Channel Myanmar

Christopher Lloyd

Piranha 3D (2010) 5.5
Piranha 3D (2010) နွေပူပူနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးနောက်တစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားလေးကတော့ ၂၀၁၀ မှာထွက်ထားတာဖြစ်ပြီးသွေးသံရဲရဲခန်းတွေ ရှယ်ပလန်နဲ့ပါတဲ့သဲထိတ်ရင်ဖိုကားလေးပါ။ ဂျိတ်ခ်နဲ့ဂျူလီဟာ သားအမိတွေဖြစ်ပြီးဂျူလီကတော့ ရေကန်ရဲ့ရဲမှူးပါ။ နွေရာသီပိတ်ရက်ကြောင့် လူပြည့်လာတဲ့ ဗစ်တိုးရီးယားရေကန်ကြိးကြောငိ့အလုပ်များလာတဲ့ဂျူလီဟာ သားနဲ့သမီးအငယ်နှစ်ယောက်ကိုထိန်းဖို့သားကြီးဖြစ်တဲ့ ဂျိတ်ခ်ကို တာဝန်ပေးလိုက်ပါတော့တယ်။ဂျိတ်ခ်ခဗျာလည်း သားအကြီးပီသစွာနဲ့ နှစ်တိုင်းကလေးထိန်းနေရာကနေဒီနှစ်မှာတော့ ရေကန်လမ်းပြအလုပ်နဲ့လည်ပတ်ဖို့ရာဖြစ်လာပါတော့တယ်။လူတွေအပြည့်နဲ့ကြက်ပျံမကျစည်ကားနေတဲ့ ဗစ်တိုးရီးယားရေကန်ကြီးကတော့မြေငလျင်ကြောင့် မြေအောက်ရေကန်နဲ့ လမ်းကြောင်းပွင့်သွားပြီးအသားစားငါးတွေထွက်လာတာကို ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီလိုနဲ့ အလုပ်များနေတဲ့ ရဲမှူးမေမေနဲ့ အမေကျောခိုင်းတာနဲ့ လုပ်ချင်သလိုခိုးလုပ်ကြတဲ့ ‌ကလေးတွေရယ်၊ အသားစားငါးတွေပြည့်နေတဲ့ရေကန်ကြီးနဲ့ အပျော်ကြူးနေကြတဲ့ လူအုပ်ရယ် ...။သွေးသံတရဲရဲနဲ့ အသည်းတယားယားကြည့်ရမဲ့ကားလေးမို့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…      1.4 GB /   578 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by  Aditi
movie

Piranha 3D (2010)

Camp Hideout (2023) 4.7
Camp Hideout (2023) Camp Hideout (2023) ================လူငယ်ထိန်းသိမ်းရေးစခန်းကနေ လွတ်လာတဲ့ Noah က သူနဲ့ရွယ်တူ ဆယ်ကျော်သက်ကလေးတွေစုထွက်တဲ့ နွေရာသီစခန်းဆီ ဆန္ဒမပါဘဲ ဝင်ခဲ့ရတယ်။ ဖော်ဖော်ရွေရွေမရှိ အမြဲတမ်းစိတ်တိုနေတတ်တဲ့ Noah က စခန်းမှာလည်း လူတွေနဲ့အရောတဝင်မရှိခဲ့ဘူး။ အဲဒီအချိန်မှာ သူအ ရင်ကပတ်သက်ခဲ့တဲ့ လူလိမ်သူခိုးတွေရဲ့ပစ္စည်းက သူ့ဆီ မှားပါနေတာကို သိလိုက်ရပြီး အဲဒီပစ္စည်းကို လူဆိုးတွေလာယူရင် သူ့သူငယ်ချင်းတွေဒုက္ခ မရောက်ဖို့ ကြိုးစားရပါတော့တယ်။ဒီဇာတ်လမ်းက ဆယ်ကျော်သက်လူငယ်ကလေးတွေရဲ့ ဟာသဇာတ်လမ်း ဖြစ်ပြီး သူငယ်ချင်း​တွေရဲ့ အချင်းချင်းစည်းလုံးပြီးကူညီတတ်တဲ့ဆက်ဆံရေး ကို နားလည်အောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (750 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family Translator.......Thwal Htoo Zin Encoder..........SWM
movie

