Channel Myanmar

Christina Engelhardt

Man on the Moon (1999) 7.4
Man on the Moon (1999) Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ "အဆိုအကလူကြီး" လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင်‌ တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။ File size…2.8GB  / 1GB Quality…1080p ...
movie

Man on the Moon (1999)

1999
[18+] The Raffle (1991) La Riffa 5.0
[18+] The Raffle (1991) La Riffa ကျွန်တော်တို့ငယ်ဘဝရဲ့ အိမ်မက်မင်းသမီး မမမိုနီကာဆိုတဲ့ Monica Bellucci ရဲ့ နုပျိုလှပမှုနဲ့ အထာကျတဲ့သရုပ်ဆောင်မှုတွေ အကုန်လုံးထင်ပေါ်အောင် တင်ဆက်ထားတဲ့အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ Comedy,Romance,Drama အမျိုးအစားလေးပါ။ကွက်ကွက်ကွင်းကွင်း ကြည်တောက်ရှင်းလူကြီးခန်း ၂ ခန်း ၃ ခန်းပါတာကြောင့်မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါဘူး။ မိန်းမမာယာ သဲကိုးဖြာအကြောင်းရိုက်တဲ့ကားတွေ ၊ မင်းသမီးရဲ့အလှနဲ့ဇာတ်ကားတစ်ကားလုံးကိုထိန်းတဲ့ကားတွေများတဲ့ခေတ်ပေမို့ ဒီကားလေးဟာလည်း မိန်းမတွေရဲ့မာယာလေးဆယ်၊ ပရိယာယ်တစ်ထောင်အကြောင်းရိုက်ထားတဲ့ကားပဲဆိုပါတော့ဗျာ။ဒီဇာတ်ကားထဲမှာတော့အီတလီမင်းသမီးချောလေး Monica Bellucci ဟာ ကြေးရတက်သူဋ္ဌေးလေးတစ်ယောက်ရဲ့ဇနီးချောလေးဖြစ်ပြီး သူ့ယောက်ျားဖြစ်သူ ယာဉ်တိုက်မှုနဲ့သေဆုံးသွားတဲ့အချိန်မှာ သူ့ကို အကြွေးသန်းရာချီနဲ့ချန်ထားခဲ့ပါတယ်။ အဲဒီအကြွေးတွေကိုပြန်ဆပ်ရဖို့၊ အိမ်ငှားခဆောင်ရဖို့၊ သမီးလေးကျောင်းစရိတ်ရှာဖို့စတာတွေအတွက် ငွေတွေလိုအပ်လာခဲ့တဲ့အခါ တစ်ခြားဘာအလုပ်မှမလုပ်တတ်တဲ့သူဋ္ဌေးမလေးတစ်ယောက် ဘယ်လိုရုန်းကန်းလှုပ်ရှားမာယာများတော့မယ်ဆိုတာ မင်းသမီးချောလေးရဲ့အလှနဲ့ကောင်းကောင်းခံစားကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်တဲ့ The Raffle of a riffa (1991) လေးကို ခံစားကြည့်ရှုပေးကြပါဦး။ File size…(1.4 GB)/(850 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

[18+] The Raffle (1991) La Riffa