer Night's Dream" ကိုကပြရမှာမို့ နတ်သူငယ် ပက်ခ်(ရော်ဘင်ဂွတ်ဖဲလိုး) နေရာကနေ သရုပ်ဆောင်ရမယ့် တင်မသီတစ်ယောက် ပြဇာတ်စာသား ကျက်နေရင်း စတန့်ထွင်လိုက်ရာကနေ အဲ့ပြဇာတ်ထဲက အစွမ်းရှိတဲ့ ခရမ်းရောင်ပန်းပွင့်ကို ရသွားပါတယ်။ဒီတော့ အဲ့ခရမ်းရောင်ပန်းပွင့်က ဘာအစွမ်းရှိတာလဲ။ အဲ့ပန်းရဲ့အစွမ်းနဲ့ တင်မသီ ဘာတွေလုပ်မိမလဲ။ နောက်ဆုံး အလွဲတွေကနေ ဘယ်လိုဇာတ် သိမ်းသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။(18+မဟုတ်ပေမယ့် ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တဲ့ ဇာတ်ဝင်ခန်း တွေပါပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ...
movie

Were the World Mine (2008)

2008
Ca$h(2010) 5.9
Ca$h(2010) Ca$h(2010)===========ဒီဇတ်ကားကတော့ 2010 ခုနှစ်မှာ ထွက်ရှိထားတဲ့အ‌‌မေရိကန် crime-thriller အမျိုးအစားဇတ်ကားတစ်ခု ဖြစ်ပါတယ်။ နံမည်ကြီးဇတ်ကားများဖြစ်တဲ့ The Lord of the Rings တွင်ပါဝင်သရုပ်ဆောင်ထားသော မင်းသားကြီးSean Bean ၊Marvel ရဲ့ဇတ်ကားများတွင်မိုးကြိုးနတ်ဘုရား Thor အဖြစ်သရုပ်ဆောင်ထားသောကမ္ဘာကျော်မင်းသားChris Hemsworth နှင့်မင်းသမီး Victoria Profeta တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာကြောင့် ကြည့်မကောင်းမှာတော့ စိုးရိမ်စရာမလိုပါဘူးနော။ဇတ်လမ်းလေးကတော့ Sam (Chris Hemsworth)နှင့် Leslie (Victoria Profeta) တို့က ပိုက်ဆံအပြည့်ပါတဲ့ လက်ဆွဲအိတ်ကို ကောက်ရခဲ့ပြီးသူ့တို့ ရဲ့ ဘဝကြီး ပြောင်းလဲသွားတော့မယ်လို့ထင်နေကြပါတယ်။ အဲ့ဒီအချိန်မှာ လက်ဆွဲအိတ်ရဲ့ပိုင်ရှင်ဆိုသူ Pyke Kubic ( Sean Bean )တစ်ယောက်ရောက်လာပြီး သူ့ရဲ့ ပိုက်ဆံတွေကိုပြန်လာတောင်းပါတော့တယ်။ ပိုက်ဆံတစ်ချို့ကိုသုံးပြီးသွားတဲ့ Sam တို့ လင်မယားနှစ်ယောက် နဲ့လက်ဆွဲအိတ်ပိုင်ရှင်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲ။သူတို့ရဲ့ ပိုက်ဆံတွေကို ပြန်ရအောင်ဘယ်လိုလုပ်ကြမှာလဲဆိုတာကို ...
movie

Ca$h(2010)

A Nightmare on Elm Street 2010 5.2
A Nightmare on Elm Street 2010 Horror ကားကြိုက်သူတွေအတွက် အိပ်မက်ထဲက လူသတ်သမားကြီးဖရက်ဒီဆိုရင် လူသိများကြမယ်ထင်ပါတယ် ဖရက်ဒီအကြောင်းပြောရမယ်ဆိုရင်တော့ သူဟာသူသတ်ချင်တဲ့သူကို အိပ်မက်ထဲမှာသတ်လိုက်ဆိုရင် အပြင်မှာ တကယ်သေသွားရတယ်…. သူသည်ဘာလို့ အဲ့ဒီလိုမျိုးဘာလို့လိုက်သတ်ရသလဲ…. အဲ့ဒီမြုပ်ကွက်ကိုက စိတ်ဝင်စားစရာကောင်းပါတယ် သူသည် အလကားသက်သက် ဖရက်ဒီဆိုတဲ့ နာမည်ကြီး လူသတ်သမားတယောက်ဖြစ်ခဲ့တာမဟုတ်ပါဘူးဇာတ်လမ်းအကျဉ်း : ဇာတ်လမ်းအစကတည်းက အိမ်မက်တခုနဲ့အစပျိုးထားပြီး ကော်ဖီဆိုင်တခုထဲမှာအိမ်မက်မက်နေတဲ့ ဒင်းန် တယောက် လန့်နိုးသွားပါတယ်..သူ့သူငယ်ချင်းရောက်လာတော့ ဒီအိမ်မက်တွေအကြောင်းကိုပြောပြဖြစ်တယ်.. တကယ်လိုခံစားနေရတဲ့အကြောင်း လုံးဝမအိပ်ရဲတော့တဲ့အကြောင်းကိုပြောပြပေမယ့် သူ့သူငယ်ချင်းခရစ်က ဒါတွေဟာ အိမ်မက်သက်သက်သာဖြစ်ပြီး စိတ်မပူဖို့ပြောပြီး သန့်စင် ခန်းထသွားခဲ့တယ် တချက်ပြန်ပြီးအိပ်ပျော်သွားတဲ့အခါမှာတော့ ဒင်းန်တစ်ယောက်အသက်ပါပေးလိုက်ရပါတော့တယ် နောက်ပိုင်းမှာ ခရစ်ကလည်း ထိုအိမ်မက်တွေမြင်မက်.. တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြီးတော့ ဘာကြောင့်ဒီလိုအိမ်မက်တွေသူတို့မှလာဖြစ်ရတာလဲ.. ဆိုပြီး ကြားထဲက ဆက်နွယ်မှုတစ်ခုကို နောက်ဆုံးကျန်နေတဲ့ ကွမ်တင် နဲ့ နန်စီ တို့ စုံစမ်းရင်းနဲ့ကနေပြီးတော့ ရလာတဲ့ရလဒ်ကတော့ ဆက်လက်ကြည့်ရှုခံစားကြပါ  Download Here ( 800 MB ) - Google Drive | Openload | MegaUp
movie


2010