Camp Hideout (2023)

2023
Self Reliance (2023) 6.1
Self Reliance (2023) (function(f,b,n,j,x,e){})(); သောမတ်စ် ဝဲကော့ဒ်ဟာ (၂၃) နှစ်တာ အတူနေပြီးတွဲလာခဲ့တဲ့ ကောင်မ‌လေးဖြစ်သူနဲ့ လမ်းခွဲပြီးကတည်းက ဘဝကြီးမှာပိတ်မိနေသလိုမျိုး စိတ်ဓာတ်ကျနေခဲ့သူပါ။ တစ်နေ့မှာတော့ သူ့ရှေ့ကို လီမိုစင်ကားကြီးရောက်လာပြီး ကစားပွဲတစ်ခုမှပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ကစားပွဲကတော့ ဒက်ခ်ဝဘ်ပေါ်မှာလွှင့်မဲ့ ဖြစ်ရပ်မှန်ရှိုးဖြစ်ပြီး ကမ္ဘာပေါ်ကနေရာအနှံ့မှာရှိနေတဲ့ မုဆိုးတွေက အမဲလိုက်မှာကို ရက်ပေါင်း (၃၀) တိတိ အသက်မသေပဲ ရှင်သန်နေထိုင်နိုင်ရင် ဒေါ်လာ တစ်သန်းရမှာပဲဖြစ်ပါတယ်။ စည်းကမ်းချက်ကတော့ တစ်ခုပဲရှိပြီး အဲဒါကတော့ ပါဝင်တဲ့သူတစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာပဲ အမဲလိုက်လို့ရမှာဖြစ်ပြီး တခြားလူတစ်ယောက်ယောက်နဲ့အတူနီးကပ်စွာရှိနေရင် အမဲလိုက်လို့ရမှာ မဟုတ်ပါဘူး။ဒီစည်းကမ်းချက်က သူ့အတွက်လွတ်ပေါက်ဖြစ်နေမှာကို သဘောပေါက်သွားတဲ့ သောမတ်စ်တစ်ယောက်ကတော့ သူ့ရဲ့ ပိတ်မိနေတဲ့ဘဝကြီးထဲကနေ ရုန်းထွက်ချင်စိတ်နဲ့ လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့အမေဖြစ်သူအပါအဝင် မိသားစုဝင်တွေအကုန်လုံးကပါ သူပြောတာကို မယုံကြတဲ့အခါမှာတော့ ရက် (၃၀) လုံးကို အမဲလိုက်မခံရပဲ ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.32 GB)/(618 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre... ...
movie

Self Reliance (2023)

Anastasia (1997) 7.1
Anastasia (1997) Anastasia (1997) ============= IMDb Rating - 7.1/1020th Century Studios ရဲ့ လက်ရာတဖြစ်လည်း ရုရှားမင်းသမီးအန်နာ စတေးရှားရဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ကို ပြန်လည်သရုပ်ဖော်ထားတဲ့ Animation ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Animated movie တစ်ပုဒ်အနေနဲ့ IMDb 7.1 အထိ ရထားတယ်ဆိုကတည်းက ခေသူလက်ရာတော့မဟုတ်လှ ပါဘူး။ ၂၀ရာစုအစောပိုင်း ဥရောပတိုက်ရဲ့ ယဉ်ကျေးမှုတွေအပါအဝင် Russia နဲ့ France၊ Moscow နဲ့ Paris ကြားက ပထဝီဝင်ဆိုင်ရာ ဆက်နွယ်နေမှုတွေကို လှပစွာသရုပ်ဖော်ရိုက်ကူးထားတဲ့ Musical/ Adventure ရုပ်ရှင်အမျိုးအစား လေးပါ။ရုရှားတော်လှန်ရေးကာလမှာ တော်ဝင်မျိုးနွယ်အများအပြား သွေးချောင်းစီးခဲ့ စဉ်က ထွက်ပြေးလွတ်မြောက်လာနိုင်သူရယ်လို့ ကောလဟာလနဲ့ နာမည်ကျော်တဲ့ မြို့စားမင်းသမီး Anastasia Nikolaevna ရဲ့ ဘဝစွန့်စားခန်းကို Bluth၊ Fox နဲ့ 20th Century Studios တို့က တစ်ဖန်ပြန်လည်စိတ်ကူးပုံဖော်ထားပြီး အကယ် ဒမီဆုပေါင်းများစွာအတွက် ဆန်ကာတင်နိုင်ခဲ့ကာ ဝင်‌ငွေသန်း ၁၄၀ ကျော်အထိ ရရှိခဲ့တာပဲဖြစ်ပါတယ်။" စပ်စပ်စုစုမေးတယ်လို့တော့ ထင်လိမ့်မယ် ဒါပေမယ့် နန်းတော်ဝင်စီးခံရတုန်းက ဘယ်လိုလွတ်လာခဲ့တာလဲ " ...
movie

