Channel Myanmar

Christian Zagia

Don’t Breathe 2 (2021) 6.3
Don’t Breathe 2 (2021) IMDb Rating (6.3)Don't breath(2016) ထဲက မျက်မမြင်အဘိုးကြီးက ကြမ်းတုန်းပါပဲ။ ဒီကားမှာတော့ပိုကြမ်းတယ်လို့ပြောလို့ရတယ်။အရင်က အိမ်ကိုဖောက်တဲ့သူခိုးလေးတွေကိုတွယ်တာ... အခုကမူးယစ်ဆေးနဲ့ ကိုယ်အင်္ဂါကုန်ကူးတဲ့လူတွေကိုတွယ်မှာပါ။ Don't breath ဆိုတဲ့အတိုင်း အသက်ရှူဖို့တောင် မနားနိုင်အောင် ကြမ်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Don't breath(2016)ရဲ့အဖြစ်အပျက်ဖြစ်ပြီး ၈ နှစ်အကြာကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ မျက်မမြင်အဘိုးကြီးက ကလေးမလေးတစ်ယောက်နဲ့နှစ်ယောက်တည်း သီးသန့်နေပြီး ကလေးမလေးကို မိမိကိုယ်ကိုခုခံကာကွယ် အသက်ရှင်နိုင်ဖို့ သင်ခန်းစာတွေပို့ချထားပါတယ်။တစ်နေ့ ကလေးမလေးကို မြို့ထဲအလည်အပတ်လွှတ်လိုက်တဲ့အချိန် ဂေါက်တောက်တောက်လူနဲ့တွေ့ပြီး အဲဒီလူနဲ့အပေါင်းအပါတွေက ကလေးမလေးနောက်ကလိုက်လာရာက မျက်မမြင်ဘိုးတော်နဲ့ တွေ့ကြတဲ့အခါ...မျက်မမြင်ထင်ပြီး လျှော့တွက်ကြမယ့်ကောင်တွေနဲ့ မျက်စိသာမမြင်ပေမယ့် အသတ်အပုတ်ရှယ်ကြမ်းတဲ့ ဘိုးတော်တို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ...။Horror, Thriller ဇာတ်ကားလို့ သတ်မှတ်ထားပေမဲ့ Action ဖက်ကိုပိုပြီးသွားပါတယ်။ဇာတ်လမ်းကလည်းသွက်တယ်။သတိပြန်ပေးရဦးမယ် အသက်ရှူဖို့မမေ့ပါနဲ့ဦး။  File size…(1.7 GB) / (980 MB) / (500MB) Quality…WEB-DL 1080p/720p/480p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by d3m0n Lynn
movie

Don’t Breathe 2 (2021)

Don’t Breathe (2016) 7.1
Don’t Breathe (2016)  IMDb Rating (7.1) / Rotten Tomatoes (88%)လက်ရှိ နာမည်ကြီး လူကြိုက်များနေတဲ့ Horror/Thriller တစ်ကားကို တင်ပေးလိုက်ပါတယ်။ Evil Dead ကို ဖန်တီးခဲ့သူ Fede Alvarez ရဲ့ အကောင်းဆုံးလက်ရာတစ်ခုပါပဲ။ ဘက်ဂျက် ၉ သန်းပဲ အသုံးပြုခဲ့ပြီး လက်ရှိ သန်း ၁၄၀ အထိ Box office မှာတက်နေပါပြီ။ အိမ်လေးတစ်လုံးထဲမှာ သရုပ်ဆောင်လေး ၄-၅ ယောက်ကိုပဲ အားပြုပြီး တင်ဆက်သွားတာပါ။ဒါပေမယ့် ဇာတ်လမ်း၊ မထင်မှတ်တဲ့လှည့်ကွက်တွေ၊ သရုပ်ဆောင်၊ အသံပိုင်းတွေမှာ ပြောစရာမရှိအောင် ကောင်းမွန်လွန်းတဲ့အတွက် ဒီလို အောင်မြင်သွားတာပဲ ဖြစ်မယ်ထင်ပါတယ်။ လက်ရှိတော့ IMDb 7.1 နဲ့ ရပ်တည်နေပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့တစ်ယောက်တည်းနေတဲ့ စစ်ပြန် မျက်မမြင်အဘိုးကြီးတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်တဲ့ ဆယ်ကျော်သက်လေး ၃ ယောက်ရဲ့အကြောင်းပါ။ အလွယ်ဆုံးဖောက်ထွင်းမှုလို့ ထင်ပြီး ဝင်ရောက်သွားခဲ့ပေမယ့် ...
movie

Don’t Breathe (2016)