Channel Myanmar

Christopher Allen

Tell Me How I Die (2016) 5.0
Tell Me How I Die (2016) ဆေးဝါးအသစ်ထွင်ရင် ကြွက်ဖြူလေးတွေနဲ့စမ်းသပ်တယ် နောက်ယုန်တွေ နောက်မှ လူတွေပေါ့ ဒီဇာတ်ကားမှာလဲ ဆေးဝါးတစ်ခုဖော်စပ်တာကနေစပါတယ် သူတို့ဖော်စပ်တဲ့ဆေးက လူသားတွေပျော်ရွှင်စရာမှတ်ဥာဏ်တွေကိုပြန် သတိရချင်တိုင်း သတိရစေမယ့်ဆေးပါ သူတို့အယူအဆက လူတွေက ပျော်စရာမှတ်ဥာဏ်တွေပြန်တွေးတဲ့အခါ စိတ်က နုသွားတတ်တယ် စိတ်ပျိုတော့ ကိုယ်နုဆိုသလိုသက်တမ်းကို ပိုရှည်စေပါတယ်တဲ့ သို့သော်လဲ ဒီဆေးကိုစမ်းသပ်ဆဲကာလာဖြစ်နေပြီ အပေါ်ကပြောခဲ့သလို လူတွေနဲ့စမ်းသပ်တာမှာ အနည်းငယ်ကြန့်ကြာမှုလေးတွေဖြစ်ပေါ်နေပါတယ် ဒါပေမယ့်လဲ ဒေါက်တာ ဂျယ်ရန်တို့အဖွဲ့ ဆက်လက်လုပ်ဆောင်နေပါတယ် စမ်းသပ်ခံမယ့်သူတွေကို ကြေးကြီးပေးပြီး စမ်းသပ်ခံဖို့ဆွဲဆောင်နေပါတယ် အန်နာကကျောင်းတက်ဖို့ပိုက်ဆံရှာနေသူဖြစ်ပြီး သူမအနေနဲ့ အရင်အလုပ်ရှင်ကိုလဲပြန်မတောင်းပန်ချင်တဲ့အခါ သူ့သူငယ်ချင်းပြတဲ့ အဆိုပါ စမ်းသပ်ခံ လုပ်အားပေးကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ် သူ့လိုပဲ ကျောင်းသားတွေ လူရွယ်တွေလာရောက်အစမ်းသပ်ခံတာကိုတွေ့ခဲ့ပါတယ် စမ်းသပ်ခံပြီးနောက်မှာတော့ သူတို့ကိုထိုးပေးခဲ့တဲ့ဆေးက ဘေးထွက်ဆိုးကျိုးတွေရှီလာပါတယ် အချိန်ရဲ့ ကမောက်ကမဖြစ်စဉ်တွေကိုခံစားရပြီး အတိတ် လက်ရှိနဲ့ အနာဂတ်တွေကို ရောထွေးလာတာကိုခံစားရပါတယ် အန်နာဆို သေမယ့်လူတွေကိုကြိုမြင်လာတာပါ ဒီတော့ ဘယ်သူတွေက ဘယ်လိုသေမယ်ဆိုတာသိနေတဲ့ အန်နာတစ်ယောက် စမ်းသပ်တဲ့ နေရာကနေလွတ်ဖို့ကြိုးစားပါတော့တယ် အဲ့အချိန်မှာပဲ သူမြင်တဲ့သေတဲ့ အမြင်တွေဟာ တစ်စုံတစ်ယောက်ကလိုက်သတ်နေတာကိုသိလာတဲ့အချိန်မှာတော့... စိတ်ဝင်စားစရာအပြည့်နဲ့ Tell Me How I Dieက ကြည့်ရကျိုးနပ်စေမှာပါ
movie

Tell Me How I Die (2016)

2016
Book Club (2018) 6.2
Book Club (2018) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Book Club"ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်...ဒီဇာတ်လမ်းမှာတော့ မမကြီးလေးယောက်ရဲ့ ချစ်ဒုက္ခအကြောင်း ဇာတ်အိမ်တည်ထားပါတယ်...အညွှန်းလေးကို ဖတ်ရှုပါဦးနော်...အညွှန်းဗီဗီယန် ကာရိုး ရှရွန် ဒိုင်ယိန်းဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ လတိုင်း တစ်လတစ်ခါ စာအုပ်တစ်အုပ်စီဖတ်ရပါတယ်...ဒါကိုပဲ book club လို့ နာမည်ပေးထားတာပါ...တစ်လမှာ တစ်ယောက်က ဘယ်စာအုပ်ဖတ်ရမလဲ ရွေးရပါတာပေါ့...ဗီဗီယန်ဆိုတဲ့ အပျိုကြီးအလှည့်မှာတော့ အာဂစာအုပ်ကို ရွေးလိုက်ပါတော့တယ်...ဒီစာအုပ်ကတော့" Fifty Shades of Grey" ဆိုတဲ့ စာအုပ်ပါပဲ....ဒီစာအုပ်ကတော့ အရွယ်ရောက်သူတွေအတွက် စိတ်တွေမသိုးမသတ် ခိုးလိုးခုလုဖြစ်စေတဲ့ လိင်ပိုင်းဆိုင်ရာ စာအုပ်မျိုးပါ...သူတို့ လေးယောက်ဟာ ဒီစာအုပ်ဖတ်ပြီး အပြင်လောကမှာလဲ စာအုပ်ထဲကအတိုင်း လက်တွေ့စမ်းချင်ပါတော့တယ်...ဒီလိုစမ်းသပ်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ ဘယ်လိုအလွဲလေးတွေ တွေ့ရမယ်ဆိုတာ ပရိတ်သတ်ကပဲ ကြည့်ရှုလိုက်ကြပါဦး....အသက်ကြီးပေမဲ့ မပျက်စီးသေးဘူးဆိုတဲ့ စကားကို သက်သေပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ ကြည့်ရကျိုးနပ်ပါတယ်နော်... (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ May Haruko  ပါ) File Size ...
movie

Book Club (2018)

2018