Anastasia (1997)

1997
The Pagemaster (1994) 6.1
The Pagemaster (1994) ကဲ... ကျွန်တော်တို့ရဲ့ Home Alone မင်းသားချောလေးပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။သူပါပြီဆိုကတည်းက ဇာတ်လမ်းက သွက်လည်းသွက်မယ်။ပျော်စရာလည်းကောင်းမယ်။ပညာပေးလည်းပါမယ်ဆိုတော့ ရီဗျူးတောင်မလိုတော့ပါဘူးအရမ်းကောင်းတယ် ကြည့်... ဒါပဲ...  ရီဗျူးပြောရရင်တော့ ရစ်ချက်တိုင်လာဆိုတာ ဆယ်နှစ်ပဲရှိသေးပေမယ့်အရမ်းကြောက်တတ်တဲ့ ကလေးတစ်ယောက်ပါ။ဘာပဲလုပ်လုပ် မတော်တဆဖြစ်တတ်တယ်ဆိုပြီးကြောက်လွန်းလို့ အားမလိုအားမရဖြစ်နေတဲ့သူ့အဖေက ဘာမဆိုသတ္တိရှိအောင် ကူညီပေးပေမယ့် မထူးပါဘူး။ အခုလည်း ရစ်ချက်ကို သူတစ်ယောက်တည်းသံချောင်းသွားဝယ်ခိုင်းတော့ အကာအကွယ်အပြည့်၊ ဝတ်စုံအပြည့်ဝတ်ပြီးကြောက်ကြောက်နဲ့သွားခဲ့ရပါတယ်။ လမ်းခုလတ်မှာ ရစ်ချက်တစ်ယောက် မုန်တိုင်းမိပြီး စာကြည့်တိုက်ထဲ မိုးခိုဖို့ရောက်သွားပါတော့တယ်။ စာကြည့်တိုက်ထဲမှာ ပိတ်မိနေရင်းနဲ့ ရစ်ချက်တစ်ယောက် ကာတွန်းဇာတ်ကောင်ဖြစ်သွားတဲ့အခါ အရမ်းကြောက်တတ်တဲ့ရစ်ချက်တစ်ယောက် စာအုပ်စာပေအမျိုးအစားအစုံနဲ့ ဘယ်လိုစခန်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်....  File size…  2.3 GB /  615 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20 m Genre .....  Adventure , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJo Va
movie

The Pagemaster (1994)

