Channel Myanmar

Christopher Guest

Small Soldiers (1998) 6.1
Small Soldiers (1998) ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘ၀ကို ပြန်ခံစားမိမှာအမှန်ပါပဲ ဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။ Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့ အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့ အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့ ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကို သာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့ ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလို စောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့ တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။ Small Soldier ဇာတ်ကားဟာ သာမန်အမြင်နဲ့ကြည့်ရင်တော့ ကလေးကြိုက်ကားလို့ထင်ကြေးပေးနိုင်ပေမယ့် သေချာခံစားကြည့်ရှုရင် အတော်လေး ခွီရတဲ့အပြင် မတူညီတဲ့ဒေသနှစ်ခု ကခံစားချက်လေးတွေကို ခံစားရမှာပါကလေးဘဝတုန်းကတော့ အသဲယားစရာကောင်းတဲ့ စစ်သားရုပ်တွေကိုအော်ဂလီဆန်ခဲ့တယ် လူငယ်ဖြစ်လာတော့ ဟာသအထွေအထူးမထည့်ထားပေမယ့် အတော်လေး ဗိုက်အောင့်လောက်အောင်ခွီရတဲ့ကားမှန်းသိလာတယ် ဟုတ်တယ်လေ။ လက်တစ်ဖဝါးစာစစ်သားရုပ်လေးတွေ တကယ့်တိုက်ပွဲဝင်စစ်သားတွေလို အတည်ပေါက်နဲ့အမိန့်တွေပေး mission တွေလုပ်နေတာကိုကြည့်ရတဲ့အရသာက တမျိုးလေးဗျ Long Long ago Spiderman Triology ထဲကမင်းသမီးချောလေးပါတွေ့ရတော့ ကြည့်ရတာ မတန်ဘူးလို့ ငြင်းချက်ထုတ်စရာမရှိပါဘူး။ ကလေးကားပေမယ့် ကလေးတကာ့ကလေးကားတွေထဲက ခွဲထွက်လာတဲ့ လူငယ်တွေကို ရသတမျိုးအထူးဆန်းခံစားစေမယ့် ကားလေးလို့ဆိုလဲ မမှားပါဘူး။  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။)   File Size : ...
6.1
IMDB: 6.1/10 85,770 votes
movie

Small Soldiers (1998)

1998
The Princess Bride (1987) 8.1
The Princess Bride (1987) IMDb- 8.1 Genre- Fantasy/ Romance အချစ်​ရိုမက်​တစ်​ကားကောင်းလေးတွေကိုကြိုက်​တတ်​တဲ့သူများတွက်​ ကားကောင်းလေးတကားနဲ့မိတ်​ဆက်​ပေးလိုက်​ပါတယ်​။ ကားနာမည်​လေးကတော့ The Princess Bride လို့ အမည်​ရတဲ့နာမည်​ကြီးကားလေးပဲဖြစ်​ပါတယ်​။ ဒီကားဟာ 1987 ခုနှစ်​ကထွက်​ရှိခဲ့တာဖြစ်​လို့ ကြာညောင်းလှပြီးလို့ထင်​ရပေမဲ့လည်း အခုထိတိုင်​ကြည့်​ရှုသူတွေကို ဖမ်းစားနိုင်​ဆဲပါပဲ။ Rating ကောင်းရတဲ့အချက်​တချက်​ကတော့ ဒီကားကို နာမည်​ကြီးအမေရိကန်​ဇာတ်​ညွှန်းရေးဆရာလည်းဖြစ်​ စာရေးဆရာလည်းဖြစ်​တဲ William Goldman ရဲ့ဝတ္တုဖြစ်​တဲ့ " The Pricess Bride" ကိုအခြေခံပြီးတော့ ရိုက်​ကူးထားခြင်းကပဲ ဒီကားကိုနာမည်​ပိုကြီးစေခဲ့ပါတယ်​။ ဇာတ်​လမ်းအညွှန်း ဇာတ်လမ်းလေးကတော့ အလွန်​ချောမောလှပတဲ့ကောင်​မလေး တယောက်​နဲ့ သူမရဲ့ချစ်​သူကောင်​လေးတို့စစ်​ပွဲတွေကြားမှာ ဘယ်​လိုသူတို့ရဲ့အချစ်​ကိုပြသခဲ့ကြခဲ့ပီးတော့ စစ်​ဖြစ်​နေတဲ့တိုင်းပြည်​တွေကိုပြန်​လည်​ပေါင်းစည်းအောင်​ လုပ်​ဆောင်​ခဲ့ကြပုံကိုရိုက်​ကူးထားတာဖြစ်​ပါတယ်​ ......... ဒီကားလေးဟာ ဝင်​ငွေကောင်းခဲ့တဲ့ကားလေးတကားဖြစ်​ပီးတော့ အချစ်​စစ်​အချစ်​မှန်​အကြောင်းရိုက်​ကူးထားတာဖြစ်​လို့ ကြည့်​ရှု့သင့်​တဲ့ကားတကားဖြစ်​ပါကြောင်း.............. အညွှန်းကို Jake က ရေးပေးထားပြီး Nay Chi က ဘာသာပြန်ပေးထားပါတယ်
8.1
IMDB: 8.1/10 351,016 votes
movie

The Princess Bride (1987)

1987
A Few Good Men(1992) 7.7
A Few Good Men(1992) A Few Good Men(1992) IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်...အဲ့လိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်.....ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်....စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်..အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး....သို့ပေမယ့် စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ....IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း.  Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့  ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... File Size : (9၀0 MB) and (396 MB) Quality : Blu-Ray 720p Format…mp4 Duration…02:18:00 Genre :  Drama, Thriller Subtitle : Myanmar Subtitle (Hard ...
7.7
IMDB: 7.7/10 204,731 votes
movie

A Few Good Men(1992)

1992
Blu-Ray 720p