1994
Nandor Fodor and the Talking Mongoose (2023) 5.4
Nandor Fodor and the Talking Mongoose (2023)  Review ဘဘာဝလွန်ဖြစ်ရပ်တွေဆိုတာကို ယုံကြည်ကြရဲ့လား တစ်မြို့လုံးက ဟုတ်ပါတယ်လို့ ဝိုင်းပြောနေတဲ့ ဖြစ်ရပ်ဆိုရင်ရော ကိုယ်တိုင် မတွေ့ပဲယုံနိုင်မလား ဒီဇာတ်ကားလေးကတော့ Simon Pegg ပါဝင်သရုပ်ဆောင်ထားတဲ့ comedy ကားလေးတစ်ခုပဲဖြစ်ပါတယ် ဒေါက်တာ ဖိုဒေါဆိုတဲ့ သူဟာ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာတဲ့နေရာမှာ ကျွမ်းကျင် ပညာရှင်တစ်ယောက်ပါ သူဟာ ကိုယ်တိုင် မမြင်ရမချင်း ယုံကြည်တတ်တဲ့သူမျိုးမဟုတ်ပါဘူး တစ်ရက်မှာတော့ သူဟာ စကားပြောတတ်တဲ့ မြွေပါတစ်ကောင်အကြောင်း စာတစ်စောင် လက်ခံရရှိတဲ့အခါမှာတော့ အရမ်းကိုစိတ်ဝင်စားသွားပါတော့တယ် ဒီစကားပြောတတ်တဲ့ မြွေပါရှိနေတာဟာ နှစ်အနည်းငယ်ကြာပြီဖြစ်တာကြောင့် ဒီလောက်အကြာကြီး ဘယ်သူမှ လိမ်စရာအကြောင်းအရင်းမရှိသလို ‌မြွေပါနေတဲ့အိမ်ကလည်း မြွေပါကိုတွေ့ရဖို့ အခကြေးငွေကောက်ခံတာမျိုးလည်းမရှိတာကြောင့် ဒေါက်တာ ဖိုဒေါတစ်ယောက် အရမ်းစိတ်ဝင်စားသွားပြီး သူကိုယ်တိုင် သွားရောက် လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်File size…(1.2 GB)/(641 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Mystery, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Nandor Fodor and the Talking Mongoose (2023)

The Tale of Despereaux (2008) 6.1
The Tale of Despereaux (2008) The Tale of Despereaux (2008)ဟိုးရှေးတုန်းက Dor တိုင်းပြည်တစ်ခုရှိတယ် အဲ့ဒီမှာ Soup Day ဆိုတဲ့ တစ်နှစ်တစ်ခါ စွပ်ပြုတ်သောက်တဲ့ပွဲတော်ရက်ရှိတယ်။ နှစ်တိုင်း Dor တိုင်းပြည်က ဘုရင့်မိသားစုရော ပြည်သားတိုင်းက အဲ့နေ့မှာ နန်းတော်က တော်ဝင်စားဖိုမှူးကြီး အန်ဒရေးရဲ့စွပ်ပြုတ်အသစ်ကို မျှော်ကြတယ် စာဖိုမှူးကြီးကလည်း တစ်နှစ်တစ်မျိုးမရိုးရအောင် စွပ်ပြုတ်ကို အမျိုးမျိုးချက်တယ်။သူ့စွပ်ပြုတ်ကို လူတွေအပြင် တိရိစ္ဆာန်တွေကပါ မျှော်ကြရော။ အဲ့ထဲမှာ ရော့စကူတိုဆိုတဲ့မြေကြွက်တစ်ကောင်ပါ ပါတယ်။ တစ်ရက်တော့ ရော့စကူတိုက စားဖိုမှူးရဲ့ စွပ်ပြုတ်ကို သိပ်စားချင်ပြီး မတော်တဆဖြစ်တာကနေ ပြဿနာတွေဖြစ်တယ်။အဲ့ဒီကနေ တိုင်းပြည်တစ်ခုလုံး အမှောင်ကျ နေရောင်ပျောက်သွားရာက ဘယ်လိုသူရဲကောင်းတွေပေါ်လာမလဲ? ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ? ဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size          : 1.3GB, 564MB, ...
movie

The Tale of Despereaux (2008)

2008
I Am Not a Serial Killer (2016) 6.2
I Am Not a Serial Killer (2016) I Am Not a Serial Killer (2016)ခုတဖန် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ I'm not A Serial Killer ဆိုတဲ့ Thriller အမျိုးအစား ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အလောင်းတွေကို ခွဲစိတ်ရတဲ့ အမေဖြစ်သူနဲ့ ကြီးပြင်းလာရတဲ့ အဓိကဇာတ်လိုက် ဂျွန်ဟာ လူအများနဲ့ မတူဘဲ ထူးထူးခြားခြား ကွင်းဆက်လူသတ်သမားတွေအကြောင်းကို အလွန်စိတ်ဝင်စားနေသူပါ။တစ်နေ့မှာတော့ အေးချမ်းတဲ့ သူတို့မြို့ကလေးမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး အမှုတွေဟာလည်း ထူးဆန်းနေပါတယ်။အလောင်းတွေကို ခွဲစိတ်ရင် ကူညီရတဲ့ မင်းသားဟာ အလောင်းတွေမှာ ထူးထူးဆန်းဆန်း ကိုယ်တွင်းအင်္ဂါတချို့ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပြီး လူသတ်သမားနောက်ကို ကိုယ့်ဘာသာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ဒီလိုနဲ့ လူသတ်သမားနောက်ကို တစ်ယောက်တည်းလိုက်နေရင်း လူသတ်သမားနဲ့ စိန်ပြေးလိုက်တမ်းကစားသလို ဖြစ်လာတဲ့အခါမှာတော့ ...Director Billy O'Brien ရိုက်ကူးထားပြီးတော့ ဒီဇာတ်ကားဟာ ၂၀၁၇ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအချို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ...
movie

I Am Not a Serial Killer (2016)

2003
Sin City: A Dame to Kill For (2014) 6.5
Sin City: A Dame to Kill For (2014) Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.org/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie

Sin City: A Dame to Kill For (2014)

1080p HEVC
Man on the Moon (1999) 7.4
Man on the Moon (1999) Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ "အဆိုအကလူကြီး" လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင်‌ တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။ File size…2.8GB  / 1GB Quality…1080p ...
movie

Man on the Moon (1999)

1999
[18+] The Postman Always Rings Twice (1981) 6.6

[18+] The Postman Always Rings Twice (1981)

1981
Spirit Halloween: The Movie (2022) 4.3
Spirit Halloween: The Movie (2022) Spirit Halloween: The Movie (2022)~ Rotten Tomatoes - 55% ~အားလုံးကို ဟောလို၀င်းအမှီ ဟောလို၀င်း vibe အပြည့်ရစေမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Rating တွေက မစုတ်တစုတ်ဖြစ်‌နေသလို Effect တွေကလည်း မကောင်းတ‌ကောင်းပေမယ့် ၁နာရီခွဲစာလောက် အချိန်ဖြုန်းချင်သူတွေအတွက်တော့ အဆင်ပြေမယ့်ကားလေးပါ။လူပျိုဖော်၀င်စ သူငယ်ချင်းသုံးယောက် ဟောလို၀င်းကို ခါတိုင်းနှစ်နဲ့မတူဘဲ ဖြတ်သန်းချင်လို့ ပေါက်ကရလေးဆယ်လုပ်ရင်းနဲ့ မြို့ရဲ့ဒဏ္ဍာရီထဲက ဝိညာဉ်ကိုနှောင့်ယှက်မိသွားတဲ့အခါမှာတော့ အဲဒီဝိညာဉ်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေး‌တွေနဲ့ စခွီထရင်း ကြည့်ရှုရမှာပါ။ မိသားစုနဲ့အတူကြည့်ရင်း ဟာသလေးတွေနဲ့ fun ဖြစ်နိုင်တဲ့ကားမျိုးမလို့ တင်ဆက်ပေးလိုက်ရပါတယ်။ Deep plot တွေဘာတွေ မမျှော်လင့်ထားဘဲ ပေါ့ပေါ့ပါးပါးကြည့်ရင် အဆင်ပြေတဲ့ကားလေးပါ။ သရဲကားလည်းကြည့်ချင်တယ်၊ ကြောက်လည်း ကြောက်တတ်တယ်ဆိုတဲ့သူတွေလည်း လုံးဝလက်လွှတ်မခံသင့်တဲ့ကားဆိုတာကို သရဲကိုတွေ့တဲ့အချိန်မှာ သဘောပေါက်သွားပါလိမ့်မယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Spirit Halloween: The Movie (2022)

2022
Clue (1985) 7.2
Clue (1985) Clue (1985) ~ IMDb - 7.2/10, Rotten Tomatoes - 68% ~Clue ဟာ board game ကို Inspiration ယူပြီး ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ နည်းနည်းတော့ ဆန်းတယ်မလား။ ပုံမှန်ဆို ရုပ်ရှင်ကိုမှ board game ပြန်လုပ်ကြတာမလား။ ဒီရုပ်ရှင်ဟာ တကယ့် ကလပ်စစ်ဂကြောင် ရုပ်ရှင်ပါ။ ဘာလို့ဆို သူဆန်းတာက ဒီလောက်တင်မဟုတ်ဘဲ စုံထောက်ကားကိုမှ ဟာသကားဖြစ်အောင်ရိုက်ထားတာလည်း ပါတာကိုး။ တကယ့် ကကြိုးကကြောင်ဇာတ်ဝင်ခန်းတွေနဲ့ ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်လမ်းစစဖွင့်ချင်းမှာ အိမ်တစ်အိမ်ကို လူ့နယ်ပယ်နဲ့ သူ နာမည်ကြီးတဲ့ နာမည်ကျော်လူတွေကို ဖိတ်ခေါ်လိုက်တယ်။ နာမည်ပျက်ခံလို့မရတဲ့သူတွေချည်းပေါ့။ သူတို့အားလုံးမှာ တူညီတာက ငွေညှစ်ခံနေရတဲ့တစ်ချက်ပဲ။ အဲဒီငွေညှစ်ခံရတာကို ဖိတ်ခေါ်တဲ့သူက ဘယ်လိုသိလဲ ဘာလဲညာလဲ အဖြေရှာရင်း လူသတ်မှုတွေဖြစ်လာတယ်။ အဲဒီလူသတ်မှုကို သူတို့ ကြားထဲပဲ ပြန်အဖြေရှာတယ်။ ...
movie

Clue (1985)

1985
Tankhouse (2022) 5.6
Tankhouse (2022) Tankhouse (2022) ============== IMDb Rating - 5.6/10ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး IMDb 5.7 ရရှိထားတဲ့ ဇာတ်ပို့ဇာတ်ရံပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်း‌လေးကတော့ တက်ခ်ကာ နဲ့ ဆန်ဒရင်း တို့က ပြဇာတ်တွေ လှည့်လည် ကပြကြရင်း အပြန်အလှန်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ပေါ့။ တစ်နေ့ သူတို့နှစ်ယောက်ရဲ့ နစ်မြုပ်နေတဲ့ ပြဇာတ်ရုံ ထိုးနှက်မှု ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ပြဇာတ်တစ်ပုဒ် ကပြဖျော်ဖြေနေစဉ်မှာပဲ မတော်တဆမှုတစ်ခုဖြစ်ပွား သွားခဲ့ပြီး ထုတ်လုပ်ရေးကနေ နှစ်ယောက်လုံး အလုပ်ဖြုတ်ခံလိုက်ရတယ်။အဲဒီဖြစ်ရပ်ကြောင့်ပဲ မိဘတွေဆီက အထောက်အပံ့တွေလည်း ဖြတ်ခံရ၊ နယူးယောက် ပြဇာတ်ထုတ်လုပ်ရေးတွေကနေပါ လက်သင့်မခံကြ ဖြစ်လာတော့တယ်။ ဒီလိုနဲ့ပဲ ဆန်ဒရင်းရဲ့ မွေးရပ် ဖာဂိုမြို့လေးကို ပြောင်းရွှေ့လာကြပြီး မြို့ရဲ့ ပြဇာတ်ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးပမ်းကြတော့တာပေါ့။စစ်မှန်တဲ့အနုပညာကို ဦးစားပေးလွန်းပြီး အရမ်း သဝန်တိုတတ်တဲ့ တက်ခ်ကာ နဲ့ ချောမော လှပပြီး သရုပ်ဆောင်တော်လွန်းတဲ့ ဆန်ဒရင်း တို့ကြား ဘယ်လို ပြဿနာတွေ ရှိလာနိုင်မလဲ။ တက်ခ်ကာ လိုချင်တဲ့ အနုပညာမြောက်လွန်းတဲ့ ...
movie

Tankhouse (2022)

2022
A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie

A Million Ways to Die in the West (2014)

2014
The Tender Bar (2021) 6.6
The Tender Bar (2021) အချိန်က ၁၉၇၂ ခုနှစ်... ဖခင်ဖြစ်သူက မိသားစုကို စွန့်ပစ်သွားတဲ့နောက် ဂျေအာ လို့ခေါ်တဲ့ ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက် သူ့အမေနဲ့အတူတူ အဘိုး အဘွားနဲ့ ဦးလေးတို့ရှိတဲ့ အိမ်ကြီးမှာ နေဖို့ဖြစ်လာတယ် ပြဿနာပေါင်း သောင်းခြောက်ထောင်တွေရယ် ပညာတတ်မရှိတဲ့ သူတို့မိသားစုမှာ ကိုးနှစ်သား ဂျေအာကတော့ သူတို့အိမ်ရဲ့ ဆည်းလည်းလေးပဲ ဒီတော့ ဒီလိုအရှုပ်ထုပ်တွေထဲကနေ အမေဖြစ်သူကတော့ သူ့လိုမဖြစ်စေချင်လို့ ဂျေအာကို ကောလိပ်ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင်ထားမယ်ဆိုပြီး သန္နိဌာန်ချထားတယ် အဖေမရှိတဲ့ ဂျေအာအဖို့ ဦးလေးဖြစ်သူ ချာလီကို အရမ်းအားကိုးတယ် ချာလီကလည်း ဂျေအာအပေါ်ကို အဖေတစ်ယောက်လို အစ်ကိုတစ်ယောက်လိုစောင့်ရှောက်ပေးပါတယ် တကယ်တော့ ကိုးနှစ်သားကလေးတစ်ယောက်အတွက် မြင်ရကြားရသမျှအရာရာဟာ သူ့အတွက် သင်ယူစရာချည်းပဲ ဒီတော့ ဖခင်မရှိတဲ့ ဂျေအာအဖို့ ဘားဆိုင်ဖွင့်ထားတဲ့ ဦးလေးချာလီဟာလည်း သူ့အတွက် ဆရာပါဘဲ ကောလိပ်မတက်ခဲ့ရတဲ့ ဘားပိုင်ရှင်ချာလီဟာ လူနုံလူအတစ်ယောက်တော့မဟုတ်ခဲ့ဘူး အတန်းပညာ မပြည့်စုံပေမယ့် ဘ၀ပညာပြည့်စုံနေတဲ့သူတစ်ယောက်...သူ့တူလေးဂျေအာကို လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် သူသိသမျှ တတ်သမျှ အရာရာတိုင်းနဲ့ ပံ့ပိုးပေးတယ် ဘားမှာရှိသမျှ စာအုပ်တွေကို ဂျေအာဖတ်ဖို့ပေးတယ် စာဖတ်များရင် ...
movie

The Tender Bar (2021)

Next Stop, Christmas(2021) 7.6
Next Stop, Christmas(2021) Next Stop, Christmas (2021)IMDb 7.8Hello Helloခရစ်စမတ်လည်း နီးလာပြီဆိုတော့ နှင်းတစ်ဖွဲဖွဲ ရှုခင်းလှလှလေးတွေနဲ့ ခရစ်စမတ်နောက်ခံအချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်ဒီကားရဲ့ ထူးခြားချက်က time-travel ဇာတ်လမ်းကြိုက်သူတွေလည်း ကြည့်လို့ အဆင်ပြေမယ့်ကားလေးပါဇာတ်လမ်းအကျဉ်းအန်ဂျီဟာ အာရုံကြောအထူးကုဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်အများသူငါတွေ အနားယူ မိသားစုဆီ အလျှိုလျှို ပြန်ကြတဲ့အားလပ်ရက် ခရစ်စမတ်မှာ သူကတော့ on call တာ၀န်နဲ့ အိမ်မပြန်နိုင်သူပေါ့။တကယ်တော့ သူကိုယ်တိုင်ကလည်း မိသားစု အရှုပ်တွေကြောင့်အိမ်မပြန်ဘဲ တာ၀န်ကျကာ မြို့မှာပဲ တစ်ယောက်တည်း ခရစ်စမတ်ကို ဖြတ်သန်းချင်သူပါ။ဒီလိုနဲ့ အလုပ်ပြီးလို့ ဘားထိုင်ပြီး အပြန် ဘူတာလက်မှတ်ရုံက ထူးဆန်းတဲ့ အဘိုးကြီးနဲ့စကားစမြည်ပြော လက်မှတ်၀ယ်ပြီး ရထားပေါ်မှာ အိပ်စက်အနားယူ လိုက်လာခဲ့ပါတယ်။သူနိုးလာတဲ့ အချိန်မှာတော့ စီးနေတဲ့ ရထားဟာလည်း ပုံစံတွေပြောင်းအရာအားလုံးလည်း ခေတ်တွေ နောက်ပြန်လည်သွားပါတော့တယ် ....ဘာတွေဖြစ်ကုန်တာလည်း သူကိုယ်တိုင် မသိသလိုဘာကြောင့် အချိန်တွေ နောက်ပြန်လည်သွားတယ်ဆိုတာလည်း သူစဉ်းစားမရပါဒီတော့ CM ပရိသတ်ကြီးက ...
movie

Next Stop, Christmas(2021)

2021
Back to the Future Part III (1990) 7.4
Back to the Future Part III (1990) ဒီတစ်ခေါက်part 3မှာတော့ part 1 နဲ့ part 2 မှာတုန်းကလို အနာဂတ်ကိုပြန်သွားမှာမဟုတ်ဘဲ အတိတ်ကိုပြန်သွားတာကို ရိုက်ပြထားတာဖြစ်ပါတယ်ခင်ဗျာ.. back to the future 1 ရဲ့ဇာတ်သိမ်းခန်းနဲ့ချိတ်ဆက်ပြီးရိုက်ပြထားပါတယ်။ မာတီနဲ့ဒေါက်တာတို့ရဲ့သံယောဇဉ်ကို ဒီအပိုင်း၃မှာ ပိုပြီးကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာပါ။ ကောင်းဘွိုင်ခေတ်မှာပိတ်မိနေခဲ့တဲ့ဒေါက်တာဟာ အသက်ရှည်ရှည်မနေရဘဲ အသတ်ခံလိုက်ရတဲ့အတွက် မာတီဟာ ဒေါက်တာ့ကိုကယ်ဖို့ အတိတ်ကိုခရီးလွှင့်လာပါတော့တယ်။ ကောင်းဘွိုင်ခေတ်စွန့်စားခန်းတွေနဲ့သိပ္ပံပေါင်းစက်ထားတဲ့ ဤဇာတ်ကားကိုပရိသတ်ကြီးအကြိုက်တွေ့စေမှာအမှန်ပါပဲခင်ဗျာ.. ဤpart 3 ကို part 1 နဲ့ part 2 ကိုကြည့်ပြီးကြည့်မှသာပိုသဘောပေါက်နိုင်မှာမို့ ပထမ၂ကားကိုအရင်ကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ.. ပရိသတ်ကြီးပေးလိုက်ရတဲ့အချိန်နဲ့တန်အောင်ရသမျိုးစုံပေးမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ်  Quality__1080p Bluray HEVC IMDb Rating__7.4/10 Format__mp4 Duration__1h 58min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Yoon Sandi Aung Encoded by ...
movie

Back to the Future Part III (1990)

1990
HEVC 1080p 5.1